အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု နိုင်ငံ ၂၁ နိုင်ငံ ပူးတွဲထုတ်ပြန်
News Image

ကာတာ၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ပါကစ္စတန် စသည့် အာရပ်နှင့် အစ္စလာမ်နိုင်ငံ ၂၁ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနများက ဇွန် ၁၆ ရက် ညပိုင်းတွင် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ကာ အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု အလေးအနက်ဖော်ပြခဲ့ကြောင်း ကာတာသတင်းဌာနက ဇွန် ၁၇ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ခဲ့သည်။