ဟက်ကာများကိုဟန့်တားနိုင်မည့် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ် တစ်မျိုးကို ရုရှားစတင်မည်
ရုရှားအစိုးရသည် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ် တစ်မျိုးကို ယခု ၂၀၂၅ ခုနှစ်အကုန်ပိုင်းတွင် စတင်အသုံးပြုမည် ဖြစ်သည်။
အဆိုပါဆိုက်ဘာကာကွယ်ရေး စနစ်သစ်အား Rostele-com မှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Solar Group က အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာ လိမ်ညာမှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း Solar Group မှညွှန်ကြားရေးမှူး ဗလာဒီမာဘင်ဂင်က ပြောသည်။
ထို့ပြင် ယခုစတင်အသုံးပြုမည့် ဆိုက်ဘာကာကွယ်ရေး စနစ်သစ်သည် လိမ်ညာသည့် ဝက်ဘ်ဆိုက်များအား အတင်းအကျပ်ပိတ်ဆို့သည့် နည်းပညာကိုပါ အသုံးပြုမည်ဖြစ်သောကြောင့် ရုရှားနိုင်ငံအတွင်းရှိ ကုမ္ပဏီအချို့က အဆိုပါ ဆိုက်ဘာကာကွယ်ရေးစနစ်ကို အသုံးပြုရန် စိတ်ဝင်စားလျက်ရှိသည်။
ရုရှားနိုင်ငံသားများအတွက် အသုံးပြုမည့် ဆိုက်ဘာလုံခြုံမှု ကာကွယ်ရေးစနစ်သစ်သည် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်မည့် ဟက်ကာများကို ဟန့်တားနိုင်ပြီး အသုံးပြုသူ ရုရှားနိုင်ငံသားများအား ဘေးကင်းစွာဖြင့် အသုံးပြုစေနိုင်မည်ဖြစ်ကြောင်း Mobile Research Group မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အယ်လ်ဒါမာတာဇင်က ပြောကြားထားသည်။
MWD Web Portal