အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း

News Image

  • အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ မြို့တော် တီဟီရန်အနီးတွင် ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အီရန်ဘက် မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ 

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7091