မော်လ်ဒိုဗာသည် EU လိုလားသော ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်ဟု အတိုက်အခံပါလီမန်အမတ်ပြောဆို

News Image

မော်လ်ဒိုဗာသည် EU လိုလားသော ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်ဟု အတိုက်အခံပါလီမန်အမတ်ပြောဆို

မော်လ်ဒိုဗာနိုင်ငံရှိ အတိုက်အခံပါတီ ဝါရင့်အမတ်တစ်ဦးက တနင်္ဂနွေ နေ့ (ဇွန် ၁၅) က Chisinau တွင် ကျင်းပခဲ့သော LGBTQ ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့နှင့် အော်သိုဒေါက်ခရစ်ယာန်ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အလွန်အံ့အား သင့်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ အရ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့်ပုံများ၊အော်သိုဒေါက်ဘုန်းတော်ကြီးတစ်ပါး မြေပြင်သို့ လဲကျသည်အထိ အကြမ်းဖက်ခံရပုံနှင့် ကလေးငယ်တစ်ဦးပါသည့် အမျိုးသားတစ်ဦးအား အတင်းအကျပ်ဖမ်းဆီးခံရပုံများ ပါဝင်နေသည်။

ထရမ့်က သမိုင်းတစ်လျှောက်အကြီးမားဆုံး အုပ်စုလိုက် ပြည်နှင်ဒဏ်ပေးမှုဆောင်ရွက်ရန် အမိန့်ပေး

News Image

ထရမ့်က သမိုင်းတစ်လျှောက်အကြီးမားဆုံး အုပ်စုလိုက် ပြည်နှင်ဒဏ်ပေးမှုဆောင်ရွက်ရန် အမိန့်ပေး

လော့အိန်ဂျလိစ်မြို့တွင် အဓိကရုဏ်းများဖြစ်ပွားပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖက်ဒရယ်အေးဂျင့်များအား ဒီမိုကရက်ပါတီ ဦးဆောင်သောမြို့ကြီးများမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို စုစည်း၍ အစုလိုက်နှင်ထုတ်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် ညွှန်ကြား ခဲ့သည်။

တနင်္ဂနွေ (ဇွန် ၁၅) ညတွင် (၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင်) ထရမ့်က လူဝင်မှုနှင့် အေဂျင်စီ (ICE) အေးဂျင့်များအား “သမိုင်း တစ်လျှောက်အကြီးမားဆုံး အုပ်စုလိုက် ပြည်နှင်ဒဏ် ပေးအပ်ရေး အစီအစဉ် ကို အောင်မြင်စွာအကောင်အထည်ဖော်ရန်” အမိန့်ပေးခဲ့သည်။

ထရမ့်က အီရန်-အစ္စရေး ပဋိပက္ခ ဖျန်ဖြေရေးတွင် ပူတင်အား စေ့စပ် ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရန် သဘောတူညီ

News Image

ထရမ့်က အီရန်-အစ္စရေး ပဋိပက္ခ ဖျန်ဖြေရေးတွင် ပူတင်အား စေ့စပ် ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရန် သဘောတူညီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် အစ္စရေး-အီရန် ပဋိပက္ခတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခွင့်ပြုရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း တစ်နာရီကြာ ဖုန်းဆက် ပြောဆိုမှုတွင် ခေါင်းဆောင်နှစ်ဦးသည် အရှေ့အလယ်ပိုင်း အကျပ်အတည်း ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ပါကစ္စတန်က အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် မွတ်စလင် နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန် တောင်းဆို

News Image

ပါကစ္စတန်က အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် မွတ်စလင် နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန် တောင်းဆို

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Asif က အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် နျူကလီးယားစက်ရုံများကို အစ္စရေးက ဝင်ရောက် တိုက်ခိုက်မှုအပြီး မွတ်စလင်နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန်တိုက်တွန်းလိုက်သည်။ ၎င်းကပူးပေါင်းဆောင်ရွက်မှု မရှိပါက အရှေ့ အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် ထပ်မံတိုက်ခိုက်မှုများကို အားပေးရာ ရောက်ကြောင်း သတိပေးခဲ့သည်။