အစ္စရေးစစ်တပ်က ဂါဇာဒေသ ပစ္စည်းခွဲဝေရာနေရာ၌ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးဟု ပါလက်စတိုင်း မီဒီယာဆို

News Image

  • အစ္စရေးစစ်တပ်က ဂါဇာဒေသ ပစ္စည်းခွဲဝေရာနေရာ၌ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးဟု ပါလက်စတိုင်း မီဒီယာဆို

အစ္စရေးစစ်တပ်သည် ဇွန် ၁၀ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Netzarim စင်္ကြံရှိ ကူညီရေးပစ္စည်း ခွဲဝေပေးရာနေရာတစ်ခု၌ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၇ ဦး သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ထိုနေ့တွင်သတင်းဖော်ပြခဲ့သည်။

သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း၊ ထို့ပြင် လူဦးရေ ၁၀၀ ကျော် ဒဏ်ရာရ ရှိကြောင်း ဂါဇာကမ်းမြောင်ဒေသ ဆေးကုသရေးဌာန သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အစ္စရေးစစ်တပ်က ထိုနေ့တွင် ဂါဇာကမ်းမြောင် ဒေသတောင်ပိုင်း ခန်ယွန်းနစ်ဒေသရှိ နေရပ်စွန့်ခွာသူများ နေထိုင်ရာ ရွက်ဖျင်တဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးဘက်ကမူ အဆိုပါသတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ လက်ရှိတွင် တုံ့ပြန်မှု မရှိသေးပေ။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက ဇွန် ၉ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ မတ် ၁၈ ရက်မှစ၍ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အနည်းဆုံး လူ ၄,၆၄၉ ဦး သေဆုံး၍ ၁၄,၅၇၄ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ