အမေရိကန်က ကိယက်ဗ်အတွက် စစ်ရေးအထောက်အပံ့များကို အရှေ့ အလယ်ပိုင်းဒေသသို့ လွှဲပြောင်းပေးနေကြောင်း ဇီလန်စကီး ပြောကြား
News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ယခင်သမ္မတ ဘိုင်ဒင်က ကိယက်ဗ်ကို ကတိပေးခဲ့သည့် များစွာသောစစ်ရေးအကူအညီများကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ABC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှား၏ တာဝေးပစ် ဒုန်းကျည် များကို ကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်အမြောက်အမြား ပါဝင်သည်ဟု ၎င်းက ဆိုပါသည်။