အီလွန်မက် အနေဖြင့် ဒီမိုကရက်များကို ပံ့ပိုးကူညီမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်နှင့် ရင်ဆိုင် ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့် ပြောကြား

News Image

  • အီလွန်မက် အနေဖြင့် ဒီမိုကရက်များကို ပံ့ပိုးကူညီမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်နှင့် ရင်ဆိုင် ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့် ပြောကြား

လာမည့် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲအတွင်း အီလွန်မက် အနေဖြင့် အတိုက်အခံ ဒီမိုကရက်ပါတီကို ပံ့ပိုးကူညီမည်ဆိုပါက ၎င်းအနေဖြင့် ဆိုးရွားသည့် အကျိုးဆက် များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။

အီလွန်မက်အနေဖြင့် ပြီးခဲ့သည့် မေလကုန်ပိုင်း ရာထူးမှ မနုတ်ထွက်ခင်အထိ ထရမ့်အစိုးရ၏ အရေးကြီးသည့် ရာထူးနေရာတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခွန်ဖြတ်တောက်ခြင်းကိစ္စအပါအဝင် ရီပက်ပလစ်ကန်၏ ဥပဒေကြမ်းတင်သွင်းခြင်းကိစ္စတို့နှင့်ပတ်သက်၍ ထရမ့်နှင့် အီလွန်မက်တို့အကြား ဆက်ဆံရေးမှာ ဆိုးရွား လာခဲ့သည်။

ဇွန်လ ၇ ရက်နေ့က NBC သတင်းဌာနနှင့် တယ်လီဖုန်းဖြင့် အင်တာဗျူးတစ်ခုတွင် “အီလွန်မက်နှင့် ဆက်ဆံရေး အဆုံးသတ်ပြီလား” ဟုမေးမြန်းသည့် မေးခွန်းအပေါ် ထရမ့်က “အဲဒီလိုပဲ ယူဆရပါတယ်” ဟု တုန့်ပြန်ပြောကြားခဲ့ပြီး မက် အနေဖြင့် သမ္မတရုံးအပေါ် “လေးစားမှုမရှိ” ဟုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

ထို့အပြင် ထရမ့်အနေဖြင့် ၎င်းနှင့် အီလွန်မက်အကြား စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် အီလွန်မက် ၏လျှပ်စစ်ကားကုမ္ပဏီထံမှ ဝယ်ယူခဲ့သည့် Tesla ကားကို စွန့်ပယ်လာနိုင်ကြောင်းလည်း အိမ်ဖြူတော် အကြီးတန်းအရာရှိကြီး ၁ ဦး၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg က ဇွန်လ ၆ ရက်နေ့တွင် ရေးသားခဲ့ကြောင်း NHK သတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။

ကိုးကား- NHK

နစက-၃ / နစက-၄