အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

News Image

အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ခြိမ်းခြောက်မှုများသည် “ကပ်ဘေးဆိုက်ရောက်နိုင်သော” အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ Rafael Grossi က ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူမည့် ပြစ်ဒဏ်ဥပဒေကြမ်း ကို အားလျော့စေရန်ဖိအားပေး

News Image

အိမ်ဖြူတော်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူမည့် ပြစ်ဒဏ်ဥပဒေကြမ်း ကို အားလျော့စေရန်ဖိအားပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ရုရှားနိုင်ငံအပေါ် ပိုမို တင်းကြပ်သော ဒဏ်ခတ်အရေးယူမှုများချမှတ်ရန် ရည်ရွယ်သည့် ဆီးနိတ် ဥပဒေကြမ်းကို အားပျော့သွားစေရန် ဖိအားပေးလျက်ရှိကြောင်း ဝါရှင်တန် ပို့စ်သတင်းစာမှ သောကြာနေ့ (ဇွန် ၆) က ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဥပဒေကြမ်းတွင် ရုရှားမှ ရေနံ၊ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြား အဓိကကုန်ပစ္စည်းများ ဝယ်ယူဆဲနိုင်ငံများ၏ သွင်းကုန်များအပေါ် ၅၀၀ ရာခိုင်နှုန်းအထိ မြင့်မားသော အကောက်ခွန်စည်းကြပ်ရန် ပါဝင်သည်။ 

လော့စ်အိန်ဂျလိစ် ဆူပူမှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ထရမ့်က တာဝန်ရှိသူများကို ညွှန်ကြား

News Image

လော့စ်အိန်ဂျလိစ် ဆူပူမှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ထရမ့်က တာဝန်ရှိသူများကို ညွှန်ကြား

သမ္မတ ဒေါ်နယ်ထရမ့်က Los Angeles ၌ ရက်ပေါင်းများစွာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများကို အဆုံးသတ်နိုင်ရေး အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများကို လိုအပ်သည့် လုပ်ဆောင်မှုအားလုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး National Guard တပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ရာဇဝတ်မှုကျူးလွန်သူ ရွှေ့ပြောင်းနေထိုင်သူများ၏ ကျူးကျော် ဝင်ရောက်မှုမှ မြို့တော်ကို လွတ်မြောက်စေမည်ဟု ကတိပြုခဲ့ပါသည်။

ရုရှားနိုင်ငံသားများက အမေရိကန်အစား ဂျာမနီကို အကြီးမားဆုံး ရန်သူ အဖြစ် ရှုမြင်

News Image

ရုရှားနိုင်ငံသားများက အမေရိကန်အစား ဂျာမနီကို အကြီးမားဆုံး ရန်သူ အဖြစ် ရှုမြင်

ရုရှားအစိုးရမှ နိုင်ငံခြားအေးဂျင့်အဖြစ် သတ်မှတ်ထားသော အနောက်နိုင်ငံများမှ ငွေကြေးအထောက်အပံ့ဖြင့် ရပ်တည်နေသော “Levada Center” စစ်တမ်းအဖွဲ့၏ လေ့လာချက်အရ ရုရှားပြည်သူများသည် အမေရိကန်ကို “အကြီးမားဆုံးရန်ဘက်နိုင်ငံ” အဖြစ် မရှုမြင်တော့ဘဲ ဂျာမနီကို ပြောင်းလဲ သတ်မှတ်လာကြသည်။

ကြာသပတေးနေ့ (ဇွန် ၅) တွင် ထုတ်ပြန်သော အဆိုပါစစ်တမ်းတွင် အမေရိကန်သည် ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဆင့် ၄ သို့ ကျဆင်း သွားခဲ့သည်။