ထရမ့်၏ လူဝင်မှုတားမြစ်ချက်က “အမေရိကန်အိပ်မက်” တွေကို ကြေမွစေခဲ့

သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး အမိန့်သစ်ကြောင့် မရေရာမှုနှင့် ခက်ခဲမှုများကြားတွင် နေထိုင် နေရသူများအတွက် အမေရိကန်တွင် နေထိုင်ရပ်တည်နိုင်ရန် မျှော်လင့်ချက်များ ပျက်သုဉ်းသွား ခဲ့သည်။

မိုဒီက ကက်ရှ်မီးယားဒေသရှိ ကမ္ဘာ့အမြင့်ဆုံး ရထားတံတားကို ဖွင့်လှစ်ပေး

News Image

မိုဒီက ကက်ရှ်မီးယားဒေသရှိ ကမ္ဘာ့အမြင့်ဆုံး ရထားတံတားကို ဖွင့်လှစ်ပေး

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် သောကြာနေ့ (ဇွန် ၆) တွင် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်တစ်ခုလုံးကို အိန္ဒိယနိုင်ငံ၏ အခြားဒေသများနှင့် ဆက်သွယ်ပေးမည့် ရထားလမ်းစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တံတားနှစ်စင်းကို ဖွင့်လှစ်ခဲ့သည်။ ပါဟယ်ဂမ်တွင် ခရီးသွားများအပေါ် လုပ်ကြံမှုဖြစ်ပွားပြီးနောက် နယူးဒေလီနှင့် အစ္စလာမာဘက်က သံတမန်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် မိုဒီ၏ ကက်ရှ်မီးယား သို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။ 

ဇီလန်စကီးသည် ပူတင်က ယူကရိန်းကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နိုင်ရန် အခွင့်အရေးဖန်တီးပေးခဲ့သည်ဟု ထရမ့် ပြောဆို

News Image

ဇီလန်စကီးသည် ပူတင်က ယူကရိန်းကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နိုင်ရန် အခွင့်အရေးဖန်တီးပေးခဲ့သည်ဟု ထရမ့် ပြောဆို

ယူကရိန်း၏ လတ်တလော ဒရုန်းတိုက်ခိုက်မှုများသည် ရုရှား၏ နျူကလီးယား ဒုံးကျည်များတင်ဆောင် တိုက်ခိုက်နိုင်သော ရေဒါပျောက် ဗုံးကြဲလေယာဉ် များရှိရာ လေကြောင်းအခြေစိုက်စခန်းများကို ပစ်မှတ်ထားခဲ့ပြီး တင်းမာမှုကို ပိုမိုမြင့်တက်စေကာ မော်စကိုအား အကြမ်းဖက်မှုတုံ့ပြန်ရန် တရားဝင် အခွင့်အရေးဖန်တီးပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၆) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အီရန်က အမေရိကန်၏ ဗုံးကြဲမည့် ခြိမ်းခြောက်မှုကို ရုရှားက ပယ်ချသည့်အပေါ် အတူပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခဲ့

News Image

အီရန်က အမေရိကန်၏ ဗုံးကြဲမည့် ခြိမ်းခြောက်မှုကို ရုရှားက ပယ်ချသည့်အပေါ် အတူပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခဲ့

အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီဝင် ဝါရင့်အမတ် Abolfazl Zohrevand က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်၏ ခြိမ်းခြောက်မှု များကို ရုရှားက ရှုတ်ချသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ RT နှင့်သီးသန့်အင်တာဗျူးတစ်ခုတွင် ၎င်းက ဝါရှင်တန်သည် တီဟီရန်ကို “မုသားကျော့ကွင်း” ဆီသို့ ဆွဲဆောင်ရန် ကြိုးစားနေကြောင်း ဆိုသည်။