ဒေသတွင်းလက်နက်ကိုင်များကြောင့် ကချင်ဒေသတွင် သဘာဝဘေးဒဏ် ပိုမိုကြုံလာနေရ

News Image

ဒေသတွင်းလက်နက်ကိုင်များကြောင့် ကချင်ဒေသတွင် သဘာဝဘေးဒဏ် ပိုမိုကြုံလာနေရ

ကချင်ပြည်နယ်တွင် ဒေသအတွင်းရှိ လက်နက်ကိုင်များကြောင့် သဘာဝ ဘေးဒဏ်ကို ပိုမိုကြုံလာနေရကြောင်း သဘာဝပတ်ဝန်းကျင် အရေး တက်ကြွလှုပ်ရှားသူများက NP News သို့ ပြောသည်။ ကချင်ဒေသတွင်းရှိ လက်နက်ကိုင်များ၏ ရွှေတူးဖော်မှု၊ မြေရှားသတ္တုတူးဖော်မှု၊ သစ်မှောင်ခို ခုတ်ထွင်မှုများကြောင့် ကချင်ပြည်နယ်ရှိ သစ်တောဧရိယာများ ပျောက်ကွယ် လာနေပြီး မိုးရွာသွန်းသည်နှင့် မိုးကြီးခြင်း၊ အပူချိန်များတိုးလာခြင်း စသော သဘာဝဘေးအန္တရာယ်များကို ပိုမိုကြုံတွေ့လာနေကြရကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။

အစ္စရေးစစ်တပ်က ဟားမက်အဖွဲ့ခေါင်းဆောင် မိုဟာမက် စင်ဝါ၏ ရုပ်အလောင်းကို ရရှိခဲ့ကြောင်း ကြေညာ

News Image

အစ္စရေးစစ်တပ်က ဟားမက်အဖွဲ့ခေါင်းဆောင် မိုဟာမက် စင်ဝါ၏ ရုပ်အလောင်းကို ရရှိခဲ့ကြောင်း ကြေညာ

အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းရှိ ဥရောပဆေးရုံအောက်ရှိ ဥမင် လိုဏ်ခေါင်းအတွင်းမှ ဟားမက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မိုဟာမက် စင်ဝါ၏ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ကြောင်း ကြေညာလိုက်ပါသည်။ အစ္စရေးကာကွယ်ရေးတပ် (IDF) က ရုပ်အလောင်းကို မှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးနောက် တနင်္ဂနွေနေ့ (ဇွန် ၈) တွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ဂြိုလ်တုမှရိုက်ကူးထားသော ဓာတ်ပုံများအရ ပျက်စီးနေသည့် မြောက် ကိုရီးယား စစ်သင်္ဘောတစ်စီးကို ရုရှားနယ်စပ်အနီးရှိ သင်္ဘောကျင်းသို့ ရွှေ့ပြောင်းထားသည်ကို တွေ့ရှိရ

News Image

ဂြိုလ်တုမှရိုက်ကူးထားသော ဓာတ်ပုံများအရ ပျက်စီးနေသည့် မြောက် ကိုရီးယား စစ်သင်္ဘောတစ်စီးကို ရုရှားနယ်စပ်အနီးရှိ သင်္ဘောကျင်းသို့ ရွှေ့ပြောင်းထားသည်ကို တွေ့ရှိရ

မြောက်ကိုရီးယားသည် ရေချစဉ် မတော်တစ်ဆမှုကြောင့် ပျက်စီးခဲ့သော စစ်သင်္ဘာအသစ်တစ်စီးကို ရုရှားနယ်စပ်အနီးရှိ ဆိပ်ကမ်းသို့ ရွှေ့ပြောင်း  ခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် မော်စကိုမှ သင်္ဘောပြင်ဆင်ရေးတွင် ပါဝင်နိုင်ကြောင်း ဆန်းစစ်သူများက သုံးသပ်ထားသည်။ Maxar Technologies မှ တနင်္ဂနွေနေ့ (ဇွန် ၈) က ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ တန်ချိန် ၅၀၀၀ ရှိသည့် အမည်မသတ်မှတ်ရသေးသော အဆိုပါ ဖျက် သင်္ဘောကို ရုရှားနှင့် နယ်နိမိတ်ထိစပ်နေသော မြောက်ကိုရီးယား၏ Rason အထူးစီးပွားရေးဇုန်အတွင်းရှိ Rajin ဆိပ်ကမ်းရှိ သင်္ဘောကျင်း တွင် တွေ့ရှိရသည်။

အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးလမ်းလျှောက်ခိုင်းခြင်းကို တားမြစ်

News Image

အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးလမ်းလျှောက်ခိုင်းခြင်းကို တားမြစ်

အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးများကို အများသုံးနေရာများတွင် လမ်းလျှောက်ခိုင်းခြင်းနှင့် ယာဉ်များဖြင့် သယ်ဆောင်ခြင်းကို တားမြစ် လိုက်ပြီဖြစ်သည်။ မွတ်စ်လင်မ်အများစုနေထိုင်သော အဆိုပါနိုင်ငံတွင် ခွေးမွေးမြူခြင်းသည် ငြင်းခုန်မှုများရှိနေသော အကြောင်းအရာ တစ်ခု ဖြစ်သည်။