အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် (၂၇.၁) ရာခိုင်နှုန်းမှ (၅.၃) ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အရေအတွက် အားဖြင့် သန်း (၂၇၀) ခန့် ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်

News Image

အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် (၂၇.၁) ရာခိုင်နှုန်းမှ (၅.၃) ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အရေအတွက် အားဖြင့် သန်း (၂၇၀) ခန့် ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်

အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် (၂၇.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (၅.၃) ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အသစ်တွင် ဖော်ပြပါသည်။ 

အိန္ဒိယနိုင်ငံတွင် နေ့စဉ်အမေရိကန် (၃) ဒေါ်လာသာ ဝင်ငွေရှိသည့် ဆင်းရဲမွဲတေသူ စုစုပေါင်း (၃၄၄.၄၇) သန်းရှိခဲ့ရာမှ (၇၅.၂၄) သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၁ PPP အရ)

အီလွန်မက်က လော့စ်အိန်ဂျလိစ်ဆန္ဒပြမှုများအပေါ် ထရမ့်၏ ကိုင်တွယ်ပုံ ကို ထောက်ခံ

News Image

အီလွန်မက်က လော့စ်အိန်ဂျလိစ်ဆန္ဒပြမှုများအပေါ် ထရမ့်၏ ကိုင်တွယ်ပုံ ကို ထောက်ခံ

ဘီလီယံနာ မက် က သမ္မတနှင့် ၎င်းတို့အကြား အချေအတင် ဖြစ်ခဲ့ သော်လည်း ထရမ့်အစိုးရ၏ လော့စ်အိန်ဂျလိစ် ဆန္ဒပြမှုများအပေါ် ကိုင်တွယ်ပုံကို ထောက်ခံခဲ့သည်။ 

ဇွန် ၈ ရက်တွင် အီလွန်မက် က လူမှုကွန်ရက် X တွင် သမ္မတ ဒေါ်နယ် ထရမ့်၏ ပို့စ်ကို ဖော်ပြကာ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass တို့အား ဆန္ဒပြမှုများ တိုးပွားလာခြင်း၊ ယာဉ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကို ခွင့်ပြုခဲ့သည့်အတွက် လော့စ်အိန်ဂျလိစ် ပြည်သူများထံ တောင်းပန်ရန် တိုက်တွန်းခဲ့သည်။ 

အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

News Image

အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

အစ္စရေးရေတပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ သယ်ဆောင်လာသည့် ဂါဇာသို့ဦးတည်နေသော "Madleen" အရပ်ဘက်သင်္ဘောကို တားဆီးကာ သင်္ဘောသားများအား ဖမ်းဆီးလိုက် သည်။ တယ်လ်အဗစ်မှ အဆိုပါသင်္ဘောကို “Selfie yacht” ဟု သရော်၍ခေါ်ဝေါ်ခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ရာသီဥတု အရေး လှုပ်ရှားသူဂရီတာ သွန်းဘာ့ဂ် (Greta Thunberg) ၊ ပြင်သစ်လွှတ်တော်အမတ် ရီမာ ဟက်ဆန် (Rima Hassan) နှင့် အိုင်ယာလန်မင်းသား လီယမ် ကန်နင်ဂမ် (Liam Cunningham) တို့ အပါအဝင် အခြားသူများ ပါဝင်နေခဲ့သည်။

ယူကရိန်းသည် အာရှရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိဟု Washington Post ဖော်ပြ

News Image

ယူကရိန်းသည် အာရှရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိဟု Washington Post ဖော်ပြ

ယူကရိန်းသည် ရုရှား၏ နျူကလီးယား ဗုံးတင်ဆောင်နိုင်သော မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များရှိရာ လေတပ်စခန်းများကို တိုက်ခိုက် ခဲ့သည့်နည်းတူ အာရှ-ပစိဖိတ်ဒေသရှိ ရုရှားစစ်သင်္ဘောများကို ဒရုန်း များဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း Washington Post သတင်းစာက ဖော်ပြခဲ့သည်။