သတင်းများ

ကြက်ဥဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ကြက်ဥများတင်ပို့ရန် ဒိန်းမတ်အပါအဝင် ဥရောပနိုင်ငံများအား အမေရိကန်တောင်းဆို

အမေရိကန်ပြည်ထောင်စုတွင် ကြက်ဥဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် အစိုးရက ဒိန်းမတ်အပါအဝင် အခြားဥရောပနိုင်ငံများအား ကြက်ဥများပေးပို့ရန် တောင်းဆိုခဲ့သည်ဟု ဒိန်းမတ်ကြက်ဥရောင်းဝယ်ရေးအဖွဲ့အစည်းက မတ်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုများကြောင့် အာဏာပိုင်အဖွဲ့က ကြက်များအားဖယ်ရှားရှင်းလင်းခဲ့ရာ ယခုအခါ ကြက်ဥလက်ကားဈေးနှုန်းသည် စံချိန်တင်မြင့်တက်လျက်ရှိသည်။ သို့သော် ထရမ့်က ကြက်ဥဈေးနှုန်းများကို လျှော့ချမည်ဟု ၎င်းသမ္မတအဖြစ်တက်ရောက်လာပြီးနောက် ကတိပေးထားခဲ့သော်လည်း ကြက်ဥဈေးနှုန်းသည် ဖေဖော်ဝါရီလအတွင်းမှာပင် ၅၉ ရာခိုင်နှုန်းမြင့်တက်လာသည်။

ထို့ကြောင့် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဒိန်းမတ်နိုင်ငံအပါအဝင် ဥရောပရှိ ကြက်ဥထုတ်လုပ်သည့် နိုင်ငံများအား အမေရိကန်ဈေးကွက်သို့ ကြက်ဥများတင်ပို့ရန် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် တရားဝင်တောင်းဆိုမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် တူကီယဲမှ ကြက်ဥတန်ချိန်ပေါင်း ၁၅၀၀၀ ခန့်ကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ တင်သွင်းရလျက်ရှိသည်။

နိုင်ငံအတွင်း၌ ဖြစ်ပွားသည့် ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်ရေးအတွက် အသုံးပြုမည့် ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်က အခြားနိုင်ငံများမှ ကြက်ဥများကို တင်သွင်းသွားမည်ဖြစ်သည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ရိုးလင်းက ကြေညာထားကြောင်း သိရသည်။

Source: မြဝတီသတင်းစာ

Photo: NewsBreak

အမေရိကန်က ဂျပန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ်ရန် ဆုံးဖြတ်မှုအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်အစိုးရပြော

အမေရိကန်အစိုးရက ဂျပန်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ထပ်မံချမှတ် ရန်ဆုံးဖြတ်မှုအပေါ်  စိတ်မကောင်းဖြစ်ရကြောင်း ဂျပန်အစိုးရက မတ်လ ၁၂ ရက်တွင်  ပြောကြားလိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျပန်-အမေရိကန်စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အပေါ် သက်ရောက်လာနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

ထို့ပြင် ဂျပန်နိုင်ငံမှ အမေရိကန်သို့ တင်ပို့နေသည့်  သံမဏိပို့ကုန်များသည်  အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိဟု ၎င်းကဆက်လက်ပြောကြားသည်။

ဂျပန်အစိုးရ၏  ထုတ်ပြန်ချက်သည်  ဂျပန်နိုင်ငံက အမေရိကန်သို့တင်ပို့နေသည့် အလူမီနီယံနှင့် သံမဏိထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန်    မတ်လ  ၁၂  ရက်တွင်  အမေရိကန်က ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်စီးပွားရေး၊  ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ယိုဂျိုမူတိုသည် ယခု ရက်သတ္တပတ် အစောပိုင်းက အမေရိကန် အစိုးရအဖွဲ့မှ အရာရှိများနှင့်   တွေ့ဆုံ၍ အခွန်တိုးမြှင့် ကောက်ခံခြင်းမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက  ထုတ်ပြန်ထားသည်။

Source: https://myawady.net.mm/

Musk က Tesla ကုမ္ပဏီထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမည် ဟုဆို

Tesla ကုမ္ပဏီ၏ စီအီးအို Elon Musk က အမေရိကန်ပြည်ထောင်စု၌ လာမည့်နှစ်နှစ်အတွင်း ကားထုတ်လုပ်မှုကို နှစ်ဆတိုးမည်ဟု ပြောကြား လိုက်သည်။

Musk နှင့် အမေရိကန်သမ္မတ Trump တို့ မတ်လ ၁၁ ရက်နေ့က Tesla ကုမ္ပဏီထုတ် ကားများကို ကြည့်ရှုစဉ် သတင်းထောက်များနှင့် တွေ့ဆုံ ရာ၌ ထရမ့်က မက်အား ၎င်း၏ထောက်ခံမှုကို အားပေးစကားပြောဆိုစဉ် “မက်သည် အမေရိကန်ပြည်ထောင်စုအတွက် စိတ်အားထက်သန်တက်ကြွသူဖြစ်သကဲ့သို့ Tesla ကုမ္ပဏီတွင်လည်း အံ့သြဖွယ်ကောင်းသောအလုပ်များကို လုပ်ခဲ့သူဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က ၎င်းကိုယ်တိုင်လည်း Tesla ကုမ္ပဏီထုတ် ကားတစ်စီးကို ဝယ်ယူသွားမည်ဟု ဆိုသည်။

မက်ကလည်း “သမ္မတကြီး ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့၏ မူဝါဒကောင်းများကြောင့် အမေရိကန်ပြည်ထောင်စုအပေါ် ယုံကြည်မှုအနေဖြင့် Tesla ကုမ္ပဏီသည် လာမည့်နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ကား ထုတ်လုပ်မှုကို နှစ်ဆတိုးသွားမည်” ဟု ပြောကြားခဲ့သည်။

အစိုးရဌာနများတွင် အလုပ်သမားအင်အားလျှော့ချခြင်းနှင့် အသုံးစရိတ်များ လျှော့ချခြင်းကို ဦးဆောင်နေသူ မက်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကို ထရမ့်က ဦးစားပေးသည့်ပုံရသည်ဟု ဝေဖန်မှုများ ရှိနေသည်။ 

NBC သတင်းဌာနက “အစိုးရအကြီးအကဲတစ်ဦးအနေဖြင့် ထုတ်ကုန်တစ်ခုအား ဤမျှ ရှင်းရှင်းလင်းလင်း ထောက်ခံခြင်းသည် ရှားပါးလွန်းကြောင်း၊ သမ္မတတစ်ဦးအနေဖြင့်ဆိုပါက ကြုံထောင့်ကြုံခဲ အခိုက်အတန့်ပင် ဖြစ်သည်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံသားအချို့က မက်နှင့် တက်စလာကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် Tesla Showroom များနှင့် Tesla Charging Station များကို ဖျက်ဆီးမှုများရှိခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ရာဈေးနှုန်းလည်း ထိုးကျခဲ့သည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန် တင်သွင်းကုန်အပေါ် ကနေဒါစည်းကြပ်နေသည့် အခွန်များကို မရုတ်သိမ်းလျှင် ကနေဒါမော်တော်ကားလုပ်ငန်း ပျက်စီးစေရမည် ဟု ဒေါ်နယ်ထရမ့် ကြုံးဝါး

အမေရိကန်က တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် ကနေဒါကစည်းကြပ်နေသည့် အခွန်များကို ပြန်လည်မရုတ်သိမ်းလျှင် ကနေဒါမော်တော်ကား လုပ်ငန်းပျက်စီးစေရမည် ဟု ဒေါ်နယ်ထရမ့်က ကြုံးဝါးလိုက်ပါသည်။

ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၁ ရက်တွင် ကနေဒါ၊ တရုတ်နှင့် မက္ကဆီကို တို့မှ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြင့်စည်းကြပ်ရန် အမိန့် ထုတ်ပြန် လိုက်ပြီးနောက် ဖေဖော်ဝါရီ ၄ ရက်တွင် တရုတ်သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်း တိုးမြင့်လိုက်ပြီး ကနေဒါနှင့်မက္ကဆီကို သွင်းကုန်များအပေါ် တစ်လအချိန်ဆိုင်းငံ့ပေးခဲ့ပါသည်။

တစ်လပြီးနောက် မတ်လ ၄ ရက်တွင် ထရမ့်က ကနေဒါနှင့်မက္ကဆီကို သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းတိုးမြင့် စည်းကြပ်လိုက်ပြီး အမေရိကန်-မက္ကဆီကို- ကနေဒါ သဘောတူညီချက် (USMCA) တွင် ပါဝင်သည့်ကုန်စည်များကို အဆိုပါစည်းကြပ်မှုမှ ကင်းလွတ်ပေးခဲ့ပါသည်။

တစ်ဖက်တွင်လည်း ကနေဒါသည် အမေရိကန်မှ တင်သွင်းလာသည့် မော်တော်ကား၊ နို့ထွက်ပစ္စည်းများ၊ ဘီယာ၊ ဝိုင်၊ အရက်၊ စိုက်ပျိုးထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများကို ကာလကြာရှည်စွာ အခွန် စည်းကြပ်မှုနေမှုအပေါ်   ကစားလာသည်ဟု ဒေါ်နယ်ထရမ့်က ယုံကြည်နေပြီး အမေရိကန် စီးပွားရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ယူဆနေပါသည်။

အကယ်၍ အမေရိကန်တင်သွင်းကုန်များအတွက် အခွန်စည်းကြပ်နေမှု အပေါ် ကနေဒါက မရုတ်သိမ်းပေးနိုင်ပါက ကနေဒါနိုင်ငံ၏ မော်တော်ကား တင်သွင်းခွန်ကိုဧပြီ ၂ ရက်တွင် မဖြစ်မနေ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုစည်းကြပ်မှုကို ထပ်မံဖြေလျော့ပေးမည် မဟုတ်တော့ကြောင်း၊ အမေရိကန်တွင် မော်တော်ကား လွယ်လွယ်ကူကူ ထုတ်လုပ်နိုင်သဖြင့် ကနေဒါမော်တော်ကားများကို အလိုမရှိပါကြောင်း၊ ကနေဒါ မော်တော်ကားလုပ်ငန်းပျက်စီးစေရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပါသည်။ 

ကိုးကား-TASS

Photo: RNZ

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ကနေဒါမှ တင်ပို့သည့် သံမဏိနှင့် အလူမီနီယမ်အပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်မကောက်ခံတော့ ဟု အိမ်ဖြူတော်ထုတ်ပြန်

ကနေဒါမှ အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် မတ်လ ၁ ရက်မှစ၍ အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့် ကောက်ခံရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို လက်လွှတ်လိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်Kush Desai က ထုတ်ပြန်ပြောကြားလိုက် ပါသည်။

အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ် Doug Ford နှင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် Lutnick တို့ ဆွေးနွေးပြီးနောက် ကနေဒါက အမေရိကန်သို့ လျှပ်စစ်ဓာတ်အားတင်ပို့မှု အပေါ် ၂၅ ရာခိုင်နှုန်း အခွန်ထည့်သွင်းမည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက် ကြောင်း သိရပါသည်။

သို့ရာတွင် ဒေါ်နယ်ထရမ့် ယခင်မူလညွှန်ကြားချက်အရ ကနေဒါနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများအားလုံးအတွက် သံမဏိနှင့် အလူမီနီယမ် ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို ခြွင်းချက်နှင့် ကင်းလွတ်ခွင့် မရှိစေဘဲ ကောက်ခံသွားမည်ဖြစ်ပြီး ထိုအမိန့်သည် မတ်လ ၁၂ ရက် ည ၁၂ နာရီတွင် အသက်ဝင်စေမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားထားပါသည်။ 

ယခုလုပ်ဆောင်ချက်မှာ ဒေါ်နယ်ထရမ့်က ကမ္ဘာ့အကြီးဆုံး စီးပွားရေးစွမ်းအားကို အသုံးချပြီး အမေရိကန်ပြည်သူများအတွက် အောင်ပွဲတစ်ခု ဆောင်ကြည်းပေးနိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါသည်။

ကိုးကား- TASS

Photo: BBC

ပန်းတနော်မြို့နယ်တွင် ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

ပန်းတနော်  မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ကွမ်းရွက်များ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ်မှ ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြာ၍ သိရသည်။

ပန်းတနော်မြို့နယ်တွင် မတ်ပထမပတ်မှ ယနေ့ထိ ကွမ်းရွက်များဝယ်ယူမှု ကောင်းမွန်လာပြီး တစ်ရက်လျှင် ပိဿာချိန် ၃၅၀၀ မှ ၅၅၀၀ ထိ ကွမ်းရွက်ပိဿာချိန် အများအပြားအရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။

“ပန်းတနော်ကနေ တင်ပို့ရောင်းချနေတဲ့ ကွမ်းရွက်တွေက အရည်အသွေးကောင်းမွန်ပါတယ်။ လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒေသထွက်ကွမ်းရွက် ပိဿာချိန်များများ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။ လက်ရှိလဲ ကွမ်းရွက်တွေအရောင်းအဝယ်ကောင်းမွန်နေပါတယ်။ ဒေသထွက်ကွမ်းရွက်တွေဝယ်ယူမှု ကောင်းလာတဲ့အတွက် ကွမ်းစိုက်သူတွေ အဆင်ပြေနေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်ကွမ်းရွက်များကို စနစ်တကျ ရွေးထုတ်သန့်စင်ပြီး ခြင်းများဖြင့်ထည့်ကာ ဝယ်ယူသည့်ဝယ်လက်များထံကို တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဒေသထွက်ကွမ်းရွက် ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်လအတွင်း ကော်ဖီတင်ပို့မှု မြင့်တက်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံရရှိ

ဟနွိုင်း  မတ် ၁၀

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ယခုနှစ် ပထမနှစ်လအတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကားပြီး မတ် ၁၀ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ယင်းကာလအတွင်း ကော်ဖီတန်ချိန် ၂၈၄၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ပျမ်းမျှကော်ဖီဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄ ဒသမ ၅ ဒေါ်လာရှိပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ

တရုတ်၏ အကောက်ခွန်နှုန်းထားအသစ် အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် သက်ရောက်မှုရှိ

၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အကြီးဆုံး နိုင်ငံခြားဈေးကွက်ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေမည့် အလားအလာကို ပြသနေပါသည်။ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ကြက်သား၊ ဂျုံ၊ ပြောင်း အစရှိသော ပစ္စည်းများ ပါဝင်ပြီး အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ပဲပိစပ်၊ ဝက်သား၊ အမဲသားနှင့

၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အကြီးဆုံး နိုင်ငံခြားဈေးကွက်ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေမည့် အလားအလာကို ပြသနေပါသည်။ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ကြက်သား၊ ဂျုံ၊ ပြောင်း အစရှိသော ပစ္စည်းများ ပါဝင်ပြီး အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ပဲပိစပ်၊ ဝက်သား၊ အမဲသားနှင့် အသီးများ ပါဝင်ပါသည်။ မတ်လ ၁၀ ရက်(တနင်္လာ)နေ့၌ အမေရိကန်မှ တရုတ်သို့ တင်ပို့ပြီး ဧပြီ လ ၁၂ ရက်တွင် တရုတ်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများအပေါ် အဆိုပါအကောက်ခွန်နှုန်းထား သက်ရောက်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါသည်။ 

လက်ရှိအချိန်အထိ တရုတ်အစိုးရအနေဖြင့် အမေရိကန်ကုမ္ပဏီ ၁၅ ခုကို တရုတ်ကုန်ပစ္စည်းများ ဝယ်ယူခွင့်မရရန် တားမြစ်ထားပြီး ထိုကုမ္ပဏီများအထဲတွင် အမေရိကန်စစ်တပ်အတွက် Drone ဝယ်ယူနေသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရှိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် စီးပွားရေး ပြုလုပ်ရန် ပိတ်ဆို့ခံထားရသည့် အမေရိကန်ကုမ္ပဏီ ၁၀ ခု ရှိကြောင်း သတင်းရရှိပါသည်။ 

ကိုးကား -New York Times

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊နစက-၃

ရေနံဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေ

ရုရှားသည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲခြင်းမပြုပါက ရုရှားနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်သမ္မတထရမ့်က ပြောကြားပြီးနောက် ရေနံဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာပါသည်။ အကယ်၍ ရုရှားအနေဖြင့် ယူကရိန်း နှင့်စစ်ပွဲအား ရပ်တန့်မည်ဆိုပါက ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးသွားမည်ဟုလည်း အမေရိကန် က ထုတ်ပြန်ထားပါသည်။ 

တစ်ဖန် ရုရှားနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော OPEC + အဖွဲ့က လာမည့် ဧပြီလမှစ၍ အဖွဲ့အစည်းအနေဖြင့် တင်ပို့မည့် ရေနံများ၏ ဈေးနှုန်းကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။ OPEC + အနေဖြင့် ရေနံ၏ ရောင်းလိုအားနှင့် ဝယ်လိုအား ဈေးကွက်ကို ထိန်းချုပ် နိုင်စွမ်း ရှိသည်ဟုလည်း ပြောကြားထားပါသည်။ 

ထိုအခြေအနေများကြောင့် ရေနံဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနေသည့် လုပ်ငန်းရှင် များက OPEC အဖွဲ့ထံမှ ရေနံ၏ ရောင်းလိုအားနှင့် ဝယ်လိုအား ဈေးကွက် ခန့်မှန်းချက်ကို ယခုအပတ်ထဲတွင် တောင်းခံထားကြောင်း သိရှိရ ပါသည်။ 

ကိုးကား -Reuters

တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

တရုတ် (တိုင်ပေ) ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ၏ အမေရိကန် တွင် အမေရိကန်ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်သည် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်  အခိုက်အတန့် တစ်ခုဖြစ်ကြောင်း တရုတ် (တိုင်ပေ)သမ္မတလိုင်ချန်တေးက မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံခြားထုတ်ချစ်ပ်များပေါ်တွင် အခွန်စည်းကြပ်မှုလုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ခဲ့ပြီးနောက် Apple နှင့် Nvidia ကုမ္ပဏီတို့ကို ၎င်း၏ ဖောက်သည်များကြားတွင် ထည့်သွင်းရေတွက်သည့် TSMC ကုမ္ပဏီ သည် အဆိုပါအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် TSMC ကုမ္ပဏီ၏ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံအထိ ရှိလာမည်ဖြစ်ပြီး အမေရိကန် သမိုင်းတွင် အကြီးမားဆုံးနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း TSMC ကပြောကြားခဲ့သည်။ TSMC ကုမ္ပဏီ၏စီအီးအိုဖြစ်သူ C.C. Wei နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တရုတ် (တိုင်ပေ) သမ္မတ လိုင်ချန်တေးသည် တရုတ်(တိုင်ပေ)-အမေရိကန်ဆက်ဆံရေးအတွက် သမိုင်းဝင် အခိုက်အတန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)သည် အမေရိကန်ချစ်ပ်လုပ်ငန်းကို ခိုးယူခဲ့ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး ၁၀ဝ ရာခိုင်နှုန်း အခွန် စည်းကြပ်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် TSMC ကုမ္ပဏီ ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ် (တိုင်ပေ) ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသော တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနှင့်နိုင်ငံရေးအရဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် တစ်ခုဖြစ်သော အဆိုပါ ရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား-NP News