ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်လအတွင်း ကော်ဖီတင်ပို့မှု မြင့်တက်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံရရှိ
ဟနွိုင်း မတ် ၁၀
ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ယခုနှစ် ပထမနှစ်လအတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကားပြီး မတ် ၁၀ ရက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ယင်းကာလအတွင်း ကော်ဖီတန်ချိန် ၂၈၄၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။
ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ပျမ်းမျှကော်ဖီဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄ ဒသမ ၅ ဒေါ်လာရှိပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။
Source: မြန်မာ့အလင်းသတင်းစာ
MM-News-Category