သတင်းများ

Samsung Display နဲ့ပူးတွဲ ထုတ်လုပ်မယ့် Apple ရဲ့ခေါက်ဖုန်း

Apple က Samsung လိုမျိုး ခေါက်ဖုန်းတွေ မထုတ်သေးဘူးလားလို့ မေးနေကြသူတွေအတွက် အခုတော့သတင်းလေးတစ်ပုဒ် ထွက်လို့လာပါပြီ။ အဲဒီသတင်းကတော့ Apple အနေနဲ့ ခေါက်ဖုန်းတွေကို  ထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ သို့သော်လည်းမမျှော်လင့်ထားတဲ့ နောက်ထပ်သတင်း တစ်ခုက အဲဒီခေါက်ဖုန်းတွေမှာအသုံးပြုမယ့် ဖန်သားပြင်တွေအတွက် Samsung Display က ထုတ်လုပ်ပေးမှာဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။

နောက်ထပ် သိရှိထားတဲ့သတင်း တစ်ခုကတော့ အဲဒီခေါက်ဖုန်းဖန်သားပြင်မှာဆိုရင် Samsung Galaxy Z Fold ဆိုတဲ့ စမတ်ဖုန်းမှာတောင်မှ ပါဝင်လာခြင်းမရှိတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာမယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒါ့အပြင်ထိတွေ့ဖန်သားပြင်ကို   သူ့ရဲ့မူလဖန်သားပြင် ထဲမှာ တစ်ပါ   တည်း ထည့်သွင်း မှာဖြစ်တဲ့အတွက် ဖုန်းရဲ့အထူ ကလည်း ပါးလွှာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အလေးချိန်ကလည်း လျော့သွားမှာပါ။

ဒါပေမဲ့ ဈေးနှုန်းအပိုင်းမှာတော့နည်းနည်းလေးစိုးရိမ်စရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် Apple က သူ့ရဲ့စံနှုန်းတွေအတိုင်း မလွဲမသွေ ထုတ်လုပ်လာမှာဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။

Source: https://myawady.net.mm/

အမေရိကန် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချသွားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၂ ရက် (တနင်္လာနေ့) တွင် အမေရိကန်ရှိ ဆေးဝါးစျေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း မေလ ၁၁ ရက်က ပြောကြားလိုက်ပါသည်။

“မေ ၁၂ ရက် နံနက် ၉ နာရီတွင် အိမ်ဖြူတော်၌ မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် အရေးပါဆုံး အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းစျေးနှုန်းများမှာ ၃၀% မှ ၈၀% အထိ လျင်မြန်စွာ လျော့ကျသွားပါလိမ့်မည်” ဟု ထရမ့်က ၎င်း၏ Truth Social မီဒီယာပေါ်တွင် ပြောကြားထားပါသည်။

အမေရိကန်တွင် ဆေးဝါးစျေးနှုန်းများ မြင့်မားနေမှုကို နှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ပုံမှန်ထက်ဈေးသက်သာတဲ့ Tesla Model Y ထွက်ပေါ်လာ

Tesla ကုမ္ပဏီက အမေရိကန်ပြည်မှာ သူတို့ရဲ့ Model Y အမျိုးအစားကိုမှ ဈေးသက်သာတဲ့အပြင် ခရီးဝေးသွားနိုင်တဲ့ မော်ဒယ်နဲ့ ထပ်မံမိတ်ဆက်လိုက်ပါပြီ။ နောက်ဘီးယက်  အမျိုးအစားဖြစ်တဲ့ ဒီမော်ဒယ်အတွက် အခြေခံဈေးနှုန်းကို ဒေါ်လာ ၄၄၉၉၀ သတ်မှတ်ပေးထားပါတယ်။

အရင်တုန်းကဆိုရင် အမေရိကန်မှ Tesla ပရိသတ်များဟာ Model Y ကို ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၆၀၀၀၀ အထိ ပေးပြီးဝယ်ယူခဲ့ရတာပါ။ ဒါပေမဲ့  အဲဒီအမျိုးအစားမှာတော့ လေးဘီးယက်စနစ် ဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ နောက်ဘီး ယက်အမျိုးအစားက တစ်ကြိမ်အားသွင်း ရုံနဲ့ အကွာအဝေး ၅၇၅ ကီလိုမီတာအထိ ခရီးပေါက်မှာပါ။ လေးဘီးယက်စနစ်နဲ့ ယှဉ်ရင်တော့ သူကနည်းနည်းလေး အထနှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သုညကနေ တစ်နာရီ ၉၇ ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်ဖို့ အချိန် ၅ ဒသမ ၄ စက္ကန့် ကြာတယ်လို့ဆိုပါတယ်။

ပထမသုံးလမှာတင် ရောင်းအားမြင့်တက်လာတဲ့ Audi EV

Audi ကုမ္ပဏီရဲ့ ဒီနှစ်ပထမသုံးလပတ် အတွက်ရောင်းအားက အနည်းငယ်ကျ ဆင်းသွားပေမယ့် ကားအမျိုးအစားအရ ပြောရမယ်ဆိုရင်တော့ Audi EV ရဲ့ရောင်း အားက ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပထမသုံးလပတ်အတွင်း Audi က တင်ပို့ရတဲ့ မော်တော်ကား အစီးရေစုစု ပေါင်း ၄၆၃၇၁ စီးရှိပါတယ်။ ဒါဟာ ယမန် နှစ်ကထက် ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း သွားတာပါ။

ဒါပေမဲ့ လျှပ်စစ်ကားတင်ပို့မှု အပိုင်းမှာ ဆိုရင်တော့ ၅၀ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာပြီး အစီးရေ ၂၅၁၂၉ စီးအထိမြင့် တက်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အမှာစာတွေအရဆိုရင် လျှပ်စစ်ကားတင် ပို့မှုက ၈၆ ရာခိုင်နှုန်းရှိမှာပါ။ လက်ရှိမှာတော့ Audi ကအမြတ်ငွေ ယူရို ၁၅ ဘီလီယံကျော် ရရှိထားပါတယ်။ ဒါကယမန်နှစ်ကထက် ပိုများတဲ့ ပမာဏပါ။

တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှု ပူးတွဲကြေညာချက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ (“တရုတ်”) နှင့် အမေရိကန် ပြည်ထောင်စု အစိုးရ (“အမေရိကန်”) တို့သည် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးက နှစ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် အရေးပါမှုကို နားလည်သိရှိ၍ လည်းကောင်း၊ စဉ်ဆက်မပြတ်တည်တံ့သော၊ ရေရှည်ဖြစ်သော၊ အပြန်အလှန် အကျိုးပြုသော နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး၏ အရေးပါမှုကို နားလည်သိရှိ၍လည်းကောင်း၊ နှစ်ဖက်အကြား လတ်တလော ဆွေးနွေးမှုများအား ထည့်သွင်းစဉ်းစားသောအားဖြင့် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများသည် ကုန်သွယ်စီးပွားကဏ္ဍ နှစ်ဖက်စလုံးက စိုးရိမ်သောကိစ္စများကို ဖြေရှင်းရာ၌ အထောက်အကူပြုသည်ကို ယ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ (“တရုတ်”) နှင့် အမေရိကန် ပြည်ထောင်စု အစိုးရ (“အမေရိကန်”) တို့သည် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးက နှစ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် အရေးပါမှုကို နားလည်သိရှိ၍ လည်းကောင်း၊ စဉ်ဆက်မပြတ်တည်တံ့သော၊ ရေရှည်ဖြစ်သော၊ အပြန်အလှန် အကျိုးပြုသော နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး၏ အရေးပါမှုကို နားလည်သိရှိ၍လည်းကောင်း၊ နှစ်ဖက်အကြား လတ်တလော ဆွေးနွေးမှုများအား ထည့်သွင်းစဉ်းစားသောအားဖြင့် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများသည် ကုန်သွယ်စီးပွားကဏ္ဍ နှစ်ဖက်စလုံးက စိုးရိမ်သောကိစ္စများကို ဖြေရှင်းရာ၌ အထောက်အကူပြုသည်ကို ယုံကြည်၍လည်းကောင်း၊ အပြန်အလှန် တံခါးဖွင့်မှု၊ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှုရှိသော စိတ်ဓာတ်ကို အခြေခံကာ သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်တွန်းအားပေးသည့် အနေဖြင့်လည်းကောင်း နှစ်ဖက်အနေဖြင့် အောက်ပါအစီအမံများကို ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်မတိုင်မီ ချမှတ်ဖော်ဆောင်ရန် ကတိပြုသည်။

အမေရိကန်နိုင်ငံအနေဖြင့် – 

(က) ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်က ထုတ်ပြန်သော အမှတ်စဉ် ၁၄၂၅၇ အမိန့် ကြေညာချက်တွင် ပြဋ္ဌာန်းထားသည့် တရုတ်ထုတ်ကုန် (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသမှ ထုတ်ကုန် များ အပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသော တန်ဖိုးအလိုက် စည်းကြပ်ခွန် များကို ပြင်ဆင်မည်ဖြစ်ရာ ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန် ကို ပထမ ၉၀ ရက်အတွင်း ဖော်ဆောင်ခြင်းကို ယာယီဆိုင်းငံ့ထားမည့် တစ်ချိန်တည်းမှာပင် ယင်းအမိန့်ကြေညာချက်၌ ပြဋ္ဌာန်းထားသည့်အတိုင်း ထိုထုတ်ကုန်များအပေါ် ကျန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့် ကောက်ခံခြင်းအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။

(ခ) ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်က ထုတ်ပြန်သော အမှတ်စဉ် ၁၄၂၅၉ အမိန့် ကြေညာချက်နှင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က ထုတ်ပြန်သော အမှတ် ၁၄၂၆၆ အမိန့်ကြေညာချက်၌ ပြဋ္ဌာန်းထားသော ထိုထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်သည်။

တရုတ်နိုင်ငံအနေဖြင့်- 

(က) အလားတူပြင်ဆင်သည့်အနေဖြင့် အခွန်ကော်မတီ၏ ၂၀၂၅ ခုနှစ် အမှတ်စဉ် ၄ ကြေညာချက်တွင် ပြဋ္ဌာန်းထားသော အမေရိကန်ထုတ်ကုန် များအပေါ် ကောက်ခံသည့် တန်ဖိုးအလိုက် စည်းကြပ်ခွန်များကို ပြင်ဆင်သည်။ ၎င်းတို့အနက် ၂၄ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန်ကို ပထမ ၉၀ ရက်အတွင်း ဖော်ဆောင်ခြင်းကို ယာယီဆိုင်းငံ့ထားမည့် တစ်ချိန်တည်းမှာပင် ထိုထုတ်ကုန်များအပေါ် ကျန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့် ကောက်ခံခြင်းအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အခွန်ကော်မတီ ၏ ၂၀၂၅ ခုနှစ် အမှတ်စဉ် ၅ နှင့် ၆ ကြေညာချက်များအရ ထိုထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကို ပယ်ဖျက်သည်။

(ခ) လိုအပ်သော အစီအမံများ ချမျတ်သွား၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှစ၍ အမေရိကန်အပေါ် အခွန်စည်းကြပ်မှုမဟုတ်သော တန်ပြန်အစီအမံများကို ဆိုင်းငံ့ သို့မဟုတ် ပယ်ဖျက်သည်။ အထက်ဖော်ပြပါ အစီအမံများ ချမှတ်ပြီးနောက် နှစ်ဖက်သည် ယန္တရားထူထောင်ပြီး ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။ တရုတ်ကိုယ်စားလှယ်မှာ တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းဖြစ်ပြီး အမေရိကန်ကိုယ်စားလှယ်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်မှာ Jamieson Greer ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးမှုကို တရုတ်၊ အမေရိကန် သို့မဟုတ် နှစ်ဖက်က သဘောတူထားသည့် တတိယနိုင်ငံတွင် ပြုလုပ်နိုင်သည်။ လိုအပ်ချက်အရ နှစ်ဖက်သည် သက်ဆိုင်ရာ ကုန်သွယ်စီးပွားကဏ္ဍဆွေးနွေးရန် အကြောင်းအရာများနှင့်စပ်လျဉ်း၍ လုပ်ငန်းအဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်သည်။ 

ကိုးကား- Xinhua

Photo: Erie News Now

ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှု အားလုံးနီးပါး ရူဘယ်နှင့် ယွမ်ငွေဖြင့်သာ ဆောင်ရွက်မည်

V-Day အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတတို့ တွေ့ဆုံ ဆွေးနွေးကြပြီးနောက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအားလုံးနီးပါးကို မိမိတို့၏ အမျိုးသားငွေကြေးများဖြစ်သော ရူဘယ်နှင့် ယွမ်ငွေများဖြင့်သာ ဆောင်ရွက်ကြရန် ဆုံးဖြတ်လိုက်ကြပါသည်။

“ရုရှား-တရုတ် နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းအားလုံးနီးပါးကို ရူဘယ်နှင့် ယွမ်ငွေဖြင့် ဆောင်ရွက်ခြင်းက တည်ငြိမ်သည့် အပြန်အလှန် ကုန်သွယ်မှုစနစ်ကို တည်ဆောက်ထားနိုင်မည်ဖြစ်ပြီး၊ တတိယနိုင်ငံများ၏ လွှမ်းမိုးမှုမှ စိတ်ချယုံကြည်စွာ အကာအကွယ်ပေးထားနိုင်မည် ဖြစ်ပါကြောင်း” ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါသည်။

ထို့ပြင် ရုရှား၏ ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် ပထမနေရာ ဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အခြားနှစ်များ၏ စံချိန်ကို ကျော်လွှားကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၄၅ ဘီလီယံရှိခဲ့ကြောင်း ရုရှားခေါင်းဆောင်က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- TASS

Photo: Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တိုယိုတာ၏ အမြတ်ငွေ ၂၁% ကျဆင်းမည်ဟု ခန့်မှန်း

ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် တိုယိုတာကုမ္ပဏီသည် လက်ရှိဘဏ္ဍာရေးနှစ်အတွက် လည်ပတ်မှု အမြတ်ငွေ ၃.၈ ထရီလီယံ ယန်း (အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ) ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ယခုခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ် မတ်လ တွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်က ၄.၈ ထရီလီယံ ယန်းရရှိခဲ့သည့် နှင့်နှိုင်းယှဉ်လျှင် ၂၁% ကျဆင်းမည်ဖြစ်ပါသည်။

ထိုသို့ကျဆင်းရသည့်အဓိကအကြောင်းအရင်းများမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် တိုးမြှင့်လိုက်ခြင်းကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ဝယ်ယူလိုသူများ၏ ဝယ်လိုအား ကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရခြင်း၊ ယန်းငွေတန်ဖိုးတက်လာခြင်း၊ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကုန်ထုတ်စရိတ် ပိုမိုများပြားလာခြင်း တို့ကြောင့် ဖြစ်ပါသည်။

အခြားကမ္ဘာကျော် ကားထုတ်လုပ်ရေးကုမ္ပဏီများကဲ့သို့ပင် တိုယိုတာသည် အမေရိကန်ရှိ စက်ရုံများကို ထပ်မံတိုးချဲ့မည်ဆိုပါက အလုပ်သမား လုပ်ခ ကုန်ကျစရိတ်မြင့်မားမှုနှင့် ရင်ဆိုင်ရနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု စရိတ် ပိုမိုကျခံရနိုင်သည်ဟု သိရပါသည်။

တိုယိုတာသည် တရုတ်ဈေးကွက်တွင် အခြားဂျပန်ကားများထက် ရောင်းအားကျဆင်းမှု နည်းပါးသော်လည်း   တရုတ်ကားများ၏ အပြင်းအထန်ယှဉ်ပြိုင်မှုကြောင့် ကမ္ဘာ့အကြီးဆုံးကားဈေးကွက်တွင် ရောင်းအားကျဆင်းမှုကို ကာကွယ်ရန် ရုန်းကန်နေရဆဲဖြစ်ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဆန်ဖရန်စစ်စ္စကို၊ မေ ၈

ChatGPT သည် ယခုအခါ သုံးစွဲသူများကို အွန်လိုင်းတွင် ပစ္စည်းများရှာဖွေရန် ကူညီပေးနေပြီဖြစ်ကြောင်း OpenAI က တနင်္လာနေ့တွင် ကြေညာခဲ့ပြီး  Google ၏ ဈေးကွက်အပေါ်လွှမ်းမိုးမှုကို စည်းကမ်း ထိန်းသိမ်းရေးဖိအားများဖြင့်  Google ကို စိန်ခေါ်မှုကို မြှင့်တင်ပေးလျက်ရှိသည်။
ဈေးဝယ်နိုင်သောစွမ်းရည် အသစ်သည် AI chatbot များနှင့် Google ကြားကကွာဟချက်ကို ပိုမို ကျဉ်းမြောင်းစေပြီး၊ Google ၏နောက်ထပ်ဆယ်စုနှစ်များစွာထိန်းချုပ်ထားသည့်ဈေးကွက်တစ်ခုတွင် OpenAI က ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းချက်ကို ဖော်ပြနေပါသည်။

“ရှာဖွေမှုများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဝဘ်ရှာဖွေမှုပေါင်း ၁ ဘီလျံကျော်ဖြင့် ကျွန်ုပ်တို့၏ အလွန်လူကြိုက်များရေပန်းအစားဆုံးနှင့် အလျင်မြန်ဆုံး ကြီးထွားလာသော အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်လာသည်” ဟု ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီက X တွင် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် စတင်ဖြန့်ချိလိုက်သော ဆော့ဝယ်လ် အသစ်သည် ဈေးဝယ်သူများကို ပုံမှန်စကားပြောခြင်းမှတစ်ဆင့် ပစ္စည်းများကို ရှာဖွေနှိုင်းယှဉ်နိုင်စေပြီး ဝယ်ယူမှုများအတွက် ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်သည်။

“ရလဒ်များ၏စာမျက်နှာများကို ဆွဲယူကြည့် scroll down လုပ်မည့်အစား၊ သင်ရိုးရှင်းစွာ စကားပြောဆိုမှုများဖြင့် စတင်မေးမြန်းနိုင်သည်” ဟု OpenAI ၏ ပို့စ်တွင်ဖော်ပြထားပြီး အသုံးပြုသူများသည် နောက်ဆက်တွဲ မေးခွန်းများကို မေးမြန်းနိုင်သည် သို့မဟုတ် ထုတ်ကုန်များကို နှိုင်းယှဉ်နိုင်သည်။

ChatGPT ၏ ဈေးဝယ်အင်္ဂါရပ်သည် ဖက်ရှင်၊ အလှအပနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးအစားများကို အဓိကထားသည်။ ထုတ်ကုန်အကြံပြုချက်များကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားပြီး ကြော်ငြာများမဟုတ်ဘဲ ဝက်ဘ်မှလာသည်ဟု OpenAI ကပြောကြားခဲ့သည်။

AI chatbots များ၏ ပြိုင်ဆိုင်မှုများ တိုးလာနေခြင်းကို တန်ပြန်ရန်၊ Googleသည် သမားရိုးကျ ဝက်ဘ်ဆိုဒ်လင့်ခ်များထက် ဉာဏ်ရည်တုနည်းပညာ AI ထုတ်ပေးသော အဖြေများကို ရှာဖွေမှုရလဒ်များတွင် ၎င်း၏ကိုယ်ပိုင် Gemini assistant နည်းပညာကို ပေါင်းစပ်အသုံးပြုထားသည်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ OpenAI ရဲ့အရာရှိတစ်ဦးက အမေရိကန်နိုင်ငံမှာ လက်ရှိဆက်လက်ဖြစ်ပွားနေသော ယုံကြည်အပ်နှံမှု ဖေါက်ဖျက်‌ခြင်း အမှုတွင် Google ကို Chrome browser ကိုရောင်းချဖို့ ဖိအားပေးခံရလျှင်၊ OpenAI က Chrome ကိုဝယ်ယူဖို့စဉ်းစားမည်မဟုတ် သက်ဆိုင်ရာသက်သေထုတ်ပြောခဲ့‌သောကြောင့် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါသည်။

Source: Popular Myanmar

BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးသည် မေ ၈ ရက်နံနက်ပိုင်း၌ပင် BRICS အမျိုးသမီးစီးပွားရေးမဟာ မိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို​​တွေ့ဆုံမှုတွင် မစ္စအန်နာက မကြာခင်ပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့်စီးပွားရေး နယ်ပယ်စုံက အမျိုးသမီးတွေ ပါဝင်မှာဖြစ်​ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရေး၊ ခရီးသွားလုပ်ငန်းများတွင်ပူးပေါင်းပါက မြန်မြန်ဆန်ဆန်တိုးတက်နိုင်​ကြောင်း၊ အဆိုပါကဏ္ဍများတွင် အမျိုးသမီးများခြင်းကြောင့် ထိုကဏ္ဍကို ပိုဦးစားပေးပြီး လုပ်ဆောင်သင့်​ကြောင်း၊ ပညာရေးနဲ့ စာရင်းအင်းကဏ္ဍများရှိ ၄၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၄င်းတို့ အခွင့်အရေးကို ပိုမိုရရှိအောင် ဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင်နေကြ​ကြောင်း၊

ဘရစ်အဖွဲ့ဝင်နိုင်ငံများဖြစ်​သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊တရုတ်၊​တောင်အာဖရိကတို့မှအမျိုးသမီးများဖြင့်ဖွဲ့စည်းပါဝင်​ကြောင်း၊ နိုင်ငံတကာတွင်အောင်မြင်နေ​သော လုပ်ငန်းရှင်အမျိုးသမီးများကို ကြိုဆိုလျက်ရှိကြောင်း၊ ဘရစ်အနေဖြင့် ပညာရေး၊ ကျန်းမာရေး ၊ခရီးသွားလုပ်ငန်း၊ IT လုပ်ငန်းများအား အလေးပေး အာရုံပြုပြီးလုပ်ဆောင်​နေ​ကြောင်း၊ အမျိုးသမီးစီးပွါးရေး စွန့်ဦးတီထွင်သူများကိုလည်း အမှတ်ပေးပြိုင်ပွဲရှိပြီး အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးများအပြင်အခြား စိတ်ဝင်စားသူများလည်း ပါဝင်လိုကြောင်း စာရင်းပေးထား​နေကြ​ကြောင်း၊ BRICS အမျိုးသမီးစီးပွါးရေးမဟာမိတ်အဖွဲ့ရုံးခွဲကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသဖြင့် မြန်မာနိုင်ငံဖက်မှလည်း ကူညီပေးစေလို​ကြောင်း ​ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ က အမျိုးသမီးစွန့်ဦး တီတွင်မှုအခန်းကဏ္ဍကိုမြင့်တင်လို၍လာရောက်တွေ့ဆုံခြင်းဖြစ်​ကြောင်း၊ အရေးပါ​သော ယန္တရားတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြောင်းတွေ့ရသဖြင့် လေးစား​ကြောင်း၊ မြန်မာကလည်း BRICS အဖွဲ့ဝင်ဖြစ်​ရေး အလှည့်ကျ ဥက္ကဋ္ဌထံ လျှောက်ထားပြီးဖြစ်​ကြောင်း၊ မိတ်ဖက်အဖြစ် ဆန္ဒရှိသဖြင့် BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကူညီပေးစေလိုကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအ​နေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသာမက အခြားသော လှုမှုရေးအသင်းအဖွဲ့များကလည်း ဆောင်ရွက်နေ​ကြောင်း၊ကမ္ဘာ့ရေးရာမှာလည်း အမျိုးသမီးများကဏ္ဍကို အသိအမှတ်ပြုအားပေးရမည့်အချိန်ရောက်နေ​သည်ဟု ခံယူထားကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးစွန့်ဦးတီထွင်သူများကဏ္ဍတွင် တာဝန်များကို အောင်မြင်စွာထမ်းဆောင်​နေ​သော အမျိုးသမီးအတွက် ဂုဏ်ယူပါ​ကြောင်း၊ အနာဂတ်မှာလည်း ကျန်းမာပျော်ရွှင်စွာ အဆင့်မြင့်တာဝန်များထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းခြင်း၊ ၇၇ နှစ်တိုင်လာပြီဖြစ်သည့် နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရေးကိုလည်း ဆက်လက်ခိုင်မြဲအောင်လုပ်ဆောင်သွားမည်ဖြစ်​ကြောင်း၊မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ပထမဆုံး သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများတွင် ရုရှားနိုင်ငံ ပါဝင်သဖြင့် ရုရှားနိုင်ငံနှင့်ကဏ္ဍအရပ်ရပ်မှာ ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြား​ဆွေး​နွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)၏ ဇနီး ​ဒေါ်နန်းကူးကူ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒု-ဥက္ကဋ္ဌဒေါ်ခင်မေစိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး၊စစ်သံမှူး ဇနီး တို့တက်ရောက်ခဲ့ကြသည်။

Ref: Popular Myanmar

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ်  မေ ၇

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ မတ်လအတွင်းက ငါးသလဲထိုး ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေ ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသဈေးကွက်တွေကို တင်ပို့ရောင်းချနေပါတယ်။ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိဒေသထွက် ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေပါတယ်။ ဈေးကတော့ လတ်ဆတ်မှုအပေါ် မူတည်တာပေါ့။ အခုလို အရောင်းအဝယ်ကောင်းလာတာကြောင့် ကုန်သည်တွေနဲ့ ရေလုပ်သားတွေ အဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ရေထွက်ကုန်များ တင်ပို့ရောင်းအား ကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်လုပ်ငန်း၊ ရေလုပ်သားများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ အဆင်ပြေနေကြောင်းသိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ