တရုတ်၏ အကောက်ခွန်နှုန်းထားအသစ် အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် သက်ရောက်မှုရှိ
၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်၍ အမေရိကန်မှ တရုတ်သို့ တင်သွင်းသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အကြီးဆုံး နိုင်ငံခြားဈေးကွက်ဖြစ်သည့်အတွက် အဆိုပါကိစ္စသည် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပေါ်စေမည့် အလားအလာကို ပြသနေပါသည်။ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ကြက်သား၊ ဂျုံ၊ ပြောင်း အစရှိသော ပစ္စည်းများ ပါဝင်ပြီး အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှုတွင် ပဲပိစပ်၊ ဝက်သား၊ အမဲသားနှင့် အသီးများ ပါဝင်ပါသည်။ မတ်လ ၁၀ ရက်(တနင်္လာ)နေ့၌ အမေရိကန်မှ တရုတ်သို့ တင်ပို့ပြီး ဧပြီ လ ၁၂ ရက်တွင် တရုတ်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများအပေါ် အဆိုပါအကောက်ခွန်နှုန်းထား သက်ရောက်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါသည်။
လက်ရှိအချိန်အထိ တရုတ်အစိုးရအနေဖြင့် အမေရိကန်ကုမ္ပဏီ ၁၅ ခုကို တရုတ်ကုန်ပစ္စည်းများ ဝယ်ယူခွင့်မရရန် တားမြစ်ထားပြီး ထိုကုမ္ပဏီများအထဲတွင် အမေရိကန်စစ်တပ်အတွက် Drone ဝယ်ယူနေသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရှိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် စီးပွားရေး ပြုလုပ်ရန် ပိတ်ဆို့ခံထားရသည့် အမေရိကန်ကုမ္ပဏီ ၁၀ ခု ရှိကြောင်း သတင်းရရှိပါသည်။
ကိုးကား -New York Times
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊နစက-၃