သတင်းများ

“ရှင်ကန်ဆန် အနမ်း” - ကမ္ဘာတစ်ဝှမ်းက ရထားဝါသနာရှင်များကို ဆွဲဆောင် နေသော ဂျပန်၏ လူသိမများသေးသည့် အံ့ဖွယ်မြင်ကွင်း

ဂျပန်နိုင်ငံ၏ နာမည်ကျော် ရှင်ကန်ဆန် အမြန်ရထားများတွင် ထူးဆန်း သည့်အလေ့အထတစ်ခုရှိပါသည်။ ထိုအရာမှာ မတူညီသော ရထားလိုင်း နှစ်ခု ဖြတ်သန်းသည့်အခါ ရထားခေါင်းနှစ်ခု ခပ်နီးနီး ဖြတ်သွားသည့် အချိန်တွင် အနမ်းတစ်ခုကဲ့သို့ ထင်ရသော အံ့ဖွယ်မြင်ကွင်းပင် ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်ကို “ရှင်ကန်ဆန် အနမ်း” (Shinkansen Kiss) ဟု ခေါ်ကြ ပြီး နာရာမြို့အနီးမှ အိုဆာကာ- တိုကျိုလိုင်းနှင့် ဆန်ယို ရှင်ကန်ဆန် လိုင်းတို့ ဖြတ်သန်းရာနေရာ၌ အများဆုံးတွေ့ရတတ်ပါသည်။ ရထား နှစ်စီးသည် တစ်စက္ကန့်အတွင်း 300 ကီလိုမီတာအထိ အမြန်နှုန်းနှင့် ဖြတ်သန်းသည့်အခါ မီးမောင်းများ၏ အလင်းရောင်နှင့်အတူ ထူးဆန်းသည့် အလှတရားကို ဖန်တီးပေးပါသည်။

အဆိုပါအံ့ဖွယ်မြင်ကွင်းကို ရှုမြင်ခံစားရန် ကမ္ဘာတစ်ဝှမ်းမှ ရထား ဝါသနာရှင်များသည် ဂျပန်ကို ခရီးထွက်လာကြပြီး အကောင်းဆုံး ဓာတ်ပုံ ရရှိရန် နာရီပေါင်းများစွာ စောင့်ဆိုင်းလေ့ရှိပါသည်။ အဆိုပါဖြစ်စဉ်ကိုတိတိကျကျ မြင်တွေ့နိုင်ရန်အတွက် အချိန်ဇယားနှင့် နေရာများကို အတိအကျ တွက်ချက်ထားရန် လိုအပ်ပါသည်။

တိုကျို၊ ကျိုတိုနှင့် အိုဆာကာမြို့များသို့ ခရီးသွားအများစု သွားရောက် လည်ပတ်လာကြသော်လည်း၊ စွန့်စားလိုသူများအတွက် မြို့တော်မှ မြောက်ဘက်သို့ နာရီအနည်းငယ်သာ ခရီးနှင်ပါက လူထူထပ်မှု နည်းပြီး နှင်းဝေနေသော အသက်ဝင်မီးတောင်တစ်ခု၏ နောက်ခံတွင် ရှားပါး အရသာများကို မြည်းစမ်းနိုင်သည့် မြို့တစ်မြို့ကို တွေ့ရှိနိုင်ပါသည်။

မိုရီအိုကာမြို့သည် ၎င်း၏ အံ့ဖွယ်ခေါက်ဆွဲစားပြိုင်ပွဲနှင့် လူကြိုက်များသော နွေရာသီပွဲတော်များအတွက် အထူးကျော်ကြားသော်လည်း၊ မြို့၏ ရထား ဘူတာတွင် ဂျပန်နိုင်ငံ၏အထူးဆန်းဆုံး အံ့ဖွယ်တစ်ခုက စောင့်ဆိုင်းနေ ပါသည်။

ရထားဝါသနာရှင်များ၏ နှလုံးခုန်နှုန်းကို မြန်စေသည့် အဆိုပါ အံ့ဖွယ် မြင်ကွင်းကို တစ်နေ့လျှင် ၁၇ ကြိမ် တိုင်တိုင် ဖြစ်ပေါ်ပြီး၊ ဘူတာရုံတွင် စောင့်ကြည့်လိုသူများ အမြဲရှိနေတတ်ပါသည်။

ပထမဦးစွာ၊ ကမ္ဘာကျော် ဂျပန်မြန်နှုန်းမြင့်ရထား “Tohoku Shinkansen Hayabusa” (အစိမ်းရင့်ရောင်) သည် ဘူတာသို့ ရောက်ရှိလာပြီး ရပ်နားကာ ခရီးသည်များ ဆင်းသွားကြသည်။ ထို့နောက် တောက်ပသော အနီရောင် “Akita Shinkansen Komachi” ရထားသည် တူညီသော လမ်းကြောင်း ပေါ်မှ တဖြည်းဖြည်း ချဉ်းကပ်လာပါသည်။ နောက်ဆုံးတွင် ကြည့်ရှုနေ သူများ၏ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိစေရန် ရထား နှစ်စီး ၏ ခေါင်းပိုင်းများသည် ဖွင့်လာကာ နှာခေါင်းချင်း ထိကပ်လိုက်ပါသည်။

ဤသည်မှာ ဂျပန်နိုင်ငံ၏ အဆင့်မြင့်အင်ဂျင်နီယာနည်းပညာနှင့် အတိအကျ တွက်ချက်ထားသော ရထားအချိန်ဇယားတို့၏ ပူးပေါင်းဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသော အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာအရပ်ရပ်မှ ရထား ဝါသနာရှင်များကို ဆွဲဆောင်လျက်ရှိပါသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲခံရပြီးနောက် အမေရိကန်ပညာရှင် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်

ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်ပညာရှင် တစ်ဦး သည် ဘုရင်စနစ်ကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရနိုင်ကြောင်းသိရှိရသည်။ထိုင်း၏ တင်းကျပ်သော ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာဥပဒေဖြင့် နိုင်ငံခြားသား တစ်ဦး တရားစွဲခံရသည့် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Naresuan တက္ကသိုလ်မှ ကထိက Paul Chambers (ထိုင်းနိုင်ငံ၏ စစ်တပ်နှင့် နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များ ရေးသားသူ) အား ဧပြီ ၈ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုဆိုင်ရာ အပြင်းထန်ဆုံး ဥပဒေများ ပြဋ္ဌာန်းထားသည့် နိုင်ငံတစ်ခုဖြစ်ကာ ဘုရင်၊ မိဖုရား သို့မဟုတ် အိမ်ရှေ့စံအား ဝေဖန်ပါက ပြစ်မှုတစ်ခုစီအတွက် အများဆုံး ၁၅ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရှိရသည်။ မည်သူမဆို ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုအတွက် တိုင်ကြားနိုင်ပြီး ပြစ်မှု ထင်ရှားသူများအား နှစ်ပေါင်းများစွာ ထောင်ဒဏ်ချမှတ်နိုင်ကာ မကြာ သေးမီနှစ်များအတွင်း လူပေါင်းရာချီ၍ တရားစွဲဆိုခံခဲ့ရသည်။

Chambers ၏ အကြံပေး Wannaphat Jenroumjit က ဒေသဆိုင်ရာ စစ်ဌာနချုပ်မှ တိုင်ကြားချက်ဖွင့်လှစ်ပြီးနောက် လွန်ခဲ့သည့် သီတင်းပတ် က အကျယ်ချုပ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ဆိုသည်။ ဘုရင်စနစ်ကို မထီမဲ့မြင်ပြုမှုအပြင် Chambers သည် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ အရလည်း တရားစွဲခံထားရသည်။

“၎င်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက စစ်တပ်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် ISEAS အွန်လိုင်းဆွေးနွေးပွဲနှင့်ဆက်စပ်ပြီး စင်ကာပူ၏ အရှေ့တောင်အာရှလေ့လာရေးအင်စတီကျု ဝက်ဘ်ဆိုက်တွင် ဘုရင်စနစ်ကို ဝေဖန်ရေးသားခဲ့ကြောင်း စွပ်စွဲခံရသည်” ဟု Thai Lawyers for Human Rights ရှေ့နေနှင့် Chambers ၏ ရှေ့နေ Akarachai Chaimaneekarakate က ပြောဆိုခဲ့ပြီး ၎င်းကစွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားသည်ဟု သိရှိရသည်။

Chambers သည် အာမခံ ငြင်းပယ်ခံရပြီးနောက် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကာ ၎င်း၏ရှေ့နေများက အမှုစစ်ဆေးမှုမတိုင်မီ အကျယ်ချုပ်မှ ကင်းလွတ်ရန် ထပ်မံ၍ အာမခံချက် တင်သွင်းထားကြောင်း သိရှိရသည်။

Chambers သည် Naresuan တက္ကသိုလ်၏ ASEAN Community Studies စင်တာတွင် ပညာရှင်၊ စာရေးဆရာနှင့် ကထိက တစ်ဦးဖြစ်ပြီး CNN အပါအဝင် အရှေ့တောင်အာရှဆိုင်ရာ သတင်းဆောင်းပါးများတွင် သုံးသပ်ချက်များ မကြာခဏ ရေးသားလေ့ရှိသူဖြစ်သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှား၏ Mir ကတ်ကို နိုင်ငံတကာက လက်ခံမှု တိုးလာနေကြောင်း ရုရှား ဗဟိုဘဏ်မှ ပြောကြားခဲ့

ရုရှား၏ Mir ငွေပေးချေမှုကတ်သည် ပိတ်ဆို့ဒဏ်ခတ်မှုများရှိသော်လည်း နိုင်ငံတကာတွင် ပိုမိုလက်ခံအသုံးပြုလာ ကြောင်း ရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ အယ်လ်ဗီရာ နာဘီအူလီနာ (Elvira Nabiullina) က ဒူးမာလွှတ်တော် (ပါလီမန် အောက်လွှတ်တော်) တွင် ပြောကြားခဲ့ပါသည်။

“ပိတ်ဆို့မှုဒဏ်များကြားမှာပင် မိမိတို့သည် ရုရှားခရီးသွားများ သွားလေ့ရှိသော မိတ်ဖက်နိုင်ငံများတွင် Mir ကတ်ကို တဖြည်းဖြည်း ချဲ့ထွင်လျက်ရှိပါသည်” ဟုရုရှားဗဟိုဘဏ်ဥက္ကဋ္ဌ မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

လက်ရှိတွင် ရုရှားအပြင် Mir ကတ်ကို နိုင်ငံ ၁၃ နိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်ပြီး ၎င်းတို့အနက်မှ ၉ နိုင်ငံတွင် (အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ လာအို၊ မော်လ်ဒိုဗာ၊ မြန်မာ၊ တာဂျစ်ကစ္စတန်နှင့် နီကာရာဂွါ) ဘဏ်များ သို့မဟုတ် ငွေချေစက် (ATM)ရှိသည့်နေရာများတွင် အကန့်အသတ်ဖြင့် သို့မဟုတ် နိုင်ငံ တစ်ခု လုံးတွင် မဟုတ်ဘဲ အချို့နေရာများတွင်သာ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အဘ်ခါဇီးယား၊ ဘယ်လာရုဇ်၊ ကျူးဘားနှင့် တောင်အော်ဆက်တီးယားနိုင်ငံတို့တွင် Mir ကတ်ကို နေရာတိုင်းတွင် အသုံးပြုနိုင်ပါသည်။ 

ထို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံများတွင် Mir ကတ်ကို စတင် အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ အခြားနိုင်ငံ ၃ နိုင်ငံဖြစ်သည့် အီဂျစ်၊ အီရန်နှင့် မော်ရီးရှား တို့ကလည်း Mir ကတ်ကို လက်ခံအသုံးပြုရန် အစီအစဉ်ရှိကြောင်း ကြေညာထားပါသည်။ ထပ်မံ၍ နိုင်ငံ ၆ နိုင်ငံကလည်း Mir ကတ် စနစ် မိတ်ဆက်ရန် အဆိုပြုထားသည်။ သို့သော် မကြာသေးမီနှစ်များအတွင်း တူရကီ၊ ဥဇဘက်ကစ္စတန်နှင့် ခရူ ဂစ္စစတန် တို့တွင် Mir ကတ်ကို အသုံးပြုခွင့် ရပ်ဆိုင်းလိုက်ပါသည်။

ကိုးကား - TASS 

BIMSTEC ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဘန်ကောက် တွင် အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဘင်္ဂလားပင်လယ်အော်ဒေသ ဘက်စုံကဏ္ဍနှင့် နည်းပညာဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအား ဧပြီလ ၂ ရက်နေ့တွင် ၂၅ကြိမ်မြောက် BIMSTEC အကြီးတန်းအရာရှိများအဆင့် အစည်းအဝေး နှင့် ဧပြီလ ၃ ရက်နေ့တွင် ၂၀ကြိမ်မြောက် BIMSTEC ဝန်ကြီးများအဆင့်အစည်းအဝေးတို့အပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော ခေါင်းဆောင်များ

၁။       ဘင်္ဂလားဒေ့ရှ် - H.E. Professor Muhammad Yunus   (ပြည်သူ့သမ္မတနိုင်ငံ၏ အကြံပေးအရာရှိချုပ်)

၂။       ဘူတန် - H.E. Dasho Tshering Tobgay (ဝန်ကြီးချုပ်)

၃။       အိန္ဒိယ - H.E. Shri Narendra Modi (ဝန်ကြီးချုပ်)

၄။       မြန်မာ - H.E. Senior General Min Aung Hlaing           (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်)

၅။       နီပေါ - H.E. KP Sharma Oli (ဝန်ကြီးချုပ်)

၆။       သီရိလင်္ကာ - H.E. Dr. Harini Amarasuriya (ဝန်ကြီးချုပ်)

၇။       ထိုင်း - H.E. Ms. Paetongtarn Shinawatra (ဝန်ကြီးချုပ်)

အစည်းအဝေး၏ အဓိကရည်မှန်းချက်

“သာယာဝပြော၍ ခံနိုင်ရည်ရှိပြီး ပွင့်လင်းမြင်သာမှုရှိသော BIMSTEC” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သော အစည်းအဝေးသည် အဖွဲ့ဝင် နိုင်ငံများအကြား လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့သည်။

ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး၏ အဓိက ရလဒ်များ

၁။       ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး ကြေညာ        စာတမ်း အား အတည်ပြုခြင်း

၂။       BIMSTEC ဘန်ကောက်မျှော်မှန်းချက် ၂၀၃၀ ကို အတည်ပြုခြင်း           (ပထမဆုံးသော မျှော်မှန်းချက်စာတမ်း)

၃။       ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း

၄။       BIMSTEC နှင့် IORA (အိန္ဒိယသမုဒ္ဒရာဒေသအဖွဲ့) အကြား MoU           လက်မှတ်ရေးထိုးခြင်း

၅။       BIMSTEC နှင့် UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု    ဆိုင်ရာရုံး) အကြား MoU လက်မှတ်ရေးထိုးခြင်း

၆။         BIMSTEC လုပ်ငန်းစဉ်များ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအား   အတည်ပြုခြင်း

၇။       BIMSTEC ၏ အနာဂတ်လမ်းညွှန်ချက်ဆိုင်ရာ Eminent Persons           Group အစီရင်ခံစာ အား အတည်ပြုခြင်း

၉။       မတ်လ ၂၈ ရက်နေ့တွင် မြန်မာနှင့်ထိုင်းနိုင်ငံတို့၌ လှုပ်ခတ် ခဲ့သော ငလျင်ဘေးအား အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ    ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အား ထောက်ခံ အတည်      ပြုခြင်း

အခြားအရေးပါသော ဆွေးနွေးချက်များ

ခေါင်းဆောင်များသည် ဒေသတွင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ရာသီဥတုလုပ်ဆောင်ချက်များ၊ စိမ်းလန်းစွမ်းအင် နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အလေးထား ဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းခြင်း

အစည်းအဝေးအပြီးတွင် BIMSTEC ၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူ ခဲ့သည်။

နိဂုံး

ကမ္ဘာ့နိုင်ငံရေး နှင့် စီးပွားရေး အခြေအနေများ ပိုမိုရှုပ်ထွေးလာသည့် အချိန်တွင် BIMSTEC သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါထိပ်သီးအစည်းအဝေးသည် ဘင်္ဂလားပင်လယ်အော်ဒေသ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် အခက်အခဲများ ကျော်ဖြတ်နိုင်ရေး အတွက် ခံနိုင်စွမ်းကို မြှင့်တင်ရာတွင် အရေးပါသော တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ဖြစ်စေခဲ့သည်။

ကိုးကား-အင်တာနက်စာမျက်နှာများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့တက်ရောက်ဆွေးနွေး

ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကိုယနေ့နံနက်ပိုင်း တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့မှ ခေါင်းဆောင်များအား တစ်ဦးချင်းကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အစည်းအဝေးကိုစတင်ကျင်းပပြုလုပ်ရာ ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့အဖွင့်အမှာ စကားပြောကြားနေချိန်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မတ်လ ၂၈ ရက်နေ့၌ ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့်  ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်သူများအတွက် ၁ မိနစ်ငြိမ်သက်ဂါရဝပြုကြသည်။

ထို့နောက် အစည်းအဝေးအစီအစဉ်အား အတည်ပြုပြီး ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များက မိန့်ခွန်း အသီးသီးပြောကြားကြသည်။

ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ၏ ဘင်းမ်စတက်ဥက္ကဋ္ဌသက်တမ်း ဆောင်ပုဒ်ဖြစ်သည့် “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက်” သည် အဖွဲ့ဝင်နိုင်ငံများ၏ ရည်မှန်းချက်များနှင့် အလွန်လိုက်လျောညီထွေရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အစီအစဉ်များစွာ အကောင်အထည်ပေါ် လာခဲ့ ကြောင်း၊ အထူးသဖြင့် ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုချမှတ်မည့် ဘင်းမ်စတက် ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ ကို ရေးဆွဲအဆိုပြုခြင်းအတွက် ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုကို အသိအမှတ်ပြု ပြောကြားလိုကြောင်း။

ထို့ပြင် မိမိတို့သည် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုကြမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ထုံး လုပ်နည်းများသည် ဘင်းမ်စတက် အစည်းအဝေးများ စနစ်တကျ ကျင်းပနိုင်ရန်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ ရှင်းလင်းမှုရှိစေရန်အတွက် လမ်းညွှန်များ ဖြစ်လာမည် ဖြစ်ကြောင်း။

ဆက္လက္ဖတ္ရှုရန္ - https://myawady.net.mm/node/67112

Source : Myawady Webportal 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya  နှင့်တွေဆုံဆွေးနွေး

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သီရိ လင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ယနေ့ဒေသ စံတော်ချိန် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်က မိမိတို့ သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှုအပေါ် များစွာစိတ်မကောင်းဖြစ်ရသည်ကို အမှာစကား ပါးလိုက်ပါကြောင်း၊ မိမိတို့သီရိလင်္ကာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်း မွန်သည့် နိုင်ငံများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ချိန်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင် ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ ဝန်ကြီး ချုပ်နှင့်အတူ  သီရိလင်္ကာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြ သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် နှင့် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source​: Myawady Webportal 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့်တွေဆုံဆွေးနွေး

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက်ထိပ်သီး အစည်းအဝေးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ တွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မိမိနှင့် အိန္ဒိယ ပြည်သူများ အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့ ဂူဂျာရက်ပြည်နယ် ၌လည်း ယခင်က ထိုကဲ့သို့ ပြင်းထန်သည့်ငလျင်ကို ထိခိုက်ခံစားခဲ့ရဖူးကြောင်း၊ မြန်မာ နိုင်ငံအတွက်လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက်ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ ယခုဘင်းမ်စတက်အစည်းအဝေးတွင် မိမိအနေဖြင့် သဘာဝဘေး ဒဏ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆွေတော်နှင့် ထပ်မံတွေ့ဆုံရမှုအတွက်လည်း ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီး ဆုံး ရှုံးမှုများအပေါ် အဆွေတော်နှင့် အိန္ဒိယပြည်သူများက အကူအညီများပေးအပ်မှုများ အတွက်များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍လည်း အတွေ့အကြုံများကို မျှဝေပေးစေလိုပါ ကြောင်း၊ အဆွေတော်အနေဖြင့် ဘင်းမ်စတက်အစည်းအဝေးတွင် သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမည်ဟု သိရသည့်အတွက်လည်း မိမိအနေဖြင့် ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ သာယာ ဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ နှင့် လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်း လျက်ရှိမှုနှင့် ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ မှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ်နှင့်အတူ  အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အိန္ဒိနိုင်ငံဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တက်ရောက် လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။

ICC မှ ဟန်ဂေရီ နုတ်ထွက်                

ဟန်ဂေရီအစိုးရသည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ရှိ နိုင်ငံတကာ ရာဇ၀တ် တရားခုံရုံး (ICC) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ရုံးအကြီးအကဲ Gergely Gulyas က ပြောကြားလိုက်ပါသည်။

“မိမိတို့အစိုးရအနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားခုံရုံးကနေ နုတ်ထွက် ရန် ဆုံးဖြတ်ထားပါကြောင်း၊ ရပ်စဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေမူဘောင်များအရ ဧပြီလ ၃ ရက် (ကြာသပတေးနေ့)မှာ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်” ဟု ၎င်းက ပြောပြထားကြောင်း MTI သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ကာဇက်စတန်တွင် မြေရှားသတ္တုတန် သန်းချီ ရှာဖွေတွေ့ရှိ

ကာဇက်စတန်နိုင်ငံရှိ ကာရာဂန်ဒါ ဒေသတွင် တန်ချိန် ၁ သန်းရှိ မြေရှား သတ္တုသိုက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကာဇက်စတန်နိုင်ငံ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါသည်။

ဝန်ကြီးဌာနထုတ်ပြန်ချက်အရ လာမည့်အနာဂတ်တွင် ထိုဒေသ၌ မြေရှား သတ္တုတန်ချိန် သန်း ၂၀ ကျော်အထိ ရရှိနိုင်ကြောင်း၊ ၎င်းတို့မှာ မြေ အနက် မီတာ ၃၀၀ ခန့်တွင် တည်ရှိနေကြောင်း သိရပါသည်။ ယခု ရရှိလာသော သတ္တုအမျိုးအစားများကိုမူ ဝန်ကြီးဌာနက အသေးစိတ် ပြောပြထားခြင်း မရှိချေ။

ကာဇက်စတန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမေရိကန်နှင့် ဥရောပနိုင်ငံများအတွက် မရှိမဖြစ် လိုအပ်နေသော မြေရှားပမာဏအမြောက်အမြားကို ထောက်ပံ့ပေးခဲ့ပါသည်။ ကာဇက်စတန်သည် အမေရိကန်နိုင်ငံအတွက် လိုအပ်သော သတ္တု ၅၁ မျိုး အနက် ၂၁ မျိုး ကိုလည်းကောင်း၊ ဥရောပအတွက် လိုအပ်သော သတ္တု ၃၄ မျိုးအနက် ၁၉ မျိုးကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။ 

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမ်ရန်ခန်းအား နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် PWA က အမည်တင်သွင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အိမ်ရန်ခန်းအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PWA က အမည် တင်သွင်းခဲ့ ပါသည်။ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော Pakistan World Alliance (PWA) က ပါကစ္စတန်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် အိမ်ရန်ခန်း အား နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် အကြီးဆုံးအတိုက်အခံပါတီ “တရားမျှတမှု အတွက်လှုပ်ရှားမှု”၏ ပူးတွဲတည်ထောင်သူ အီမ်ရန်ခန်းကို PWA က နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများ ကာကွ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အိမ်ရန်ခန်းအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PWA က အမည် တင်သွင်းခဲ့ ပါသည်။ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းဖြစ်သော Pakistan World Alliance (PWA) က ပါကစ္စတန်ရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် အိမ်ရန်ခန်း အား နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့ပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် အကြီးဆုံးအတိုက်အခံပါတီ “တရားမျှတမှု အတွက်လှုပ်ရှားမှု”၏ ပူးတွဲတည်ထောင်သူ အီမ်ရန်ခန်းကို PWA က နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများ ကာကွယ်ရာတွင် ၎င်း၏ အခန်းကဏ္ဍအတွက် အီမ်ရန်ခန်းအား နိုဘယ်လ်ဆုအဖြစ် အဆိုပြုခဲ့ပါသည်” ဟု The Times of India သတင်းစာက PWA ၏ ထုတ်ပြန်ချက်ကို ကိုးကား ဖော်ပြခဲ့သည်။ ဤသည်မှာ အိမ်ရန်ခန်း ဒုတိယအကြိမ် အဆိုပြုခံရခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနှင့် စစ်ရေးတင်းမာမှုလျှော့ချရေး၊ အထူးသဖြင့် ကက်ရှ်မီးရေးပဋိပက္ခတွင် ၎င်း၏ကြိုးပမ်းမှု များအတွက် ပါကစ္စတန်လွှတ်တော်က နိုဘယ်လ်ဆုအတွက် အဆိုတင်သွင်းခဲ့ဖူးသည်။ သို့သော် အိမ်ရန်ခန်းက ၎င်း သည် ကက်ရှ်မီးပြဿနာအား အပြီးသတ်ဖြေရှင်းကာ ငြိမ်းချမ်းရေးလမ်းစဖော်ပေးသူမှသာ ထိုဆုကိုရထိုက်သည်ဟု ဆိုကာ မိမိမှာမထိုက်တန်ကြောင်း ငြင်းဆိုခဲ့ဖူးပါသည်။ အီမ်ရန်ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်တွင် လွှတ်တော်မှ ယုံကြည်မှုမရှိသော ဆန္ဒ ခံယူပွဲဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ ၂ဝ၂၃ ခုနှစ်မှစ၍ အာဏာအလွဲသုံးစားမှုနှင့် ခြစားမှုများဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရပါသည်။

ကိုးကား- The Times of India

ဓာတ်ပုံ- https://insaf.pk/