ယနေ့ခေတ်နည်းပညာမြင့်ကားများမှာ စကားပြန်ပြောနိုင်စွမ်းရှိတဲ့ အသံ လက်ထောက်စနစ်တွေ များစွာပါဝင်လာပါတယ်။ အဲဒီကားတွေထဲမှာ မာစီဒီးကား တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့စနစ်က MBUX စနစ်ပါ။

အရင်တုန်းက အဲဒီစနစ်ဟာ စက်ရုပ် တစ်ရုပ်လိုမျိုးပဲ ကြိုတင်ထည့်သွင်းထား တဲ့အသံဖိုင်တွေကို ဖွင့်ပြတဲ့ပုံစံမျိုးနဲ့သာ အလုပ်လုပ်တာပါ။ ဒါပေမဲ့ အခုအဲဒီလို မဟုတ်တော့ပါဘူး။အဆင့်မြှင့်တင်လိုက်တဲ့ အဲဒီစနစ်မှာ ယာဉ်မောင်းသူက တကယ့်ကိုလူအစစ် တစ်ယောက်နဲ့အပြန်အလှန်စကားပြောနေရသလိုမျိုး ခံစားချက်ကိုရရှိအောင်လို့ ဖန်တီးထားတာဖြစ်ပါတယ်။ အဓိကက AI နဲ့ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်ထားတာပါ။ ဒါကြောင့် MBUX စနစ်အသုံးပြုနိုင်တဲ့ မာစီဒီးကားပိုင်ရှင်များက အဲဒီစနစ်ကို အဆင့်မြှင့်တင်နိုင်ပါတယ်။
ကိုးကား - Myawady Web Portal
ယနေ့ခေတ်နည်းပညာမြင့်ကားများမှာ စကားပြန်ပြောနိုင်စွမ်းရှိတဲ့ အသံ လက်ထောက်စနစ်တွေ များစွာပါဝင်လာပါတယ်။ အဲဒီကားတွေထဲမှာ မာစီဒီးကား တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့စနစ်က MBUX စနစ်ပါ။
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၁၉
ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ညွှန်ကြားခဲ့သည်။
လူကုန်ကူးမှုများအား ပါကစ္စတန်နိုင်ငံသားများက ကျူးလွန်နေကြသဖြင့် အရှက်ရမိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထိရာက်စွာအရေးယူဆောင်ရွက်

မကြာသေးမီက ဂရိနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်ရေယာဉ်တိမ်းမှောက်မှုတွင် လူကုန်ကူးခံရသည့်ပါကစ္စတန်နိုင်ငံသားများ သေဆုံးခဲ့ရမှုနှင့်စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံသားများအား အခြားနိုင်ငံများသို့ လူကုန်ကူးခဲ့သူများအပေါ် ထိရောက်စွာအရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများအား ၎င်းကထပ်လောင်း ညွှန်ကြားခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း လူကုန်ကူးမှုကျူးလွန်သူ ၁၇၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုပပျောက်ရေးအတွက် နယ်စပ်များတွင် စောင့်ကြည့်ရေးစနစ်များကို မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ
Source: ကြေးမုံသတင်းစာ
အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၁၉
ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ညွှန်ကြားခဲ့သည်။
လူကုန်ကူးမှုများအား ပါကစ္စတန်နိုင်ငံသားများက ကျူးလွန်နေကြသဖြင့် အရှက်ရမိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထိရာက်စွာအရေးယူဆောင်ရွက်
Waymo ဆိုတာက မောင်းသူမဲ့စက်ရုပ် တက္ကစီများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ အသုံးပြုနေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ယခု၎င်းတို့၏ စက်ရုပ်တက္ကစီများက စည်းကမ်းအရာမှာတင်းကျပ်လှပါသည် ဆိုသော ဂျပန်နိုင်ငံ တိုကျိုမြို့၏လမ်းမများထက်ဆီ ဝင်လာတော့မည်ဖြစ်ပါသည်။

Waymo က ဂျပန်နိုင်ငံ၏နာမည်ကြီး အငှားယာဉ်ကုမ္ပဏီဖြစ်သည့် နီဟွန်ကော့ဆု နှင့်ပူးပေါင်းပြီး Jaguar I-PACE အမျိုးအစားလျှပ်စစ်သုံး စက်ရုပ်တက္ကစီများကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်အသုံးပြု သွားတော့မည်ဖြစ်ပါသည်။ ယခု အကောင်အထည်ဖော်မှာက ပထမအဆင့်ဖြစ်တာကြောင့် ယင်းတက္ကစီများတွင် ယာဉ်မောင်းသူတွေက လိုက်ပါ ထိန်းကျောင်းနေရဦးမည်ဖြစ်ပါသည်။
ကိုးကား - Myawady Web Portal
Waymo ဆိုတာက မောင်းသူမဲ့စက်ရုပ် တက္ကစီများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ အသုံးပြုနေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ယခု၎င်းတို့၏ စက်ရုပ်တက္ကစီများက စည်းကမ်းအရာမှာတင်းကျပ်လှပါသည် ဆိုသော ဂျပန်နိုင်ငံ တိုကျိုမြို့၏လမ်းမများထက်ဆီ ဝင်လာတော့မည်ဖြစ်ပါသည်။
ဂါဇာစီးတီး ဒီဇင်ဘာ ၁၉
ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကိုင်ရိုမြို့တော်၌ ကျင်းပမည့် D-8 အဖွဲ့၏ (၁၁)ကြိမ်မြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အီဂျစ်သမ္မတ အယ်လ်စီစီက ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ပါလက်စတိုင်း-အီဂျစ်တို့၏ ပူးပေါင်းကြိုးပမ်းမှုများတွင် ပါလက်စတိုင်းပြည်သူများအား စာနာထောက်ထားသောအားဖြင့် စစ်ပွဲများအဆုံးသတ်ရန်၊ အီဂျစ်နိုင်ငံ၏ အကာအကွယ်ကို သေချာစွာရရှိစေရန်၊ အကူအညီများပေးအပ်ရန်နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က ပြောကြားသည်။
ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက သိမ်းပိုက်ခြင်းအား အဆုံးသတ်ရန်နှင့် အပြည့်အဝ အချုပ်အခြာအာဏာပိုင်၊ ပထဝီဝင်အနေအထားအရ တစ်ဆက်တည်းရှိပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်မည်ဖြစ်ပြီး အရှေ့ဂျေရုဆလင်ကို ၎င်း၏ မြို့တော်အဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုများကိုလည်း ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
D-8 အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူကီယဲတို့ ပါဝင်သည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ
ဂါဇာစီးတီး ဒီဇင်ဘာ ၁၉
ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။
Honda Motor နှင့် Nissan Motor တို့သည် မကြာမီကာလအတွင်း လုပ်ငန်းပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုတွင် ဒုတိယနှင့် တတိယအကြီးဆုံးဖြစ်ကြသည့် ၎င်းကုမ္ပဏီများသည် နည်းပညာနှင့်ကုန်ကျစရိတ်များကို မျှဝေခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အစုရှယ်ယာပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် စဉ်းစားနေကြောင်းဖော်ပြကြသည်။

၎င်းကုမ္ပဏီနှစ်ခုသည် တူညီသည့် Software Platform များ တီထွင်ဖန်တီးရန်နှင့် မော်ဒယ်သတ်မှတ်ချက်၊ယာဉ်အစိတ်အပိုင်း ဖြည့်တင်းရေးများကို မျှဝေခြင်း အပါအဝင် လျှပ်စစ်မော်တော်ယာဉ် (EV) များအတွက် ယာဉ်အစိတ်အပိုင်းများကို စံနှုန်းတူစွာလုပ်ဆောင်ရန် သြဂုတ်လတွင် သဘောတူခဲ့ကြသည်။
လျှပ်စစ်မော်တော်ယာဉ် အသွင်ကူးပြောင်းရေးကဲ့သို့သော နယ်ပယ်များတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများကို မတ်လ အစောပိုင်းက ကြေညာခဲ့သည်။
၎င်းမော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားမှ ပြိုင်ဘက်များ၏ ပြင်းထန်သော ယှဉ်ပြိုင်မှု များနှင့် ရင်ဆိုင်နေရသည်။ အမေရိက၏ Tesla နှင့် တရုတ်၏ BYD ကုမ္ပဏီများသည် လျှပ်စစ်မော်တော်ယာဉ်၊ အလိုအလျောက်မောင်းနှင်မှုနှင့် Software တီထွင်မှုများတွင် ဦးဆောင်လျက်ရှိသည်။
စက်တင်ဘာလအထိ ၆ လအတွင်း Nissan ၏ အသားတင်အမြတ်သည် ယခင်နှစ်အလားတူကာလထက် ၉၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး တစ်စိတ်တစ်ပိုင်း အားဖြင့် အမေရိကတွင် အရောင်းကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။
Nissan က ၎င်း၏ ကမ္ဘာ့တစ်ဝန်း ထုတ်လုပ်မှု ပမာဏကို ၂၀ ရာခိုင်နှုန်းလျှော့ချမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ မတ်လနောက်ဆုံးထား၍ အလုပ်သမား ၉,၀၀၀ လျှော့ချမည်ဟု နိုဝင်ဘာလက ပြောခဲ့သည်။ ၎င်းကုမ္ပဏီသည် ဘဏ္ဍာရေးအရာရှိချုပ်အသစ်တစ်ဦး ခန့်အပ်ခြင်းအပါအဝင် စီမံခန့်ခွဲမှုအပြောင်းအလဲများကို ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-NHK World
Honda Motor နှင့် Nissan Motor တို့သည် မကြာမီကာလအတွင်း လုပ်ငန်းပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုတွင် ဒုတိယနှင့် တတိယအကြီးဆုံးဖြစ်ကြသည့် ၎င်းကုမ္ပဏီများသည် နည်းပညာနှင့်ကုန်ကျစရိတ်များကို မျှဝေခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အစုရှယ်ယာပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် စဉ်းစားနေကြောင်းဖော်ပြကြသည်။
လေဆာစွမ်းအင်ဆိုတာ အင်မတန်မှ ပြင်းထန်ပါတယ်။ သူ့အတွက်စွမ်းအင် လိုအပ်ချက်ကလည်း မြင့်မားပါတယ်။ အဲဒီလိုလေဆာတွေထဲမှာမှ သတ္တုတွေကို ဖြတ်တောက်နိုင်တဲ့ လေဆာဆိုတာက စွမ်းအင်လိုအပ်ချက် ပိုမိုမြင့်မားပါတယ်။

ဒီလိုမျိုးလေဆာကို သာမန်ဒရုန်းတစ်စင်းမှာ တပ်ဆင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အားလုံးပဲထင်မိကြမှာပါ။ဒါပေမဲ့ အားလုံးကမဖြစ်လာနိုင်ဘူးလို့ ထင်နေတဲ့ အရာတစ်ခုက လက်တွေ့မှာ ဖြစ်လာနိုင်တယ်ဆိုတာကို တရုတ်နိုင်ငံမှ လေဆာကျွမ်းကျင်ပညာရှင် ခရေဇီလီ ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က စိန်ခေါ်မှုနဲ့အတူ သက်သေပြလိုက်နိုင်ပါပြီ။
ခရေဇီလီနဲ့အဖွဲ့ဟာ စိန်ခေါ်မှုကိုဖြတ်ကျော်နိုင်စေဖို့အတွက် ကျစ်လျစ်ပေါ့ပါးတဲ့ ကိရိယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီကိရိယာက မြေပြင်မှစွမ်းအားပြင်းလှတဲ့လေဆာလှိုင်းများကို လက်ခံရယူပြီး ပစ်မှတ်ဆီလမ်းကြောင်း ပြောင်းပေးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဆိုလိုတာက လေဆာထုတ်လုပ်ပေးနိုင်တဲ့ စက်ကြီးတစ်ခုလုံးကို ဒရုန်းမှာ တပ်ဆင်ပေးလိုက်တာမျိုး မဟုတ်ဘဲ အဲဒီကိရိယာလေးကိုပဲ တပ်ဆင်ပေးလိုက်တာပါ။ သူကအရေးကြုံလာတဲ့အခါ မြေပြင်ဆီကနေလေဆာကို လှမ်းတောင်းပြီး ပစ်မှတ်ဆီပစ်လိုက်တာဖြစ်ပါတယ်။
Source: Myawady Webportal
လေဆာစွမ်းအင်ဆိုတာ အင်မတန်မှ ပြင်းထန်ပါတယ်။ သူ့အတွက်စွမ်းအင် လိုအပ်ချက်ကလည်း မြင့်မားပါတယ်။ အဲဒီလိုလေဆာတွေထဲမှာမှ သတ္တုတွေကို ဖြတ်တောက်နိုင်တဲ့ လေဆာဆိုတာက စွမ်းအင်လိုအပ်ချက် ပိုမိုမြင့်မားပါတယ်။
ပြင်သစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြင်သစ်လူမျိုးများနှင့်စည်ကားနေသည့်အတွက် ဆီနီဂေါနိုင်ငံ၏ သမ္မတ Bassirou Diomaye Fayeu က မိမိတို့အချုပ်အခြာပိုက်နက်အတွင်းရှိ ပြင်သစ်နိုင်ငံ၏အခြေစိုက်စစ်စခန်း များရုတ်သိမ်းရန် ကြေညာလိုက်ပါသည်။ ထိုကြေညာချက် သည်အားလုံးအတွက် အံ့အားသင့်စရာအချက်ဖြစ်နေပြီး အဆိုပါအခြေအနေမှာ ဆီနီဂေါနှင့် ပြင်သစ်အကြား မျှော်လင့်ထားပြီးဖြစ်သည့် နိုင်ငံရေးအခင်းအကျင်း တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုကြပါသည်။

ဆီနီဂေါသမ္မတ Faye သည် ဆီနီဂေါနိုင်ငံအတွင်း တပ်စွဲထားသည့် ပြင်သစ်တပ်ဖွဲ့ ၃၅၀ ခန့်ကို ဖယ်ရှားပေးရန် ပြင်သစ်အစိုးရထံ နိုဝင်ဘာလကတည်းက တောင်းဆိုထားပါသည်။ ထိုတောင်းဆိုချက်မှာ ဆယ်စုနှစ်များစွာ တည်ရှိခဲ့သော စစ်ပြေငြိမ်းရေးဆိုင်ရာ စာချုပ်အဆုံးသတ်စေသည့်သဘော သက်ရောက် နေပြီးယခင်ကခိုင်မာစွာတည်ရှိခဲ့သည့် ပြင်သစ်နှင့်အနောက်အာဖရိကနိုင်ငံတို့အကြား ဆက်ဆံရေးကိုဖြတ်တောက်လိုက်သည့်သဘောလည်း သက်ရောက် နေပါသည်။ (ပြင်သစ်) ပါရီနှင့်(ဆီနီဂေါ) ဒါကာတို့၏ ဆက်ဆံရေးကိုလည်း ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း ပြင်သစ်စစ်တပ်များ အခြေစိုက်တပ်စွဲနေခြင်းသည် ဆီနီဂေါနိုင်ငံ အချုပ်အခြာအာဏာနှင့် သင့်တော်မှု လုံးဝမရှိကြောင်း ယခုနှစ်အစောပိုင်းတွင် ရွေးကောက်တင်မြှောက်ခံထားရသူ ဆီနီဂေါသမ္မတFaye က AFP သတင်းဌာနကို ပြောကြားထားသည်။ သို့ရာတွင် ပြင်သစ်တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်အချိန်တွင်ထွက်ခွာသွားမည်ကို Faye က အတိအကျ ပြောကြားထားခြင်းမရှိချေ။ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပြင်သစ်တပ်သားများက အာဖရိကတပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ကြပြီး ထိုဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်တွင်မှ ပြင်သစ်က ဝန်ခံခဲ့သည်။ အနောက်အာဖရိကန်နိုင်ငံ ဆီနီဂေါအနေဖြင့် လွတ်လပ်ရေးရရှိသည့် ၁၉၆၀ ပြည့်နှစ်မှစ၍ ပြင်သစ်နှင့်ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့သော်လည်း အဆိုပါအတိတ်အဖြစ်အပျက်များက နှစ်နိုင်ငံအကြားဆက်ဆံရေးတွင် ဆက်လက်၍ အနှောက်အယှက်အတားအဆီး ဖြစ်နေပါသည်။ လက်ရှိဆီနီဂေါသမ္မတ Faye က ပြင်သစ်မြေတွင် ဆီနီဂေါစစ်တပ် တပ်စွဲ၍မရသလို ပြင်သစ်တပ်များလည်း ဆီနီဂေါမြေတွင် တပ်စွဲခွင့်မပြုလိုကြောင်း သိရှိရသည်။
ကိုးကား - ALJAEERA
ပြင်သစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြင်သစ်လူမျိုးများနှင့်စည်ကားနေသည့်အတွက် ဆီနီဂေါနိုင်ငံ၏ သမ္မတ Bassirou Diomaye Fayeu က မိမိတို့အချုပ်အခြာပိုက်နက်အတွင်းရှိ ပြင်သစ်နိုင်ငံ၏အခြေစိုက်စစ်စခန်း များရုတ်သိမ်းရန် ကြေညာလိုက်ပါသည်။ ထိုကြေညာချက် သည်အားလုံးအတွက် အံ့အားသင့်စရာအချက်ဖြစ်နေပြီး အဆိုပါအခြေအနေမှာ ဆီနီဂေါနှင့် ပြင်သစ်အကြား မျှော်လင့်ထားပြီးဖြစ်သည့် နိုင်ငံရေးအခင်းအကျင်း တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုကြပါသည်။
တိုကျို ဒီဇင်ဘာ ၁၇
ဂျပန်နိုင်ငံ တိုကျိုဒေသမြောက်ပိုင်း တိုမီအိုကာမြို့တွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချသည့်အနေဖြင့် လေထုထဲမှရေငွေ့ကို သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် ကိရိယာကို စတင်စမ်းသပ်သုံးစွဲခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

ယင်းမြို့၏ မြို့တော်ခန်းမနှင့် အားကစားရုံတစ်ခုတွင် အဆိုပါကိရိယာငါးခုစီကို တပ်ဆင်ခဲ့သည်။ ကိရိယာသည် တစ်နေ့လျှင် သောက်ရေသန့် ၃၃ လီတာကို ထုတ်လုပ်နိုင်သည်။ ထိုကိရိယာ အသုံးပြုခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု မည်မျှလျှော့ချနိုင်သည်ကို တာဝန်ရှိသူများက လေ့လာမည်ဖြစ်သည်။
ယင်းကိရိယာဖြင့် ရေသန့်ထုတ်လုပ်ပါက တစ်နေ့လျှင် ရေသန့် လီတာ ၆၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခုကိရိယာကို သဘာဝဘေးကျရောက်သည့်အချိန်တွင် သုံးစွဲနိုင်ရန် ရည်ရွယ်သည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- စိုးသူရ
Source- ကြေးမုံသတင်းစာ
တိုကျို ဒီဇင်ဘာ ၁၇
ဂျပန်နိုင်ငံ တိုကျိုဒေသမြောက်ပိုင်း တိုမီအိုကာမြို့တွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချသည့်အနေဖြင့် လေထုထဲမှရေငွေ့ကို သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် ကိရိယာကို စတင်စမ်းသပ်သုံးစွဲခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၈)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အတွက် ပုပ်ရဟန်းမင်းကြီး Francis က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ငြိမ်းချမ်းမှုကိုဆောင်ကြည်း ပေးတော်မူပါ” ခေါင်းစဉ်ဖြင့် ဆုတောင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။

အဆိုပါသဝဏ်လွှာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ဘာတီကန်၌ လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိကမ္ဘာ တစ်ဝှမ်းဖြစ်ပေါ်နေသည့် ပြဿနာများနှင့်စပ်လျဉ်း၍ လာမည့်နှစ်သစ်ကူးအတွက် အဆိုပြုချက် (၃)ရပ်ကို ဆုတောင်းခဲ့ပါသည်။ ထိုအဆိုပြုချက်(၃)ရပ်မှာ နိုင်ငံခြား ကြွေးမြီများကို ပယ်ဖျက်ရေး၊ သေဒဏ်စနစ်ဖျက်သိမ်း ပေးရေး၊ ငတ်မွတ်ခေါင်းပါးမှု ပပျောက်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ဖန်တီးပေးရေးတို့ဖြစ် ပါသည်။
၂၀၂၅ ခုနှစ်သည် မျှော်လင့်ချက်နှင့် ဘုရားသခင်၏ ကရုဏာတော်အတွက် ရည်စူးထားသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ယုံကြည်ခြင်းနှင့် စည်းလုံးညီညွတ်မှုကိုအသစ်တဖန်ပြုလုပ်မည့် အချိန်ကာလအခါသမယ ဖြစ်ကြောင်း ၎င်းက ပြောကြားထားပါသည်။
ကိုးကား - Exaudi
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၈)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အတွက် ပုပ်ရဟန်းမင်းကြီး Francis က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ငြိမ်းချမ်းမှုကိုဆောင်ကြည်း ပေးတော်မူပါ” ခေါင်းစဉ်ဖြင့် ဆုတောင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။
အီဂျစ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု မြှင့်တင်သည့်အနေဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို နိုင်ငံတောင်ပိုင်း အက်ဝမ်ဒေသတွင် ဝန်ကြီးချုပ် မူစတာဖာ မတ်ဗော်လီက ဒီဇင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

၎င်းစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းသည် နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု မြှင့်တင်ခြင်း ဆိုင်ရာ အရေးကြီးသည့်ခြေလှမ်းဖြစ်ပြီး နိုင်ငံ၏သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်ခဲ့ခြင်းဖြင့် အာရပ်နိုင်ငံများနှင့် ပြည်ပနိုင်ငံများအား အီဂျစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယင်းစက်ရုံသည် အိမ်ခြေ ၂၅၆၀၀၀ ကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပြီးတစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှုကို တန် ၇၆၀ အထိ လျှော့ချနိုင်မည်ဟု သိရသည်။
Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ