သတင်းများ

တောင်ကိုရီးယားတွင် ဆေးရုံ ၁၃ ရုံ၏ ကုသမှုပေးရန် ငြင်းဆိုခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူနာတင်ယာဉ်ပေါ်တွင် ကလေးမီးဖွားခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဆေးရုံ ၁၃ ရုံ၏ ငြင်းဆိုမှုကြောင့်   လူနာတင်ယာဉ်တစ်စီးအတွင်း၌ ကလေးမီးဖွားခဲ့ရကြောင်း အင်ချုန်ကယ်ဆယ်ရေး အာဏာပိုင်အဖွဲ့က မတ်လ  ၁၇ ရက်တွင် ပြောသည်။

အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးမှာအသက် ၃၀ ကျော်အရွယ်ရှိ ဗီယက်နမ်နိုင်ငံသား တစ်ဦးဖြစ်ပြီး မတ်လ  ၁၆ ရက် သန်းခေါင်ယံကျော်တွင် အင်ချုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ မေ့လဲသွားခြင်းကြောင့် ကျန်းမာရေးအာဏာပိုင်အဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ယင်းနောက်  ကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းအား အင်ဟာတက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆေးရုံမှ ဝန်ထမ်းများက ၎င်းအမျိုးသမီးအား ကုသမှုပေးအပ်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင်  အနီးအနားရှိ  ဆေးရုံများကလည်း ၎င်းအား ကုသပေးရန် ငြင်းဆိုခဲ့ရာမှ  ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းအမျိုးသမီးအား လူနာတင်ယာဉ်တစ်စီးအတွင်းသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ၂ နာရီအကြာတွင် ၎င်းအမျိုးသမီးသည် ကျန်းမာသန်စွမ်းသည့် ကလေးငယ်တစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ဆေးရုံတစ်ရုံက ကလေးမွေးဖွားပြီးချိန်မှသာ ၎င်းအမျိုးသမီးအား ဆေးကုသမှုပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Ref: KT,ST

Source: https://myawady.net.mm/
 
တရုတ်၏ အာကာသမစ်ရှင်များအား အထောက်အကူပြုစေရန် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များထုတ်လုပ်မည်

တရုတ်နိုင်ငံ၏   အာကာသမစ်ရှင်များအတွက်   အထောက်အကူပြုစေရန် ဟောင်ကောင်အခြေစိုက်အာကာသစက်ရုပ်နည်းပညာနှင့်   စွမ်းအင်စင်တာအား တည်ထောင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းဟောင်ကောင်အထူးဒေသကြီးက ထုတ်ပြန်သည်။

အာကာသစက်ရုပ်နည်းပညာနှင့်စွမ်းအင်စင်တာအနေဖြင့် တရုတ်နိုင်ငံ၏ Change-8 မစ်ရှင်တွင် အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ပြီး ထိုသို့ပါဝင်နိုင်ရန်အတွက် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း  ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ယုဟုန်ယုက ပြောသည်။

ထို့ပြင် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်မည့်စက်ရုပ်များတွင် နှစ်မျိုးအသုံးပြုနိုင်သည့် စက်ရုပ်လက်များကို တပ်ဆင်ထားမည်ဖြစ်သောကြောင့်  လကမ္ဘာ၏  မျက်နှာပြင်ပေါ်ရှိ နမူနာများကို စုဆောင်းနိုင်မည်ဖြစ်သည်။

အလားတူပင်လကမ္ဘာပေါ်ရှိ ကမ္ဘာမြေကြီး၏ ဆွဲငင်အားနည်းပါးမှုနှင့်ပတ်ဝန်းကျင်အခြေအနေပြင်းထန်မှုတို့ကို တုံ့ပြန်နိုင်ရေးအတွက်  စက်ရုပ်များအနေဖြင့်  ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုအပေါ် အခြေခံ၍ ၎င်းတို့ကိုယ်တိုင် အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်မည့်  ဆော့ဝဲလ်များကိုလည်း  အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်လျက်ရှိသည်။                   

Ref: Xinhua

၅ မိနစ် အားသွင်းရုံဖြင့် မိုင် ၂၅၀ မောင်းနှင်နိုင်မည့် အားသွင်းစနစ် တရုတ် EV ကုမ္ပဏီ BYD က မိတ်ဆက်

ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ BYD က တရုတ်နိုင်ငံတွင် မတ်လ ၁၇ ရက်နေ့က အားသွင်းစနစ်အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး EV ကားဈေးကွက်တွင် ပြိုင်ဆိုင်မှုများကို ပိုမိုပြင်းထန်စေခဲ့ကာ Tesla အပါအဝင် အခြားပြိုင်ဘက်များထက် ပိုမို ရှေ့ရောက်စေခဲ့သည်။

ရှင်းကျန့်အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီက ၎င်းတို့၏ “Super E-Platform” ဟုအမည်ပေးထားသော စနစ်သည် ၎င်းတို့၏ နောက်ဆုံးပေါ် မော်ဒယ် EV ကားများကို မိနစ်အနည်းငယ်အတွင်း အားသွင်းနိုင်ပြီး မိုင် ၂၅၀ အထိ မောင်းနှင်နိုင်ကြောင်း ကြေညာခဲ့သည်။ နည်းပညာအသစ်ကို ပံ့ပိုးရန်အတွက် BYD သည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် အလွန်မြန်ဆန် သော အားသွင်းစက်ပေါင်း ၄,၀၀၀ ကို တည်ဆောက်ရန် စီစဉ်ထားသည်။

BYD ၏ အားသွင်းစနစ်အသစ်သည် လျှပ်စစ်ကားဈေးကွက်ကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်သည်။ Tesla ၏ Superchargers သည် ၁၅ မိနစ် အားသွင်းပြီး မိုင် ၂၀၀ အထိ မောင်းနှင်နိုင်သည်။

“BYD ၏ ရည်မှန်းချက်မှာ လျှပ်စစ်ကားအားသွင်းခြင်းကို ဓာတ်ဆီကား တစ်စီးအား ဆီဖြည့်သည့်အမြန်နှုန်းနှင့်တူညီရေး လုပ်ဆောင်နိုင်ရန်ဖြစ်သည်" ဟု BYD ဥက္ကဋ္ဌ Wang Chuanfu က မိတ်ဆက်ပွဲတွင်ပြောကြားခဲ့သည်။ နောက်ဆုံးပေါ်အားသွင်းနည်းပညာဖြင့် ပြင်ဆင် ထားသော BYD ၏ မော်ဒယ်အသစ်များအတွက် ကြိုတင်မှာယူမှုများကို မတ်လ ၁၇ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး လာမည့်လမှစတင်၍ ပေးပို့ သွားမည်ဖြစ်သည်။

BYD ၏ ဟောင်ကောင်စတော့ဈေးကွက်ရှယ်ယာများသည် မတ်လ ၁၈ ရက်နေ့တွင် ၆% ကျော် တက်ခဲ့ပြီး အမြင့်ဆုံးစံချိန်သစ်တင်ခဲ့သည်။

Tesla ၏ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကားရောင်းချမှုသည် လွန်ခဲ့သည့် နှစ်က ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံတွင် ၎င်း၏ နည်းပညာဆန်းသစ်နိုင်မှုသည် အဓိကပြိုင်ဘက် BYD နောက်သို့ ကျန်ရစ်ခဲ့သည်။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အားသွင်းနည်းပညာအသစ်သည် ဆန်းသစ်တီထွင်မှုနှင့်စျေးနှုန်းနှစ်ခုစလုံးတွင် Tesla ထက် သာလွန်နေကြောင်း နောက်ဆုံးဖော်ပြမှုတစ်ခုဖြစ်သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပူချိန်မြင့်တက်မှုက နှလုံးရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြ

အပူချိန်မြင့်တက်မှုသည် ဩစတြေးလျနိုင်ငံရှိပြည်သူများ၌ နှလုံးရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်က မတ်လ ၁၇ရက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ နှလုံးရောဂါဖြစ်ပွားမှုစုစုပေါင်း၏ ၇ ဒသမ ၃ ရာခိုင်နှုန်းသည် အပူချိန်မြင့်တက်မှုကြောင့်ဖြစ်သည်ဟု အဆိုပါလေ့လာမှုသစ်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း  အပူချိန်မြင့်တက်လာမှုကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အက်ဒဲလေးတက္ကသိုလ်နှင့် ဩစတြေးလျသုတေသနကောင်စီမှရှာဖွေလေ့လာမှုအစီအစဉ်က ထောက်ပံ့ပေးထားသည့်လေ့လာမှုတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း၌  အပူချိန်မြင့်တက်မှုအများဆုံးဒေသမှာ တောင်ပိုင်းဒေသဖြစ်ပြီး မြောက်ပိုင်းနယ်မြေများသည်  အပူချိန်မြင့်တက်မှုအနိမ့်ဆုံးဖြစ်ကြောင်း လေ့လာမှုအတွင်းဖော်ပြထားသည်။

ထို့ကြောင့်  လာမည့်အနာဂတ်တွင် အပူချိန်ဆက်လက်မြင့်တက်လာပါက နိုင်ငံအတွင်း၌  နှလုံးရောဂါဖြစ်ပွားသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး ၂၀၅၀ ပြည့်နှစ်ခန့်တွင် နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု သုတေသီများ ကခန့်မှန်းထားသည်။

ရာသီဥတုပူပြင်းချိန် သို့မဟုတ် အပူချိန်မြင့်တက်ချိန်တွင်  လူသားများ၏နှလုံးသည်  လူသားများအေးစေရန်အတွက် ပိုမိုအလုပ်လုပ်ဆောင်ရလေ့ရှိပြီး ထိုသို့လုပ်ဆောင်ရခြင်းသည်   အန္တရာယ်ရှိကြောင်း၊  အထူးသဖြင့်  နှလုံးရောဂါရှိသူများအတွက် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်းအက်ဒဲလေးတက္ကသိုလ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဆေးဝါးဌာနမှ သုတေသီတစ်ဦးဖြစ်သူ ဘိုင်ပန်ကပြောကြားထားသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေး ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက လာမည့်အနာဂတ်ကာလတွင်  နှလုံးရောဂါနှင့် သက်ဆိုင်သည့်   လူသေဆုံးမှုများကို ကမ္ဘာ့နိုင်ငံများ၌ လျှော့ချနိုင်မည့်အလားအလာရှိသည်ဟု ဘိုင်ပန်က ဆက်လက် ပြောကြားထားသည်။         

​​​​​​​ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

ပိုင်အီတာ၊ ထူးခြားဆန်းပြား

ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား   အီကွေဒေါသင်္ဘောတစ်စင်းက  တွေ့ရှိပြီးနောက် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း မီဒီယာတစ်ခုက  မတ်လ ၁၆ ရက်တွင်ဖော်ပြသည်။

အသက် ၆၁  နှစ်အရွယ် မက်ဆီမိုနာပါကက်စထရိုအမည်ရှိ အဆိုပါငါးဖမ်းသမားကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ပီရူးနိုင်ငံတောင်ပိုင်းရှိ မာကိုနာမြို့မှ ငါးဖမ်းလှေတစ်စင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျောက်ကာ သမုဒ္ဒရာအတွင်း မျောပါနေခြင်းဖြစ်သည်။

ကက်စထရို၏   မိသားစုဝင်များနှင့် ငါးဖမ်းသမားများပါဝင်သည့် အဖွဲ့များသည်၎င်းအား ၃ လကြာ လိုက်လံရှာဖွေခဲ့ကြောင်းသိရသည်။

နောက်ဆုံးတွင် ကက်စထရိုအား အီကွေဒေါငါးဖမ်းသင်္ဘောတစ်စင်းမှ အမှုထမ်းတစ်ဦးက အီကွေဒေါနိုင်ငံကမ်းလွန်တွင် တွေ့ရှိပြီးနောက် အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ ငါးဖမ်းသင်္ဘောက   ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင်  ကက်စထရိုမှာရေဓာတ်ဆိုးရွားစွာပြတ်လပ်နေခဲ့ကြောင်းသိရသည်။

ကက်စထရိုသည် သမုဒ္ဒရာအတွင်းမျောပါနေချိန်တွင် မိုးရေကိုသောက်သုံးခဲ့ပြီး  အင်းဆက်များ၊  ငှက်များနှင့် လိပ်တစ်ကောင်ကို စားသောက်၍ အသက်ရှင်ရပ်တည်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းသည် ၁၅ ရက်ကြာ အစားအစာမစားရဘဲ ဖြတ်သန်းခဲ့ရကြောင်းသိရသည်။

Ref: Ivt

မြောက်မက်ဆီဒိုးနီးယားနိုက်ကလပ်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၅၁ ဦး သေဆုံး၊ ဦးရေ ၁၀၀ ကျော် ဒဏ်ရာရရှိ

စကော့ဂျီ  မတ် ၁၆

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ နိုက်ကလပ်တစ်ခု၌ မတ် ၁၅ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်၌ ဂီတဖျော်ဖြေပွဲတစ်ခုအတွက် ပရိသတ်ဦးရေ ၁၀၀၀ ကျော် စုဝေးနေချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများက ပြောကြားထားသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် နိုက်ကလပ်သည် ကိုကာနီအမည်ရှိ မြို့၌ တည်ရှိကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

ကိုကာနီမြို့ နိုက်ကလပ်အဆောက်အအုံမီးလောင်မှုကြောင့် လူ ၅၁ ဦးသေဆုံးခဲ့ရပြီး ဦးရေ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယား ပြည်ထဲရေးဝန်ကြီး တိုစကော့စကီးက ပြောကြားထားသည်။

နိုက်ကလပ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သူများကို ကိုကာနီမြို့ဆေးရုံနှင့် အနီးရှိ မြို့တစ်မြို့မှ ဆေးရုံများသို့ ခွဲဝေပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ဂီတဖျော်ဖြေပွဲ၌ အသုံးပြုသည့် မီးရှူးမီးပန်းများကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ထားကြောင်း  သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: The Journal

တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုက်လေယာဉ်တစ်စင်း လေ့ကျင့်မှုပြုလုပ်စဉ် ပျက်ကျသွားသော်လည်း လေယာဉ်မှူးက လေထီးနှင့် ဘေးကင်းရာသို့ဆင်းသက်နိုင်ခဲ့

ပေကျင်း၊ ပြည်တွင်းရေး

တရုတ်နိုင်ငံတောင်ပိုင်းတွင်   တိုက်လေယာဉ်တစ်စင်းလေ့ကျင့်မှုပြုလုပ်စဉ်ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးသည်   လေယာဉ်ပျက်မကျမီ   လေယာဉ်အတွင်းမှ အောင်မြင်စွာခုန်ထွက်၍ လေထီးနှင့်ဘေးကင်းရာသို့  ဆင်းသက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ J-15 တိုက်လေယာဉ်ပျက်ကျမှုသည် ဟိုင်နန်ပြည်နယ် လင်ကောင်းမြို့အနီး၌ မတ်လ ၁၅ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း  လူသေဆုံးမှုမရှိကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ   တောင်ပိုင်းစစ်နယ်ဝန်း ရေတပ်ဖွဲ့ဌာနချုပ်က    ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အဆိုပါဟိုင်နန်ပြည်နယ်တွင် လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းအများအပြားကို ဖွင့်လှစ်ထားကြောင်းသိရသည်။

အဆိုပါ တိုက်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ဖင်လန်နိုင်ငံက အမေရိကန်၏ ကြက်ဥတင်ပို့ပေးရန်တောင်းဆိုမှုကို ငြင်းဆို

ဖင်လန်နိုင်ငံသည် ပို့ကုန်စည်းမျဉ်းစည်းကမ်းချက်များနှင့် ထောက်ပံ့ရေး ကန့်သတ်ချက်များကို အကြောင်းပြ၍ ကြက်ဥတင်ပို့ပေးရန် အမေရိကန်၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်ကြောင်း ဒေသခံသတင်းဌာန Yle က ဖော်ပြသည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) မှ ပြည်တွင်း ကြက်ဥဈေးနှုန်း များမြင့်တက်လာမှုကြောင့် EU ထုတ်ကုန်ရှင်များထံ ကြက်ဥတင်ပို့ရေး ညှိနှိုင်းစဉ် ဖင်လန်ကငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းထုတ်လုပ်မှု သိသာစွာလျော့ကျသွားပြီး အမေရိကန်ဈေးကွက်တွင် ကြက်ဥ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရကာ Bloomberg တွင်ဖော်ပြမှုအရ ဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်ကထက် ၂၀၀% တက်လာပြီး တစ်ဒါဇင်လျှင် ၈.၄၁ ဒေါ်လာဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဈေးကွက်တည်ငြိမ်စေရန် USDA မှ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ် အပါအဝင် ဥရောပနိုင်ငံများထံ သွင်းကုန်များအတွက် အကူအညီ တောင်းခံခဲ့သည်။ ဖင်လန်ကြက်မွေးမြူရေးအသင်းက ဆက်သွယ်ခံခဲ့ရကြောင်း အတည်ပြုခဲ့သော်လည်း လက်ရှိတွင်တင်ပို့မှုများ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် အမေရိကန် ကြက်မွေးမြူရေးခြံများကို ထိခိုက်စေခဲ့ပြီး အထူးသဖြင့် Iowa နှင့် Ohio ကဲ့သို့သော အဓိက ကြက်ဥ ထုတ်လုပ်သည့်ပြည်နယ်များတွင် ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ USDA သည် ဇီဝလုံခြုံရေးအစီအမံများနှင့် ဆုံးရှုံးသွားသော ကြက်မွေးမြူရေးလုပ်ငန်းများအတွက် လျော်ကြေးပေးခြင်းများဖြင့် ထိခိုက်နစ်နာခဲ့သောလယ်သမားများကို ထောက်ပံ့ရန်နှင့် အဆိုပါ အကျပ်အတည်းကိုဖြေရှင်းရန် ဒေါ်လာ ၁ ဘီလီယံအထိသုံးစွဲမည့် အစီအစဉ်များကို ကြေညာခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားနှင့်အမေရိကန် ဆွေးနွေးလျက်ရှိ

ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် မကြာမီ အနာဂတ်ကာလတွင် အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများအပါအဝင် နိုင်ငံတကာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

အာတိတ်ဒေသသည်  ထုတ်ယူခြင်းမပြုရသေးသည့် စွမ်းအင်အရင်းအမြစ်များ၊ သတ္တုအရင်းအမြစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများကြောင့် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုကိုခံနေရသည့် ဒေသတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် မြောက်ပင်လယ်ရှိ လမ်းကြောင်းတစ်ခုကိုဖော်ဆောင်လျက်ရှိသည်။ အဆိုပါလမ်းကြောင်းသည် ယူရေရှားအနောက်ပိုင်းနှင့် အာရှ-ပစိဖိတ်ဒေသတို့ကြား  ဆက်သွယ်ပေးထားသည့် အတိုဆုံးလမ်းကြောင်းဖြစ်ပြီး ယင်းလမ်းကြောင်းသည် အာတိတ်ဒေသနှင့် အရှေ့ဖျားဒေသကို ဖြတ်သန်းလျက်ရှိသည်။

အဆိုပါလမ်းကြောင်းကို ရုရှားနိုင်ငံက လွန်ခဲ့သည့်နှစ်များအတွင်း  အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖော်ဆောင်နေခြင်းဖြစ်သည်။ ယခုအခါ ရုရှားနိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gazprom အနေဖြင့် အာတိတ်ဒေသရှိ ဖက်စပ်လုပ်ငန်းများတွင်  ပါဝင်လာရန်  အမေရိကန်အား ကမ်းလှမ်းနိုင်သည့်     အနေအထားတွင်ရှိနေသည်။ ထို့ပြင် ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို  ဖယ်ရှားပေးနိုင်မည်ဆိုပါက ရုရှားအနေဖြင့်   အမေရိကန်နှင့် ဆာခါလင်ဓာတ်ငွေ့ရည်စီမံကိန်းတွင်လည်း  ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ရုရှား-အမေရိကန် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် ဥရောပနှင့် အာရှဒေသများရှိ စီမံကိန်းများလည်း ပါဝင်လာနိုင်ကြောင်း အတွင်းသိများက ပြောကြားထားသည်။

ရုရှားနှင့်အမေရိကန်တို့ကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက်  အမေရိကန်က ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်း ပျက်ကျ

မတ်လ(၁၅)ရက်နေ့တွင် တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့ကြောင်း သိရှိရသည်။ လေယာဉ်မှူးသည် ပျက်ကျသွားသောလေယာဉ်မှ အသက်ကယ်ထိုင်ခုံ စနစ်နှင့်အတူ  အောင်မြင်စွာ လွတ်မြောက်ခဲ့ကြောင်းလည်း သိရပါသည်။ တရုတ်တောင်ပိုင်း စစ်ဒေသကွပ်ကဲမှုဌာနချုပ်က တိုက်လေယာဉ် တစ်စင်းသည် ဟိုင်နန်ပြည်နယ်ဧရိယာအတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တရုတ်တောင်ပိုင်း စစ်ဒေသ ကွပ်ကဲမှုဌာနချုပ်သည် တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်နိုင်ငံ ၏ စစ်ရေးအရ အရေးကြီးနယ်မြေဒေသအချို့ကို ကြီးကြပ်ကွပ်ကဲမှုများ လုပ်ဆောင်နေသောဌာန ဖြစ်သည်ဟုလည်း သိရပါသည်။

ထုတ်ပြန်ချက်တွင် “တရုတ်ရေတပ် တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးက ခုံနှင့်အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး ယင်းဖြစ်ရပ်အတွင်း မြေပြင်၌ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း” ရေးသားဖော်ပြထားပါသည်။

ပျက်ကျရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်းသိရှိရပါသည်။ 

ကိုးကား-NP News