သတင်းများ

ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ချ်ဖိုမန် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ရရှိခဲ့သူ ကမ္ဘာကျော်လက်ဝှေ့သမား ဂျော့ခ်ျဖိုမန် (George Foreman) သည် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုမှ ဖော်ပြချက်များအရ သိရှိရသည်။

ဂျော့ခ်ျဖိုမန်ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ မာရှယ်မြို့တွင် မွေးဖွားခဲ့ကာ ဆင်းရဲ နွမ်းပါးသောမိသားစုမှ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ အားကစားကို စိတ်ဝင်စားခဲ့သည်။

ဖိုမန်သည် ၁၉၆၈ ခုနှစ် မက္ကဆီကိုစီးတီးအိုလံပစ်ပွဲတွင် ဟဲဗီးဝိတ်တန်း ရွှေတံဆိပ်ကို ရရှိခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ၎င်း၏ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ် အသက် ၄၅ နှစ်အရွယ်၌ ဒုတိယအကြိမ် ချန်ပီယံဖြစ်လာကာ အသက်အကြီးဆုံး ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာခဲ့ပါသည်။

ဖိုမန်သည် ၁၉၉၇ ခုနှစ်တွင် လက်ဝှေ့ကစားသမားဘဝမှ အနားယူခဲ့ပြီး ၎င်း၏အောင်မြင်မှုများကို အများကချီးကျူးဂုဏ်ပြုခဲ့ကြသည်။ အနားယူပြီးနောက် ၎င်းသည် လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ၎င်း၏အမှတ်တံဆိပ် "ဂျော့ခ်ျဖိုမန်ဂရီးလ်" (George Foreman Grill) ကို ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။

ဂျော့ခ်ျဖိုမန်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကာ ၎င်းကို ချစ်ခင်သူများ ဝန်းရံနေချိန်တွင် အေးချမ်းစွာကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုက ကြေညာခဲ့သည်။

ဂျော့ခ်ျဖိုမန်သည် လက်ဝှေ့အားကစားနယ်ပယ်တွင် ထင်ရှားသော သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏အောင်မြင်မှုများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခဲ့မှုများကြောင့် လူသိများခဲ့သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စင်္ကာပူ သက်ကြီးနိုင်ငံသား‌များကို ထောက်ပံ့ကြေးနှင့် အပိုဆုကြေး တိုးမြှင့်ထုတ်ပေး

သတ်မှတ်ချက်ကိုက်ညီသော စင်္ကာပူနိုင်ငံသား ၅ သိန်း ၇ သောင်း ကျော်သည် ၎င်းတို့၏ နှစ်ပတ်လည် Earn and Save Bonus အဖြစ် စင်္ကာပူဒေါ်လာ ၄၀၀ (ကန်ဒေါ်လာ ၃၀၀) မှ ၁၀၀၀ ကြား ယခုလ နှောင်းပိုင်းတွင် ရရှိမည်ဖြစ်ကြောင်း လူ့စွမ်းအားဝန်ကြီးဌာန (MOM) မှ မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

"အလုပ်လုပ်ကိုင်နေသော သက်ကြီးရွယ်အိုများ၏ အငြိမ်းစားဆုငွေကို မြှင့်တင်ရန် ရည်ရွယ်သော ဝင်ငွေနှင့်စုဆောင်းအပိုဆုငွေ" ကို နိုင်ငံသားများ၏ CPF အကောင့်များသို့ အလိုအလျောက် ထည့်သွင်းသွားမည် ဖြစ်ကြောင်း MOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

၎င်းသည် ၂၀၂၄ ခုနှစ်တွင် မိတ်ဆက်ခဲ့သော စင်္ကာပူဒေါ်လာ ၉ ဘီလီယံ Majulah Package ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လက်ရှိ ၎င်းတို့၏ အသက် ၅၀ နှင့် ၆၀ နှစ်များအတွင်း သက်ကြီးရွယ်အိုများအား "၎င်းတို့၏ အငြိမ်းစားယူမှုအတွက် ထပ်လောင်းချီးမြှင့်မှု" ဖြင့် ပံ့ပိုးပေးခဲ့ပါသည်။ 

၁၉၇၃ တွင်မွေးဖွားသော စင်္ကာပူနိုင်ငံသားများသည် ၎င်းတို့ အလုပ်လုပ် ကိုင်နေပါက Bonus များရရှိမည်ဖြစ်ပြီး ရှေ့အကဲဖြတ်သည့်နှစ်တွင် ပျမ်းမျှလစဉ်ဝင်ငွေ စင်ကာပူဒေါ်လာ ၅၀၀ မှ ၆၀၀၀ ရှိကာ နှစ်စဉ်တန်ဖိုး ၃သောင်း ၁ထောင် သို့မဟုတ် အနည်းဆုံးပိုင်ဆိုင်မှုတစ်ခုထက်ပို၍ မပိုင်ဆိုင်ပါက Bonus ရရှိမည်ဖြစ်သည်။ 

နိုင်ငံသားများသည် ၎င်းတို့၏ Singpass ဖြင့် အကောင့်ဝင်ခြင်းဖြင့် govbenefits ဝဘ်ဆိုက်တွင် ဝင်ငွေနှင့် အပိုဆုကြေးအတွက် ၎င်းတို့အနေဖြင့် သတ်မှတ်ချက်ကိုက်ညီမှုကို စစ်ဆေးနိုင်မည်ဖြစ်ပြီး လစဉ် ဝင်ငွေနည်းပါးသော သက်ကြီးရွယ်အိုများအား အပိုဆုကြေး (Bonus) များ ပေးအပ်မည်ဖြစ်ပါသည်။

ကိုးကား-Myanmar National Post

သမ္မတ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် မြို့တော်ဝန်ဖမ်းဆီးခံရခြင်းကို မကျေနပ်သည့်အတွက် တူရကီနိုင်ငံတွင် လူပေါင်းထောင်ချီဆန္ဒပြ

တူရကီနိုင်ငံ သမ္မတအာဒိုဂမ်၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် အစ္စတန် ဘူလ်မြို့ မြို့တော်ဝန်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မတ်လ ၁၉ ရက် တွင် လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ အစ္စတန်ဘူလ် မြို့တော် အကျင့်ပျက်လာဘ်စားမှု အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် (PKK)ပါတီနှင့်ဆက်နွယ်မှုသည်ဆိုသော စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် တူရကီအာဏာပိုင်များက ဆန္ဒပြ ခြင်းကို လေးရက်ကြာပိတ်ပင်သည့် စည်းကမ်းထုတ်ပြန်ခဲ့သော်လည်း လူပေါင်းထောင်ချီ၏ ဆန္ဒပြခြင်းကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။ တူရကီ အာဏာပိုင်များသည် အစ္စတန်ဘူလ်မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဆန္ဒပြခြင်းများကို ပိတ်ပင်ခဲ့ကာ အစ္စတန်ဘူလ်မြို့လမ်းများကို ပိတ်ပင် ခြင်း၊ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တူရကီအာဏာပိုင်များသည် ကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒပြခြင်းများကို တားဆီးနိုင်ခြင်းမရှိခဲ့ဘဲ လူပေါင်းထောင်ချီရှိသည့် လူအုပ်ကြီးသည် အစ္စတန်ဘူလ်မြို့ ရဲဌာနချုပ်၊ မြို့တော်ခန်းမနှင့် Republican People’s Party (CHP) ပါတီရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသော မြို့တော်ဝန်သည် တူရကီသမ္မတ၏ အဓိက အတိုက်ခံနိုင်ငံရေး ပြိုင်ဘက်တစ်ဦးဖြစ်ပြီး ဆန္ဒပြအုပ်စုများက အစိုးရ ဆန့်ကျင့်ရေးကြွေးကြော်သံများ ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး မြို့တော်ဝန် ကို ထောက်ခံကြောင်း၊ ဖမ်းဆီးခံရမှုသည် တရားမျှတမှုမရှိကြောင်း ဝေဖန် ပြစ်တင်ခဲ့သည်။ မြို့တော်ဝန်သည် တူရကီနိုင်ငံတွင် လူကြိုက်များသည့် နိုင်ငံရေးသမားဖြစ်ပြီး ၎င်းအဖမ်းမခံရမီအချိန်က ပြည်သူများ၏ဆန္ဒကို ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့လုပ်ဆောင်ခြင်းဖြင့် နုတ်ပိတ်စေရန် လုပ်ဆောင်၍ မရနိုင်ကြောင်း အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကိုးကား-NP News

အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံ စက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ

နော်ဝေးစက်ရုပ်ကုမ္ပဏီ 1X သည် အဝတ်လျှော်ခြင်း၊ ပြတင်းပေါက်များ သန့်ရှင်းရေးလုပ်ခြင်းနှင့် ဖုန်စုပ်ခြင်းကဲ့သို့သော အိမ်မှုကိစ္စများစွာကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ် NEO Gammaကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စက်ရုပ်များ နှင့်ပတ်သက်ပြီး အောင်မြင်မှုအချို့ကို တွေ့မြင်ခဲ့ရပြီးနောက် နော်ဝေးစက်ရုပ်ကုမ္ပဏီ၏ အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သော လူသားပုံစံစက်ရုပ်ကို ထုတ်ပြန်ကြေညာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် နော်ဝေးစက်ရုပ်ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားပုံစံ ပိုမိုတူစေရန်အတွက် ၎င်း၏ သတ္တုကိုယ်ထည်ကို ဖုံးကွယ်ထားသည့် နူးညံ့ချောမွေ့သောဝတ်စုံကိုဖန်တီးရန် ဂျပန်ချည်ထိုးစက်များ ထုတ်လုပ်သည့် Shima Seiki ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်းလည်းသိရသည်။ 1X ကုမ္ပဏီ၏အဆိုအရ မကြာသေးမီက ထုတ်ဖော်ပြသခဲ့သော NEO Gamma စက်ရုပ်သည် မြေပြင်မှ အရာဝတ္ထုများကို ကောက်ယူရန် အတွက် ဆောင့်ကြောင့်ထိုင်ခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင်ခြင်း၊ အိမ်တစ်ဝိုက်တွင် အရာဝတ္ထုများကို နေရာတကျ ချထားပေးခြင်းနှင့် လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ထည့်ပေးခြင်းကဲ့သို့သော လုပ်ဆောင်မှု အမျိုးမျိုးကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် 1X ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားများကဲ့သို့ အမျိုးမျိုးသော လှုပ်ရှားမှုများကို လုပ်ဆောင်စေနိုင်ရန်အတွက် လေ့ကျင့်ပေးရန် လူသား၏လှုပ်ရှားမှု ဖမ်းယူသည့် ဒေတာအချက်အလက်များကို အသုံးပြုထားကြောင်းလည်း သိရသည်။ NEO Gamma စက်ရုပ်တွင် အသုံးပြုထားသည့် မိုက်ခရိုဖုန်း (၄)ခုကြောင့် ၎င်းသည် လူသားအသုံးပြုသူများ၏အမိန့်များကို တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ကြောင်းလည်း သိရသည်။
NEO Gamma စက်ရုပ်သည် ရိုးရှင်းသောစကားပြောဆိုမှုများကို တုံ့ပြန်နိုင်ပြီး ၎င်း၏တင်ပါးဆုံနေရာရှိ စပီကာမှတစ်ဆင့် သီချင်းများဖွင့်နိုင်ကြောင်းလည်း သိရသည်။ 1X ကုမ္ပဏီစီအီးအို Bernd Bornig က “လာမည့်အနာဂတ်တွင် ကျွန်တော်တို့အားလုံးဆီမှာ Rosie ဒါမှမဟုတ် Baymax ကဲ့သို့ အိမ်သုံးစက်ရုပ်များ ရှိလာပါလိမ့်မည်" ဟုပြောဆိုခဲ့သည်။

Pika (NP News)

ရုရှားသည် ၂၀၃၀ ခုနှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာရမည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် မောင်းသူမဲ့ လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် အတွက် သတ်မှတ်ညွှန်ကိန်းများ ချမှတ်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် ဘဏ္ဍာငွေထုတ်ပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်ပါသည်။

ထိုရည်မှန်းချက်အကောင်အထည်ဖော်ရန် ပထမဆုံးအစီရင်ခံစာကို ဇွန်လ ၁ ရက်နေ့တွင် တင်ပြရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ခြောက်လ တစ်ကြိမ် အစီရင်ခံစာများ ဆက်လက်တင်ပြရမည် ဖြစ်ပါသည်။

မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း လုပ်ငန်းစဉ်များ၌ AI နည်းပညာ အခြေခံသည့် ဖြေရှင်းနည်းများကို အသုံးပြုခြင်း အတွက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက မှာကြားထားပါသည်။ 

ဆက်လက်၍ လူမဲ့လေယာဉ်များ ထုတ်လုပ်ခြင်းနှင့် လည်ပတ်ခြင်းတွင် သဘာဝကျစေရန် စဉ်းစားမှု (AI) အခြေခံဖြေရှင်းနည်းများကို အသုံးချခြင်း အတွက် လိုက်နာဆောင်ရွက်ရန်လည်း ပူတင်က ညွှန်ကြားခဲ့ပါသည်။ ထိုတာဝန်ကို ရုရှား National Technological Initiative Platform နှင့် Sber တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း သိရပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ကမ္ဘာ့ပျော်ရွှင်ဆုံးနိုင်ငံများ သတ်မှတ်ချက် တွင် အဆင့် ၄၆ တွင်ရပ်တည်ခဲ့ပြီး ၂၀၂၃ ခုနှစ် သတ်မှတ်ချက်မှ အဆင့် ၈ နေရာ မြင့်တက်လာခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်မှ Wellbeing Research Center က ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နိုင်ငံသားများ၏ ကိုယ်တိုင်ဖွင့်ဟ ပြောကြားချက်များအပေါ်အခြေခံကာ နိုင်ငံနှင့် နယ်မြေ ၁၄၃ ခုတို့၏ ပျော်ရွှင်မှုအဆင့်များကို သတ်မှတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ပျော်ရွှင်မှုအဆင့်သတ်မှတ်ချက်သည် မကြာသေးမီ နှစ်များအတွင်း တည်ငြိမ်စွာရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အဆင့် ၇၇ ၊ ၂၀၂၂ ခုနှစ်တွင် အဆင့် ၆၅ နှင့် ၂၀၂၃ ခုနှစ်တွင် အဆင့် ၅၄ သို့ သိသာစွာ မြင့်တက်လာခဲ့သည်။ယခုအခါတွင် ဗီယက်နမ်သည် စင်ကာပူနိုင်ငံ၏ နောက်တွင် ရပ်တည်ကာ အရှေ့တောင်အာရှတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ဖင်လန်နိုင်ငံသည် ၈ နှစ်ဆက်တိုက် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံရပြီး ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွီဒင်နိုင်ငံတို့က နောက်မှ ရပ်တည်နေခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းသည် ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ နိုင်ငံသားများ၏ ဘဝအရည်အသွေး၊ စီးပွားရေးတည်ငြိမ်မှု၊ လူမှုရေးဖူလုံမှုနှင့် သဘာဝပတ်ဝန်းကျင်သာယာလှပမှုတို့ကြောင့် ထိုအဆင့်သတ်မှတ်ခံရခြင်းဖြစ်နိုင်သည်။ ဗီယက်နမ်နိုင်ငံသည် နိုင်ငံသားများ၏ ပျော်ရွှင်မှုကို အလေးထားသော လူမှုစီးပွားမူဝါဒများကို အကောင်အထည်ဖော်နိုင်ခြင်းကလည်း အဆိုပါ အောင်မြင်မှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ကိုးကား-VN Express

EU ၏ ယူကရိန်းအပေါ် အထောက်အပံ့များသည် “အသံသာထွက်သော အမြောက်များကဲ့သို့ဖြစ်နေ” ဟု Orban ဆို

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်းကို ထောက်ပံ့ရန် အီးယူတွင် လက်တွေ့ကျသော နည်းလမ်းမရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ပြောကြားခဲ့သည်။ ဘရပ်ဆဲလ်တွင် ကျင်းပသော အီးယူ ခေါင်းဆောင်များ အစည်းအဝေးအပြီး မတ်လ ၂၀ ရက်နေ့က ၎င်း၏ မှတ်ချက်များကို ပြောကြားခဲ့သည်။

အီးယူသည် ယူကရိန်းကို လက်နက်များ ဆက်လက်ထောက်ပံ့ရန်၊ ယူကရိန်းတပ်မတော်ကို ထိန်းသိမ်းရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ရန် ဆွေးနွေးနေသော်လည်း ၎င်းတို့တွင် လုံလောက်သော ဘဏ္ဍာငွေမရှိကြောင်း Orban ကဆိုသည်။ အီးယူ၏ ယူကရိန်းထောက်ပံ့ရေးအစီအစဉ်များသည် အချည်းနှီးသော ကတိများဟု ထင်မြင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပဋိပက္ခက အီးယူအဖွဲ့ဝင်များ၏ စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း၊ ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတDonald Trump ၏ ကြားဝင်ဆောင်ရွက်မှုများကို ဘရပ်ဆဲလ်ကထောက်ခံသင့်ကြောင်း ၎င်းကတိုက်တွန်းခဲ့သည်။ “ဟန်ဂေရီမိသားစုများကိုစစ်၏ စီးပွားရေးအကျိုးဆက်များအတွက် ဆက်လက်ပေးဆပ်ခွင့် မပြုသင့်ပါ” ဟုလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဘူဒါပက်စ်က Kiev သို့ စစ်ရေးအကူအညီများ တိုးမြှင့်ပေးရန် တောင်းဆိုသည့် အီးယူ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ “ဟန်ဂေရီ နိုင်ငံပါဝင်ပြီး စစ်ထောက်ခံသော ဥရောပ၏ ညီညွတ်သော သဘောထားတစ်ခု ဖြစ်ပေါ်လာစေရန် မိမိတို့အနေဖြင့် ခွင့်မပြုပါ” ဟု Orban က အီးယူခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။

ဘူဒါပက်စ်သည် ရုရှားနှင့် ထပ်မံအရှိန်မြှင့်တင်မှုကို ရှောင်ရှားသင့်ပြီး သံတမန်ရေးရာကို အာရုံစိုက်သင့်ကြောင်းပြောကြားခဲ့ကာ ကူညီထောက်ပံ့မှု များကို ပိတ်ပင်ရန် သို့မဟုတ် ရွှေ့ဆိုင်းရန် ၎င်း၏ ဗီတိုအာဏာကို အခါခါ အသုံးပြုခဲ့သည်။

အီးယူအဖွဲ့ဝင်များသည် ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရို ၄၀ ဘီလီယံ (ဒေါ်လာ ၄၃ ဘီလီယံ) စုစည်းကျခံရန်အတွက် သဘောတူညီမှု မရရှိခဲ့ပေ။ အီတလီနှင့် စပိန်တို့သည် အီးယူ၏ ထိပ်တန်းသံတမန် Kaja Kallas ဦးဆောင်သော အစီအစဉ်ကို ကုန်ကျစရိတ်များလွန်းသည်ဟု ငြင်းဆန်ခဲ့ကြောင်း သတင်းများအရ သိရသည်။

တရုတ်ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ စီစဉ်ထား

ဆိုးလ်   မတ် ၂၀

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။ 

တောင်ကိုရီးယားနိုင်ငံခြားခရီးသွားဧည့်သည်များကို ဗီဇာမဲ့ပြည်ဝင်ခွင့်ပေးထားမှုကို တရုတ်အစိုးရက သက်တမ်းထပ်တိုးပေးခဲ့ပြီးနောက် တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို မြှင့်တင်ရေးအတွက် တရုတ်ခရီးသွားဧည်သည်များကို ယခုနှစ် တတိယသုံးလပတ်ကာလအတွင်း ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်မော့ခ် က ပြောကြားထားသည်။

တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ် စတုတ္ထ သုံးလပတ်အတွင်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးညီလာခံကို လက်ခံကျင်းပရန် စီစဉ်ထားသည်။

အဆိုပါ အေပက်ထိပ်သီးညီလာခံကို ယဉ်ကျေးမှုအမွေအနှစ်ခရီးသွားမြို့တော်အဖြစ် ထင်ရှားသော ဂျောင်ဂျူမြို့၌ ကျင်းပရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ခရီးသွားဧည့်သည် ၁၆ ဒသမ ၄ သန်း ဝင်ရောက်ခဲ့ရာ ၂၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

တစ်တန်လျှင်ငါးသိန်းဈေးရှိသောဘိလပ်မြေ အနာဂတ်မသေချာ

တစ်တန်လျှင် ငါးသိန်းဈေးဖြင့် လတ်တလော ပြည်ပမှ တင်သွင်းလာသောဘိလပ်မြေများကြောင့် မြင့်တက်နေသော ဘိလပ်မြေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ရေရှည်တွင် အရည်အသွေးနှင့် ဈေးနှုန်းပိုင်းအတွက် သေချာစွာ ပြန်လည်စိစစ်သင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများထွက်ပေါ်နေသည်။

“ဘိလပ်မြေ ပါမစ်ဈေးမှာကတည်းက တစ်တန်ကို ငါးသိန်းတန်ပါကြောင်း၊ တစ်တန်ကို အိတ်နှစ်ဆယ် ရှိသောကြောင့် တစ်အိတ်ကို နှစ်သောင်းခွဲ ဈေးပေါက်ပါကြောင်း၊ နိုင်ငံခြားက တင်သွင်းလာသည့် သွင်းကုန်ပါမစ်ဈေးတောင် ပြန် မရသည့်ဈေးဖြင့် ‌ရောင်းနေခြင်းဖြစ်ပါကြောင်း၊ ယခုဆိုဈေးကွက်ထဲတွင် တစ်အိတ်ကို နှစ်သောင်းနှစ်ထောင်နှုန်းဖြင့် ပြန်ရောင်းနေသည်များ ရှိလာသဖြင့် ထိုဘိလပ်မြေများ၏ အရည်အသွေးက စံချိန်မီလားဆိုသည်ကို သက်ဆိုင်ရာ က စစ်ဆေးသင့်ပါကြောင်း” ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ကန်ထရိုက်တစ်ဦးကTheStateman သို့ပြောသည်။
ဖေဖော်ဝါရီလပိုင်းအတွင်းက ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ ထုတ်လုပ်မှုကျဆင်းလာရာမှတစ်ဆင့် ဘိလပ်မြေ ဈေးများ အဆမတန်မြင့်တက်ခဲ့ရာ ဘိလပ်မြေ တစ်အိတ်လျှင် သုံးသောင်းခွဲအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာက ကော့သောင်းနယ်စပ်မှတစ်ဆင့် ဘိလပ်မြေများ ရန်ကုန်သို့ တင်သွင်းခွင့်ပြုခဲ့ရာ လတ်တလောတွင် ဘိလပ်မြေဈေးကျဆင်းသွားသည်။ ဘိလပ်မြေဈေးကျဆင်းမှုသည် ရေရှည်အနေအထားဖြစ်ရန် လိုအပ်ချက်များရှိနေကြောင်းနှင့် အရည်အသွေးပိုင်း သေချာစွာစိစစ်ရန် လိုအပ်ကြောင်း သိရသည်။ “ပြည်တွင်းထုတ် လူရိုင်းခေါင်း တံဆိပ်အယ်ဖာ ဘိလပ်မြေက ယခုဆိုရင် တစ်အိတ်ကို တစ်သောင်း ကိုးထောင်အထိပြန်ကျသွားပါကြောင်း၊ တကယ်ဆိုရင် ဘိလပ်မြေဈေးက ဘာကြောင့်ဒီလောက်ဈေးတက်ပြီးမှ ပြန်ကျသလဲဆိုသည်မှာ အံသြစရာကောင်း၍ လက်ဝါးကြီး အုပ်ပြီးဈေးကွက်ကို လိုသလိုခြယ်လှယ်နေသည့်သူများကို သေချာစိစစ်သင့်ပါကြောင်း” ဆောက်လုပ်ရေး လောကသား တစ်ဦးက ဆိုသည်။ ပြည်တွင်းတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ (၁၆) ရုံ နှင့် နိုင်ငံပိုင် ဘိလပ်မြေစက်ရုံ (၃)ရုံရှိပြီး အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပါက ဘိလပ်မြေတန်ချိန် (၁၆) သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း အသုံးပြုနေသည့် ဘိလပ်မြေသည် တစ်နှစ်လျှင် တန်ချိန် (၁ဝ) သန်းနှင့် (၁၁)သန်း ကြား ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်သာ ပြည်ပမှ တင်သွင်းသောဘိလပ်မြေများကြောင့် ဈေးနှုန်းများ ကျဆင်းလာသော်လည်း နယ်မြို့များတွင် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံသည် လာမည့်နှစ်မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများတွင် နိုင်ငံခြားလေယာဉ်မှူးများကို ခန့်အပ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းသွားမည်

ထိုင်းလေကြောင်းစီမံခန့်ခွဲမှုအာဏာပိုင် (CAAT) သည် ထိုင်းလေယာဉ်မှူးများအသင်းက အစိုးရကို တရားစွဲဆိုပြီးနောက် ပြည်တွင်း လေကြောင်းလိုင်း များတွင် နိုင်ငံခြားလေယာဉ်မှူးများ လုပ်ကိုင်ခွင့်ပြုသည့် ယာယီ ခွင့်ပြုချက်ကို ဆက်လက်တိုးမြှင့်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

CAAT သည် အလုပ်လက်မဲ့ဖြစ်နေသော ဒေသခံလေယာဉ်မှူးများ အလုပ်ရရှိရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့ကိုကူညီပေးရန် ကတိပြုခဲ့ကြောင်း ထိုင်းလေယာဉ်မှူးများအသင်း ဥက္ကဋ္ဌ ဒေါက်တာ တီရာဝပ် အန်ကဆာကုလီယက်၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

တီရာဝပ်က အသင်းအနေဖြင့် CAAT ၏ ယခုနှစ်အတွင်း ဤအစီအမံကို ရပ်ဆိုင်းမည်ဟူသော အာမခံချက်နှင့် ဒေသခံလေယာဉ်မှူးများအတွက် ထောက်ပံ့မှုတို့ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ထိုင်းလေယာဉ်မှူးများအသင်းသည် လွန်ခဲ့သည့်သီတင်းပတ်က နိုင်ငံခြားလေယာဉ်မှူးများအား ပြည်တွင်းလေကြောင်းလိုင်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ပေးရန် တောင်းဆိုသည့် လျှောက်လဲချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ တင်ပြတောင်းဆိုခဲ့သည်။ ထိုင်းသတင်းစာ The Nation ၏ ဖော်ပြချက်အရ ခရီးသွားလုပ်ငန်း တိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ဝန်ကြီးချုပ်ရုံး၏ ဆုံးဖြတ်ချက်ဖြစ်သည့် နိုင်ငံခြားလေယာဉ်မှူးများအား ထိုင်းနိုင်ငံတွင် ယာယီခွင့်ပြုချက်ဖြင့် wet lease သဘောတူညီချက်များအရ အလုပ်ခန့်ထားရန် ခွင့်ပြုခဲ့ခြင်းအပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့သည်ဟု ဆိုသည်။