သတင်းများ

တရုတ်က Shenzhou-20 အာကာသယာဉ်ကိုလွှတ်တင်

တရုတ်နိုင်ငံက   ၎င်းတို့၏ကိုယ်ပိုင်အာကာသစခန်းဖြစ်သည့်   ထျန်းကုန်း၌ သိပ္ပံစမ်းသပ်ချက်များစွာကို လုပ်ဆောင်မည့် Shenzhou-20 အာကာသယာဉ်ကို ဧပြီလ ၂၄ ရက်တွင် အောင်မြင်စွာလွှတ်တင်လိုက် ကြောင်းသိရသည်။

အဆိုပါအာကာသယာဉ်တွင် အာကာသယာဉ်မှူးသုံးဦးလိုက်ပါသွားပြီး ၎င်းတို့အနေဖြင့် အာကာသအတွင်းနေထိုင်မည့် သူများ ဒဏ်ရာရရှိပါက လွယ်လင့်တကူ ကုသမှုပေးနိုင်မည့် သိပ္ပံစမ်းသပ်ချက်များ၊ ထျန်းကုန်းအာကာသစခန်းကို အာကာသ အတွင်းလွင့်မျောနေသည့်အမှိုက်သရိုက်များ၏ ထိခိုက်မှုအန္တရာယ်များမှကာကွယ်ပေးနိုင်မည့်စနစ်များကို တပ်ဆင်စမ်းသပ်မှုများလုပ်ဆောင်သွားမည်ဖြစ်သည်။

Shenzhou-20 အာကာသယာဉ်ကို Long March 2F ဒုံးပျံပေါ်တွင်တင်ဆောင်၍ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ် တွင်လွှတ်တင်လိုက်ခြင်းဖြစ်သည်။ ၅ နာရီ ၃၆ မိနစ်တွင်မူ အာကာသယာဉ်သည် ပတ်လမ်းအတွင်းသို့အောင်မြင်စွာဝင်ရောက်သွားကြောင်းသိရသည်။      

Ref: SCMP

Source: https://myawady.net.mm/

Meta ၏ဉာဏ်ရည်တုသည် လူကဲ့သို့မြင်နိုင်၊ ဆင်ခြင်နိုင်၊ ပူးပေါင်းနိုင်ပြီ

Meta ၏ FAIR အဖွဲ့သည် စက်ရုပ်၏မြင်သိနားလည်မှုနှင့် ဉာဏ်ရည်ကို တော်လှန်ရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်တီထွင်ထားသော အစဉ်အလာမှ ဖေါက်ထွက်သော ကိရိယာငါးခုကို ထုတ်ဖော်ပြသခဲ့သည်။ ဤကိရိယာများသည် ပိုမိုပြတ်သားသောအမြင်၊ လေးနက်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် လူမှုဆက်ဆံရေးအသိအမြင်ကို မြှင့်တင်ပေးပါသည်။

စက်ရုပ်များသည် သဘာဝဘာသာစကားကို အသုံးပြု၍ အရာဝတ္တုများကို မှတ်သားရှာဖွေဖော်ထုတ်နိုင်သည်၊ လူသားများနှင့် ထိထိရောက်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်သည်၊ ကိုယ်တိုင်လည်း လွတ်လပ်စွာ လေ့လာသင်ယူနိုင်ပြီဖြစ်သည်။ ၎င်းသည် ပိုမိုထက်မြက်သော AI သက်သက်မျှသာ မဟုတ်ပါ။ ဉာဏ်ရည်တု AI သည် အာရုံဖြင့်သိနိုင်စွမ်းရှိသည်၊ တွေးခေါ်နိုင်စွမ်းရှိသည်၊ ညှိနှိုင်းနိုင်စွမ်းရှိသော မိတ်ဖက်တစ်ဦးကဲ့သို့လည်း ဖြစ်လာပါသည်။

Source: Popular Myanmar

ဂါဇာကမ်းမြောင်၌ ကျောက်ကပ်ဝေဒနာရှင် ၄၀၀ ကျော်သေဆုံး

ဂါဇာ   ဧပြီ ၂၃

၂၀၂၃ ခုနှစ်‌ အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမားစ် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ကာ ကုသခံယူမှုနှင့် အရေးတကြီးလိုအပ်သော ဆေးဝါးပြတ်တောက်မှုကြောင့် ကျောက်ကပ်ရောဂါခံစားနေရသည့် လူနာ ၄၀၀ ကျော် သေဆုံးမှုဖြစ်ပွားကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင် ပြောသည်။

သေဆုံးသူများသည် ဂါဇာကမ်းမြောင်ရှိ ကျောက်ကပ်ဝေဒနာရှင် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ဂါဇာရှိ အယ်ရှီဖာဆေးရုံ၌ တာဝန်ရှိသူများက သတင်းထောက်များကိုပြောသည်။ ဆက်လက်ဖြစ်ပွားနေသော အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ဆေးဝါးထောက်ပံ့မှု ဆိုးရွားစွာ ပြတ်တောက်မှုများအောက် ကျန်းမာရေးစနစ် ဆက်လက်ပြိုလဲနေသည့်အတွက် မတ်လနောက်ပိုင်း ကျောက်ကပ်ဆေးကြောရန် လိုအပ်သည့် လူနာ ၁၁ ဦးခန့် သေဆုံးခဲ့ရကြောင်း သိရသည်။

အယ်ရှီဖာဆေးရုံရှိ ကျောက်ကပ်ဌာနအကြီးအကဲ အဗ္ဗဒူလာအယ်ကီရှာဝီက ပဋိပက္ခမဖြစ်ပွားမီ ကျောက်ကပ်ဝေဒနာရှင် ၁၁၀၀ ခန့်မှာ ကျောက်ကပ်ဆေးကြောမှု ခံယူခဲ့ရကြောင်းနှင့် ၎င်းတို့အထဲမှ ၄၁၆ ဦးမှာ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Source: မြန်မာ့အလင်းသတင်းစာ

Oppo K13

Oppo ကုမ္ပဏီက K13 မော်ဒယ်မြင့် ဖုန်းကိုမိတ်ဆက်ခြင်းအားဖြင့် K series စမတ်ဖုန်းတွေထုတ်လုပ်မှုကို တိုးချဲ့လိုက်ပါပြီ။ အခုမိတ်ဆက်လိုက်တဲ့ K13 ဖုန်းမှာ အထူးခြားဆုံးက သူ့ရဲ့ဘက်ထရီပါ။

ဘက်ထရီပမာဏကို ၇၀၀၀ အားထည့် သွင်းပေးထားပြီးတော့ ဒီလောက်များတဲ့ ဘက်ထရီအားအတွက် အားအဝင်မြန်စေဖို့ကို ဝပ်အား ၈၀ အားသွင်းစနစ်ကိုအသုံးပြုထားပါတယ်။ ဒီအတွက်ကြောင့် ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းမယ်ဆိုရင် အချိန်အားဖြင့် ၅၆ မိနစ်ပဲကြာမယ် လို့ဆိုပါတယ်။

စက်လည်ပတ်မှုအတွက် Snapdragon 6th Generation ကို RAM 8 GB နဲ့တွဲပြီး အသုံးပြုပေးထားတာပါ။ သိုလှောင်မှုစနစ်အတွက်ကိုတော့ 128 GB နဲ့ 256 GB ဆိုပြီးရွေးချယ်စရာ နှစ်မျိုးပေးထားပါတယ်။ ဒါ့အပြင် စက်လည်ပတ်မှုစနစ်ကိုအပ်ဒိတ် ဖြစ်စေဖို့ နှစ်နှစ်အထိ အာမခံချက်ပေးထားပြီး လုံခြုံရေးပိုင်းနဲ့ပတ်သက်ရင်လည်း သုံးနှစ်အထိ အာမခံချက်ပေးထားပါတယ်။

မျက်နှာပြင်အတွက်ဆိုရင် ၆ ဒသမ ၆၇ လက်မရှိတဲ့ FullHD+ 120Hz AMOLED display ကို ရှေ့ကင်မရာ 16 MP၊ နောက် ကင်မရာ 50 MP တို့နဲ့ တွဲဖက်ပေးထားတာဖြစ်ပါတယ်။  

Source: https://myawady.net.mm/

နည်းပညာသတင်း

ဟွားဝေ-ချယ်ရီပူးပေါင်းမှုနဲ့ ၁၆၂၇ ကီလိုမီတာ ခရီးသွားနိုင်မယ့် Luxeed R7

တရုတ်နိုင်ငံရဲ့ နည်းပညာဂုရုကြီးဖြစ်တဲ့ ဟွားဝေကုမ္ပဏီနဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ချယ်ရီတို့က Luxceed ဆိုတဲ့ သူတို့ရဲ့လျှပ်စစ်ကား အမျိုးအစားထဲမှာ R7 ဆိုတဲ့မော်ဒယ်အသစ်ကို ထပ်မံထည့်သွင်းလိုက်ပါပြီ။

Max နဲ့ Ultra ဆိုပြီး အမျိုးအစားနှစ်မျိုးနဲ့ ထွက်ပေါ်လာမယ့် Luxeed R7 က အသုံးပြုသူများကို အလွန်ဝေးကွာတဲ့ခရီး တစ်ခုဆီခေါ်ဆောင်သွားနိုင်စေဖို့ ကတိပြုမှုနဲ့အညီ ထုတ်လုပ်ထားတဲ့ ကားပါ။

Luxceed အမျိုးအစားကားတွေက လျှပ်စစ်ကားတွေဖြစ်ပေမယ့် R7 ကတော့ အင်ဂျင်နဲ့လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ကားတစ်စီးပါ။ အမျိုးအစားနှစ်မျိုးစလုံးမှာ ၆၇ လီတာဆန့်တဲ့ ဆီတိုင်ကီနဲ့ အတူ ၁ ဒသမ ၅ လီတာအင်ဂျင်ကို ၅၃ ဒသမ ၄ ကီလို ဝပ်နာရီရှိတဲ့ ဘက်ထရီနဲ့ ပေါင်းစပ်ပေးထားတာကြောင့် ၁၆၂၇ ကီလိုမီတာအထိ ခရီးပေါက်စေမှာဖြစ်ပါတယ်။

တရုတ်၏ Tiangong အာကာသစခန်းသို့ ပါကစ္စတန်မှ ပထမဆုံး အာကာသယာဉ်မှူး စေလွှတ်မည်

ပါကစ္စတန်နိုင်ငံမှ အာကာသယာဉ်မှူးတစ်ဦးသည် ၂၀၂၅ ခုနှစ်အတွင်း တရုတ်၏ Tiangong အာကာသစခန်း (Chinese Space Station) သို့ ခရီးစဉ်စေလွှတ်မည်ဖြစ်ပြီး ပထမဆုံးနိုင်ငံခြားသား အာကာသယာဉ်မှူးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ပါကစ္စတန် အာကာသနှင့် နည်းပညာပူးပေါင်းရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ပါကစ္စတန်အား အာကာသစူးစမ်းလေ့လာရေးနယ်ပယ်တွင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိစေရန် ရည်ရွယ်သည်။

ပါကစ္စတန်အာကာသယာဉ်မှူး၏ အမည်နှင့် လွှတ်တင်မည့်ရက်စွဲကို ယခုအချိန်တွင် ကြေညာထားခြင်းမရှိသေးသော်လည်း ၂၀၂၅ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ဖြစ်နိုင်သည်ဟု ခန့်မှန်းရသည်။

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်း (“ကောင်းကင် နန်းတော်”) ကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး နိုင်ငံတကာ အာကာသယာဉ်မှူးများအား ဖိတ်ခေါ်ရန် အဆိုပြုထားသည်။

ပါကစ္စတန်သည် တရုတ်၏ Belt and Road Initiative (BRI) တွင် အဓိကမိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး အာကာသပူးပေါင်းဆောင်ရွက်မှုများတွင်လည်း ပါဝင်လျက်ရှိသည်။

ယခင်က NASA သို့မဟုတ် Roscosmos (ရုရှား) ၏ အာကာသ စခန်းများသို့သာ နိုင်ငံခြားသားများ သွားရောက်နိုင်ခဲ့သော်လည်း Tiangong စခန်းသည် တရုတ်၏ပထမဆုံးနိုင်ငံတကာဧည့်သည်ကို လက်ခံမည့် အခွင့်အရေး ဖြစ်သည်။

အဆိုပါခရီးစဉ်သည် တရုတ်၏အာကာသစွမ်းဆောင်ရည်ကို ကမ္ဘာ့အဆင့်တွင် အသိအမှတ်ပြုစေမည့် ခြေလှမ်းတစ်ခုဖြစ်သည်။

ပါကစ္စတန်အတွက် ၎င်း၏ အာကာသစူးစမ်းလေ့လာရေးအစီအစဉ် (SUPARCO) ကို အရှိန်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။ (မှတ်ချက် - Tiangong အာကာသစခန်းသည် အမေရိကန်၊ ရုရှား၊ ဥရောပ တို့၏ ISS (International Space Station) နှင့် နှိုင်းယှဉ်နိုင်သော တရုတ်၏ ကိုယ်ပိုင်အာကာသစခန်းဖြစ်သည်။)

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်းစားနေ

တရုတ်နိုင်ငံက  ရုရှားနိုင်ငံနှင့်ပူးတွဲတည်ဆောက်ရန် စီစဉ်နေသည့် အပြည်ပြည်ဆိုင်ရာ   လသုတေသနစခန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်စေရေးအတွက် လ ပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်လုံးကို တည်ဆောက်ရန် စဉ်းစားနေကြောင်း အရာရှိကြီးတစ်ဦး၏ ဧပြီလ ၂၃ ရက်တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများကို စေလွှတ်ပြီး လူနေထိုင်နိုင်သော အမြဲတမ်း အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။

မူလက လပေါ်တွင်လိုအပ်သောလျှပ်စစ်ဓာတ်အားများအတွက် အလွန်ကြီးမားသော ဆိုလာပြားများကို တပ်ဆင်အသုံးပြုသွားမည်ဟု တရုတ်နိုင်ငံကရည်ရွယ်ထားသည်။ ထိုအချိန်က လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားပေးရန် ရုရှားအစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှန်ဟိုင်းမြို့တွင်လုပ်ဆောင်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်သည့် အခမ်းအနားတစ်ခု၌ တရုတ်တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပိုင်ကျိုးယုကလပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်သွားမည်ဟု အတည်ပြုပြောခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင် အပြည်ပြည်ဆိုင်ရာလ သုတေသနစခန်း၌ လက်တွဲအလုပ်လုပ်ရန် နိုင်ငံပေါင်း ၅၀၊ သုတေသနအဖွဲ့ ၅၀၀ နှင့် ပြည်ပသုတေသီ ၅၀၀၀ တို့ကို တရုတ်အစိုးရက ဖိတ်ခေါ်သွားမည်ဖြစ်သည်။

Firefly EV

Nio ကုမ္ပဏီက Firefly EV ဆိုတဲ့ လျှပ် စစ်ကားအမျိုးအစား တစ်မျိုးကို ဖန်တီး ထုတ်လုပ်လိုက်ပါတယ်။ တန်ဖိုးအားဖြင့် ယူရို ၁၅၁၁၀ မှ ယူရို ၁၅၉၀၀ အထိရှိတဲ့ Firefly EV ကိုတော့ ဥရောပဈေးကွက် အတွက်သာ ရည်မှန်းထားတယ်လို့ Nio ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Nio က Firefly EV ကို Nio Day 2024 မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့တန်ဖိုးကို ယူရို ၁၈၇၇၀ လို့ သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေး နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာဖြစ်ပါတယ်။

Firefly EV ရဲ့ပုံစံကတော့ Nio ရဲ့သမားရိုးကျပုံစံကနေ ကွဲထွက်နေပြီး အမြင်မှာ စွဲမက်စေမယ့် ရှေ့မီးလုံးနဲ့နောက်မီးလုံး ဒီဇိုင်းတွေနဲ့ အလှဆင်ထားတာပါ။ အတွင်းပိုင်းမှာ ခေတ်မီနည်းပညာနဲ့ သက်သောင့်သက်သာရှိမှုတို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပြီး ခရီးအကွာအဝေး ၄၂၀ ကီလိုမီတာ အထိသွားနိုင်ပါတယ်။

Sealion 06

BYD ဆိုတာ လျှပ်စစ်ကားလောကမှာ ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ အလားတူပဲ သူ့ကုမ္ပဏီ ကထုတ်လုပ်တဲ့ Sealion ဆိုတာကလည်း နာမည်ကျော် လျှပ်စစ်ကားအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

အခု BYD က သူတို့ရဲ့နာမည်ကျော် Sealion လျှပ်စစ်ကား အမျိုးအစားထဲမှာ Sealion 06 ဆိုတဲ့ မော်ဒယ်တစ်မျိုးကို ထပ်မံ ထည့်သွင်းပေးလိုက်ပါပြီ။ ဒီမော်ဒယ်မှာတော့ အရင်လိုမျိုးလျှပ်စစ်ကား စွမ်းအင်သက်သက်ကိုသာ အသုံးပြုထားတဲ့မော်ဒယ်တစ်မျိုးတည်း မဟုတ်ဘဲ လျှပ်စစ်မော်တာနဲ့ အတွင်းလောင်အင်ဂျင်ကို ပေါင်းစပ်အသုံးပြုထားတဲ့ မော်ဒယ်ကိုပါ  ထုတ်ဖော်ပြသလိုက်တာပါ။

အမြန်နှုန်းအနေနဲ့  လျှပ်စစ်စွမ်းအင် သီးသန့်သုံးကားက တစ်နာရီမှာ ၁၈၅ ကီလိုမီတာနှုန်းနဲ့သွားနိုင်ပြီး စွမ်းအင်နှစ်မျိုးစပ်သုံးကားက ကီလိုမီတာ ၁၈၀ နှုန်းနဲ့သွားနိုင်မှာဖြစ်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

iPhone 17 Pro

အပ်ပဲကုမ္ပဏီက ဒီနှစ်ထဲမှာ iPhone 17 ကို ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ သူတို့က တစ်နှစ်ကိုထင်ရှားတဲ့ အရောင်တစ်မျိုးနဲ့ ဖုန်းတွေကိုထုတ်လုပ်လေ့ရှိတာပါ။ ဒီနှစ်မှာတော့ အပ်ပဲက iPhone 17 Pro ကိုမိုးပြာရောင်အရောင်နဲ့ ထွက်ပေါ်လာမယ်လို့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းကို ထုတ်ပြန်လိုက်တာက Majin Bu ဆိုတဲ့ဝက်ဆိုက်ပါ။ သူတို့က အပ်ပဲထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ထုတ်ပြန်လေ့ရှိပါတယ်။၊

အခုသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာက iPhone 17 Pro နဲ့ Pro Max တို့အတွက် ထင်ရှားတဲ့အရောင်က M4 MacBook Air အရောင်နဲ့ ဖြစ်လာမယ်လို့ဆိုပါတယ်။ အပ်ပဲက M4 MacBook Air ကို ပြီးခဲ့တဲ့လကမှ   ထုတ်လုပ်လိုက်တာပါ။

ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်က မှန်ကန်ကြောင်း သက်သေပြနိုင်တဲ့အချက်တစ်ချက်က အပ်ပဲအနေနဲ့ iPhone 17 Pro ကို ရှေ့ပြေးပုံစံတွေ ထုတ်လုပ်နေပြီ လို့ အတွင်းသတင်းတွေက ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အပ်ပဲက သူတို့ရဲ့ဖုန်းတွေကိုအပြာနုရောင်နဲ့ မထုတ်လုပ်တာကြာပါပြီ။ ၂၀၂၁ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်တုန်းက အပ်ပဲရဲ့ iPhone 13 Pro တွေကို Sierra Blue လို့ခေါ်တဲ့ အပြာနုရောင်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီအရောင်ကို အသုံးမပြုခဲ့ဘဲ အခုမှပဲ မိုးပြာရောင်နဲ့ ဖုန်းထုတ်လုပ်ဖို့  လုပ်လာတာဖြစ်ပါတယ်။   