သတင်းများ

ဝါရှင်တန်က အာဖရိကနိုင်ငံတစ်ခုနှင့် “ရှားပါးသတ္တု” သဘောတူညီချက်ကို စဉ်းစားနေ

အမေရိကန်သည် ဒီမိုကရက်တစ် ရီပတ်ဘလစ်ကွန်ဂို (DRC) နှင့် ၎င်း၏ သဘာဝအရင်းအမြစ်များကို အသုံးပြုခွင့်ရရှိနိုင်ရေး အမေရိကန်၏ လုံခြုံရေးအကူအညီပေးမှုနှင့် လဲလှယ်ရန် သဘောတူညီချက်တစ်ခုကို လုပ်ဆောင်နိုင်ရန်ကြိုးပမ်းနေကြောင်း Financial Times က သတင်း ထုတ်ပြန်ခဲ့သည်။

သယံဇာတကြွယ်ဝသော နိုင်ငံ၏အရှေ့ပိုင်းပြည်နယ်များတွင် ဇန်နဝါရီ လက ပဋိပက္ခ မြင့်တက်လာခဲ့ပြီး M23 သူပုန်များက အဓိကမြို့များစွာကို သိမ်းပိုက်ခဲ့သည်။ လွန်ခဲ့သည့်လအတွင်း ပဋိပက္ခကြောင့် သေဆုံးသူ ၇,၀၀၀ ရှိမည်ဟု ဝန်ကြီးချုပ် Judith Suminwa က ခန့်မှန်းခဲ့သည်။

DRC က အိမ်နီးချင်းနိုင်ငံ ရဝမ်ဒါသည် သူပုန်များကို ထောက်ခံသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပြီး အနောက်နိုင်ငံများကလည်း အဆိုပါစွပ်စွဲချက် ကို ထောက်ခံခဲ့သည်။ ရဝမ်ဒါကမူ အဆိုပါစွပ်စွဲချက်များကို မပြတ်မသား ငြင်းဆိုခဲ့သည်။

မတ်လ ၈ ရက်(စနေ)နေ့တွင် FT က ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကား၍ အမေရိကန်-DRC ဆွေးနွေးပွဲများသည် ကောင်းမွန်သည့်ရလဒ်များသို့ဦးတည်နေပြီး နောက်ထပ်အဆင့်များကို ကျော်ဖြတ်နိုင်မည် ဟု ယူဆရသည်ဟု ဆိုသည်။ 

DRC သမ္မတ Felix Tshisekedi ၏ ပြောရေးဆိုခွင့်ရှိသူ Tina Salama က သတ္ထုတွင်းထွက်များကို အမေရိကန်နှင့်တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်လိုကြောင်းနှင့် ရဝမ်ဒါသို့တရားမဝင်လမ်းကြောင်းများမှသယ်ဆောင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချနေမှုများအတွက် နိုင်ငံအနေဖြင့် များစွာ နစ်နာလျက်ရှိနေကြောင်း X တွင်ဖော်ပြခဲ့သည်။

DRC ဆီနိတ်လွှတ်တော်အမတ် Pierre Kanda Kalambayi က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံ စာတစ်စောင် ပေးပို့ ခဲ့ရာ၌ အမေရိကန်သည် DRC နှင့် ရေရှည်မိတ်ဖက်ဖွဲ့ရန် အကောင်းဆုံး အခြေအနေတွင်ရှိနေပြီး DRC ၌ အဓိကသတ္တုများ၏ မထုတ်ယူရသေးသော သိုလှောင်မှုတန်ဖိုး ဒေါ်လာ ၂၄ ထရီလီယံကျော် ပိုင်ဆိုင်ထား ပါသည်ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကို ထိခိုက်စေသော လေ အရည်အသွေး အဆင့် ၁၃ ရက် ဖြစ်ပေါ်ခဲ့

ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကိုထိခိုက်စေသော လေအရည်အသွေး အဆင့် ၁၃ ရက်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရန်ကုန်(ကမ္ဘာအေး)ရုံး၌ ဂျပန်နိုင်ငံ Asia Center for Air Pollution Research (ACAP) Clean Air Asia တို့၏ ကူညီထောက်ပံ့မှုဖြင့်လေထုအတွင်း (2.5μg) အောက် သေးငယ်သော အမှုန်အမွှားများ ပါဝင်မှုကို တိုင်းတာနိုင်သည့် အလိုအလျောက် PM2.5 Monitor စက် တပ်ဆင်၍ လေအရည်အသွေး PM2.5 စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းကို ၂၆-၃-၂၀၁၈ ရက်နေ့မှစ၍ ၂၄ နာရီ စောင့်ကြည့်တိုင်းတာလျက် ရှိကြောင်း သိရသည်။

ရန်ကုန် ကမ္ဘာအေးရုံး၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက် နေ့အထိတိုင်းတာရရှိခဲ့သည့် PM2.5 တန်ဖိုးများကို လေအရည်အသွေး အညွှန်းကိန်း Air Quality Index – AQI and Health Concerns သတ်မှတ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဖေဖော်ဝါရီလ ၁၁၊ ၂၀၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့တို့ သည် AQI Range 51-100 အတွင်းတွင်ရှိသောကြောင့် အသင့်အတင့်အဆင့် (Moderate) ဖြစ်ကြောင်း သိရသည်။

၁၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၆ ရက်နေ့ နှင့်၁၉ ရက်နေ့တို့သည် AQI Range 101-150 အတွင်းတွင်ရှိသောကြောင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများ အတွက် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်နှင့် ကျန်ရက်များသည်Range 151-200 အတွင်းတွင်ရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်ဖြစ်ကြောင်းသိရသည်။

တိုင်းတာရရှိခဲ့သည့် မှတ်တမ်းများအရ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)ရုံး၏ လေအရည်အသွေးမှာ ဖေဖော်ဝါရီလအတွင်းတွင် အသင့်အတင့်အဆင့်၌ ၆ ရက်၊ ခံနိုင်ရည် နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးကိုထိခိုက်စေသော အဆင့် ၉ ရက်နှင့် ကျန်းမာရေးကိုထိခိုက်စေသော အဆင့်၌ ၁၃ရက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရသည်။

ကိုးကား-NP News

အီတလီ နှင့် တူရကီကာကွယ်ရေးကုမ္ပဏီတို့က ဒရုန်းလုပ်ငန်းတစ်ခုကို ပူးတွဲထူထောင်

ကာကွယ်ရေးကုမ္ပဏီများသည် ဥရောပ စစ်အသုံးစရိတ် မြင့်တက်လာမှု ကို တုံ့ပြန်ရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းမှုများ လုပ်ဆောင်နေချိန် တွင် အီတလီအခြေစိုက် Leonardo ကာကွယ်ရေးကုမ္ပဏီနှင့် တူရကီ အခြေစိုက် Baykar ကာကွယ်ရေးကုမ္ပဏီတို့သည် ဒရုန်းများ ထုတ်လုပ်ရန် အတွက် ပူးတွဲလုပ်ငန်းတစ်ခုကို ထူထောင်လိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါသဘောတူညီချက်သည် ဒရုန်းစက်မှုလုပ်ငန်းတွင် ဥရောပ၏ အားနည်းချက်များကို ဖြေရှင်းရန်ရည်ရွယ်ထားပြီး ကုမ္ပဏီနှစ်ခုသည် လာမည့် (၁၀) နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၁၀ဝ) ဘီလီယံခန့်ရှိမည့် ဒရုန်း ထုတ်လုပ်မှုများနှင့်အတူ ဥရောပ ဒရုန်းဈေးကွက်ကို အခွင့်ကောင်းယူမည်ဖြစ်ကြောင်း သိရသည်။

Leonardo ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရောဘတ်တိုဆင်ဂိုလာနီက “ဥရောပမှာ မောင်းသူမဲ့ နည်းပညာနှင့်ပတ်သက်ပြီး ကွာဟချက်များ ရှိကြောင်း၊ ယင်းကွာဟချက်များက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အာမခံချက် က အခြေခံကျသည့် အချက်တစ်ခုပဲဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် လာမည့် အနာဂတ်တွင် ဒရုန်းများ အတွက်အဓိကကျသော အခန်းကဏ္ဍတစ်ခုကိုပေးဆောင်မည်ဖြစ်ပြီးလေကြောင်းဆိုင်ရာ လွှမ်းမိုးမှုကို တည်ဆောက်ရန်အတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်၏ သားမက်ဖြစ်သူ Baykar ကုမ္ပဏီ၏ဥက္ကဋ္ဌ Selcuk Bayraktar က ပြောကြားခဲ့သည်။

အီတလီတွင် အခြေစိုက်မည့် အဆိုပါပူးတွဲလုပ်ငန်းသည် ဒရုန်းများ ထုတ်လုပ်ရန်အတွက် ကုမ္ပဏီနှစ်ခုစလုံး၏ ရှိပြီးသား အဆောက်အအုံ များကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့သည် ဒရုန်းများထုတ်လုပ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အမျိုးသား စစ်တပ် များနှင့် ဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရောဘတ်တို ဆင်ဂိုလာနီနှင့် Selcuk Bayraktar တို့က ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် Baykar ကုမ္ပဏီက အချိန်များစွာယူကာ စီစဉ် နေခဲ့သော အရာတစ်ခုဖြစ်ပြီး ဥရောပတွင် ၎င်းတို့အတွက် ခိုင်မာ အားကောင်းသော အနေအထားတစ်ခုကို ပေးဆောင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန် ဂြိုဟ်တု ပုံရိပ်များ အသုံးပြုခွင့် ယူကရိန်းကို ဖြတ်တောက်

ယူကရိန်းသည် အမေရိကန် ဂြိုဟ်တုပုံရိပ်များ အသုံးပြုခွင့်ကို ဆုံးရှုံးသွားပြီ ဖြစ်ပါသည်။ အမေရိကန်အခြေစိုက် အာကာသနည်းပညာ ကုမ္ပဏီ Maxar ကယူကရိန်းအား ဝန်ဆောင်မှုပေးထားသော အသုံးပြုခွင့် ကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းဌာနတစ်ခုက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

Maxar ၏ ဆုံးဖြတ်ချက်မှာ အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေး အကူအညီနှင့် စစ်ဘက်ထောက်လှမ်းရေးမျှဝေရေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းသတင်းဌာန Militarnyi မှ အမည်မဖော်လိုသူ Maxar အသုံးပြုသူအချို့က ၎င်းတို့၏ ဝန်ဆောင်မှုအသုံးပြုခွင့် ပယ်ချခံရကြောင်း အတည်ပြုပြောကြားထားကြသည်။

Maxar ကုမ္ပဏီသည် အဆိုပါ ကန့်သတ်မှုကို “အမေရိကန်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တစ်ခုအရ မဖြစ်မနေ ပြုလုပ်လိုက်ရခြင်းဖြစ်သည်” ဟု ရှင်းလင်းဖော်ပြထားပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မေ ၉ ရက် Victory Day စစ်ရေးပြအခမ်းအနား ဆားဘီးယားတပ်ဖွဲ့ ပါဝင်မည်

လာမည့် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက် ပြည်ထောင်စု၏ အောင်ပွဲနေ့ (Victory Day) နှစ် ၈၀ ပြည့် အခမ်းအနား၏ စစ်ရေးပြပွဲတွင် ဆားဘီးယားနိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်စန္ဒာ ဗူချစ်ချ်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ဖုန်းဖြင့် ဆက်သွယ်ပြီးနောက် ရုရှားသမ္မတရုံး က ထုတ်ပြန်ကြေညာလိုက်ပါသည်။

ဆားဘီးယား၏ ထိုဆုံးဖြတ်ချက်မှာ အနောက်နိုင်ငံများက ရုရှားမှ ဝေးကွာစေရန် ဖိအားပေးသော်လည်း သမ္မတဗူချစ်ချ်က ရုရှားနှင့် စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားလိုသည့် သဘောကို ပြသလိုက်ခြင်း ဖြစ်ပါသည်။

ယခုလုပ်ရပ်ကြောင့် ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ၏ ဝေဖန်မှုကို ရင်ဆိုင်ကြုံတွေ့နိုင်သော်လည်း ဆားဘီးယားသည် ၎င်း၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လိုက်နာသည့်အနေဖြင့် အရှေ့ဘက်နှင့် အနောက်ဘက်တို့ကြား ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း ဖြစ်သလို ရုရှား၏ ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့မှုကို လေးစားမှုပြုသည့် သင်္ကေတတစ်ခုအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပြီး ရုရှားနှင့် ဆက်ဆံရေးကို ထပ်မံ၍ ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တံတားဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

တံတားဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖေဖော်ဝါရီ ၅ ရက်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးခရိုင်တွင် တံတားဦး စာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ် ဌာနဟူ၍ သုံးခုရှိပါကြောင်း တံတားဦး စာစစ်ဌာန၌ (STEAMS - 1)  တွင် မြန်မာ ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ ဘာသာတို့၌ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၉၇)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၈၁)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦး ၊ တံတားဦးစာစစ်ဌာန ၌ (STEAMS - 2)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ၊ ဘောဂဘာသာတွင်   ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၅)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၈၆)ဦး ၊ ငါန်းဇွန်စာစစ်ဌာန တွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၉)ဦး ၊ တံတားဦး စာစစ်ဌာန၌ (STAMS - 1)  တွင် မြန်မာ၊အင်္ဂလိပ်၊ သင်္ချာ ၊ ပထဝီဝင် ၊ သမိုင်း ၊ ဘောဂဘာသာတွင်  ၊ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၈)ဦး ၊ ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၃၀)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၉)ဦး ရှိပါကြောင်း ၊ တံတားဦးခရိုင် အနေဖြင့် စာစစ်ဌာနသုံးခုတွင် (STEAMS - 1) ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၈၈)ဦး၊ (STEAMS - 2)  ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၄၀)ဦး၊ (STAMS - 1)  ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၆၇)ဦး၊ ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ဦးရဲတင့် ( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko က ဂုဏ်ပြုကြိုဆို တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၇

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

 ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

သီးသန့်တွေ့ဆုံဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတက ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအဆွေတော်၏ ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် လုပ်ငန်းများ အောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ မိမိတို့နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

အကျိုးဖြစ်ထွန်းမှုများ

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်မှာ ယခုအခါ ဒုတိယကြိမ် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မျက်မြင်တွေ့မြင်ရပါကြောင်း၊ မိမိအားယခုကဲ့သို့ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတွင် အနိုင်ရရှိခဲ့မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် ယခင်လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုများနှင့် တိုးတက်မှုများကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မိမိဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့မှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်‌ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ သံစုံတီးဝိုင်းက နှစ်နိုင်ငံတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI

နိုင်ငံအတွင်း မြေရှားသတ္တု တူးဖော်ရေး ပိုမိုအားစိုက်ကြရန် ဘယ်လာရုစ် သမ္မတ မှာကြား

ဘယ်လာရုစ်နိုင်ငံတွင် မြေရှားသတ္တုရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ဆောင်ကြရန် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက် ဆန်းဒါး လူကာရှန်ကိုသည် မတ်လ ၄ ရက်က အသစ်ခန့်အပ်လိုက်သည့် ဒုတိယဝန်ကြီးချုပ် Yuri Shuleiko ဦးဆောင်သော အစိုးရအဖွဲ့သစ်နှင့် တွေ့ဆုံချိန်၌ မှာကြားလိုက်ပါသည်။

မြေရှားသတ္တုသည် ယနေ့အခါ ကမ္ဘာပေါ်တွင် အရေးအပါဆုံး ခေါင်းစဉ်တစ်ခုဖြစ်လာကြောင်း ၊ မိမိတို့နိုင်ငံတွင် မြေရှားသတ္တုများ ရှိနေသည်ဟု ပြောပြနေကြပါကြောင်း၊ ဘယ်လာရုစ်အနေဖြင့် ဓာတုဗေဒ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့်တို့အပါအဝင် အခြား သယံဇာတများကိုလည်း လေ့လာရှာဖွေတူးဖော်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ထိုတာဝန်ကို သက်ဆိုင်ရာဝန်ကြီးထံ တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း လူကာရှန်ကို က ပြောထားပါသည်။

ထို့ပြင် မိမိတို့နိုင်ငံတွင် ဘူမိဗေဒဆိုင်ရာ တူးဖော်ရေး ခေတ်မမီတော့သည်ကို တွေ့ရှိရပါကြောင်း၊ ဒေသခံကျွမ်းကျင်သူများအနေဖြင့် ထိုကိစ္စကို မေ့လျောနေကြကြောင်း၊ ယခုအစိုးရသစ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးနှင့်ပူးပေါင်း၍ မြေရှားသတ္တုတူးဖော်ရေးကို ပိုမိုလုပ်ဆောင်ကြရန် ဖြစ်ကြောင်း ဘယ်လာရုစ်ခေါင်းဆောင်က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- BelTA (ဘယ်လာရုစ်)

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် မတ် ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဒုတိယဝန်ကြီးများ၊ စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ စိန့်ပီတာစဘတ်မြို့တွင် သွားရောက်ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒားဘယ်ဂ်လော့တို့က ကောင်စစ်ဝန်ချုပ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလွန်ဝေးကွာသော်လည်း နှစ်နိုင်ငံပြည်သူများနှင့် နှလုံးသားချင်းနီးကပ်နေသောကြောင့် သံတမန်ဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက် ရင်းနှီးချစ်ကြည်သည့်ဆက်ဆံရေးကောင်းကို ထူထောင်ထားနိုင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အချက်အခြာကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ၂ ခုကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရုရှားနိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီသိပ္ပံနှင့် နည်းပညာထွန်းကားတိုးတက်နေသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မိမိတို့နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ပိုမိုဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒားဘယ်ဂ်လော့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရုရှား-မြန်မာဆက်ဆံရေးများ ကောင်းမွန်လျက်ရှိခြင်းကြောင့် မိမိတို့ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်စစ်ဝန်ချုပ်ရုံးအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ကောင်စစ်ဝန်ချုပ်ရုံးသည် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်သဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူးတို့အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံမှ အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့နှင့် မတ်လ ၅ ရက်နေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်များအား စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးက စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေခဲ့သည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။