တံတားဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

News Image

  • တံတားဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

တံတားဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖေဖော်ဝါရီ ၅ ရက်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးခရိုင်တွင် တံတားဦး စာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ် ဌာနဟူ၍ သုံးခုရှိပါကြောင်း တံတားဦး စာစစ်ဌာန၌ (STEAMS - 1)  တွင် မြန်မာ ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ ဘာသာတို့၌ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၉၇)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၈၁)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦး ၊ တံတားဦးစာစစ်ဌာန ၌ (STEAMS - 2)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ၊ ဘောဂဘာသာတွင်   ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၅)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၈၆)ဦး ၊ ငါန်းဇွန်စာစစ်ဌာန တွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၉)ဦး ၊ တံတားဦး စာစစ်ဌာန၌ (STAMS - 1)  တွင် မြန်မာ၊အင်္ဂလိပ်၊ သင်္ချာ ၊ ပထဝီဝင် ၊ သမိုင်း ၊ ဘောဂဘာသာတွင်  ၊ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၈)ဦး ၊ ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၃၀)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၉)ဦး ရှိပါကြောင်း ၊ တံတားဦးခရိုင် အနေဖြင့် စာစစ်ဌာနသုံးခုတွင် (STEAMS - 1) ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၈၈)ဦး၊ (STEAMS - 2)  ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၄၀)ဦး၊ (STAMS - 1)  ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၆၇)ဦး၊ ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ဦးရဲတင့် ( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅