သတင်းများ

ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် အိမ်ထောင်သည်စုံတွဲတစ်တွဲက တက္ကသိုလ်နှင့်ဌာနမှူးကို တရားစွဲဆို

ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် အိမ်ထောင်သည်စုံတွဲတစ်တွဲက အိမ်ထောင်သည်များကို ခန့်ထားခြင်းမရှိဟူသော စည်းမျဉ်းကိုကန့်ကွက်ပြီး တက္ကသိုလ်နှင့်ဌာနမှူးကို တရားစွဲဆိုခဲ့ကြောင်း တရားရုံးက မတ်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းစုံတွဲသည် အိမ်ထောင်ပြုပြီးနောက် ခင်ပွန်းသည်ကိုသာ တက္ကသိုလ်၌ ဆက်လက် ထမ်းဆောင် ခွင့်ပြုခဲ့သည်ဟု သတင်းများအရသိရသည်။

ခင်ပွန်းသည် သည် ဥပဒေပါမောက္ခဖြစ်ပြီး ဇူလိုင်လတွင် ၎င်းတို့ အိမ်ထောင် ပြုချိန်၌ တောင်ပိုင်းဂျပန်ရှိ Miyazaki Sangyo-keiei တက္ကသိုလ်မှ ဌာနမှူးအား အသိပေးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြ ခဲ့သည်။

သို့သော် ဌာနမှူးက အမျိုးသမီး၏အလုပ်စာချုပ်ကို မတ်လကုန်တွင် ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့သည်ဟု စုံတွဲ၏ ရှေ့နေ၏ပြောဆိုမှုကို ကိုးကားပြီး Asahi media က ဖော်ပြခဲ့သည်။

အဆိုပါတက္ကသိုလ်သည် သေးငယ်သောအဖွဲ့အစည်းဖြစ်သည့်အတွက် အိမ်ထောင်စုံတွဲနှစ်ဦးကို အလုပ်မခန့်ထားရန် တရားဝင်ထုတ်ပြန် မထားသော စည်းမျဉ်းရှိကြောင်း NHK ရုပ်သံကပြောကြားခဲ့သည်။

Miyazaki ခရိုင်တရားရုံးက လွန်ခဲ့သောလတွင် တက္ကသိုလ်နှင့်ဌာနမှူးကို တရားစွဲဆိုမှုတင်သွင်းခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဒေသတွင်း သတင်းဌာနများ၏အဆိုအရ စုံတွဲသည် တက္ကသိုလ်၏ ဥပဒေ ဌာနတွင်အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန် အိမ်ထောင်ကွာရှင်းရန်ပင် ရွေးချယ်ခဲ့ကြသည်။

ထိုအချိန်တွင်ပင် အမျိုးသားကို တွဲဘက်ပါမောက္ခအဖြစ် ရာထူးလျှော့ချခံခဲ့ရပြီး အမျိုးသမီးမှာ လက်ထောက်ပါမောက္ခအဖြစ်မှ စာရင်းကိုင်အဖြစ်သို့ ပြောင်းလဲခံခဲ့ရကာစုံတွဲသည် ၎င်းတို့၏ယခင်ရာထူးများကို ပြန်လည် ရရှိရန်တောင်းဆိုနေသည်။

“အမျိုးသမီးများ ပညာတတ်များပြားသော်လည်း ဂျပန်နိုင်ငံသည် ၂၀၂၄ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ ကျားမ ကွာဟမှု အစီရင်ခံစာတွင် ၁၄၆ နိုင်ငံအနက် ၁၁၈ နေရာတွင်သာရှိပြီး ဂျပန်စီးပွားရေးနှင့် နိုင်ငံရေးတွင် အမျိုးသမီးခေါင်းဆောင်များမှာ ရှားပါးနေဆဲဖြစ်သည်။”

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကြယ်အုပ်စုများနှင့် နေတို့မှ အချက်အလက်များကို စုဆောင်းရန်အတွက် ဒုံးပျံတစ်စင်းတည်းဖြင့် အာကာသမစ်ရှင်နှစ်ခုကို နာဆာနှင့် SpaceX ကုမ္ပဏီတို့က လွှတ်တင်

နာဆာနှင့် SpaceX  ကုမ္ပဏီတို့သည် ကြယ်အုပ်စုများနှင့် နေတို့မှ အချက်အလက်များကို    ရယူစုဆောင်းနိုင်ရန်အတွက်   လွှတ်တင်ရေးဒုံးပျံ တစ်စင်းတည်းဖြင့် အာကာသမစ်ရှင်နှစ်ခုကို လွှတ်တင်ခဲ့သည်။

အဆိုပါအာကာသမစ်ရှင်များကို SPHEREx နှင့် PUNCH ဟူ၍ အမည်ပေးထားပြီး ၎င်းတို့အား ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒါဘာ့ အာကာသလွှတ်တင်ရေးစခန်းမှ မတ်လ ၁၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် SpaceX Falcon 9 ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဒုံးပျံအားလွှတ်တင်ပြီးနောက်တွင် အာကာသလွှတ်တင်မှုအားလုံး အောင်မြင်ကြောင်း နာဆာအဖွဲ့က အတည်ပြုထားသည်။

SPHEREx မစ်ရှင်အနေဖြင့် ကြယ်အုပ်စုပေါင်း သန်း ၄၅၀ နှင့် ကြယ်အုပ်စုအတွင်းရှိ ကြယ်အလုံးပေါင်း သန်း ၁၀၀ ကျော်၏ အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်ပြီး PUNCH မစ်ရှင်အနေဖြင့်လည်း ဂြိုဟ်တုလေးစင်းကိုအသုံးပြု၍ နေနှင့် ၎င်း၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမည် ဖြစ်သည်။

အဆိုပါဂြိုဟ်တုများသည် ပတ်လမ်း၏ အောက်ဘက်မှနေ၍ လည်ပတ်ကာ 3D ပုံရိပ်များဆိုင်ရာ လေ့လာမှုများ လုပ်ဆောင်မည်ဖြစ်သည်။

Source: https://myawady.net.mm/

Volkswagen က စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မည်

မော်တော်ကား ထုတ်လုပ်မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen သည် လက်နက်နှင့် စစ်ဘက် ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း CEO Oliver Blume က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) က ၎င်း၏ ကာကွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၈၇၀ ဘီလီယံ အထိ သုံးစွဲရန် အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့ပြီးနောက် Oliver Blume က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Volkswagen သည် လွန်ခဲ့သည့်နှစ်က ရောင်းအားနှင့် အမြတ်ငွေများ ကျဆင်းခဲ့ပြီး ဂျာမနီနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စက်ရုံများ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းအင်အားအများအပြား လျှော့ချခြင်းများ ပြုလုပ်ရန် ဖိအားပေးခံခဲ့ရသည်။

၂၀၂၃ ခုနှစ်တွင် ဂျာမနီ၏ စီးပွားရေးကဏ္ဍတွင် စွမ်းဆောင်နိုင်မှု လျော့နည်း ခဲ့ပြီး ၀.၃% ကျဆင်းခဲ့ကာ ၂၀၂၄ ခုနှစ်တွင်လည်း စီးပွားရေးကျဆင်းမှုကို ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ ထိုစီးပွားရေးအကျပ်အတည်းသည် ယူကရိန်း နှင့်ဆက်စပ်သော ပိတ်ဆို့မှုများကြောင့် ရုရှား၏ စျေးနှုန်းချိုသာသော စွမ်းအင်ကိုဆုံးရှုံးခဲ့ရခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

Oliver Blume က မကြာသေးမီက ဂျာမန်အစိုးရပိုင် ရုပ်သံလိုင်း NDR သို့ ပြောကြားရာတွင် ကားထုတ်လုပ်ရေးလုပ်ငန်းသည် ကာကွယ်ရေးလုပ်ငန်း ၏ လိုအပ်ချက်များကို နီးကပ်စွာ လေ့လာနေသည်ဟု ဆိုသည်။

အလုံးစုံသော ရွေးချယ်စရာများကို စဉ်းစားထားကြောင်း၊ ၎င်းတွင် အချို့သော စက်ရုံများကို အရပ်ဘက်မှ စစ်ဘက်ထုတ်လုပ်မှုသို့ ပြောင်းလဲခြင်း လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါအကြံဉာဏ်ကို ဂျာမနီနိုင်ငံ၏ အကြီးဆုံးလက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ Rheinmetall က ထောက်ခံခဲ့ပြီး Rheinmetall ၏ CEO Armin Papperger က Osnabrueck ရှိ VW စက်ရုံသည် စစ်ဘက်ထုတ်လုပ်မှုသို့ ပြောင်းလဲရန် သင့်လျော်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဒူတာတေး အကျဉ်းချခံရသည့် ပထမဆုံးညသည် ICC အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်ခဲ့

ဖိလစ်ပိုင် သမ္မတဟောင်း Rodrigo Duterte အား မတ်လ ၁၂ ရက်နေ့က ခေါ်ဆောင်သွားစဉ် ICC ထောင်ဝန်းအပြင်ဘက်၌ ၎င်းကို ထောက်ခံသူများ က အမျိုးသား အလံများကို ဝှေ့ရမ်းကာ “သူ့ကို ပြန်ခေါ်လာပါ” ဟု အော်ဟစ်ခဲ့ကြသည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော Duterte သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC က စွပ်စွဲထားသည့် ၎င်း၏ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” အတွက် နောင်တမရရှိခဲ့ဟုဆိုသည်။

၎င်းသည် မြို့တော်ဝန် တာဝန်ထမ်းဆောင်စဉ်နှင့် နောက်ပိုင်းတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား နိုင်ငံအတွင်း ရာဇဝတ်မှုများ ကင်းစင်စေရေးအတွက် ပြတ်ပြတ်သာသား နှိမ်နင်းခဲ့သည်။

တရားဝင်စာရင်းအရ သေဆုံးသူဦးရေမှာ ၆,၀၀၀ ရှိသော်လည်း ၎င်းအား တိုက်ခိုက်လိုသူ လူ့အခွင့်အရေးသမားများက အမှန်တကယ် သေဆုံးသူ ဦးရေသည် သောင်းနှင့်ချီ၍ ရှိနိုင်သည်ဟု စွပ်စွဲကြသည်။

Duterte က မူးယစ်ဆေးဝါးရောင်းဝယ်သူများကို နိုင်ငံတွင်းရှိ လမ်းပေါ်မှ ရာဇဝတ်မှုများကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များက ၎င်း၏မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများတွင် မြို့ပြဆင်းရဲသားလူငယ်များကို ပစ်မှတ်ထားသည့် ရဲများ၏အလွဲသုံးစားမှုများ များပြားနေသည်ဟု စွပ်စွဲထားသည်။

Duterte သည် ICC မှ စွဲချက်တင်ခံရသည့် ပထမဆုံးသော အာရှ သမ္မတ ဟောင်းဖြစ်ပြီး သုံးနှစ်အတွင်း ပထမဆုံးသံသယရှိသူကိုThe Hague သို့ ခေါ်ဆောင်သွားခံရခြင်းဖြစ်သည်။

၎င်းရောက်ရှိလာခြင်းသည် ICC အတွက် အရေးကြီးသော အခိုက်အတန့် ဖြစ်ခဲ့သည်။

ကိုးကား-BBC

ဖခင်ဖြစ်သူ ဒူတာတေးကို ကူညီရန်အတွက် ဖိလစ်ပိုင်ဒုသမ္မတ နယ်သာလန်သို့ သွားရောက်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ၏ ဝရမ်းဖြင့် မနီလာတွင် ဖမ်းဆီးခံရပြီးနောက် သည်ဟိဂ့်သို့ ပါသွားသည့် ဖခင်ဖြစ်သူ ရိုဒရီဂို ဒူတာတေးကို ကူညီရန်အတွက် သမီးဖြစ်သူ ဖိလစ်ပိုင်ဒုသမ္မတ ဆာရာ ဒူတာတေးသည် နယ်သာလန်သို့ လိုက်သွားခဲ့သည်ဟု သိရသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် မနီလာလေဆိပ်တွင် မတ်လ ၁၁ ရက်(အင်္ဂါ)နေ့က ဖမ်းဆီးခံရပြီး ၎င်းအား နာရီပိုင်းအကြာတွင် သည်ဟိဂ့်သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးသည် မတ်လ ၁၃ ရက်(ဗုဒ္ဓဟူး)နေ့ နံနက်ပိုင်း လေယာဥ်ဖြင့် အမ်စတာဒမ်သို့ လိုက်ပါသွားခဲ့ကြောင်း သူမ၏ရုံးက ထုတ်ပြန်ခဲ့သည်။

ဒုသမ္မတ ဆာရာက သူမ၏ဖခင်သည် “ဖိနှိပ်မှုနှင့်ညှဉ်းပန်းနှိပ်စက်မှု” တို့ဖြင့် ဟိဂ့်သို့အတင်းအကျပ် ခေါ်ဆောင်သွားခြင်းခံရကြောင်း အစောပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ထိုသို့ပြုမူခြင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းဖြစ်ကာ နိုင်ငံ၏လွတ်လပ်ရေးကို ယုံကြည်သော ဖိလစ်ပိုင်ပြည်သူတိုင်းကို စော်ကားခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက သမ္မတဟောင်းအား ဖမ်းဆီးခြင်းနှင့် ICC သို့ လွှဲပြောင်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးရန် ၎င်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ခဲ့ပြီး နိုင်ငံတကာရဲဌာန “အင်တာပိုလ်၏ ကတိကဝတ်များကို လိုက်နာခြင်း” ဟု ပြောကြားခဲ့ကြောင်း Rappler သတင်းစာက ဖော်ပြသည်။

ဒူတာတေး၏ အငယ်ဆုံးသမီးဖြစ်သော ဗာရိုနီကာဒူတာတေးက ၎င်း၏ ဖခင်ကို ပြန်လည်ခေါ်ဆောင်ရန် အစိုးရအား အတင်းအကျပ် ဖိအားပေးရန်အတွက် တရားရုံးချုပ်ထံ အသနားခံစာတင်သွင်းရန် စီစဉ်နေကြောင်း ဒူတာတေး၏ ဥပဒေအကြံပေး အကြီးအကဲဟောင်း ဆယ်ဗေဒိုပန်နီလို ကပြောကြားခဲ့ပြီး ဒုသမ္မတ ဆာရာသည်လည်း နယ်သာလန်တွင် ဖခင်၏ တရားဝင်အဖွဲ့ကို ကူညီပေးရန်စီစဉ်နေကြောင်း Rappler သတင်းစာက ဖော်ပြခဲ့သည်။

ကိုးကား-MHT

ဂျပန်နိုင်ငံတွင် တရားမဝင် ဆိုက်ဘာကာစီနိုများ၌ လောင်းကြေး နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိကြောင်း စစ်တမ်းအရတွေ့ရှိ

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီသည် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်သည့် ပထမဆုံးစစ်တမ်းကို ကောက်ယူခဲ့ပြီး နိုင်ငံအတွင်း လူပေါင်း ၃.၃၆ သန်း ခန့်သည် ဆိုက်ဘာကာစီနိုများတွင် လောင်းကစားလုပ်ခဲ့ကြသည် ဟု ခန့်မှန်းခဲ့ပြီး တစ်နှစ်တာလောင်းကြေးငွေစုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၈.၄ ဘီလီယံခန့်ရှိသည်ဟု ၎င်းတို့ကခန့်မှန်းပါသည်။

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီသည် ဂျပန်နိုင်ငံ၌ လူပေါင်း ၂၇,၀၀၀ ကျော် ပါဝင်သည့် အွန်လိုင်းစစ်တမ်းတစ်ခုကိုပြုလုပ်ခဲ့ပြီး ပါဝင်သူများသည် အသက် ၁၅ နှစ်မှ ၇၉ နှစ်ကြား ဖြစ်ကြပါသည်။ ဂျပန်ဥပဒေအရ ယင်း Online Site များကို စီမံခန့်ခွဲသူသည် အွန်လိုင်းလောင်းကစားကို တရားဝင် ခွင့်ပြုထားသည့် နိုင်ငံရပ်ခြားတစ်နေရာရာ၌ အခြေစိုက်ထားသည့်တိုင်အောင် အွန်လိုင်းလောင်းကစားလုပ်ခြင်းကို တားမြစ်ထားသည်။

ဖြေဆိုသူ ၂ ရာခိုင်နှုန်းက ၎င်းတို့သည် လတ်တလောတွင် အွန်လိုင်းလောင်းကစားဆိုက်များကို အသုံးပြုနေကြောင်း ဖြေကြားခဲ့သည်ဟု ယင်းအေဂျင်စီကပြောပါသည်။ နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁,၉၆၇,၀၀၀ ခန့်သည် အဆိုပါဆိုက်များကို အသုံးပြုနေကြသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းသည်။ ယခင်က အွန်လိုင်းလောင်းကစားလုပ်ခဲ့ကြောင်း ဖြေကြားသူအပါအဝင် စုစုပေါင်း အရေအတွက်သည် ၃,၃၆၈,၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားသည်။

အွန်လိုင်းလောင်းကစားသူ ၅၀၀ ၏ လစဉ်ပျမ်းမျှလောင်းကြေး ပမာဏသည် ယန်း ၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀) ခန့်ရှိပြီး တစ်နိုင်ငံလုံးမှ သုံးစွဲသူများ၏ နှစ်စဉ်လောင်းကြေး စုစုပေါင်းပမာဏသည် ယန်း ၁.၂၄ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ) ခန့် ရှိကြောင်း ခန့်မှန်းတွေ့ရှိရခြင်းကြောင့် တရားမဝင်လောင်းကစားမှုများ ပျံ့နှံ့နေကြောင်း အဆိုပါစစ်တမ်းကပြသနေသည်ဟု ရဲတပ်ဖွဲ့အေဂျင်စီက ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

SpaceX ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသလွှတ်တင်ရေး ဒုံးပျံ လွှတ်တင်ပြီးနောက် မကြာမီပေါက်ကွဲ

SpaceX အမေရိကန် အာကာသနည်းပညာ ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသ လွှတ်တင်ရေးဒုံးပျံသည်  လွှတ်တင်ပြီးနောက်မကြာမီ လေထုတွင်း၌ ပေါက်ကွဲသွားရာ ထွက်ပေါ်လာသည့် အပျက်အစီးများကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း လေကြောင်းခရီးစဉ် ၂၄၀ ခန့်အပေါ် သက်ရောက်စေခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့ (FAA) ကထုတ်ပြန်သည်။

အပျက်အစီးများကြောင့် အာဏာပိုင်အဖွဲ့က လေကြောင်းခရီးစဉ် အများအပြားကို လေကြောင်း ပြောင်းလဲ၍ ပျံသန်းစေခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၇၁ ခုမှာလည်း ခန့်မှန်းခြေအားဖြင့် ၂၈ မိနစ်ခန့် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း FAA က ဆက်လက် ထုတ်ပြန်ထားသည်။

ထို့ပြင် SpaceX ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသလွှတ်တင်ရေးဒုံးပျံ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်   FAA  က တောင်းဆိုထားသည်။

SpaceX  ကုမ္ပဏီသည် Starship အာကာသ လွှတ်တင်ရေးဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ spaceport မှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ စမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လွှတ်တင်စဉ် ဒုံးပျံ၏အထက်ပိုင်း၌ ချွတ်ယွင်းမှုဖြစ်ပွားခြင်းကြောင့်  လွှတ်တင်ပြီး   ၁၀ မိနစ် အတွင်းမှာပင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယခုဖြစ်ပွားသည့်   ဖြစ်စဉ်သည် Starship အာကာသလွှတ်တင်ရေးဒုံးပျံ၏ ဒုတိယအကြိမ်မြောက်  မအောင်မြင်မှုဖြစ်ပြီး ဇန်နဝါရီလအတွင်းက လုပ်ဆောင်သည့်  စမ်းသပ်မှုအတွင်း၌လည်း  ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများသည် တက်နှင့် ကိုင်ကိုကျွန်းစုများ အပေါ်သို့ ကျရောက်ခဲ့သည်။

ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေကို ရှူရှိုက်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ

အစီရင်ခံစာတစ်ခုအရ ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေထုကို ရှူရှိုက်နေရပြီး ယင်းသည် ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ပြဒေသများတွင် အထူးသဖြင့် ပြင်းထန်ပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အမှုန်အမွှားများနှင့် အဆိပ်သင့်ဓာတ်ငွေ့များ ပါဝင်နေသည်။

ဤအခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုဆိုးရွားလျက် ရှိပြီး စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်များနှင့် စွမ်းအင်ထုတ်လုပ်မှုတို့မှ ထွက်ပေါ်လာသော ညစ်ညမ်းမှုများကြောင့် ဖြစ်သည်။ လေထု ညစ်ညမ်းမှုသည် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အထူးသဖြင့် ထိခိုက်နိုင်ခြေများသည်။

အဆိုပါအစီရင်ခံစာသည် လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် သန့်ရှင်းသောလေထုကို ရရှိရန် နိုင်ငံတကာအဆင့်တွင် ပိုမိုထိရောက်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များလိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များသို့ ကူးပြောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်များကို မြှင့်တင်ခြင်းနှင့် စက်မှုလုပ်ငန်းများတွင် ညစ်ညမ်းမှုလျှော့ချရေး နည်းပညာများ အသုံးပြုခြင်းတို့သည် ထို ပြဿနာကို ဖြေရှင်းရာတွင် အဓိကကျသော အချက်များဖြစ်သည်။

လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး လူသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းမှုများ လိုအပ်လျက်ရှိသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မလေးရှားနိုင်ငံတွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကျင့်သုံးပြီးနောက် တရုတ်နှင့် အိန္ဒိယမှ ခရီးသွား သန်းပေါင်းများစွာ ရောက်ရှိ

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့်မူဝါဒကို ပထမဆုံးအကြိမ်ကျင့်သုံးပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွား ၄ သန်းကျော်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွား ၁ သန်းကျော် လာရောက် လည်ပတ်ခဲ့သည်။

The Star သတင်းဌာန၏ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တရုတ်နိုင်ငံသား ၄.၁ သန်း မလေးရှား နိုင်ငံသို့ဝင်ရောက်ခဲ့သည်။ ထိုကာလအတွင်း အိန္ဒိယနိုင်ငံမှ ခရီးသွား ၁.၄ သန်း ရောက်ရှိခဲ့သည်။

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် တရုတ်နှင့် အိန္ဒိယခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုကျင့်သုံးသည့် အရှေ့တောင်အာရှနိုင်ငံ နှစ်နိုင်ငံ ဖြစ်သည်။

မလေးရှားနိုင်ငံ၏ ခရီးသွားရေး၊အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ပါလီမန်သို့ ပေးပို့ခဲ့သည့်တင်ပြချက်၌ “အဆိုပါ မူဝါဒသည် နိုင်ငံအတွက် ဝင်ငွေများ ရရှိစေပြီး မလေးရှားနိုင်ငံအားနိုင်ငံတကာမြင်ကွင်းတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် အဓိကပါဝင်သူအဖြစ် ဆက်လက်တည်ရှိ စေရန် သေချာစေသည်” ဟု ဖော်ပြခဲ့သည်။

“ဤအချက်က ဖြစ်နိုင်ခြေရှိသော နိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် မလေးရှားသို့ ခရီးသွားများ လာရောက်မှုကိုမြှင့်တင်ရာ၌ အထောက်အကူပြုကြောင်းပြသနေသည်” ဟု တင်ပြချက်တွင် ဖြည့်စွက် ဖော်ပြခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်မူဝါဒ၏ အပြုသဘောဆောင်သော သက်ရောက်မှု များကြောင့် မလေးရှားနိုင်ငံသည် တရုတ်နှင့် အိန္ဒိယခရီးသွားများ အတွက် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ်အထိတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

အမေရိကန်ငွေကြေးဝက်ဘ်ဆိုဒ် Insider Monkey က ၂၀၂၄ ခုနှစ်တွင် အာရှ၏ “အချစ်ဆုံး” နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော မလေးရှားနိုင်ငံ သို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ၃၈ သန်း ရောက်ရှိခဲ့ပြီး ယင်းတွင် တစ်နေ့တာခရီးသွား ၁၃ သန်း ပါဝင်ကာ ယခင်နှစ်ထက် ၃၁.၁% တိုးတက်မှု ရှိကြောင်း ခရီးသွားဝန်ကြီး Datuk Seri Tiong King Sing က ပြောကြား ခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်မူဝါဒမူဝါဒသည် နိုင်ငံတကာခရီးသွားများအား ဗီဇာလိုအပ်ချက်များကို လျှော့ချပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဤမူဝါဒသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို သိသိသာသာ တိုးတက်စေ ခဲ့ပြီး စီးပွားရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိခဲ့သည်။ ခရီးသွားများသည် နိုင်ငံ၏ ယဉ်ကျေးမှု၊ သဘာဝ အလှတရား များနှင့် ဒေသခံများ၏ ကြင်နာဖော်ရွေသော ဆက်ဆံမှုတို့ကိုခံစားရန် လာရောက်လည်ပတ်ကြပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရုံသာမက နိုင်ငံတကာနှင့် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေခဲ့သည်။

ခရီးသွားလုပ်ငန်းတွင် ဤကဲ့သို့သောအောင်မြင်မှုများသည် နိုင်ငံ၏ စီးပွားရေးကို အားကောင်းစေပြီး ဒေသခံများ၏ လူနေမှုဘဝ အရည်အသွေးကိုမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံတကာခရီးသွားများအတွက် ဗီဇာ လိုအပ်ချက် များလျှော့ချပေးခြင်းသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေရန် ကူညီပေးနိုင်သည့် မူဝါဒတစ်ခုဖြစ်ကြောင်း ဤအောင်မြင်မှုက သက်သေပြခဲ့သည်။

ကမ္ဘာပေါ်တွင် ကားပျံအများအပြား ထုတ်လုပ်သည့် ပထမဆုံးသော ကုမ္ပဏီဖြစ်လာမည့် Xpeng

တရုတ်နိုင်ငံမှ XPeng ကုမ္ပဏီသည် ကားပျံများအား လာမည့် ၂၀၂၆ခုနှစ်တွင် အများအပြား ထုတ်လုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ကွန်ဂရက်၏ ကုမ္ပဏီများ စီမံခန့်ခွဲရေး ဥက္ကဋ္ဌဖြစ်သူ ရှောင်ပန်းက ပြောကြားလိုက်သည်။

XPeng ကုမ္ပဏီသည် လျှပ်စစ်ကားများကို ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မောင်းနှင်ပျံသန်းနိုင်သည့် ကားအများအပြားကို ၂၀၂၆ ခုနှစ်တွင် အစင်းရေအများအပြား ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ ထုတ်လုပ်မှု၏ ပထမအဆင့်အဖြစ် XPeng ကုမ္ပဏီက ကားပျံများကို တစ်နှစ်လျှင် အစင်းရေ ၁၀၀၀၀ ခန့်ထုတ်လုပ်မည်ဖြစ်သည်။

အဆိုပါ XPeng ကုမ္ပဏီသည် ၎င်းတို့၏ ကားပျံ ရှေ့ပြေးပုံစံတစ်ခုကို တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ကျူဟိုင်လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ၎င်းပြပွဲတွင် XPeng ကုမ္ပဏီ၏ ကားပျံသည် ပြပွဲသို့ တက်ရောက် လာသူများ၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းပြသခဲ့သည်။

XPeng ကုမ္ပဏီသည် ကားပျံများ ထုတ်လုပ်ရန်အတွက် ကွမ်ကျို့ပြည်နယ်တွင် မော်တော်ကား စက်ရုံတစ်ရုံကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ  ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီသည် ကမ္ဘာပေါ်တွင်   ကားပျံများကို အများအပြား ထုတ်လုပ်သည့် ပထမဆုံးသော ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။