သတင်းများ

တရုတ်က ကမ္ဘာ့ပထမဆုံး ရေအောက်ကွန်ပျူတာစင်တာ တည်ဆောက်

တရုတ်က ဟိုင်နန်ပြည်နယ်၊ Lingshui ၌ အဆင့်မြင့် ရေအောက် ကွန်ပျူတာစင်တာကို တည်ဆောက်ခဲ့ပြီး ၁၈ မီတာ ရှည်လျားသော ဒေတာစင်တာတွင် စွမ်းရည်မြင့် ဆာဗာ ၄၀၀ ကျော် ထည့်သွင်းထားကြောင်း သိရှိရသည်။ 

ရေအောက်ကြမ်းပြင်၌ တည်ဆောက်ထားပြီး အနီးအနားမှ ကမ်းရိုးတန်း Station များကို အသုံးပြုကာ Client Data Terminals များနှင့် ဆက်သွယ်ထားသည်ဟု သိရှိရပါသည်။ 

ကွန်ပျူတာတွက်ချက်မှု စွမ်းအားသည် အရည်အသွေးမြင့် Gaming PC အလုံးရေ ၃၀,၀၀၀ နှင့် ညီမျှပြီး တစ်စက္ကန့်တွင် AI Assistant Chats ပေါင်း ၇,၀၀၀ ကို စီမံခန့်ခွဲနိုင်သည်ဟု ဆိုသည်။ 

ယင်းကွန်ပျူတာစင်တာကို ပင်လယ်ရေအောက်၌ တည်ဆောက်ထားသည့်အတွက် သဘာဝအလျောက် အေးမြနေစေမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို လျှော့ချပေးနိုင်ကာ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို တိုးတက်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား- e-Gov Group

Citigroup ဘဏ်က ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်း လွှဲပြောင်းပေးခဲ့

အမေရိကန်ဘဏ်ကြီးတစ်ခုဖြစ်သည့် Citigroup ဘဏ်သည် ဘဏ်ဝန်ဆောင်မှုရယူသူ ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ လွှဲပြောင်းပေးရမည့် အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်းလွှဲပြောင်း ပေးခဲ့ ကြောင်း Financial Times က ဖေဖော်ဝါရီ လ ၂၈ ရက်တွင်ဖော်ပြသည်။

အဆိုပါငွေကြေးလွှဲပြောင်းမှုကို ဘဏ်ရှိ အမှုထမ်းနှစ်ဦးက သတိထားခြင်းမရှိဘဲ အတည်ပြုပေးခဲ့သော်လည်း   တတိယမြောက် အမှုထမ်းက ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ပြီး တစ်နာရီခွဲအကြာမှ သတိပြုမိခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

သို့ရာတွင် ဘဏ်ရှိငွေကြေးလွှဲပြောင်းမှု ထိန်းချုပ်ရေးစနစ်က ငွေစာရင်းနှစ်ခုကြား ငွေကြေးလွှဲ ပြောင်းမှုဆိုင်ရာ အချက်အလက် မှားယွင်းနေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် အဆိုပါငွေကြေးလွှဲပြောင်းမှုကို ထိန်းချုပ်မှုစနစ်က ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် Citigroup ဘဏ်၌ လွန်ခဲ့သည့်နှစ် အတွင်းကဖြစ်ပွားခဲ့သော်လည်း ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါဘဏ်မှ တာဝန်ရှိသူများသည် ယခုအခါ အလားတူဖြစ်စဉ်မျိုးဖြစ်ပွားခြင်း မရှိစေရန်အတွက် အလိုအလျောက်ငွေကြေးလွှဲပြောင်းမှု အတည်ပြုသည့် လုပ်ငန်းစဉ်တစ်ရပ်အား  အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။

Source: Myawady Web Portal

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟွေကုန်းကျေးရွာအရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၀ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ ပူပါလောင်းကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်ရှိ အမြင့် တစ်ပေခန့

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟွေကုန်းကျေးရွာအရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၀ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ ပူပါလောင်းကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်ရှိ အမြင့် တစ်ပေခန့် ဘိန်းခင်း ငါးဧကခန့်နှင့် ရှန်ဖုန်း(၁)ကျေးရွာအနောက်တောင်ဘက် ၆ ဖာလုံခန့်ရှိ အမြင့် နှစ်ပေခန့် ဘိန်းခင်း တစ်ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

တရုတ်နိုင်ငံတွင် ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍  ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရားရုံးတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကွပ်မျက် လိုက်ကြောင်းသိရသည်။

ဟွာဟင်းအမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၃ ခုနှစ်တွင် ကလေးငယ် ၁၁ ဦးကို ရောင်းချမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခံခဲ့ရသော်လည်း အယူခံဝင်ခဲ့ပြီးနောက် ကွေ့ကျို့ပြည်နယ်တရားရုံးက  ၎င်း၏အမှုအား  ပြန်လည် သုံးသပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဖမ်းဆီး ပြန်ပေးဆွဲခံရသည့် ကလေးငယ်ဦးရေသည် ၁၇ ဦးအထိ မြင့်တက်လာသည်ကို ရဲတပ်ဖွဲ့ က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့တရားရုံးချုပ်၏ အတည်ပြုချက်အရ ဟွာဟင်းအား ကွပ်မျက်ရန် ကွေ့ယန်းမြို့ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်ကလည်း လူအများအတွင်းသို့ မော်တော်ကားဖြင့် မောင်းနှင်၍ ဝင်တိုက်ခဲ့သည့် ဖန်ဝေကို့အား တရားရုံးက လူ ၃၅ ဦးအား သေစေရန် ကြံစည်မှုဖြင့် ပြစ်မှုထင်ရှားခြင်းကြောင့် ၎င်းအမျိုးသားအား  သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။    

ဂျပန်အရှေ့မြောက်ပိုင်းမှ တောမီးကို မီးသတ်သမားများ ဆက်လက် ငြှိမ်းသတ်နေဆဲ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေသည့် တောမီးများကို အာဏာပိုင်များက ဆက်လက်ငြိမ်းသတ်နေပြီး မီးလောင် ကျွမ်းမှုစတင်ခဲ့ပြီးနောက်ပိုင်း လူတစ်ဦးသေဆုံးခဲ့ကာ အဆောက်အအုံ ဒါဇင်များစွာ ပျက်စီးခဲ့ရသည်။

Iwate ခရိုင်တာဝန်ရှိသူများက တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် ဒေသန္တရ မီးသတ်တပ်ဖွဲ့များ၊ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရဟတ်ယာဉ်များဖြင့် စေလွှတ်ခဲ့ကြောင်း ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့က စတင်ခဲ့ပြီး ကမ်းရိုးတန်းမြို့ Ofunato ၏ နေရာအများအပြားကိုပျံ့နှံ့ခဲ့ကာ ဟက်တာ ၁,၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။

အဆောက်အအုံ ၈၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ပျက်စီးမှု အတိုင်းအတာ ပိုမိုများပြားနိုင်သည်ဟု သိရသည်။

လူပေါင်း ၈၀၀ ကျော်သည် ရွှေ့ပြောင်းရေးစခန်းများ၌ ခိုလှုံနေကြ သည်ဟု အာဏာပိုင်များက ဆိုသည်။

Iwate ခရိုင် တောင်ပိုင်းကမ်းရိုးတန်းအတွက် ခြောက်သွေ့လေထုဆိုင်ရာ အကြံပြုချက်များကို ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ထုတ်ပြန်ထား ကြောင်းသိရှိရပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် 'နွေရာသီပွဲတော်များ' ကို စတင်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

ထိုင်းအစိုးရသည် မတ်လမှ စက်တင်ဘာလအထိ စီစဉ်ထားသော ပွဲတော်များစွာမှတစ်ဆင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်သည့် "Thailand Summer Festivals" ကမ်ပိန်းကို ကြေညာခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Government House ၌ကျင်းပသည့် အခမ်းအနားကို ဦးဆောင်တက်ရောက်ခဲ့သည်။ "7 Months 7 Wonders Summer Festivals" ဆောင်ပုဒ်ဖြင့် ကမ်ပိန်းသည် Songkran၊ ယဉ်ကျေးမှု၊ ဂီတ၊ အားကစား၊ အစားအသောက်နှင့် အနုပညာနှင့်ဖန်တီးမှု ပွဲတော်များ ဟူသော အစီအစဉ် ၇ ခုကို အလေးပေးဖော်ပြ ဆွဲဆောင်ထားသည်။

ပေထုံတန်က သူမ၏မိန့်ခွန်းတွင် ထိုင်းအစိုးရသည် ခရီးသွားလုပ်ငန်းကို ထိုင်းစီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ်ပြုလုပ်ရန် ကတိပြုထားကြောင်း နှင့် ၎င်းသည် ဂျီဒီပီ၏ ၁၄% ကျော်ကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် ကမ်ပိန်း၌ မတူညီသောလူနေမှုပုံစံများကို ဖြည့်ဆည်းပေးသည့် ပွဲတော်များနှင့် လှုပ်ရှားမှုများပါဝင်မည်ဖြစ်ပြီး ခရီးသွား ဧည့်သည်များကို မြို့ကြီးများနှင့် လူသိများသော ဆွဲဆောင်မှုများအပါအဝင် ဒေသအားလုံးသို့ ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မျှတသောဝင်ငွေခွဲဝေမှုကို သေချာစေမည် ဖြစ်ကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အထင်ကရပွဲတော်များအနက်မှ တစ်ခုမှာ ဘန်ကောက်မြို့ Sanam Luang တွင် ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် Maha Songkran World Water Festival 2025 ဖြစ်သည်။ အဆိုပါပွဲတော် Songkran ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ် ပြုခံရခြင်းအား ဂုဏ်ပြုကာ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာပွဲတော်တစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည်။

ကိုးကား-VN Express

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၊ ကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်းများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများမှ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် “လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကြူအာကုတ်စနစ်၊ မြန်မာကြူအာ(MMQR)” ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအနေဖြင့် ယနေ့မှစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပထမဦးစွာ အသိပေးပြောကြားလိုကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီ တိုးတက်လာရန်၊ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင် ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင်ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စသည်တို့အတွက် ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်လာစေမည့် လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာမှုကို ပြောရမည်ဆိုပါက အခြေခံအဆောက်အအုံ တည်ဆောက်မှုနှင့်ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များပါဝင်သည့် မြန်မာငွေပေးချေမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ငွေသားကိုင်တွယ်ရန်မလိုဘဲ ကတ်ဖြင့်အဆင်ပြေချောမွေ့စွာ ပေးချေနိုင်ရေးအတွက် ပြည်တွင်းဘဏ်များကထုတ်ဝေသည့် မြီစားကတ်၊ အကြွေးဝယ်ကတ်များအပြင် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုကတ်များကိုပါ စနစ်တကျသုံးစွဲလာနိုင်သည်ကို တွေ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအကြား ငွေပေးချေမှုကွန်ရက်စနစ်ကို တည်ထောင်ခဲ့ပြီး ငွေပမာဏကြီးမားသည့် အခွန်ပေးဆောင်မှုများကို ပြည်တွင်းဘဏ်များကတစ်ဆင့် ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရကြောင်း။

ပြည်တွင်း၌ မိုဘိုင်းသုံးစွဲမှုတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုမရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ အမိန့်များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်း လစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေ ထုတ်ချေးခြင်းနှင့် ကောက်ခံခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစားငွေပေးချေမှုများအတွက်လည်း စနစ်တကျခွင့်ပြုပေးထားသည်ကို တွေ့ရှိရကြောင်း။

အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်များအကြားကွဲပြားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူများအကြား မြန်မြန်ဆန်ဆန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုလိုအပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကြူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာကြူအာ(MMQR)စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကြူအာကုတ်အမျိုးမျိုးကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ်သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကြူအာ (MMQR) ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံအဆင့်ဆင့်ကိုလည်း သုံးစွဲသူပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်အသုံးပြုနိုင်အောင် အသိပညာပေးသွားရန် လိုအပ်ကြောင်း။

မြန်မာကြူအာ(MMQR)ကို အသုံးပြုခြင်းအားဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများသာမက ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကိုရယူနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်မည်လည်းဖြစ်ကြောင်း၊ ထို့ပြင် မတူညီသည့်ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ်များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း။

မြန်မာကြူအာ (MMQR)အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်သည့်အတွက် လွယ်ကူထိရောက် မြန်ဆန်ပြီးစွမ်းဆောင်ရည်ပြည့်သည့် ငွေပေးချေမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးလာရန်အတွက် တွန်းအားပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အတူ ယခုကဲ့သို့ စနစ်တကျအဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တစ်ဘက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများမဖြစ်အောင် စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

ငွေပေးချေမှုစနစ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုစနစ်တစ်ခုဖြစ်သည့် မြန်မာကြူအာ(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှုချိတ်ဆက်စနစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုတို့ကြောင့် အောင်အောင်မြင်မြင်နှင့် စတင်အသုံးပြုနိုင်ခဲ့ခြင်းအပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ဆက်လက်၍ ငွေပေးချေမှုစနစ်များ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်၏အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်၊ MMQR ၏ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အကျိုးကျေးဇူးများကို တင်ဆက်ထားသည့် မှတ်တမ်းဗီဒီယိုကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MMQR အသုံးပြုပေးချေမှုများအား စိတ်ဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://www.moi.gov.mm

အလိမ်ခံရမှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဒေါ်လာသန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ရ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

စင်ကာပူ  ဖေဖော်ဝါရီ ၂၇

၂၀၂၄ ခုနှစ်အတွင်း လိမ်လည်ခံရမှုများကြောင့် စင်ကာပူနိုင်ငံသားများဆုံးရှုံးခဲ့သော ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၂၂ သန်း) ထိရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လိမ်လည်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့သည့် ငွေကြေးပမာဏစုစုပေါင်း၏ လေးပုံတစ်ပုံခန့်မှာ ခရစ်တိုငွေကြေး လိမ်လည်မှုများကြောင့် ဆုံးရှုံးခဲ့ရသည့်ပမာဏဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။

အလိမ်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသော ငွေကြေးပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၇၀ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်တွင် အလိမ်ခံရမှုကြောင့် စင်ကာပူနိုင်ငံသားများ ဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၆၅၁ ဒသမ ၈ သန်းထိ ရှိခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများ အလိမ်ခံရမှုများမှာလည်း ၂၀၂၃ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်းပိုများလာခဲ့ပြီး လိမ်လည်မှု ၈၁၅၀၁ မှုထိ ရှိခဲ့သည်။

အဆိုပါလိမ်လည်မှုများအနက် ၇၀ ရာခိုင်နှုန်းကျော်တို့မှာ စင်ကာပူဒေါ်လာ ၅၀၀၀ အောက် ဆုံးရှုံးခဲ့ရသည့် လိမ်လည်မှုများ ဖြစ်ကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

မော်ရိုကိုနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် အီဒွလ်အဿွာဟာပွဲတော်တွင် ဆိတ်နှင့် သိုးများကို မသတ်ရန် မော်ရိုကိုဘုရင် တောင်းဆို
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

ရာဘတ်   ဖေဖော်ဝါရီ ၂၇

မော်ရိုကိုနိုင်ငံတွင် မိုးခေါင်ရေရှားမှုပြဿနာဖြင့် ရင်ဆိုင်နေရပြီး မိုးခေါင်ရေရှားပါးမှုကြောင့် စိုက်ပျိုးထုတ်ကုန်သီးနှံများ မွေးမြူရေးတွင်လည်း ဆိတ်နှင့် သိုးအကောင်ရေ သိသိသာသာ ကျဆင်းလာသဖြင့် မော်ရိုကိုဘုရင် Mohammad VI က မော်ရိုကိုပြည်သူများကို ယခုနှစ်အတွင်း ကျရောက်မည့် အီဒွလ်အဿွဟာပွဲတော်တွင် ဆိတ်နှင့်သိုးများကို မသတ်ကြရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း TV Al Oula က ကြေညာခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

အီဒွလ်အဿွာဟာပွဲတော်တွင် ဓလေ့အရ ဆိတ်နှင့် သိုးများကို သတ်ကာ ဆင်းရဲသည့် မိသားစုများသို့ အသားများပေးဝေခြင်းကို လုပ်ဆောင်လေ့ရှိကြောင်း၊ မိုးခေါင်မှုကြောင့် စားကျက်များရှားပါးလာသကဲ့သို့ အစာရေစာလည်း ရှားပါးလာသည့်အတွက် ဆိတ်နှင့် သိုးအကောင်‌ရေ တိုးတက်မှုမရှိဘဲ အစာအာဟာရပြတ်လပ်မှုကြောင့် သေဆုံးမှု မြင့်တက်လျက်ရှိကြောင်း၊ မော်ရိုကိုနိုင်ငံတွင် ကိုးနှစ်ဆက်တိုက် မိုးခေါင်သည့် ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း  သိရသည်။

“အစိုးရအဖွဲ့အနေနဲ့ ဘာသာရေးပွဲတော်မှာ ပြည်သူတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ပြင်ဆင်နေပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကျွဲ၊ နွား၊ ဆိတ်၊ သိုးတွေ အကောင်ရေ လျော့နည်းလာတယ်။ ခက်ခဲတဲ့အခြေအနေအောက်ကနေ ပြည်သူတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပေးသွားမှာပါ” ဟု အာမတ်တောဖစ်က ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Photo: Middle East Online

၂၀၂၅ ခုနှစ် မတ်လ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - သောကြာနေ့, 28-ဖေဖော်ဝါရီလ-2025

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ် နိုင်သည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင် သည်။

မိုးအခြေအနေနှင့် မိုးရွာရက်

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင်ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ၁ဝ ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် တစ်ရက်မှသုံးရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။

နေ့အပူချိန်

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် ၁၂ ရက်မှ ၁၈ ရက်ခန့်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ခြောက်ရက်မှ ၁၁ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် တစ်ရက်မှ ငါးရက်ခန့် နံနက်ပိုင်းတွင် မြူထူ များဆိုင်းနိုင်သည်။

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁ ပေခွဲမှ ၃ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာ နိုင်သည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက် မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သည်။

ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိ ရေမှတ်များထက် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီ မြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်နှင့် ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်သည်။

(မိုး/ဇလ)