သတင်းများ

၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း YBS ယာဉ်အစီးရေများ တိုးမြင့်ပြေးဆွဲပေးသွားမည်

တာမွေ   မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်များအား ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်‌ စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ယာဉ်အစီးရေများ တိုးမြှင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

“၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမယ့် စာမေးပွဲဖြေဆိုမယ့် အချိန်မတိုင်ခင်မှာ YBS ယာဉ်များကို အစီးရေများများနဲ့ ခပ်စိပ်စိပ်ပြေးဆွဲပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ CNG ကိုလည်း တန်းစီတဲ့အချိန် မကြာအောင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ညှိနှိုင်းထားတာရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်း‌ရေးမှူး ဦးလျန်ကျင့်မန်က ပြေသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲစေရေး၊ ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှု မရှိစေရေးအတွက် YRTC စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့နှင့် မှတ်တိုင် ၁၀ ခုတို့တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် စစ်ဆေးရေးဝန်ထမ်းနှစ်ဦးစီ ပါဝင်သည့် ခရိုင်သုံးခရိုင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲမတိုင်မီကာလနှင့် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းများမှ နေ့စဉ်ထွက်ရှိသော ယာဉ်အစီးရေများ တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားချက်

ဖြေကြားမှုအပြည့်အစုံမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E.

ဖြေကြားမှုအပြည့်အစုံမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင်ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စရပ်တွေပေါ့။ နောက် နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍတွေ တိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက် သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့ နှစ်နိုင်ငံလုံးက ဒါကို အားလုံးလက်ခံပါတယ်။ နောက် ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော်ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေ အများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော်ဖြစ်လာတာကို ကျွန်တော် တွေ့တယ်ဗျ။ ဒါဟာ ကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံအတွက်) (နောင်နိုင်ငံတော် အနာဂတ်အတွက်လည်း) ကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်း အားလုံးကျန်းမာချမ်းသာကြပါစေ။ နောက် အစစအရာရာ တိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော် ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။ 

Source: MOI

နေပြည်တော် မတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း သွားရောက်ခဲ့ပြီး ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ သာမာရှဲဗာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေစဉ်အတွင်း မတ် ၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအဝင်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်များသို့ တက်ရောက်ခြင်းများကို ဆောင်ရွက်ခြင်းတို့အပြင် စိန့်ပီတာစဘတ်နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ခြင်းအခမ်းအနားများကို တက်ရောက်ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။

အလားတူ မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်စဉ်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မတ် ၇ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအဝင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်များသို့ တက်ရောက်အမှာစကားပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ်အတွင်း ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် မီဒီယာများ၏ မေးမြန်းမှုများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထူးလေယာဉ်ပေါ်တွင် ဖြေကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၊ မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ ဆာမားရားမြို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့များသို့ သွားရောက်ခဲ့ပြီး မိမိတို့မြန်မာနိုင်ငံနှင့် ရာသီဥတုအနေအထားကွာဟချက်အရ အပူချိန်အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီ စင်တီဂရိတ် (အေးခဲသော) အနေအထားအထိရှိသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ အသွားအပြန် မိုင်ပေါင်းတစ်သောင်းကျော်ခန့်အထိ သွားရောက်၍ နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ် ဦးတည်ပြီး ခရီးစဉ်အတွင်း နေ့မအား ညမနားဖြင့် နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာကိစ္စများတွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွားအကအဖွဲ့များ၊ ရိုးရာအကအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေယာဉ်အဆင်းမှ VIP ဆောင်အထိလည်းကောင်း၊ တပ်မတော်လေဆိပ်မှ အဝိုင်းပတ်နေရာအထိလည်းကောင်း “ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ၊ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ၊ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆိုပါသည်၊ ရုရှားမြန်မာ ချစ်ကြည်စွာ တွဲလက်မြဲပါစေ၊ မြန်မာ-ရုရှားပူးပေါင်းအား မုချအောင်မြင်ပါစေ၊ ဘယ်လာရုစ်- မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆိုပါ၏၊ ရုရှား-မြန်မာ ချစ်ကြည်ရေးကို ခိုင်မြဲစေသော နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟူသော စာတန်းများပါရှိသည့် ဗွီနိုင်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအလံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အလံငယ်များကို အသီးသီးကိုင်ဆောင်၍ အလံများ ဝှေ့ယမ်းကာ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ ရုရှား-မြန်မာ ချစ်ကြည်ရေး၊ ဘယ်လာရုစ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ ခိုင်မြဲပါစေဟု ကြွေးကြော်လျက် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။

ထိုသို့ ပြန်လည်ရောက်ရှိစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဩစတြေးလျအရှေ့ပိုင်းတွင် အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပွားနေ

ဩစတြေးလျအရှေ့ပိုင်း၌ အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် အိမ်ရာတစ်သန်းကျော်၏ လေးပုံတစ်ပုံကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည်အထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက မတ်လ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။

ရာသီဥတုကြောင့် လူတစ်ဦးသေဆုံးကာ လူဦးရေ တစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း အယ်လ်ဖရက်သည် အမျိုးအစား ၂ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ကမ်းလွန်ပင်လယ်ပြင်တွင် ရက်အတန်ကြာ ရွေ့လျားနေပြီး ကီလိုမီတာ ၄၀၀ ရှည်လျားသော ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ပြီးနောက် အားလျော့သွားကာ မတ်လ ၈ ရက် ညနေပိုင်း၊ ကုန်းတွင်းပိုင်းမဝင်ရောက်မီ အပူပိုင်းမုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားမည်ဟု သိရပါသည်။

သို့သော် ဆိုင်ကလုန်းမုန်တိုင်း အကြွင်းအကျန်အနေဖြင့် ကုန်းတွင်းပိုင်း ရွေ့လျားနေချိန် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မတ် ၉ ရက်တွင် ကွင်းစလန်း အရှေ့တောင်ပိုင်းနှင့် အရှေ့မြောက် နယူးဆောက်ဝေးလ်စ် ၏ဒေသအချို့ လမ်းများပေါ်တွင် ဒူးဆစ်ထိမြင့်သည့် ရေကြီး ရေလွှမ်းမိုး မှုများ ရှိလာသည်ဟု သိရပါသည်။

လျှပ်စစ်မီးလိုင်းပြတ်တောက်မှုများလည်းရှိခြင်းကြောင့် ရက်ရှည် မီးပြတ်တောက်ခြင်းအတွက် ပြင်ဆင်ထားရန် ကွင်းစလန်း Essential Energy က ထုတ်ပြန်ခဲ့ပါသည်။

ကိုးကား-NP News

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း Rodrigo Duterte က (ICC) မှ ၎င်းအား ဖမ်းဝရမ်းထုတ်ပါက ဖမ်းဆီးခံရန် သဘောတူကြောင်းပြော

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း Rodrigo Duterte သည် အပြည်ပြည် ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) မှ ၎င်းအား ဖမ်းဝရမ်းထုတ်ပါက ဖမ်းဆီးခံရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ Duterte သည် ၎င်း၏ သမ္မတ သက်တမ်းအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် လူ့အသက်ပေါင်းများစွာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ICC ၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရသည်။

Duterte က “ICC က ဖမ်းဝရမ်းထုတ်ပါက ဖမ်းခံမည်ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးရန် ရဲတွေလာရင်း ၎င်း မတော်တဆ သေသွားမည်ဆိုလျှင်တောင်မှ ဖမ်းဆီးခံမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ၎င်းက ဖိလစ်ပိုင်နိုင်ငံသည် ICC မှ နုတ်ထွက်ပြီးဖြစ်သောကြောင့် ICC ၏ စုံစမ်းစစ်ဆေးမှုအား အသိအမှတ်မပြုကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

Duterte ၏ အဆိုပါကြေညာချက်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ဖိလစ်ပိုင်၏ သမ္မတဟောင်း Rodrigo Duterte က လာမည့် ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် ၎င်း၏ ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ထောက်ခံမှုများတိုးတက်စေရန် ဖိလစ်ပိုင် အလုပ်သမား ထောင်ပေါင်းများစွာ တက်ရောက်သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင်မိန့်ခွန်းပြောကြားရန် ဟောင်ကောင်သို့ရောက်ရှိစဉ် နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ရပြီး ICC မှ ဖမ်းဝရမ်းထုတ်နိုင်သည့် အခြေအနေတွင် ဖမ်းဆီးခံရန်အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုသည် Duterte အား ၂၀၁၆ ခုနှစ် တွင် သမ္မတအဖြစ် အာဏာရရှိစေခဲ့သည့် ၎င်း၏ထင်ရှားသော မူဝါဒ ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ပြင်းထန်စွာနှိမ်နင်းရန် ကတိပေးခဲ့သည့် စည်းရုံးမှုများဖြင့် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

ဖိလစ်ပိုင်၏ လက်ရှိသမ္မတ Ferdinand Marcos Jr ၏ ရုံးသည် မတ်လ ၁၀ ရက်(တနင်္လာ)နေ့တွင် Interpol ထံမှ တရားဝင် အကြောင်းကြားချက် မရရှိသေးကြောင်း ပြောကြားခဲ့သော်လည်း Duterte အား လွှဲအပ်နိုင်သည့် အလားအလာကို ညွှန်ပြခဲ့သည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန် ကျန်းမာရေးဝန်ထမ်း ၈၀,၀၀၀ ကို လျော်ကြေးပေး၍ အလုပ်နုတ်ထွက်ရန် ကမ်းလှမ်းထားကြောင်း မီဒီယာများ ပြောကြား

အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (The US Department of Health and Human Service - HHS) သည် ဝန်ထမ်း ၈၀,၀၀၀ ဦးအား လျော်ကြေးငွေ ဒေါ်လာ ၂၅,၀၀၀ ပေးအပ်ပြီး အလုပ်မှ နုတ်ထွက်ရန် ကမ်းလှမ်းထားကြောင်း၊ ထိုလုပ်ဆောင်ချက်မှာ သမ္မတဒေါ်နယ်ထရမ့်၏ ဖက်ဒရယ် အစိုးရဝန်ထမ်းများ လျှော့ချရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ 

ပြီးခဲ့သည့် သောကြာနေ့ည (မတ်လ ၇ ရက်နေ့) က ကျန်းမာရေးဌာနရှိ ဝန်ထမ်းများထံ အဆိုပါ ကမ်းလှမ်းချက်ကို အီးမေးလ်မှတစ်ဆင့် ပေးပို့လာခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် မတ်လ ၁၄ ရက်မတိုင်မီ လျှောက်ထားရမည်ဖြစ်ကာ ထွက်ခွင့်ကို ဘဏ္ဍာနှစ်မကုန်ဆုံးမီ ဆောင်ရွက်နိုင်ကြောင်း သတင်းများက ဖော်ပြထားပါသည်။

HHS သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA)၊ ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေးစင်တာ (CDC) စသည့် အရေးကြီးသော ကျန်းမာရေးအေဂျင်စီများကို ထိန်းချုပ်ကြီးကြပ်လျက်ရှိပါသည်။ ထိုသို့ ထွက်ပေါ်လာနေသည့် ကမ်းလှမ်းမှုသတင်းများအပေါ် အိမ်ဖြူတော်နှင့် HHS တို့က တရားဝင် ထုတ်ပြန်ပြောကြားထားခြင်း မရှိသေးကြောင်း သိရပါသည်။

ကိုးကား- RT International

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံမှပြန်လည်ထွက်ခွာ၊ ရုရှားနိုင်ငံ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်းသို့ သွားရောက်ကြည့်ရှုလေ့လာ

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ဘယ်လာရုစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာစဉ် ဘယ်လာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဆာမားရားမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ဆာမားရားမြို့ ဒေသအစိုးရအဖွဲ့အကြီးအကဲ Mr. A.V Fedor-ishchev ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ထို့နောက် ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ယင်းနောက် အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Bakanov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာကာသနည်းပညာသင်တန်းများ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဆာမားရားမြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ရှင်းလင်းတင်ပြ

၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက State Space Corporation မှ ဂြိုဟ်တုများအားအသုံးပြု၍ သဘာဝဘေးအန္တရာယ်များစောင့်ကြည့်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး သုတေသနပြုဆောင်ရွက်နိုင်မှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဂြိုဟ်တုဓာတ်ပုံရိုက်ကူးရေးနှင့် ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂြိုဟ်တုလွှတ်တင်မှုဆိုင်ရာကိစ္စရပ်များ၊ ဒုံးပျံတပ်ဆင်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ အာကာသစခန်းတည်ဆောက်မှုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် အာကာသပြတိုက် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Roscosmos အာကာသကော်ပိုရေးရှင်း JSC Progress စက်ရုံအတွင်း ဂြိုဟ်တုများ တပ်ဆင်ထုတ်လုပ်မှုနှင့် ဒုံးပျံထုတ်လုပ်မှုများအား လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဦးဆောင်သည့်အဖွဲ့ဝင်များသည် ဆာမားရားဒေသဆိုင်ရာအစိုးရ ဒုတိယအကြီးအကဲ၊ ဒေသဆိုင်ရာပညာရေးဝန်ကြီး၊ စက်မှုစီးပွားရေးဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ Space Rocket ဆိုင်ရာ Progress မှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ ဆာမားရားဒေသနှင့် တာလီကာတီ ဒေသတို့အကြား စက်မှုကဏ္ဍ၊ ဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်လည်ဖြေကြား

ဆွေးနွေးပွဲအပြီးတွင် ဆာမားရားမြို့မှမီဒီယာများက ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ကြိုဆိုနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဆာမားရားမြို့ Kurumoch အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညပိုင်းတွင် နိုဗာစီဗစ်မြို့ သာမာရှဲဗာလေဆိပ်သို့ရောက်ရှိကြရာ နိုဗိုစီဗစ်ဒေသ အစိုးရအဖွဲ့အကြီးအကဲ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးခရီးစဉ်တွင်လိုက်ပါလာသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဆာမားရား၌ တွေ့ဆုံဆွေးနွေးစဉ်ပါဝင်သည့် အမျိုးသမီးများအား ဂုဏ်ပြု

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနေ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆာမားရားမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ဂုဏ်ပြုစကားပြောကြား

ထိုသို့ သွားရောက်နေစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အထူးလေယာဉ်ပေါ်၌ ဂုဏ်ပြုစကားပြောကြားခဲ့သည်။

သွားရောက်လေ့လာ

အလားတူ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့ သွားရောက်လေ့လာစဉ်၌လည်း JSC Progress စက်ရုံမှ အမျိုးသမီးများအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဂုဏ်ပြုပန်းစည်းပေးအပ်

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဆာမားရားမြို့မှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အလေးချိန် ၁၈ တန်ရှိ လေယာဉ်ပျံတစ်စင်းအား အီရန်မှ ဂီတီမူဆာဗီက ကိုယ်လုံးဖြင့်ဆွဲပြ၍ ဂင်းနစ်မှတ်တမ်းသစ်တင်

တီဟီရန်၊ ထူးခြားဆန်းပြား

အီရန်နိုင်ငံမှ   အမျိုးသမီးအားကစားသမားတစ်ဦးသည် အလေးချိန် ၁၈ တန်ရှိ လေယာဉ်ပျံတစ်စင်းအား ကိုယ်လုံးဖြင့်ဆွဲပြ၍ ဂင်းနစ်မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း အီရန် Mehr သတင်းအေဂျင်စီက မတ်လ ၇ ရက်တွင်ဖော်ပြသည်။

လေယာဉ်အားဆွဲပြခဲ့သည့် အမျိုးသမီးအားကစားသမားမှာ အီရန်နိုင်ငံ  တာဘရစ်မြို့မှ ဂီတီမူဆာဗီဆိုသူဖြစ်ပြီး ၎င်းသည် ယခင်ကလည်း  ထရပ်ကားတစ်စီးကို ဆွဲပြခဲ့သူဖြစ်ကြောင်း သိရသည်။

ထရပ်ကားကို ဆွဲပြပြီးနောက်ပိုင်းတွင် ဂီတီသည် ၎င်း၏နည်းပြများ၏ သင်ကြားပြသမှုကို ၃ နှစ်ကြာခံယူခဲ့ပြီး တစ်ရက်လျှင် ၂ နာရီမှ ၃ နာရီကြာလေ့ကျင့်ခဲ့ကြောင်း၊လေယာဉ်ပျံကိုဆွဲပြ၍ ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်အတွက် အီရန်အာဏာပိုင်အဖွဲ့က ၎င်းအား  အနီးကပ်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂီတီသည် အားကစားကဏ္ဍတွင်နှစ်ပေါင်းများစွာကြာ ပါဝင်လုပ်ဆောင်လျက်ရှိပြီး၎င်းအနေဖြင့် ထရပ်ကားတစ်စီးအား  အောင်မြင်စွာဆွဲပြနိုင်ခဲ့ပြီးနောက်ပိုင်းတွင်   ထူးခြားသည့် စွမ်းဆောင်ချက်တစ်မျိုးမျိုးကို လုပ်ဆောင်ပြသရန်စိတ်အားထက်သန်ခဲ့ကြောင်းသိရသည်။

Ref: Sputnik, Mehr

Source: https://myawady.net.mm/

COVID 19 ဆက်စပ်ပြဿနာအတွက် ဒေါ်လာ ၂၄ ဘီလီယံကို တရုတ်က ပေးဆောင်ရန် အမေရိကန်တရားသူကြီးက အမိန့်ချမှတ်

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအစပိုင်းကာလက မှန်ကန်မှုမရှိသည့် သတင်းအတုအယောင်များ ဖြန့်ချိခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ သိမ်းဆည်းထားခြင်းတို့ကြောင့် တရုတ်အစိုးရကို ဒေါ်လာ ၂၄ ဘီလီယံ ပေးဆောင်ရန် အမေရိကန်ဖက်ဒရယ်တရားသူကြီးက မတ်လ ၇ ရက် တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်  Missouri ပြည်နယ် ဥပဒေချုပ်က တရုတ်နိုင်ငံသည်  ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ချိန်ကာလ၌ ရောဂါပြန့်ပွားမှုနှင့် အသိပေး အကြောင်းကြားမှုများကို လိမ်လည်ခဲ့ကြောင်း၊ ရောဂါကာကွယ်ရေးပစ္စည်း (PPE) တို့ကို သိမ်းဆည်းထားပြီး အခြားနိုင်ငံများသို့ ထောက်ပံ့မှု လျှော့ချဆောင်ရွက်ခဲ့ကြောင်း စွဲချက်တင်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခဲ့သဖြင့် ကာကွယ်ရေးပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အခြားလိုအပ်သော နိုင်ငံများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားပါသည်။

Missouri ပြည်နယ်သည် ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင် သေဆုံးမှုအများဆုံး တတိယနေရာတွင် ရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားထားပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃