အမေရိကန် ဂြိုဟ်တု ပုံရိပ်များ အသုံးပြုခွင့် ယူကရိန်းကို ဖြတ်တောက်
ယူကရိန်းသည် အမေရိကန် ဂြိုဟ်တုပုံရိပ်များ အသုံးပြုခွင့်ကို ဆုံးရှုံးသွားပြီ ဖြစ်ပါသည်။ အမေရိကန်အခြေစိုက် အာကာသနည်းပညာ ကုမ္ပဏီ Maxar ကယူကရိန်းအား ဝန်ဆောင်မှုပေးထားသော အသုံးပြုခွင့် ကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းဌာနတစ်ခုက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
Maxar ၏ ဆုံးဖြတ်ချက်မှာ အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေး အကူအညီနှင့် စစ်ဘက်ထောက်လှမ်းရေးမျှဝေရေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယူကရိန်းသတင်းဌာန Militarnyi မှ အမည်မဖော်လိုသူ Maxar အသုံးပြုသူအချို့က ၎င်းတို့၏ ဝန်ဆောင်မှုအသုံးပြုခွင့် ပယ်ချခံရကြောင်း အတည်ပြုပြောကြားထားကြသည်။
Maxar ကုမ္ပဏီသည် အဆိုပါ ကန့်သတ်မှုကို “အမေရိကန်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တစ်ခုအရ မဖြစ်မနေ ပြုလုပ်လိုက်ရခြင်းဖြစ်သည်” ဟု ရှင်းလင်းဖော်ပြထားပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃