မတ်လ(၁၅)ရက်နေ့တွင် တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့ကြောင်း သိရှိရသည်။ လေယာဉ်မှူးသည် ပျက်ကျသွားသောလေယာဉ်မှ အသက်ကယ်ထိုင်ခုံ စနစ်နှင့်အတူ အောင်မြင်စွာ လွတ်မြောက်ခဲ့ကြောင်းလည်း သိရပါသည်။ တရုတ်တောင်ပိုင်း စစ်ဒေသကွပ်ကဲမှုဌာနချုပ်က တိုက်လေယာဉ် တစ်စင်းသည် ဟိုင်နန်ပြည်နယ်ဧရိယာအတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တရုတ်တောင်ပိုင်း စစ်ဒေသ ကွပ်ကဲမှုဌာနချုပ်သည် တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်နိုင်ငံ ၏ စစ်ရေးအရ အရေးကြီးနယ်မြေဒေသအချို့ကို ကြီးကြပ်ကွပ်ကဲမှုများ လုပ်ဆောင်နေသောဌာန ဖြစ်သည်ဟုလည်း သိရပါသည်။

ထုတ်ပြန်ချက်တွင် “တရုတ်ရေတပ် တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးက ခုံနှင့်အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး ယင်းဖြစ်ရပ်အတွင်း မြေပြင်၌ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း” ရေးသားဖော်ပြထားပါသည်။
ပျက်ကျရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်းသိရှိရပါသည်။
ကိုးကား-NP News

VOA နှင့် RFA သတင်းဌာနတို့၏ မိခင်အေဂျင်စီဖြစ်သည့် United States Agency for Global Media (USAGM) အပါအဝင် အစိုးရဌာန ၇ ခုကို မလိုအပ်သည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လုပ်ငန်းများကို အဆုံး စွန်ဆုံးအထိ လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားရန် ညွှန်ကြားထားသော သမ္မတ Donald Trump ၏ သမ္မတအမိန့်တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ဥပဒေအရ လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည့် ဌာနများရှိ လုပ်ငန်းနှင့် ဝန်ထမ်းများကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချရန်နှင့် ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဋ္ဌာန်းမထားသော လုပ်ငန်း များကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် USAGM လက်အောက်ရှိ ဝါရှင်တန်အခြေစိုက် အမေရိကန်အသံ (VOA)နှင့် လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာနတို့တွင် လုပ်ငန်း လည်ပတ်ရန် အဟန့်တားများဖြစ်ပေါ်စေခဲ့သည်ဟု သိရပြီးလက်ရှိတွင် VOA က ၎င်းတို့ပုံမှန်တင်ဆက်နေကျဖြစ်သော ဗွီအိုအေ မြန်မာပိုင်း၏ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်များကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။
အလားတူ ဗွီအိုအေ မြန်မာပိုင်းတွင် အချိန်ပြည့် အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများထံသို့ အလုပ်မှ ချက်ခြင်းခွင့်ပေးကာ ရုံးသို့လာရောက် စရာမလိုသည့် ညွှန်ကြားချက် အီးမေးလ်များ ဝင်ရောက်ခဲ့သည်ဟု သိရပြီး ယင်းညွှန်ကြားချက်အရ ရုံးထဲတွင် ရှိနှင့်နေသူအနက် အီးမေးလ် လက်ခံရရှိသူ ဝန်ထမ်းများအနေဖြင့် ရုံးမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
အဆိုပါ သမ္မတ Trump ၏ အမိန့်အရ USAGM အပြင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနှင့် အလုပ်သမားရေး ဖြေရှင်းဆောင်ရွက်ပေးရေး ဌာနဖြစ်သည့် Federal Mediation and Conciliation Service, အိုးမဲ့အိမ်မဲ့အများအတွက်ဌာန US Interagency Council on Homelessness, လူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန The minority Business Development Agency၊ ပြတိုက်နှင့်စာကြည့်တိုက်များဌာန၊ Woodrow Wilson International Center၊ ပညာရှင်နှင့်သုတေသနဌာန စသည့် ပြည်ထောင်စုအစိုးရဌာနများသည်လည်း လုပ်ငန်းနှင့် ဝန်ထမ်းများ လျှော့ချရမည့်အထဲတွင် ပါဝင်ခဲ့သည်ဟုဆိုသည်။
ယင်းဌာနများ၏ အကြီးအကဲများအနေဖြင့် လျှော့ချမှုများ မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို ၇ ရက်အတွင်း လိုက်နာဆောင်ရွက်ကြောင်း အစီရင်ခံစာကို အစိုးရလုပ်ငန်းများ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှုးဆီသို့ ပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
ကိုးကား-Myanmar Hard Talk

အမေရိကန်အာဏာပိုင်များသည် ရုရှားနှင့် ဘယ်လာရုစ် အပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ပြည်သူများအတွက် အမေရိကန်ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် ပြင်ဆင်နေကြောင်း The New York Times က ပြောကြားထားပါသည်။
လက်ရှိအချိန်အထိ အမေရိကန်သည် ရုရှားနှင့် ဘယ်လာရုစ် ပြည်သူများကို ပြည်ဝင်ခွင့် ကန့်သတ်ထားခြင်း မရှိသေးပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါ နိုင်ငံ ၄၃ နိုင်ငံကို အမျိုးအစား (၃)မျိုး ခွဲခြား၍ ကန့်သတ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ပထမအဆင့်ဖြစ်သည့် ပြည်ဝင်ခွင့်လုံးဝခွင့်မပြုသော နိုင်ငံ (၁၁) နိုင်ငံမှာ အာဖဂန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ယီမင် တို့ဖြစ်ပါသည်။
ဒုတိယအဆင့် ကန့်သတ်မှုတင်းကျပ်လာနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံမှာ ရုရှား၊ ဘယ်လာရုစ်၊ မြန်မာ၊ အီသီယိုပီးယား၊ လာအို၊ ဟေတီ၊ ပါကစ္စတန်၊ စီရာလီယွန်၊ တောင်ဆူဒန်၊ တက့်မင်နစ္စတန် တို့ဖြစ်ပါသည်။
တတိယအဆင့်ဖြစ်သည့် ကန့်သတ်မှုအနည်းငယ်ရှိမည့်နိုင်ငံများမှာ စုစုပေါင်း (၂၂) နိုင်ငံရှိပါသည်။ ထိုအမျိုးအစားခွဲခြားမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်က သတ်မှတ်ထားခြင်းဖြစ်ပြီး အပြောင်းအလဲရှိနိုင်သည်ဟုလည်း ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားနှင့် အမေရိကန်တို့က စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီပါက ဥရောပတိုက်သည် စျေးနှုန်းချိုသာသည့် ရုရှားဓာတ်ငွေ့ကို ထပ်မံရရှိနိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘယ်လာရုဇ် သမ္မတ လူကာရှန်ကိုနှင့် ကရင်မလင်၌ မတ် ၁၃ ရက်တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြောကြားလိုက်ပါသည်။
“အမေရိကန်နှင့် ရုရှားတို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီမယ်ဆိုပါက ဥရောပအတွက် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပေးနိုင်ကြောင်း၊ စျေးနှုန်းချိုသာသော ရုရှားဓာတ်ငွေ့ကို ရရှိသည့်အတွက် ဥရောပအတွက် အကျိုးရှိမှာပါ" ဟု ပူတင်က မှတ်ချက်ပြုထားပါသည်။

Photo: The World Economic Forum

အမေရိကန်ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၃၀၀ ကျော်ကို အလုပ်ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ထုတ်ပြန်ထားသည့် အတွက် မတ်လ ၁၄ ရက်က ဝါရှင်တန်မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကလည်း ပညာရေးဝန်ထမ်း ၆၀၀ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါသည်။ ယခု ဝန်ထမ်း ၁၃၀၀ ကျော်မှာ လာမည့် မတ်လ ၂၁ ရက် နောက်ဆုံးထား၍ အလုပ်မှ နုတ်ထွက် ပေးရမည် ဖြစ်ပါသည်။ ယခုအစီအစဉ်မှာ ဝန်ထမ်း ၄၁၀၀ လောက်သာရှိသည့် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းထက်ဝက်ခန့်လောက်ကို လျှော့ချရန် စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းအင်အား လျှော့ချမည့်လုပ်ဆောင်ချက်မှာ ဒေါ်နယ်ထရမ့်၏ အစိုးရဝန်ထမ်းအင်အားလျှော့ချရေးအစီအစဉ်၏တစိတ်တပိုင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်တက်လာပြီးနောက် ဖက်ဒရယ် ဝန်ထမ်းအင်အား လျှော့ချရေးအစီအစဉ်အဖြစ် အစိုးရဌာန၊ အေဂျင်စီ ၆ ခု မှဝန်ထမ်း ထောင်ပေါင်းများစွာကို အလုပ်မှ ထုတ်ပယ်လိုက်ပြီး ဖြစ်သည် ဟု သိရှိရပါသည်။
ကိုးကား- Le Monde

ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းပြည်သူများကို ပြန်လည် နေရာချထားရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏ နယ်မြေများကို အသုံးပြုရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် ဆူဒန်၊ ဆိုမာလီယာနှင့် ခွဲထွက် ဒေသ Somaliland တို့၏တာဝန်ရှိသူများကို အမေရိကန်နှင့် အစ္စရေး တို့က ဆက်သွယ်မှု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများ၏ ပြောဆိုချက်များကို ကိုးကားပြီး Associated Press က ရေးသားဖော်ပြခဲ့ပါသည်။

ဆူဒန်အစိုးရတာဝန်ရှိသူများက ၎င်းတို့သည် အမေရိကန်နိုင်ငံ၏ အဆိုပြုချက်များကို ငြင်းဆန်ပယ်ချကြောင်း ပြောဆိုခဲ့ပြီး ဆိုမာလီယာ နှင့် ခွဲထွက်ဒေသ Somaliland တို့က ၎င်းတို့အနေဖြင့် လက်ရှိအချိန်အထိ မည်သည့် ဆက်သွယ်မှုကိုမျှ မရရှိသေးဟု ဆိုသည်။ အဆိုပါ အစီရင်ခံစာများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အမေရိကန် အစိုးရနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်း ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါသည်။
ထို့အပြင် ဆိုမာလီယာနှင့် Somaliland တို့၏ ပြန်ကြားရေးဝန်ကြီးများသည်လည်း မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့ကြောင်း သိရပါသည်။ လူပေါင်း (၁၂) သန်းခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး အငတ်ဘေး ကြုံတွေ့ခဲ့ရသော ပြင်းထန်သည့် ပြည်တွင်းစစ်ကို ကိုင်တွယ်ဖြေရှင်းနေရသည့် ဆူဒန်နိုင်ငံ၏နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်း သိရပါသည်။
သက်ရှိလောကတွင် လူဟူသည် သံယောဇဉ် မေတ္တာခံစားမှု အထိရှ အလွယ်ဆုံး နေရာဒေသအစွဲ ရင်းနှီးရာပုဂ္ဂိုလ်အစွဲ ကြီးလွန်းသူများ ဖြစ်သည်။ နေထိုင်ကြီးပြင်းခဲ့ရာ ဒေသမည်သို့ပင်မပြည့်စုံစေကာမူ မွေးဖွားကြီးပြင်းခဲ့ရာ မွေးရပ်မြေကို စွန့်ခွာလိုခြင်း အလျဉ်းမရှိကြပေ။ သို့သော် ကြုံလာရသော လောကဒဏ်၏ အကျိုးဆက်များကို ခံစားနေရခြင်းသည် မိမိမပြုသော်လည်း ပြုသူအချို့၏အတ္တများကြောင့် ရိုက်ခတ်မှုဒဏ် တွေ့ကြုံခံစားနေကြရဦးမည်ဖြစ်ပေသည်။

ရွှေဈေးနှုန်းများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်သည့် စိုးရိမ်မှုများ တိုးပွားလာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက လုံခြုံစိတ်ချ ရသည့်ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေစဉ် မတ်လ ၁၃ရက် (ကြာသပတေး) နေ့တွင် စံချိန်တင်မြင့်တက်လာခဲ့သည်။ ယခုနောက်ဆုံး ရွှေဈေး မြင့်တက်မှု သည် အမေရိကန်မှ ကြားဖြတ်ကောက်ခံမည့် အကောက်ခွန်များနှင့် ပတ်သက်သည့် ကြေညာချက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရွှေဈေးနှုန်းများသည် ချီကာဂိုကုန်သွယ်ရေးစင်တာ (CME) တွင် ဧပြီလ အတွက် ရွှေဈေးသည် မတ်လ ၁၃ ရက်နေ့ညတွင် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၃.၉၀ အထိ ခဏတာ ရောက်ရှိခဲ့ပြီး နောက်ပိုင်း တွင် ၂,၉၈၉.၅၀ ဒေါ်လာသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ယင်းသည် ရွှေဈေး ၁ အောင်စလျှင် ဒေါ်လာ ၃,၀၀၀ စံချိန်ကို ပထမဆုံးအကြိမ် ကျော်လွန်သွားခြင်း ဖြစ်သည်။ ရွှေဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် ၂၇% တက်လာပြီးနောက် ၂၀၂၅ နှစ်တွင် ယနေ့အထိ ၁၄% နီးပါး တက်လာခဲ့သည်။
“ကုန်သွယ်ရေးတင်းမာမှုများကြောင့် အခြားရင်းနှီးမြှုပ်နှံမှုများတွင် စွန့်စားမှုများကို ရှောင်ရှားလိုသည့် ရင်းနှီးမြှုပ်နှံသူများသည် တင်းမာမှုများ ပိုမို ဆိုးရွားလာနိုင်သည့် အခြေအနေတွင် လုံခြုံစိတ်ချရသည့် ရွှေဈေးကွက်သို့ တစ်ဖန်ပြန်လည်လှည့်နေကြသည်” ဟု IG စျေးကွက်ဗျူဟာပညာရှင် Yeap Jun Rong က Reuters သို့ ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများနှင့်ပတ်သက်သည့် စိုးရိမ်မှုများအပြင် လေ့လာသုံးသပ်သူများသည် ပထဝီနိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြားတွင် ရင်းနှီးမြှုပ်နှံသူများ နှစ်သက်သော ပိုင်ဆိုင်မှုဖြစ်သည့် ရွှေစျေးနှုန်းများ တက်လာခြင်းကို အမေရိကန်ဗဟိုဘဏ်က ငွေကြေးပေါ်လစီဖြေလျှော့မှုအပေါ် ဈေးကစားခြင်းဟု သုံးသပ်ကြသည်။
ကမ္ဘာ့ရွှေကောင်စီ၏ စစ်တမ်းအရ ၂၀၂၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပတို့၏ ပထဝီနိုင်ငံရေးတင်းမာမှုများတိုးလာခြင်း၊ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မရေရာမှုများ၊ အတိုးနှုန်းများ လျှော့ချခြင်းနှင့် အဓိကဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများ မြင့်တက် လာခြင်း တို့ကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည်။
စျေးကွက်များအတွင် ဈေးနှုန်းများမတည်ငြိမ်မှုများနှင့်ပတ်သက်၍ သုံးသပ်ချက်တွင် TD Securities ၏ ကုန်စည်ဗျူဟာဌာနမှူး Bart Melek က ဗဟိုဘဏ်များသည် ဒေါ်လာ၏ ရေရှည်တည်တံ့ခိုင်မာမှုနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် မကြာသေးမီနှစ်များအတွင်း ရွှေဝယ်ယူမှု စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဝါရှင်တန်နှင့် မော်စကိုတို့သည် ရုရှားစွမ်းအင်တင်ပို့မှုများ ပြန်လည် စတင်နိုင်ရန် ကြီးမားသောသဘောတူညီချက်တစ်ခုအတွက် ဆွေးနွေး နေကြောင်း ဂျာမန်သတင်းဌာန Correctiv က ကြာသပတေးနေ့တွင် ၎င်း၏သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဖြစ်နိုင်ခြေရှိသောသဘောတူညီချက်၌ အမေရိကန် ကုမ္ပဏီများက Nord Stream ပိုက်လိုင်းအခြေခံအဆောက်အအုံ၏ အစိတ်အပိုင်းအချို့ကိုဝယ်ယူခြင်းနှင့် ရုရှားစွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီ ကြီး Rosneft ၏ လက်အောက်ခံကုမ္ပဏီတစ်ခုမှ လက်ရှိ ပိုင်ဆိုင်ထားသော ဂျာမနီစက်သုံးဆီချက်လုပ်သည့်စက်ရုံသုံးခုတွင် ရှယ်ယာများ ဝယ်ယူခြင်းတို့ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။
ဆွေးနွေးမှုများသည် “လပေါင်းများစွာ” ကြာမြင့်ခဲ့ပြီး ရုရှားရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုများ EU သို့ ပြန်လည်စတင်နိုင်ရန်အတွက် သဘောတူညီချက်များလည်း ပါဝင်နိုင်ကြောင်း သိရသည်။
Nord Stream ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းများသည် ၂၀၂၂ ခုနှစ် မတိုင်မီက ရုရှားဓာတ်ငွေ့တင်ပို့မှုများအတွက် ဥရောပသို့ အဓိက ပို့ဆောင်ပေးနိုင်သော လမ်းကြောင်းများဖြစ်သည်။ ပထမပိုက်လိုင်းသည် တစ်နှစ်လျှင် ဓာတ်ငွေ့ ကီုဘီမီတာ ၅၅ ဘီလီယံအထိ ပို့ဆောင်နိုင်စွမ်းရှိသည်။ Nord Stream 2 ဟုအမည်ပေးထားသော ဒုတိယပိုက်လိုင်းသည်လည်း အလားတူစွမ်းဆောင်နိုင်စွမ်းရှိသော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် ရုရှား၏ ယူကရိန်းစစ်ဆင်ရေးမစတင်မီအချိန်တွင် ဂျာမနီက လိုင်စင်ထုတ်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် လုံးဝအသုံးမပြုခဲ့ရပေ။
Nord Stream ပိုက်လိုင်းလေးခုအနက် သုံးခုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ တွင် ဖျက်ဆီးခံခဲ့ရပြီး မီဒီယာအချို့က ယူကရိန်းကို ထပ်ခါထပ်ခါ ညွှန်းဆိုခဲ့သော်လည်း တရားဝင်ပြစ်မှုကျူးလွန်သူများကို မည်သူမျှ မဖော်ထုတ်နိုင်ခဲ့ပေ။
Wall Street Journal ၏ နိုဝင်ဘာလဆောင်းပါးတစ်ပုဒ်တွင် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူ Stephen P. Lynch သည် Nord Stream 2 အခြေခံအဆောက်အအုံကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်။ ယခင်က ဂျာမနီ သတင်းစာ Bild ကလည်း အမေရိကန်နှင့် ရုရှားတို့သည် Nord Stream 2 ကို လည်ပတ်နိုင်ရန် “လျှို့ဝှက်ဆွေးနွေးပွဲများ” ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။
Correctiv ၏အဆိုအရ၊ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ကြိုတင်သဘောတူညီချက်အချို့ကို ရရှိနိုင်ပြီး ယူကရိန်းပဋိပက္ခ စစ်ပြေငြိမ်းရေးနှင့်ပတ်သက်၍ မော်စကိုနှင့် ဝါရှင်တန်တို့အကြား ပိုမိုကျယ်ပြန့် သောသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း သတင်းဌာနကဆိုသည်။
မော်စကိုနှင့် ဝါရှင်တန်တို့မှ ထိုသတင်းနှင့်ပတ်သက်၍ တရားဝင် မှတ်ချက် မပြုသေးပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အကယ်၍ အမေရိကန် နှင့် ရုရှားတို့သည် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိပါက ဥရောပအတွက် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကိုပေးနိုင်ပြီး ဥရောပသည် စျေးပေါသောရုရှားဓာတ်ငွေ့ကို ရရှိမည်ဖြစ်သောကြောင့် ဥရောပအတွက်လည်း အကျိုးကျေးဇူးရှိမည်ဟု ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဩစတြေးလျ၏ထိပ်တန်းတက္ကသိုလ်များက မတ်လ ၁၃ ရက်နေ့တွင် ထရမ့် အစိုးရအဖွဲ့မှ ၎င်းတို့၏သုတေသီအချို့အတွက် အမေရိကန်ရန်ပုံငွေ ထောက်ပံ့မှုများကို ဖြတ်တောက်ခဲ့ပြီး အမေရိကန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုရရှိထားသူများအား ၎င်းတို့၏လုပ်ငန်းများသည် အမေရိကန် အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း သက်သေပြရန်တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျ၏ သုတေသနအထူးပြုတက္ကသိုလ်များဖြစ်သည့် Group of Eight က ယင်းလုပ်ရပ်သည် နိုင်ငံ၏ အရေးကြီးဆေးဘက်ဆိုင်ရာနှင့် ကာကွယ်ရေးသုတေသနများကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဖက်ဒရယ်အေဂျင်စီများမှ ရန်ပုံငွေထောက်ပံ့မှုရရှိထားသည့် သုတေသီအချို့အား ၎င်းတို့၏လုပ်ငန်းများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစီအစဉ်နှင့်ကိုက်ညီမှုရှိမရှိ ၃၆ ချက်ပါ မေးခွန်းလွှာဖြင့် အကဲဖြတ်ရန်တောင်းဆိုခဲ့ကြောင်း တက္ကသိုလ်များကပြောကြားခဲ့သည်။
ထိုစစ်တမ်းတွင် ထရမ့်အုပ်ချုပ်ရေးမှ ဖျက်သိမ်းရန်ကြိုးစားနေသည့် မတူကွဲပြားမှု၊ တရားမျှတမှုနှင့် ပါဝင်မှုအစီအစဉ်များနှင့် ပတ်သက်သည့် မေးခွန်းများပါဝင်ခဲ့သည်။ အချို့သောကိစ္စများတွင် တုံ့ပြန်ရန် ၄၈ နာရီ သာ ပေးခဲ့ကြောင်း Group of Eight ကပြောကြားခဲ့သည်။
Group of Eight သည် ဩစတြေးလျအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကိုတောင်းဆိုခဲ့ပြီး မေးခွန်းလွှာကိုတုံ့ပြန်ရန် အချိန်တိုးချထားပေးရန် အပါအဝင် အမေရိကန်အစိုးရထံမှ အရေးပေါ် လမ်းညွှန်ချက်များ ကိုလည်း တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုပါတက္ကသိုလ်များသည် အမေရိကန် အမျိုးသား ကျန်းမာရေးအင်စတီကျု (NIH) မှ ရန်ပုံငွေ ဒေါ်လာ ၁၆၁.၆ သန်း ခန့်ရရှိခဲ့သည်။
ကိုးကား-VN Express

အမေရိကန်လေကြောင်းလိုင်းလေယာဉ်တစ်စင်း၏ အင်ဂျင်မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒင်ဗာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှ ဆင်းသက်စေခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်သည် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင်မီးခိုးများ ဝေနေစဉ် ခရီးသည်များကို လေယာဉ်အတောင်ပံပေါ်မှဆင်းသက်စေခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရအရာရှိတစ်ဦးက American Airlines လေယာဉ်နံပါတ် 1006 တွင် ပါဝင်နေသည့်ခရီးသည်များကို လေဆိပ်အတွင်းသို့ အမြန်ဝင်ရောက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုလေယာဉ်သည် Colorado Springs မှ Dallas-Fort Worth သို့သွားရောက်နေစဉ် ဒင်ဗာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ဆင်းသက်ခဲ့ကြောင်း FlightAware.com ၏အချက်အလက်များအရသိရသည်။
American Airlines ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် ဒင်ဗာလေဆိပ်တွင် လေယာဉ်၏ အင်ဂျင်မီးလောင်မှု ဖြစ်ပွားပြီးနောက် Boeing 737-800 လေယာဉ်ပေါ်မှ ခရီးသည် ၁၇၂ ဦး နှင့် လေယာဉ်အဖွဲ့ဝင် ၆ ဦးကို ဆင်းသက်စေခဲ့ကြောင်းဖော်ပြခဲ့သည်။
လေယာဉ်ပေါ်ပါရှိသူများနှင့် မြေပြင်ပေါ်ရှိလူများ၏ဘေးကင်းရေးကို အဓိကထားပြီး အမြန်ဆုံးနှင့် ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်ပေးခဲ့သည့် လေယာဉ်အဖွဲ့ဝင်များ၊ DEN အဖွဲ့နှင့် ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများကို ကျေးဇူးတင်ရှိပါသည် ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ကိုးကား-CNN