မော်စကိုသည် ဆီးရီးယားနယ်နိမိတ်အတွင်းနေထိုင်သည့် ရုရှားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအပြည့်အဝရရှိစေရန်၊ အထူးသဖြင့် သံတမန်ရေးရာနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ ရုရှားစက်ရုံများ၊ ကုမ္ပဏီများကိုကာကွယ်ရန် ဆီးရီးယား၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို အနီးကပ်ဂရုတစိုက်စောင့်ကြည့်နေကြောင်း ရုရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Maria Zakharova က ပြောကြားလိုက်ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ၁၁-၁၂-၂၀၂၄ ရက်တွင် ဖော်ပြထားပါသည်။

ဆီးရီးယားပြည်သူများအနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေတွင် တွေ့ကြုံနေရသော အတားအဆီးအခက်အခဲများကို ကျော်လွှားနိုင်ရန် အမှန်တကယ် ဆန္ဒရှိပါကြောင်း၊ ဆီးရီးယား၏ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနှင့်နယ်မြေစိုးမိုးရေးအတွက် ရုရှား၏ ခိုင်မာသည့် ကတိကဝတ်များကို ထပ်လောင်းပြောကြားပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၅၄ နှင့်အညီ ဆီးရီးယားနိုင်ငံသားများ ကိုယ်တိုင် ဦးဆောင်သည့်အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်အတွက် အမြန်ညှိနှိုင်းဆောင်ရွက်ကြရန် ထောက်ခံပါကြောင်း သူမက ပြောကြားလိုက်ပါသည်။
ကိုးကား -TASS
Photo- ASIA-PACIFIC

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ယူကရိန်းသည် အမေရိကန်ပြည်ထောင်စု၏ ATACMS ဒုံးကျည် ၆ စင်း ဖြင့် ရုရှားနိုင်ငံ၏ ရိုစတိုဗ်ဒေသ ၊တာဂန်ရော့ဂ်ရှိ စစ်လေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တာဂန်ရော့ဂ်လေဆိပ်တွင် ဒုံးကျည်အပိုင်းအစများကျရောက်မှုကြောင့် ရုရှားတပ်ဖွဲ့ဝင်များအကြား ထိခိုက်သေဆုံးမှုများရှိကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တာဂန်ရော့ဂ်ရှိ စစ်လေယာဉ်ကွင်းအားတိုက်ခိုက်မှုကို အမေရိကန် ATACMS ဘက်လစ်စတစ် ဒုံးကျည်ခြောက်စင်းကလုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား - ရုရှားကာကွယ်ရေးဝန်ကြီးဌာန

ထိုင်ဝမ်ရေလက်ကြားနှင့် ပစိဖိတ်အနောက်ဘက်ရေပြင်တွင် တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့် သင်္ဘောများအုပ်စုလိုက်ရွေ့လျားနေကြောင်း၊ ဘေဂျင်း၏ စစ်ရေးလှုပ်ရှားမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ကမ်းရိုးတန်း စောင့် သင်္ဘောများနှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ရေယာဉ်များပါ ဝင်ရောက်နေကြောင်း၊ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း သတိကြီးစွာစောင့်ကြည့်နေပြီး တန်ပြန်စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် စတင်နေပြီဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုင်ဝမ်သမ္မတ၏ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြီးဆုံးသွားသည့် ဟာဝိုင်အီနှင့်အမေရိကန်နိုင်ငံပိုင်ဂူအမ်တို့ကို တရားမဝင်သွားရောက်ခဲ့မှုအပေါ် ဘေဂျင်းက အမျက်ဒေါသထွက်ပြီးနောက် ယခုစစ်ရေးလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
တစ်ဖက်သတ်ရန်စမှုများသည် အင်ဒို-ပစိဖိတ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း၊ အငြင်းပွားမှုဇုန်မှ ကျူးကျော်ဝင်ရောက်လာမှုအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီး အမျိုးသားလုံခြုံရေးအတွက် အာမခံကြောင်းဝန်ကြီးဌာန၏လူမှုမီဒီယာပလက်ဖောင်း X တွင် ရေးသားဖော်ပြထားသည်။
ကိုးကား - CNN

ဆီးရီးယားတွင် သမ္မတအာဆတ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် အစ္စရေးစစ်တပ်က သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးလုံခြုံရေးအရင်းအမြစ်တစ်ခု က ဒေသခံမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။
ဆီးရီးယားရှိ စစ်ရေးပစ်မှတ် ၂၅၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက အစ္စရေးစစ်တပ်အသံလွှင့်ဌာနကို ပြောကြားခဲ့ပါသည်။

အာဆတ်စစ်တပ်၏ အခြေစိုက်စခန်းများ၊ ဒါဇင်နှင့်ချီသည့် တိုက်ခိုက်ရေးသုံး ဂျက်လေယာဉ်များ၊ ဝေဟင်ပစ်ဒုံးကျည်စနစ်များနှင့် အဆိုပါဒုံးကျည်ထုတ်လုပ်သည့်စက်ရုံများနှင့် မြေပြင်ချင်းပစ်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား - Aljazeera

၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် ကာကွယ်ရေးအတွက် အမေရိကန် ဒေါ်လာ၈၄၁ ဘီလီယံ စံချိန်တင် သုံးစွဲမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd Austin က ပြောကြားခဲ့သည်ဟု RIA သတင်း ဌာနကဖော်ပြထားသည်။
ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲသည် အမေရိကန်၏ စစ်အသုံးစရိတ်ကို လာမည့်နှစ်တွင် ၂၀၂၁ ခုနှစ် က အသုံးစရိတ်ထက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။

အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်သည် နိုင်ငံ၏ စစ်ရေးအလားအလာကို ပံ့ပိုးရန်အတွက် ၂၀၂၅ ခုနှစ်တွင်ဒေါ်လာ ၈၄၁ ဘီလီယံအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ Lloyd Austin က ကယ်လီဖိုးနီးယားရှိ Reagan အမျိုးသားကာကွယ်ရေး ဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့ကြောင်း သတင်းအေဂျင်စီက ဖော်ပြထားသည်။
ကိုးကား - RIA သတင်းဌာန

ဒိန်းမတ်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ F-16 ဂျက် တိုက် လေယာဉ်များကို ဒုတိယအသုတ်အဖြစ် ပေးအပ် ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လင်စကီးက ၎င်း၏ ထိပ်တန်းနိုင်ငံရေးသမားများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ပါရီမြို့သို့ သွားရောက်စဉ် ဒီဇင်ဘာ ၇ ရက်နေ့က ပြောကြားခဲ့ကြောင်း AP သတင်းအေဂျင်စီ က ဖော်ပြထားသည်။
ဇယ်လင်စကီးသည် ဒိန်းမတ်နိုင်ငံကို ချီးကျူးခဲ့ပြီး အခြားမဟာမိတ်နိုင်ငံများထံမှ ထောက်ပံ့မှုကင်းမဲ့မှုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံက ထောက်ပံ့ပေးထားသည့် ပထမအသုတ် လေယာဉ်များသည် ရုရှားဒုံးကျည်များကို ပစ်ချနိုင်ခဲ့ ခြင်းဖြင့် ၎င်းတို့၏ပြည်သူလူထုနှင့် အခြေခံ အဆောက် အအုံများကို ကာကွယ်နိုင်ခဲ့ကြောင်း ယခုလည်း ယူကရိန်းနိုင်ငံ၏ လေကြောင်းကို ကာကွယ်ရန်အတွက် ထပ်မံ အားဖြည့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား - AP သတင်းအေဂျင်စီ

ဒီဇင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော်စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အပြန်အလှန် ဆက်ဆံရေးတွင် အလားအလာရှိသော နယ်ပယ်များကို ဖော်ထုတ်ခဲ့ပြီး ၎င်းတို့၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဌာနများအကြားတွေ့ဆုံဆွေးနွေးမှုကို အားကောင်းလာစေရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အမျိုးအစားများနှင့် နယ်ပယ်အားလုံးတွင် အပြန်အလှန် အကျိုးရှိသောဆက်ဆံရေးများ တည်ဆောက်ရန် အပြန်အလှန်ဆန္ဒကို အလေးပေးပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံရေးနယ်ပယ်ရှိ ဩဇာရှိသူ ထိပ်ပိုင်း ပုဂ္ဂိုလ်များအား သူလျှိုထောက်လှမ်းရန်အတွက် အနည်းဆုံး အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ ၈ ခုကို တရုတ်ဟက်ကာများ ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူက ဒီဇင်ဘာလ ၄ ရက်က ပြောကြားခဲ့ပါသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံအများအပြားများကို ထိခိုက်စေနိုင်သည့် တရုတ်ဟက်ကာများ၏ဆက်သွယ်ရေး ကွန်ယက်မှတစ်ဆင့် သတင်းအချက် အလက်များ ခိုးယူရန် လှုံ့ဆော်မှု အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါတရုတ် ဟက်ကာများ၏ဝင်ရောက်မွှေနှောက်ခြင်းများကို မိမိတို့ ဆက်သွယ်ရေးကွန်ယက်များမှ အပြည့်အဝ ဖယ်ရှားပြီးဖြစ်သည်ဟု မယုံကြည်နိုင်ပါကြောင်း၊ ဆက်လက်၍ သတင်းအချက်အလက်များ ခိုးယူရန်ထပ်မံဝင်ရောက်မွှေနှောက်ဖွယ်အန္တရာယ်မျိုးရှိနေကြောင်း အမေရိကန်ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Anne Neuberger က ပြောကြားခဲ့ပါသည်။
လက်ရှိ ဘိုင်ဒန်အစိုးရအနေဖြင့် တရုတ်ဟက်ကာများ ဝင်ရောက်မွှေနှောက်၍ သတင်းအချက်အလက်များခိုးယူနိုင်ရန် လှုံ့ဆော်နေသည့်လုပ်ဆောင်ချက်များကို မတားဆီးနိုင်ပါက နောက်တက်လာမည့် သမ္မတ ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင်တာဝန်ရှိသူများကလည်းဟက်ကာများအနေဖြင့် သတင်းအချက်အလက် တစ်စုံတစ်ရာရရှိသွားခဲ့သည်ဟု မယုံကြည်ကြကြောင်းNeuberger က ထပ်မံပြောကြားခဲ့ပါသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် အီရန် နိုင်ငံရှိ Shahrud အာကာသစခန်းမှ ထူးဆန်းစွာ ကြီးမားသော ဒုံးကျည်တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီ ကဖော်ပြထားသည်။
၎င်းဒုံးကျည်ပစ်လွှတ်မှုသည် ICBM စမ်းသပ်မှု သို့မဟုတ် အီရန်၏ MRBM အမျိုးအစား 'Khorramshahr' ဒုံးကျည်၏ ဗားရှင်းအသစ် စမ်းသပ်မှုဖြစ်နိုင်သလို Khorramshahr-4 သို့မဟုတ် ၎င်း၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

အီရန်သည် မကြာသေးမီ လများအတွင်း Shahrud အာကာသစခန်းတွင်လျှို့ဝှက် ဆန်းကြယ်သောစမ်းသပ်မှု များစွာကို ပြုလုပ်ခဲ့ပြီး အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သည် ICBM ဒုံးကျည်များ တီထွင်ထုတ်လုပ်နေသည့် ထင်မြင်မှုများ တိုးမြင့်လာခဲ့ကြောင်း သတင်းအေဂျင်စီ က ဖော်ပြထားသည်။
ကိုးကား - ဒေသတွင်းသတင်းအေဂျင်စီ

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်းတန်ဖိုးရှိ နောက်ထပ်လက်နက်များနှင့်ပစ္စည်းကိရိယာများ ပါဝင်သော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အသစ်ကို ပြင်ဆင်နေကြောင်းReuters သတင်းဌာနမှ ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအကူအညီအတွက် ဒေါ်လာ ၂.၂၁ ဘီလီယံ ကျန်ရှိနေသဖြင့် သမ္မတဘိုင်ဒင်အစိုးရသည် ထိုပမာဏ၏ ထက်ဝက်နီးပါးကို ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် တွန်းအားပေးနေကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
ကိုးကား - Reuters