သတင်းများ

အစ္စရေးက ယီမင်လေဆိပ်နှင့် ဓာတ်အားပေးစက်ရုံများကို လေကြောင်းမှတိုက်ခိုက်

အစ္စရေးစစ်တပ်သည် ယီမင်ရှိ ဆိပ်ကမ်းများနှင့်စွမ်းအင် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ဟူသီစစ်သွေးကြွများနှင့် ချိတ်ဆက်ထားသောနေရာများကိုရွေးချယ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုသည် မကြာသေးမီက ဟူသီစစ်တပ်၏လုပ်ရပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ပြောကြားချက်အရ သိရှိရသည်။

ယီမင်နိုင်ငံ ဟူသီသူပုန်များက အစ္စရေးကို ဒုံးကျည်များ နှင့်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် “အစ္စရေးလေတပ်က စစ်ဆင်ရေးဆင်နွှဲပြီး ယီမင်နိုင်ငံသားပေါင်းများစွာကို ဗုံးခိုကျင်းများဆီသို့ ရောက်အောင်တွန်းပို့နိုင် လိုက်ခဲ့သည်ဟု” အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါသည်။

ယီမင်နိုင်ငံ၏ မြို့တော် ဆန်နာရှိ ဆိပ်ကမ်းများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ အပါအဝင် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနေ သည်ဟု IDF မှ အခိုင်အမာယူဆထားသည့် တည်နေရာ များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက X မီဒီယာ (ယခင်တွစ်တာ) မှာ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ပစ်မှတ်အများစုသည် အရပ်ဘက်ကို ရည်ညွှန်းနေကြောင်း၊ IDF ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆာလစ်ဖ် ဆိပ်ကမ်းတွင် ၇ ဦးနှင့် ရာအီစလာဆိပ်ကမ်းရှိ ရေနံစက်ရုံတွင် နှစ်ဦးအပါအဝင် လူကိုးဦးသေဆုံးခဲ့ကြောင်း ဟူသီ မီဒီယာရုံး၏ လက်ထောက်အကြီးအကဲက ပြောကြားခဲ့ပါသည်။ အစ္စရေးတို့သည် မြို့တော်ရှိ ဓာတ်အားပေးစက်ရုံနှစ်ရုံကို တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲရလဒ် ပြသနေသည့်ပုံများကို မျှဝေ ခဲ့ကြောင်း  ၎င်းက ရေးသားဖော်ပြခဲ့ပါသည်။

ဟူသီသူပုန်များသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး စစ်တပ်၏ စစ်ဆင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေရန် ပင်လယ်နီအတွင်း အသွားအလာများ သည့် ပင်လယ်ကူးသင်္ဘောများကို ပစ်မှတ်ထားကာတိုက်ခိုက်နေပါသည်။ ယီမင်နိုင်ငံနှင့်ထိစပ်နေသောပင်လယ်နီအတွင်းမှ ရေပိုက်နက်ကို ပိတ်ဆို့ရန် ကြိုးပမ်းနေပြီး လပေါင်းများစွာကြာအောင် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။ 

အစ္စရေးအနောက် ဂျေရုစလင်အစိုးရမှ ဟူသီလက်နက်ကိုင်များသည် အကြမ်းဖက်သမားများဖြစ်ကြောင်း၊ အစ္စရေး၏ရန်သူ အီရန်ကိုကျောထောက်နောက်ခံပြုထားကြောင်း၊ ပင်လယ်နီအတွင်း ကုန်သင်္ဘောများအား တိုက်ခိုက်နေခြင်းသည် ကမ္ဘာကို ခြိမ်းခြောက်နေကြောင်း၊ ဟူသီသူပုန်များသည် ဂါဇာရှိ ဟားမတ် သူပုန်များကို ထောက်ပံ့နေကြောင်း၊ ၎င်းအရာကိုလည်း ထိရောက်စွာ ဟန့်တားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ကိုးကား-Myanmar National Post

တရုတ်နိုင်ငံသည် နျူကလီးယားလက်နက်များ အရှိန်အဟုန်ဖြင့် တီထွင်ထုတ်လုပ်လာကြောင်း အမေရိကန်စစ်ဌာနချုပ် ထောက်ပြ

တရုတ်၏ နျူကလီးယားလက်နက်များသည် ထင်ထားသည်ထက် ပို၍အလျင်အမြန် ကြီးထွားလာကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြား ကြသည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်းတွင် အသုံးပြုနိုင်သည့် ဒုံးကျည်ထိပ်ဖူးပေါင်း ၁၀၀ ခန့် တိုးလာကြောင်း၊ အမေရိကန်စစ်ဌာနချုပ် Pentagon ၏ "တရုတ်စစ်အင်အားဆိုင်ရာ အစီရင်ခံစာ" တွင် ယခုနှစ်လယ်ပိုင်း အထိ တရုတ်နိုင်ငံ၏ လက်နက်သိုလှောင်မှုများ၌ ထိပ်ဖူးပေါင်း ၆၀၀ ကျော် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ လာမည့်ဆယ်စုနှစ်အကုန်တွင် ၁,၀၀၀ အထိတိုးလာနိုင်ပြီး တရုတ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အနည်းဆုံး ၂၀၃၅ ခုနှစ်အထိ အင်အားကို ဆက်လက် တည်ဆောက်သွားမ

တရုတ်၏ နျူကလီးယားလက်နက်များသည် ထင်ထားသည်ထက် ပို၍အလျင်အမြန် ကြီးထွားလာကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြား ကြသည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်းတွင် အသုံးပြုနိုင်သည့် ဒုံးကျည်ထိပ်ဖူးပေါင်း ၁၀၀ ခန့် တိုးလာကြောင်း၊ အမေရိကန်စစ်ဌာနချုပ် Pentagon ၏ "တရုတ်စစ်အင်အားဆိုင်ရာ အစီရင်ခံစာ" တွင် ယခုနှစ်လယ်ပိုင်း အထိ တရုတ်နိုင်ငံ၏ လက်နက်သိုလှောင်မှုများ၌ ထိပ်ဖူးပေါင်း ၆၀၀ ကျော် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ လာမည့်ဆယ်စုနှစ်အကုန်တွင် ၁,၀၀၀ အထိတိုးလာနိုင်ပြီး တရုတ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အနည်းဆုံး ၂၀၃၅ ခုနှစ်အထိ အင်အားကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ သိုလှောင်မှုအား အနည်းဆုံး နှစ်ဆတိုးနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ၂၀၂၀ ပြည့်နှစ်တွင်ယူဆခဲ့သော်လည်း လွန်ခဲ့သော ၄ နှစ်အတွင်းတွင်သုံးဆနီးပါး တိုးလာနေပြီဖြစ်ကြောင်း ခန့်မှန်းထား ကြသည်။

"လက်ဦးအဖြစ် အသုံးမပြု မူဝါဒ" ဟု ဆိုသည့် တရုတ်၏ နျူကလီးယားချဉ်းကပ်မှုကို ၎င်းအစီရင်ခံစာက မေးခွန်းထုတ်နေကြောင်းဖော်ပြထားသည်။ ကွန်မြူနစ် ပါတီအစိုးရ၏ရှင်သန်မှုကို အကြီးအကျယ် ခြိမ်းခြောက်မည့် ထိုင်ဝမ်တွင် သမားရိုးကျစစ်ရေး ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရပါက တရုတ်အနေနှင့် ဦးဆုံး တိုက်ခိုက်ရန် စဉ်းစားဖွယ်ရှိသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာ၌ တရုတ်နိုင်ငံ စစ်အသုံးစရိတ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စများအားလည်းထောက်ပြထားပါသည်။ စစ်တမ်းတစ်ခုအရ ၎င်းဘတ်ဂျက်သည် ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်တွင် ကြေညာထားသည်ထက် ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ များနေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

ကိုးကား-NHK World

တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ကွန်ဂရက်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် ဥပဒေကို လာမည့်ရက်များတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ယင်းဥပဒေသည် အစိုးရလုပ်ငန်းများကို မတ်လလယ် အထိငွေကြေးထောက်ပံ့မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းတွင် ပါဝင်နေကြောင်း လွှတ်တော်အမတ် များက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြောကြားလိုက် သည်။

အမေရိကန်နိုင်ငံဗဟိုဘဏ်သည် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် တရုတ်နိုင်ငံရှိ ဉာဏ်ရည်တုနှင့် အခြားနည်းပညာကဏ္ဍများတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် နည်းဥပဒေများကို အောက်တိုဘာလတွင် အပြီးသတ် ရေးဆွဲခဲ့ပြီး လာမည့် ဇန်နဝါရီ ၂ ရက်နေ့တွင် စတင် အကျိုးသက်ရောက်မည်ဖြစ်သည်။

အဆိုပါဥပဒေကြမ်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များအပြင် တရုတ်နိုင်ငံထုတ် Routers များနှင့် Modems များကြောင့် ဖြစ်ပေါ်စေနိုင်သည့်အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များ၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သောနေရာများ အနီးတွင် တရုတ်နိုင်ငံက အိမ်ခြံမြေ ဝယ်ယူမှုများကို ပြန်လည်သုံးသပ်ခြင်းအပါအဝင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အခြားသော ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။

“တရုတ်နိုင်ငံသည် စီးပွားရေးရန်ဘက်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ကို တရုတ်ကွန်မြူနစ်ပါတီရန်မှ ကာကွယ် စောင့်ရှောက်ရန် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ နည်းပညာကို တရုတ်နိုင်ငံ၏ လက်ထဲသို့ မရောက်ရှိ စေရန် အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုများကို ဤဥပဒေဖြင့် အခိုင်အမာကန့်သတ်ထားခြင်းဖြစ်ကြောင်း” ဒီမိုကရက် တစ်ပါတီမှ အထက်လွှတ်တော်အမတ် Bob Casey က ပြောကြားလိုက်ပါသည်။

ကိုးကား - CNA

၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခုပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြား

၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခု ပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြားခဲ့သည်ဟု tvpworld သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

Kyiv Post သတင်းစာ၏ အဆိုအရ ယူကရိန်း ဒရုန်းတပ်ဖွဲ့များ၏ တပ်မှူး Vadym Sukharevskyi က ကွန်ဖရင့်တစ်ခုအတွင်း ၎င်းလက်နက်၏ လည်ပတ်မှု အခြေအနေကို အတည်ပြုခဲ့ပြီး ၎င်းသည် "စစ်ဆင်ရေးအတွက် အစစ်အမှန်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ၎င်း၏ အဖွဲ့သည် အကွာအဝေးနှင့် ထိရောက်မှုကို မြှင့်တင်ရန်လုပ်ဆောင်နေကြောင်း၊  “ယူကရိန်းနိုင်ငံသည် လေဆာလက်နက်ပိုင်ဆိုင်သည့် ပဉ္စမမြောက်နိုင်ငံဖြစ်ကြောင်း ၎င်းတို့ ပြောကြားနိုင်ပါပြီ” ဟု  ယူကရိန်း၏ ဒရုန်းတပ်ဖွဲ့များ၏ တပ်မှူးက ပြောကြားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။ အဆိုပါ လေဆာလက်နက်ဖြင့် အမြင့် ၂ ကီလိုမီတာထက်ပိုသည့် လေယာဉ်များကို ပစ်ချနိုင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အခိုင်အမာ အတည်မပြုရသေးသော်လည်း အသေးစိတ်အချက်အလတ်အနည်းငယ်ကို မျှဝေထားသည့်အတိုင်း အဆိုပါလက်နက်ကို 'Tryzub' ဟု အမည်ပေးထားပြီး ယူကရိန်းနိုင်ငံ၏ အမျိုးသားသင်္ကေတဟု အဓိပ္ပာယ်ရသည့် သုံးပွင့်ဆိုင်ဟု အဓိပ္ပာယ်ရပါသည်။

အဆိုပါနည်းပညာကို ပြည်တွင်း၌ တီထွင်နိုင်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါသည်။

အခြားနိုင်ငံများသည် ဒရုန်းများ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် လေဆာလက်နက်များ တီထွင်ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိပါသည်။

ရုရှားမောင်းသူမဲ့လေယာဉ်များအား တိုက်ခိုက်ရန် အကာအကွယ်အဖြစ် DragonFire ဟုခေါ်သော ဗြိတိန်လေဆာလက်နက်ကို ယူကရိန်းတွင် ဧပြီလတွင် အသုံးပြုနိုင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါသည်။

ဝေပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာနယ်မြေတွင် အဆိုပါ စနစ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းပေးပို့ခဲ့ပါသည်။

ယူကရိန်း၏ ဒရုန်းအကြီးအကဲသည် သေးငယ်သည့် ကိရိယာနှစ်ခုကို သယ်ဆောင်နိုင်သည့် ကြီးမားသော “ဒရုန်းဘုရင်မများ” အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ယူကရိန်းမီဒီယာက ဖော်ပြခဲ့ပါသည်။

အဆိုပါဒရုန်းများသည် ကီလိုမီတာ၇၀ကျော်အကွာရှိ ပစ်မှတ်များကို ထိမှန်နိုင်သည်ဟုယူဆရကြောင်း Kyiv Post နှင့် Kyiv Independent သတင်းအေဂျင်စီတို့က ဖော်ပြခဲ့ပါသည်။

ကိုးကား - Kyiv Post / Kyiv Independent 

တစ်နာရီမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကိုတိုက်ခိုက်မယ့် CobraJet

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်တဲ့ SkyDefence ကုမ္ပဏီက CobraJet ဆိုတဲ့ မျိုးဆက်သစ်မောင်းသူမဲ့ လေယာဉ်တစ်မျိုးကို ထုတ်ဖော်မိတ်ဆက် လိုက်ပါတယ်။    အဲဒီမောင်းသူမဲ့လေယာဉ်က ရန်သူ့ဒရုန်းတွေကို အလွန်မြန်ဆန်တဲ့အမြန်နှုန်း၊ အလွန်ကောင်းမွန်တဲ့ တိကျမှုတို့နဲ့အတူ ကြားဖြတ်တိုက်ခိုက်နိုင်မှာပါ။

ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ CobraJet မောင်းသူမဲ့လေယာဉ်က ပုံစံ အားဖြင့် F-35B လိုမျိုးဖြစ်ပါတယ်။ သူ့မှာ VIPER ဆိုတဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးများ၊ PYTHON ဆိုတဲ့   ဓာတ်လိုက်စေသော ကိရိယာများ တပ်ဆင်ထားပါတယ်။

AI နည်းပညာကိုပါ ပေါင်းစပ်အသုံးပြုထားတဲ့အပြင် လျှပ်စစ်စွမ်းအင်သုံး ဂျက်အင်ဂျင်ပါဝင်တဲ့အတွက် တစ်နာရီကိုမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။   

Source: Myawady Webportal     

ဒရုန်းအသုံးပြုစစ်ပွဲအတွက် အလှည့်အပြောင်း အသံနှုန်းလွန် ဒရုန်း

အသံနှုန်းလွန်နည်းပညာဆိုတာ လက်ရှိအချိန်အထိ  နိုင်ငံအနည်းငယ်ပဲ ပိုင်ဆိုင် သေးတဲ့နည်းပညာတစ်ခုပါ။ တရုတ်နိုင်ငံကတော့ အဲဒီနိုင်ငံတွေထဲမှာ အပါအဝင်ပေါ့။ အခုသူတို့က ဒရုန်းအသုံးပြုစစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ဒရုန်းတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပါပြီ။ သူတို့စမ်းသပ်လိုက်နိုင်တာက အသံနှုန်းလွန်ဒရုန်းပါ။

ဒီဒရုန်းကို MD-19 လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့အားသာချက်များအနက် တစ်ခုက ပြေးလမ်းပေါ်မှာ အလျားလိုက် အောင်မြင်စွာပြန်လည် ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုမျိုးဆင်းသက်နိုင်ခြင်းကြောင့် တခြားဒရုန်းတွေလိုမျိုးတစ်ခါ၊ နှစ်ခါသုံးမဟုတ်ဘဲ အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဒရုန်းအဖြစ်ကို ပိုင်ဆိုင်လာတာပါ။

သူ့ကိုစမ်းသပ်မှုလုပ်စဉ်မှာ TB-001  ဆိုတဲ့  တိုက်ခိုက်ရေးနဲ့ ကင်းထောက်မောင်းသူမဲ့ လေယာဉ်ပေါ်ကနေ MD-19 ကို လေထဲမှာလွှတ်လိုက်ပါတယ်။ MD-19 က လေထဲမှာ အလွန်လျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းသွားပြီးပြေးလမ်းပေါ်မှာ အောင်မြင်စွာ ဆင်းသက်လိုက်နိုင်တာဖြစ်ပါတယ်။

ဘူဂေးရီးယားတပ်မတော်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် MD-19  လေယာဉ်က လေရှူစခရမ်ဂျက်အင်ဂျင်ကို အသုံးပြုထားတာမျိုး မဟုတ်ဘဲ  ဒုံးအင်ဂျင်ကို အသုံးပြုထားတာဖြစ်နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

AI က ဒုတိယကမ္ဘာစစ် သက်သေခံချက်များကို အသက်ဝင်လာစေမည်

သမိုင်းကိုလေ့လာရန်အတွက် တွေ့ဆုံမေးမြန်းမှုများ၊ သက်သေခံချက်များသည် တန်ဖိုးမဖြတ်နိုင်သည့် မှတ်တမ်းအရင်းမြစ်များဖြစ်ပါသည်။ သို့သော် ကိုယ်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မေးခွန်းများမေးကာ ပြောဆိုခြင်းက ပိုမိုလက်တွေ့ကျနိုင်သည်။ ဒုတိယကမ္ဘာစစ်ကြီးမှ အသက်ရှင်ကျန်ရစ်သူအရေအတွက် လျော့နည်းလာနေချိန်တွင် ဂျပန်ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုသည် စစ်အတွင်းက လူအများ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှ ပြောလာသောစကားများ၏ အရေးပါမှု စွမ်းပကားများနှင့် အရေးကြီးသောစကားများ မည်သည့်ကာလ ရောက်ရှိသည်ဖြစ်စေ မပျောက်ပျက်သွားစေရန် AI စနစ်တစ်ခုကို သုံးပြီးတီထွင်လျက်ရှိကြောင

သမိုင်းကိုလေ့လာရန်အတွက် တွေ့ဆုံမေးမြန်းမှုများ၊ သက်သေခံချက်များသည် တန်ဖိုးမဖြတ်နိုင်သည့် မှတ်တမ်းအရင်းမြစ်များဖြစ်ပါသည်။ သို့သော် ကိုယ်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မေးခွန်းများမေးကာ ပြောဆိုခြင်းက ပိုမိုလက်တွေ့ကျနိုင်သည်။ ဒုတိယကမ္ဘာစစ်ကြီးမှ အသက်ရှင်ကျန်ရစ်သူအရေအတွက် လျော့နည်းလာနေချိန်တွင် ဂျပန်ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုသည် စစ်အတွင်းက လူအများ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှ ပြောလာသောစကားများ၏ အရေးပါမှု စွမ်းပကားများနှင့် အရေးကြီးသောစကားများ မည်သည့်ကာလ ရောက်ရှိသည်ဖြစ်စေ မပျောက်ပျက်သွားစေရန် AI စနစ်တစ်ခုကို သုံးပြီးတီထွင်လျက်ရှိကြောင်း သိရှိရပါသည်။

ကိုးကား- NHK World

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတု လက်နက်ကာကွယ်ရေးတပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့သေဆုံး

ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက်ကာကွယ်ရေး တပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့ သေဆုံးခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါသည်။

စကူတာတွင် ကွယ်ဝှက်၍ တပ်ဆင်ထားသည့် ကိရိယာတစ်ခုပေါက်ကွဲမှုကြောင့် NBC ကာကွယ်ရေး တပ်ဖွဲ့ အကြီးအကဲ Igor Kirillov သေဆုံးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးမှူးများသည် ပေါက်ကွဲမှုဖြစ်ပွားသည်ဟု သံသယရှိသည့် စကူတာတစ်စီးအားစစ်ဆေးရန်အတွက် ယူဆောင်စစ်ဆေးလျက်ရှိကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

NBC ကာကွယ်ရေးတပ်များ၏ အကြီးအကဲနှင့် ၎င်း၏ လက်ထောက်တို့သည် လူနာတင်ယာဉ်မရောက်လာမီ သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

ပေါက်ကွဲမှုကြောင့် တိုက်ခန်းများတွင် ပြတင်းပေါက်များ ကွဲအက်ကာ ကားအများအပြား ပျက်စီးခဲ့သည်။ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များသည် လက်ရှိတွင် အနီးပတ်ဝန်းကျင်ကို စစ်ဆေးလျက်ရှိကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ကိုးကား - Reuters

ယူကရိန်းအနေဖြင့် စစ်ဖက်ဆိုင်ရာပစ္စည်းကိရိယာများ၊  လက်နက်များ၊ ခဲယမ်းများ ထုတ်လုပ်မှု အများအပြား ဆုံးရှုံးသွားရကြောင်း  ရုရှားကာကွယ်ရေးအကြီးအကဲ ပြောကြား

ရုရှားစစ်တပ်၏ တိကျသောလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့်  ယူကရိန်းတို့၏ ကာကွယ်ရေး ထုတ်လုပ်မှုဆိုင်ရာအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစနစ်များ သိသိသာသာ ပျက်စီးသွားရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြောကြား လိုက်သည်။

ယူကရိန်းတို့အတွက် မရှိမဖြစ်လိုအပ်သည့် စစ်ဖက်သုံး ကိရိယာများ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်စွမ်း အများကြီးဆုံးရှုံးသွားကြောင်း ယခု နှစ်အတွင်း ယူကရိန်းလက်နက်နှင့် စစ်ဖက်အသုံး အဆောင်ကိရိယာ ၅၈,၀၀၀ ကျော်နှင့် နိုင်ငံခြားထုတ် စစ်ဖက်အသုံးအဆောင် လက်နက်ပစ္စည်း ၁၈,၀၀၀ ကျော် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရှိရသည်။ 

ကိုးကား -  TASS

Photo- The New York Times

ရုရှားကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ဘိုင်ဒန်အစိုးရဆုံးဖြတ်ချက်ကို ထရန့်က ဝေဖန်နေချိန် တွင် ယူကရိန်းသို့ လက်နက်ပို့ဆောင်မှု အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်အစိုးရ တာဝန်ရှိသူ ပြောကြား

ဘိုင်ဒန်အစိုးရသည် တာဝန်ကုန်ဆုံးမည့်နောက်ဆုံးရက်များအတွင်း ယူကရိန်းသို့ စစ်ဖက်ဆိုင်ရာလက်နက်များ ထောက်ပံ့ပေးမှုကို ၂၀၂၅ ခုနှစ် တာဝန်မလွှဲပြောင်းမီ ရက်အထိ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘိုင်ဒန်၏ အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားလိုက် ပါသည်။ 

ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် Time မဂ္ဂဇင်းနှင့်တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်က ထောက်ပံ့ပေးသော လက်နက်များအသုံးပြု၍ ယူကရိန်းက ရုရှားပိုင်နက် အတွင်းကို  တိုက်ခိုက်ရန် မကြာသေးမီက အမေရိကန်၏ ခွင့်ပြုခဲ့မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထား ပါသည်။ အဆိုပါ လုပ်ရပ်မှာ ထရန့်အစိုးရအဖွဲ့သစ်၏ တွန်းအားပေးမှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါသည်။

ယူကရိန်းကို နောက်ဆုံးအကြိမ် ထောက်ပံ့ရန်အတွက် ဘိုင်ဒင်အစိုးရက ဒီဇင်ဘာ ၁၂ ရက်နေ့ညနေပိုင်းတွင် အမေရိကန်၏ ဒေါ်လာသန်း ၅၀၀ အထူး အကူအညီ ပေးရေးအစီအစဉ်ကို ကြေညာလိုက်ပါသည်။ 

အမေရိကန်သမ္မတဘိုင်ဒန် ရာထူးမဆင်းမီ  ၎င်း၏ ကတိကဝတ်အရ ယူကရိန်းအစိုးရသည် စစ်ဖက် လက်နက်များကို လွှဲပြောင်းရယူရန် စီမံဆောင်ရွက် နေကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိက CNN သို့ ပြောကြားခဲ့ပါသည်။ 

လာမည့်ငါးပတ်အတွင်း ယူကရိန်းသို့ လက်နက် အမြောက်အမြားရွှေ့ပြောင်းပေးရန် သမိုင်းဝင်ကြိုးပမ်းမှုတစ်ရပ်ကို လုပ်ဆောင်နေကြကြောင်း၊ လာမည့် ဇန်နဝါရီ လလယ်ပိုင်းအတွင်း ယူကရိန်းနိုင်ငံသို့ရာနှင့်ချီသော အမြောက်ကျည်များ၊ သံချပ်ကာယာဉ်များ၊ ဒုံးပျံထောင်ပေါင်းများစွာနှင့် အခြားသော အရေးပါသည့် စစ်လက်နက်များကို ယူကရိန်းနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား - CNN