အစ္စရေးစစ်တပ်က ဆီးရီးယားရှိ စစ်ရေးပစ်မှတ် ၂၅၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

News Image

  • အစ္စရေးစစ်တပ်က ဆီးရီးယားရှိ စစ်ရေးပစ်မှတ် ၂၅၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ဆီးရီးယားတွင် သမ္မတအာဆတ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် အစ္စရေးစစ်တပ်က သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးလုံခြုံရေးအရင်းအမြစ်တစ်ခု က ဒေသခံမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။ 

ဆီးရီးယားရှိ စစ်ရေးပစ်မှတ် ၂၅၀ ကျော်ကို  လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက အစ္စရေးစစ်တပ်အသံလွှင့်ဌာနကို ပြောကြားခဲ့ပါသည်။

အာဆတ်စစ်တပ်၏ အခြေစိုက်စခန်းများ၊  ဒါဇင်နှင့်ချီသည့် တိုက်ခိုက်ရေးသုံး ဂျက်လေယာဉ်များ၊ ဝေဟင်ပစ်ဒုံးကျည်စနစ်များနှင့် အဆိုပါဒုံးကျည်ထုတ်လုပ်သည့်စက်ရုံများနှင့် မြေပြင်ချင်းပစ်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား - Aljazeera