သတင်းများ

ယူကရိန်းတွင် ယခင်အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ATACMS ဒုံးကျည် အစင်း ၅၀၀ မှာ ယခုလက်ရှိအချိန်တွင် အစင်း ၅၀ ခန့်သာ ကျန်ရှိ

ယူကရိန်းတွင် ယခင်အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ATACMS ဒုံးကျည် အစင်း ၅၀၀ မှာ ယခုလက်ရှိအချိန်တွင် အစင်း ၅၀ ခန့်သာ ကျန်ရှိကြောင်း၊ အမေရိကန်နှင့် နေတိုးအရာရှိများက ယူကရိန်းသည် အမေရိကန်၏ တာဝေးပစ် ATACMS ဒုံးကျည်များကို တိုက်ခိုက်မှုအတွက် အသုံးပြုရာတွင် ပစ်မှတ်အရေအတွက်နှင့် ရွေးချယ်မှုများကို ပိုမိုဂရုတစိုက် လုပ်ဆောင်သင့်ကြောင်း အမေရိကန် သတင်းစာ New York Times က ဖော်ပြထားပါသည်။

ကိုးကား- New York Times

အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေပေးမည်

အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေ ပေးမည်ဖြစ်ကြောင်း Associated Press က ဖော်ပါ သည်။

သမ္မတဘိုင်ဒင်အစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် အဆိုပါ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ် သစ်ကို လာမည့်သီတင်းပတ်တွင် ကြေညာရန် ရည်ရွယ် ထားကြောင်းသိရှိရပါသည်။

သမ္မတဘိုင်ဒင် အစိုးရသည် ဇန်နဝါရီလတွင် သမ္မတ ဘိုင်ဒင် ရာထူးမှ မထွက်ခွာမီ ယူကရိန်းသို့ ဒေါ်လာ ၁.၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ် ပေးပို့ရန် စီစဉ်နေကြောင်း AP သတင်း တွင် ဖော်ပြထားပါသည်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ်တွင် NASAMS နှင့် HAWK လေကြောင်းရန်ကာကွယ်ရေး ခဲယမ်းမီးကျောက်များ၊ Stinger ဒုံးကျည်များ၊ 155mm နှင့် 105mm အမြောက်ကျည်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘိုင်ဒင်အစိုးရအဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးအစီအစဉ်သစ်ကိုတရားဝင်ကြေညာရန်စီစဉ်ထားပြီး လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ယူကရိန်းသို့ အကူအညီ များ ပေးပို့ရန်ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့သည်။

ကိုးကား - AP News

ဂျပန်လေကြောင်းလိုင်းစနစ် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ

ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ချို့ယွင်းသွားသော ဂျပန်လေကြောင်းလိုင်း (JAL) စနစ်သည် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ယင်းနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဂျပန်လေကြောင်းလိုင်း ၏ ဆိုက်ဘာစက်ပစ္စည်းများ ဆိုက်ဘာတိုက်ခိုက်မှုခံ ခဲ့ရကာ ခရီးသည်အိတ်များ သယ်ဆောင်ရေး စသည့် စနစ်များချို့ယွင်းခဲ့ရသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိုနေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်း အနည်းဆုံး ဒါဇင်နှင့်ချီနှောင့်နှေးခဲ့ရကြောင်း ဂျပန် ကျိုဒို သတင်းအေဂျင်စီ၏အဆိုအရသိရသည်။ ဂျပန်လေကြောင်းလိုင်းသည် လက်မှတ်ရောင်းချမှု ယာယီရပ်ဆိုင်းခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန် သွားပြီ ဖြစ်ကြောင်းသိရသည်။ ယခု အကြိမ် ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားခြင်းမရှိကြောင်း ဂျပန်လေကြောင်းလိုင်းက ပြောကြားခဲ့သည်။  

ကိုးကား - Xinhua

ယူကရိန်းရှိ စစ်ရေးပစ်မှတ်များကို ရုရှားက တိကျမှုရှိသော တာဝေးတိုက်ခိုက်မှုများ ပြုလုပ်

ရုရှားတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ယူကရိန်းနိုင်ငံရှိ စစ်ရေး ပစ်မှတ်များကို တိကျမှုရှိသော တာဝေး တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုစစ်ဆင်ရေးတွင် ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားပေးနေသော စွမ်းအင်အခြေခံအဆောက်အအုံများကို ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်များအားလုံးကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်ရာ၌ ရုရှားက ဒုံးကျည် အစင်း ၇၀ ခန့်နှင့် အသေခံဒရုန်းအစင်း ၁၀၀ ကျော်တို့ကို  အသုံးပြုထားကြောင်းနှင့်   ဒေသခြောက်ခုရှိ  ပစ်မှတ်များစွာမှာ တိုက်ခိုက်ခံရကြောင်း  ယူကရိန်းဒုတိယဝန်ကြီးချုပ်    အလက်ဆီကူလဲဘားက အတည်ပြုထားသည်။

ဒီဇင်ဘာလ ၂၄ ရက်ညပိုင်းတွင် ရုရှားနိုင်ငံအတွင်းပိုင်းသို့ ဦးတည်ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံမှ  ဒရုန်း ၅၉ စင်းကို ရုရှားကကြားဖြတ် ပစ်ချနိုင်ကြောင်းနှင့် ထိုသို့တိုက်ခိုက်လာမှုကို ထိရောက်မှုရှိစွာ လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောပြီးနောက် ဒီဇင် ဘာလ ၂၅ ရက်တွင် ရုရှားက ယူကရိန်း၏ ဓာတ်အားလိုင်းများကို  ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal

ယီမင်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို အစ္စရေးကြားဖြတ်ဟန့်တား

ဂျေရုဆလင်    ဒီဇင်ဘာ ၂၅

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို အစ္စရေးလေ‌ကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အစ္စရေးနယ်မြေအတွင်းသို့မရောက်မီ အဆိုပါ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။

ကြားဖြတ်ဟန့်တားမှုမှ အမြောက်ဆန်အပိုင်းအစများကျလာနိုင်သည့်အတွက် အစ္စရေးနိုင်ငံအလယ်ပိုင်းတွင် အချက်ပေးသံများ ထွက်ပေါ်လာခဲ့သည်။

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ဒုံးကျည်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ငါးကြိမ်‌မြောက်အဖြစ် သန်းနှင့်ချီသော ပြည်သူများကို ခိုလှုံရာနေရာများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

ဟူသီသူပုန်များသည် လွန်ခဲ့သည့်နှစ်အောက်တိုဘာလမှစတင်၍ အစ္စရေးနိုင်ငံသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ပြုလုပ်ခဲ့သည်။

အစ္စရေးဘက်မှလည်း လေကြောင်းစစ်ဆင်ရေးများဖြင့် ပြန်လည်လက်တုံ့ပြန်ခဲ့သည်။

ဆင်ဟွာ

Source: မြန်မာ့အလင်း

ထိခိုက်ဒဏ်ရာရသူများအပါအဝင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော ဂျာမနီနိုင်ငံ ခရစ္စမတ် ဈေးပွဲတော် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်တိုက်မှု ကျူးလွန်သူဟု သံသယရှိသူ အား တရားရုံးတွင် ရုံးထုတ်စဉ် မေးခွန်းများ ထွက်ပေါ်လာ

ဒီဇင်ဘာ ၂၁ ရက်နေ့ညနှောင်းပိုင်း တရားရုံးတွင် ရုံးတင်စစ်ဆေးမှုအပြီးတရားသူကြီးက သံသယရှိသူ အား ရုံးတင်စစ်ဆေးခြင်းမပြုမီ ထိန်းသိမ်းထားရန် အမိန့် ချမှတ်လိုက်ပါသည်။

ဂျာမနီအာဏာပိုင်များအနေဖြင့် ခရစ္စမတ်ဈေး တိုက်ခိုက်မှုဖြစ်မလာနိုင်အောင် ကြိုတင်စီမံ ဆောင်ရွက်နိုင်ပါလျက် ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည် ဟူသော စွပ်စွဲမှုများ တိုးလာ နေပါသည်။ Taleb Al Abdulmohsen သည် အဆိုပါတိုက်ခိုက်မှုအား ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသည်။ 

တိုက်ခိုက်မှုအတွက် အကြောင်းအရင်းကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း သံသယရှိသူမှာ ဂျာမနီနိုင်ငံတွင် ဆယ်စုနှစ်တစ်ခု ကျော်နေထိုင်ပြီး ဆော်ဒီနိုင်ငံသားများကို ၎င်း၏ဇာတိနိုင်ငံမှ ထွက်ခွာရန် ကူညီဆောင်ရွက်ပေးခဲ့သည့် အသက် ၅၀ အရွယ် ဆော်ဒီ နိုင်ငံသားဖြစ်သည်။

အဆိုပါသံသယရှိသူသည် ဂျာမနီနိုင်ငံ လက်ယာစွန်းရောက် (AFD) ပါတီကို စာနာကြောင်းပြသကာ အစ္စလာမ်ဘာသာအပေါ် ၎င်း၏ယုံကြည်မှုကို စွန့်လွှတ်ခဲ့သူတစ်ဦးကြောင်း ၎င်း၏ လူမှုကွန်ယက် ပေါ်တွင် ပွင့်လင်းစွာဖော်ပြထားပြီး ဂျာမနီနိုင်ငံသည် အစ္စလာမ်ဘာသာလွှမ်းမိုးရေးအတွက် မြှင့်တင် ဆောင်ရွက်နေကြောင်း စွပ်စွဲခဲ့သည်။

ဂျာမနီနိုင်ငံသည် မူစလင်အများအပြား နေထိုင်သည့် နိုင်ငံဖြစ်ပြီး အနောက်ဥရောပတွင် ပြင်သစ်နိုင်ငံပြီးလျှင် အစ္စလာမ်ဘာသာဝင် လူဦးရေ ဒုတိယ အများဆုံးနေထိုင်သည့် နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဂျာမနီ လူဦးရေ၏ ၇ ရာခိုင်နှုန်းသည် မူစလင်လူမျိုးများ ဖြစ်ပါသည်။ အဆိုပါ သံသယ ရှိသူသည် ၎င်း၏လူမှုကွန်ယက်ပေါ်တွင် အစ္စလာမ်ဘာသာကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူဖြစ်ပြီး ဂျာမနီက ဆော်ဒီဒုက္ခသည်များအား ပြုမူဆက်ဆံသည့်ပုံစံအပေါ် နာကျည်း မုန်းတီးနေဖွယ် ဖြစ်နိုင်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ထပ်မံ ထုတ်ပြန်ခဲ့ပြီး သေဆုံးသူများတွင် အသက် ၉ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၄၅ နှစ်၊ ၅၂ နှစ်၊ ၆၇ နှင့် ၇၅ နှစ်အရွယ် အမျိုးသမီးလေးဦးတို့ ပါဝင်ကြောင်း သိရှိရပါသည်။

ဖက်ဒရယ်ရွေးကောက်ပွဲမတိုင်မီ နှစ်လခန့်အလိုတွင် လူဝင်မှုကြီးကြပ်ရေးပြဿနာဖြစ်နိုင်ဖွယ်ရာ လုံခြုံရေးကျိုးပေါက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့်အတူ အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများ ဒေါသထွက်နေကြပြီး နိုင်ငံအတွင်း ရှုပ်ထွေးမှုများလည်း ဖြစ်ပေါ်နေပါသည်။ 

ဂျာမနီနိုင်ငံသည် ၂၀၁၆ ခုနှစ်၊ ဘာလင်တွင် လူအများအပြားသေဆုံးခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ခရစ္စမတ်ဈေးပွဲတော်များတွင် လုံခြုံရေးတိုးမြှင့်ထားသည်။

Source: CNN

ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းရှိ ကာဇန်မြို့ကို ဒရုန်းများဖြင့်တိုက်ခိုက်

ယူကရိန်းစစ်တပ်က ကာမီကာဇေးဒရုန်းသုံးစင်းဖြင့် ရုရှားနိုင်ငံ အတွင်းပိုင်း ကာဇန်မြို့ရှိ အထပ်မြင့် လူနေ အဆောက်အဦများကို ပစ်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်နှင့် ၎င်း၏နောက်ဆက်တွဲဖြစ်ရပ်ကို ဖော်ပြသည့် မျက်မြင် သက်သေများ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို သတင်းဌာနအချို့က ထုတ်ပြန်ထားသည်ကို တွေ့ရှိ ရသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့အစောပိုင်းတွင် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏လေကြောင်းရန် ကာကွယ်ရေး တပ်များသည် တာတာစတန်ဒေသ ကိုဖြတ်ကျော်လာသော ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချ ခဲ့ကြောင်း ၎င်း၏ကိုယ်ပိုင်တယ်လီဂရမ်ရုပ်သံလိုင်းတွင် ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်ကို မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့သည်။

ထိုနေ့နှောင်းပိုင်းတွင် သတင်းဌာနတစ်ခုက ကိယက်ဗ် အစိုးရသည် ကာဇန်၏ အရပ်ဘက်အခြေခံအဆောက် အဦများကိုပစ်မှတ်ထား၍ Fixed Wing ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဝန်ကြီးဌာန၏ အဆိုအရ ဝင်ရောက်လာသော UAV သုံးခုကို ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး နောက်ထပ်သုံးစင်းကို အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များ၏ အကူအညီဖြင့် ပစ်ချခဲ့ရကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား၏ အထူးစစ်ရေး စစ်ဆင်ရေး စတင်ချိန်မှစ၍ ကိယက်ဗ်၏ ဒရုန်းများသည် မော်စကိုနှင့်နိုင်ငံ၏ ဒေသအသီးသီးတွင် အကြိမ်ပေါင်း များစွာ ကြားဖြတ်တားဆီးခံခဲ့ရသည်။ ထို UAV များ အနက်မှ အချို့သာ ၎င်းတို့၏ ပစ်မှတ်သို့ ရောက်ရှိခဲ့ ကြသည်။

ထိုသို့သော ဖြစ်ရပ်အများစုသည် နှစ်နိုင်ငံနယ်စပ်နှင့် နီးစပ်မှုအနီးတွင် ဖြစ်ပွားခဲ့သည်။ ကာဇန်သည် ယူကရိန်း မှ ၁,၃၇၉ ကီလိုမီတာ (၈၅၇ မိုင်) အကွာတွင် တည်ရှိ သည်။

ရုရှားပြည်ထောင်စု လေကြောင်းပို့ဆောင်ရေးအေဂျင်စီ (Rosaviatsiya) က ကာဇန်လေဆိပ်တွင် ယာယီ ကန့်သတ်ချက်များ ချမှတ်ထားကြောင်း ကြေညာ ခဲ့သည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း ပြောကြားထားပြီး တိုက်ခန်း အဆောက်အအုံ များကို ဒရုန်းများထိမှန်ပြီး နောက်တွင် လူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ကယ်ဆယ် လာသည့်သူများအတွက် နေရာထိုင်ခင်း စီစဉ်ပေးထား ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား - Reuters

ပင်လယ်နီတွင် အမေရိကန် စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့

ပင်လယ်နီတွင် အမေရိကန်စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို ဒီဇင်ဘာ ၂၂ ရက်က မှားယွင်းပစ်ချခဲ့ မိကြောင်းအမေရိကန် စစ်တပ် က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အမေရိကန်၏တစ်နှစ်ကျော်ကြားစစ်ဆင်ရေးအတွင်း အမေရိကန်စစ်သားများကို ခြိမ်းခြောက်လာသည့် စိုးရိမ်ဖွယ် အကောင်းဆုံး ဖြစ်စဉ်တစ်ခုဖြစ်လာခဲ့သည်။

စစ်သင်္ဘော၏ပစ်ချမှုကြောင့် တိုက်လေယာဉ်အတွင်းရှိ လေယာဉ်မှူးနှစ်ဦးစလုံးသည် အရေးပေါ်ထိုင်ခုံဖြင့် ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးမှာ အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။

သို့သော် ထိုပစ်ခတ်မှုသည် ပင်လယ်နီ၏ ရေလမ်းကြောင်းများသည် မည်မျှအန္တရာယ်များသည်ဆိုခြင်းကို ပြသရာရောက်ခဲ့သည်။

အီရန်က ကျောထောက်နောက်ခံပြု ပေးထားသည့် ဟူရ်သီသူပုန်များသည် အမေရိကန်နှင့် ဥရောပ စစ်ဘက်ညွန့်ပေါင်းအဖွဲ့ များ၏ ကင်းလှည့်မှုများပြုလုပ်နေသည့် ကြားက ပင်လယ်နီအတွင်း သွားလာနေသည့် သင်္ဘော များကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က ဖြစ်စဉ်တွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S. Truman သင်္ဘောပေါ်မှ ပျံသန်းထွက်ခွာလာသည့် F/A – 18 တိုက် လေယာဉ်ပစ်ချခဲ့ခဲ့ရခြင်းဖြစ်သည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

USS Harry S. Truman လေယာဉ် တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသည့်အကြောင်းကို အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ ရက် က အတည်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုလေယာဉ်တင်သင်္ဘော၏ အသေးစိတ်အချက်အလက်နှင့်ပင်လယ်နီရှိ ထိုလေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးစစ် သင်္ဘောအုပ်စု၏ အကြောင်း ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

တိုက်လေယာဉ်ကို ပစ်ချခဲ့သည့်စစ်သင်္ဘောသည် USS Harry S. Truman ဦးဆောင်သည့် တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုမှ ပဲ့ထိန်းစနစ်တပ်ဆင်ထား သည့် USS getty burg ကရူဇာစစ်သင်္ဘောဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဗာဂျီးနီးယား ပြည်နယ် Naval Air Station Oceana လေတပ်စခန်းမှ တိုက်လေယာဉ် အုပ်စု-၁၁ ၏ Red rippers လေယာဉ် အုပ်စုအတွက် တာဝန်ပေးထားသည့် F/A -18 တိုက်လေယာဉ် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

USS getty burg စစ်သင်္ဘောသည် F/A -18 တိုက်လေယာဉ်ကို ရန်သူ့လေယာဉ် သို့မဟုတ် ဒုံးကျည်တစ်စင်းနှင့် မှားယွင်းခဲ့ခြင်းဟုတ်၊ မဟုတ် ရှင်းလင်းစွာမသိရ သေးပေ။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ အမေရိကန်စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် ဟူရ်သီသူပုန်များပစ်လွှတ်သည့် ဒရုန်းများနှင့်ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ကိုးကား -   AP

Photo- Popular Myanmar

ကမ္ဘောဒီးယား တိုးချဲ့ရေတပ်အခြေစိုက်စခန်းတွင် ပထမဆုံး ဆိပ်ကမ်းကပ်မှုပြုလုပ်ရန် ဂျပန်ကို ဖိတ်ကြား

ကမ္ဘောဒီးယားနိုင်ငံရှိ အဆင့်မြှင့်တင်ထားသည့် ရေတပ် အခြေစိုက်စခန်း၏ဆိပ်ကမ်းကို ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) က ပထမဆုံး ဆိပ်ကမ်းကပ်မှုပြုလုပ်နိုင်ကြောင်း သိရှိရသည်။

ဖနွမ်းပင်တွင် ဂျပန် နိုင်ငံလုံခြုံရေးအကြီးအကဲ Akiba Takeo နှင့် တွေ့ဆုံပြီးသည့်နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း Hun Sen က MSDF ကို ဖိတ်ကြား ထားကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့က ပြောကြား ခဲ့သည်။

မစ္စတာ Akiba က မစ္စတာ Hun Sen ၏ သားဖြစ်သူ၊ လက်ရှိခေါင်းဆောင် Hun Manet နှင့်အခြားအဆင့်မြင့် အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

Ream ရေတပ်အခြေစိုက်စခန်းသည် ကမ္ဘောဒီးယား နိုင်ငံ၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး တရုတ် အစိုးရ၏ငွေကြေးပံ့ပိုးမှုဖြင့် ဆိပ်ကမ်းကို တိုးချဲ့နေ ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံမှ အကူအညီရယူရန်အတွက် အပေးအယူ အဖြစ် တရုတ်စစ်တပ်အား ၎င်းဆိပ်ကမ်းကို အသုံးပြု ခွင့်ပေးသည့် သဘောတူညီချက်ကို ကမ္ဘောဒီးယားက တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ကြောင်း Wall Street Journal က ၂၀၁၉ ခုနှစ်က ဖော်ပြခဲ့သည်။

ဒေသတွင်း၌ တရုတ်အစိုးရ၏ ဩဇာကြီးထွားလာနေ ခြင်းကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ခေါင်းဆောင်များသည် သံတမန်ရေးအရ ဟန်ချက်ညီစွာ လုပ်ဆောင်ရန် လိုလားနေကြသည်ဟု လေ့လာအကဲခတ်သူများက ပြောဆိုထားသည်။

၎င်းတို့သည် ဂျပန်ခေါင်းဆောင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားလိုကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခဲ့ကြောင်း ဖော်ပြ ထားရှိသည်။

ကိုးကား-NHK World

Oreshnik စမ်းသပ်ပစ်လွှတ်မှုက လန်ဒန်ကို ခြေတစ်လှမ်းဆုတ်သွားရန် ဖိအားပေးလိုက်ခြင်း ဖြစ်ကြောင်း ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ်ကြီး ပြောကြား

အသံထက်မြန်သည့် Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုက လန်ဒန်ကိုခြေတစ်လှမ်းဆုတ်သွားရန် ဖိအားပေးလိုက်ခြင်း ဖြစ်ကြောင်း ဗြိတိန်ဆိုင်ရာ ရုရှားသံအမတ်ကြီး ပြောကြားလိုက်ပါသည်။ 

၎င်းတို့အနေဖြင့် ကြောက်လန့်သွားခြင်းမျိုး မဟုတ်သော်လည်း ဉရောပမှာ ရုတ်တရက် ယခုလို စွမ်းရည် မြင့်မားလွန်းသည့် လက်နက်အသစ်အဆန်းတစ်ခု ပေါ်လာခြင်းကို လက်ခံသွားကြကြောင်း၊ နောက်တစ်ခုက ၎င်းတို့၏ Storm Shadow  တာဝေးပစ်ဒုံးကျည်ကို စိန်ခေါ်တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ ယူကရိန်းက ၎င်းတို့လက်နက်ဖြင့် တိုက်ခိုက်ပြီး မကြာမီ  ရုရှားဘက်က Oreshnik တာလတ်ပစ်ပဲ့ထိန်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်၍  ဗြိတိန်ဘက်က တရားဝင် တုံ့ပြန်ပြောကြားနေမှုမှာ အတော်လေး မရေမရာဖြစ်နေကြကြောင်း၊ ကျွမ်းကျင်သူတို့ကလည်း Oreshnik စွမ်းရည်များနှင့် ဘီလာရုစ်ပိုင်နက်တွင် ဖြန့်ကျက်ထားမည့် အစီအမံများကို  သေချာလေ့လာခဲ့ကြပြီး  ဉရောပရှိ မည်သည့်နေရာမဆို အချိန်မရွေးရောက်ရှိနိုင်သည်ကို တွက်ဆထားကြကြောင်း သံအမတ်ကြီးက ဆက်လက် ပြောကြားပါသည်။ 

ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်း Oreshnik ဒုံးကျည်များချထားပေးရန် ရုရှားသမ္မတဗလာဒီမာပူတင်ကို တောင်းဆိုထားမှုအပေါ် “၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆောင်ရွက်ပေးမည်”ဟု ရုရှားသမ္မတက ပြောကြားထားကြောင်း ဘီလာရုစ်အကြီးအကဲ Alexander Lukashenko က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်သော ဘီလာရုစ်နိုင်ငံ အဓိပတိကောင်စီ အစည်းအဝေးအပြီးတွင်  ပြောကြားထားပါသည်။ Lukashenko  အဆိုအရ ဘီလာရုစ်တွင် Oreshnik ဒုံးကျည်များဖြန့်ကျက်ရန် နေရာ ၃၀ ရှိကြောင်း ပြောကြားထားပါသည်။

ကိုးကား - TASS