သတင်းများ

ထိုင်းစစ်တပ်က မကြာသေးခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုအပြီး မိမိ ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာ

ထိုင်းဘုရင့်တပ်မတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက ထိုင်းနိုင်ငံ Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းအနီးတွင်ကမ္ဘောဒီးယား တို့ထောင်ထားသော မြေမြှုပ်မိုင်းပေါက်ကွဲမှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အရေးကို အသုံးပြုနိုင်ကြောင်း ပြောကြားလိုက်သည်။ ထိုင်းတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က "အဆိုပါမိုင်းပေါက်ကွဲမှုသည် Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းနေရာမှ ၁ ကီလိုမီတာအကွာတွင်ရှိသည့် တပ်သားများ၏ ပုံမှန်စောင့်ကြည့် လှည့်လည်ရာ လမ်းကြောင်း၌ ယနေ့(ဩဂုတ်၁၂) နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပ

ထိုင်းဘုရင့်တပ်မတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းက ထိုင်းနိုင်ငံ Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းအနီးတွင်ကမ္ဘောဒီးယား တို့ထောင်ထားသော မြေမြှုပ်မိုင်းပေါက်ကွဲမှုအပေါ် ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အရေးကို အသုံးပြုနိုင်ကြောင်း ပြောကြားလိုက်သည်။ ထိုင်းတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က "အဆိုပါမိုင်းပေါက်ကွဲမှုသည် Surin နယ်စပ်ဒေသ Ta Muen Thom ဘုရားဟောင်းနေရာမှ ၁ ကီလိုမီတာအကွာတွင်ရှိသည့် တပ်သားများ၏ ပုံမှန်စောင့်ကြည့် လှည့်လည်ရာ လမ်းကြောင်း၌ ယနေ့(ဩဂုတ်၁၂) နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်" ဟု ရှင်းပြခဲ့သည်။

ဖြစ်စဉ်တွင် အမှတ် ၂၆၁၀ ပြည်သူ့စစ်တပ်ဖွဲ့မှ ပြည်သူ့စစ် ၇ ဦးသည် တာဝန်ထမ်းဆောင်နေစဉ် Sgt Theerapol Piakhanthee သည် မိုင်းနင်း မိခဲ့ပြီး ၎င်း၏ဘယ်ဘက်ဖနောင့်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ Phanom Dong Rak ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ဗိုလ်ချုပ် Winthai က ပြောကြားခဲ့သည်။ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူက "အဆိုပါ ဖြစ်စဉ်သည် ကမ္ဘောဒီးယားဘက်မှ စစ်ရေးရပ်စဲရေး သဘောတူညီချက် နှင့် အထူးသဖြင့် လူသတ်မိုင်းအားလုံး အသုံးပြုခြင်းနှင့် တပ်ဆင်ခြင်းကို တားမြစ်ထားသည့် အော့တဝါစာချုပ်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး ဥပဒေများကို ချိုးဖောက်နေကြောင်း ထင်ရှားသော သက်သေပင် ဖြစ်သည်။ ၎င်းသည် ထိုင်းနယ်မြေအတွင်းရှိ ထိုင်းတပ်ဖွဲ့များအပေါ် တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုပင် ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ် Winthai Suvaree က "ထိုကဲ့သို့ဖြစ်ရပ်များသည် နယ်စပ် ဒေသများတွင် မကြာခဏဖြစ်ပွားလျက်ရှိပြီး ကမ္ဘောဒီးယား၏ မကောင်းသော ရည်ရွယ်ချက်နှင့် ထိုင်းနိုင်ငံအပေါ် အဆက်မပြတ်ခြိမ်းခြောက်မှုများကို ထင်ဟပ်နေစေပါသည်။ ၎င်းသည် ထိုင်းနိုင်ငံ၏ နယ်မြေ အချုပ်အခြာ အာဏာကို ချိုးဖောက်ရာရောက်ပြီး မကြာသေးမီက ကျင်းပခဲ့သောအထွေထွေနယ်စပ်ကော်မတီအစည်းအဝေးတွင် သဘောတူညီခဲ့သည့်စစ်ရပ်စဲရေးသဘောတူညီချက်ကိုလည်း ဆန့်ကျင်နေခြင်းဖြစ်သည်။အဆိုပါအချက်က ကမ္ဘောဒီးယားသည် စစ်ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်ဆောင်နေစဉ်အတွင်း လက်နက်များကို အသုံးပြု နေဆဲဖြစ်ကြောင်း ဖော်ပြနေပါသည်" ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ဘက်မှ စနစ်တကျစီစဉ်ကာ မြေမြှုပ်မိုင်းများကို အသုံးပြုပြီး ထိုင်းနိုင်ငံ ကို တိုက်ခိုက်နေသည်ဟု ၎င်းက ယုံကြည်နေသည်။

"ထိုင်းတပ်မတော်သည် ငြိမ်းချမ်းစွာ ဆောင်ရွက်လျက်ရှိပြီး နယ်စပ် ပဋိပက္ခကို စတင်ဖန်တီးခဲ့ခြင်း မရှိပါ ၊ သို့သော် ဖိအားများ ဆက်လက် တိုးမြင့်လာပါက ကမ္ဘောဒီးယား၏ စစ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုနှင့် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးမှုတို့ကြောင့် ထိုင်းတပ်ဖွဲ့ဝင်များခံစားရသော ဆုံးရှုံးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာဥပဒေအရ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို အသုံးပြုရန် မိမိတို့အနေဖြင့် မလွဲမသွေ ဖိအားပေးခံရနိုင်ပါသည်" ဟု ဗိုလ်ချုပ် Winthai က ပြောကြားခဲ့သည်။ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ ကမ္ဘောဒီးယားဘက်မှ ထိုင်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပြီးနောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် ကမ္ဘောဒီးယားဘက်မှ ထိုင်း နယ်မြေတွင် ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ထိုင်းတပ်ဖွဲ့ဝင် ၅ ဦး ၏ ခြေထောက်များ ထိခိုက်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Si Sa Ket ၊ Surin နှင့် Ubon Ratchathani ဒေသများတွင် မြေမြှုပ်မိုင်း ၅ လုံး ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရခဲ့သည့် ထိုင်းတပ်ဖွဲ့ဝင် ၁၃ ဦးတွင် အဆိုပါ တပ်ဖွဲ့ဝင် ၅ ဦး ပါဝင်ခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

တောင်ကိုရီးယားစစ်သားအရေအတွက် ၆ နှစ်တာအတွင်း၂၀% ကျဆင်း

တောင်ကိုရီးယားတပ်မတော်ရှိ စစ်သားအရေအတွက်သည် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ၂၀% ကျဆင်းသွားကြောင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါသည်။ ထိုသို့ကျဆင်းရသည့် အဓိကအချက်မှာကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် မဖြစ်မနေစစ်မှုထမ်းရမည့် အရွယ်ရောက်ယောက်ျားလူဦးရေ သိသိသာသာ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြထား ပါသည်။

တောင်ကိုရီးယားတပ်မတော်၏ အရွယ်အစားသည် ၂၀၀၀ ပြည့်လွန်နှစ် များအစောပိုင်းက တပ်သား ၆၉၀,၀၀၀ ခန့်ရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်း လာကာ ၂၀၁၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ပိုမိုကျဆင်းလာပြီး ယခု အခါ တပ်သား ၄၅၀,၀၀၀ ခန့်သာရှိတော့သည်။ မြောက်ကိုရီးယားတွင် တပ်မတော်သား ၁.၂ သန်းခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံးခန့်မှန်းချက်အရ သိရှိထားရပါသည်။

တောင်ကိုရီးယားသည် ကမ္ဘာ့ပေါ်တွင် အိုမင်းရင့်ရော်မှု အမြန်ဆုံး လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေပြီး ၂၀၂၄ ခုနှစ်တွင် အနိမ့်ဆုံး ကလေး မွေးဖွားနှုန်း ၀.၇၅ သာရှိပါသည်။ ၎င်းမှာ အမျိုးသမီးတစ်ဦး၏ မျိုးပွား နိုင်သောဘဝတွင် မျှော်မှန်းထားသည့် ပျမ်းမျှကလေးမွေးဖွားနှုန်းကို ညွှန်ပြ နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၅၁.၈ သန်းအထိ ရှိခဲ့သော နိုင်ငံ၏ လူဦးရေသည် ၂၀၇၂ ခုနှစ်အရောက်တွင် ၃၆.၂ သန်းသို့ ကျဆင်းလာမည် ဟု အစိုးရ၏ခန့်မှန်းချက်အရ သိရပါသည်။

၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်မှာ ဝမ် ၆၁ ထရီလီယံ (ပေါင် ၃၃ ဘီလီယံ) ကျော်ရှိပြီး မြောက်ကိုရီးယား၏ ခန့်မှန်း စီးပွားရေးအရွယ်အစားထက် ပိုမိုကြီးမားပါသည်။ သို့သော် နိုင်ငံ့ စစ်တပ် သည် ကာကွယ်ရေးအတွက် အသင့်ဖြစ်သည်ဟု လုံလောက်ရသော အရေ အတွက်ထက် စစ်သား ၅၀,၀၀၀ လိုအပ်နေဆဲဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို မေ့လျော့သွားပြီဟု ရုရှား သံတမန် ပြောဆို

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို လျစ်လျူရှုကာ ဂါဇာမြို့ကို သိမ်းပိုက်ရန် အစီအစဉ်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတိပေးခဲ့သည်။ အနောက်ဂျေရုဆလင်က သိမ်းပိုက်ရန် အတည်ပြုချက်ကို ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေး တွင် သံတမန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Polyansky က အဆိုပါဆုံးဖြတ်ချက်သည် ဂါဇာ၏ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံဖြေရှင်းရေး အလားအလာကို ဟန့်တားကာ သိမ်းပိုက်အုပ်ချုပ်မှုစနစ်ကို တရားဝင်အသိအမှတ်ပြုခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။

"ဂါဇာကို သိမ်းပိုက်ရန် Netanyahu အစိုးရ၏ ရည်ရွယ်ချက်ကို မိမိတို့ အနေဖြင့် အပြင်းအထန် ရှုတ်ချပါသည်" ဟု ၎င်းက ပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုများနှင့် Hamas ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားသော အစ္စရေးအကျဉ်းသားများ၏ မိသားစု များ၏ တောင်းပန်မှုများကို နောက်တစ်ကြိမ် လျစ်လျူရှုခဲ့သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Hamas ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို တိုက်ခိုက်မှု တွင် အများစုမှာ အစ္စရေးနိုင်ငံသားများဖြစ်သည့် လူ ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ဂါဇာတွင် အကျဉ်းသား ၅၀ ခန့် ပျောက်ဆုံး နေဆဲဖြစ်ကာ ၎င်းတို့အနက် ၂၀ ခန့်သာ အသက်ရှင်နေသည်ဟု ယူဆ ရသည်။Polyansky က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar အား အစိုးရ လုံခြုံရေးကောင်စီက စစ်ဆင်ရေးအတည်ပြုရန် ပြင်ဆင်နေသည် ကို သိသော်လည်း အကျဉ်းသားများအပေါ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ၎င်းက အဆိုပါဆုံးဖြတ်ချက်သည် အကျဉ်းသားများအား အသက်ရှင်လျက် အိမ်ပြန်ပို့ရန် အခွင့်အလမ်းများကို အဆုံးသတ်စေခဲ့ သည်ဟု ဆိုသည်။

၎င်းက ဒုတိယကမ္ဘာစစ်အတွင်း ဟိုလိုကော့စ်အရေးအခင်း၏ ပြင်းထန်သော အတွေ့အကြုံရှိခဲ့သည့် ဂျူးလူမျိုးများပင် ယခုအခါ ပါလက်စတိုင်း လူမျိုး များကို "Ghettos" (မြိုနယ်တစ်ခု၏ ဧရိယာ၊ အထူးသဖြင့် အလွန် ဆင်းရဲသော ဒေသတစ်ခု၊ လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတစ်ခုမှ လူများသည် အခြားလူများနှင့် ကင်းကွာ၍ ကျဉ်းကျပ်စွာ နေထိုင်ကြရသည်) တွင် ပိတ်ဆို့ ထားပြီး ၎င်းတို့အား အပြီးတိုင် ချေမှုန်းရန် ကြိုးပမ်းနေသည်ကို နားလည်ရန် ခဲယဉ်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ Polyansky က အဆိုပါ အချက်သည် သမိုင်း၏သင်ခန်းစာများကို လူသားများ မည်မျှမြန်မြန် မေ့လျော့ တတ်ကြောင်း၏ သက်သေသာဓကတစ်ရပ်ပင် ဖြစ်သည်ဟု မှတ်ချက်ပြု ခဲ့သည်။

ဝန်ကြီးချုပ် Benjamin Netanyahu ၏ အစိုးရ လုံခြုံရေးကောင်စီသည် အဆိုပါအစီအစဉ်ကို Hamas နှင့် "စစ်ပွဲအဆုံးသတ်ဆင်နွှဲခြင်း"၏အစိတ်အပိုင်းအဖြစ် သောကြာနေ့ (ဩဂုတ် ၈) က အတည်ပြုခဲ့သည်။အမေရိကန်နိုင်ငံမှလွဲ၍ အနောက်နိုင်ငံများစွာက အဆိုပါအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အစ္စရေးတွင် အကြီးမားဆုံးစစ်ဆန့်ကျင်ရေးဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Hamas ကို တိုက်ခိုက်သည့် အစ္စရေး၏ စစ်ဆင်ရေးတွင် ပါလက်စတိုင်းလူမျိုး ၆၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

ကိုးကား- RT

ရုရှားက ကလပ်စတာ ထိပ်ဖူးတပ်ထားသောဒုံးကျည်ဖြင့် ယူကရိန်း လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်

ယူကရိန်းက ရုရှားဘက်မှ ကလပ်စတာထိပ်ဖူးတပ်ထားသော ဒုံးကျည် များဖြင့် ၎င်း၏ လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ အခြားအနည်းငယ်ဒဏ်ရာရကြောင်း ထုတ်ပြန်ခဲ့သည်။ 

"ဩဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း တပ်မတော်၏ လေ့ကျင့်ရေးတပ်ခွဲတစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ပါသည်။ စည်းကမ်းချက်များအရ ဒုံးကျည်သတိပေးချက်ရရှိပါက တပ်သား များကို ချက်ချင်းသိရှိရှောင်ရှားနိုင်ရန် သတိပေးခဲ့သော်လည်း အကာအကွယ် ခိုလှုံရာသို့ ပြောင်းရွှေ့နေစဉ် တပ်သားအုပ်စုတစ်စုသည် ကလပ်စတာ ထိပ်ဖူး၏ ကျရောက်ပေါက်ကွဲမှုအတွင်း ထိခိုက်ခဲ့ပါသည်" ဟု ယူကရိန်း တပ်မတော်က ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ အခြား ၁၂ ဦးမှာ နားစည်ပြဲခြင်းနှင့် ဦးခေါင်းပိုင်း ထိခိုက် ဒဏ်ရာရခြင်းတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ယူကရိန်း တပ်မတော်ကဆိုသည်။ လေ့ကျင့်ရေးစခန်း၏ တည်နေရာကိုမူ ဖော်ပြခဲ့ ခြင်းမရှိပေ။ "လူသားများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ရန် အတွက် လေ့ကျင့်ရေးစင်တာများ၊ လေ့ကျင့်ရေးစခန်းများနှင့် စစ်ရေး အဆောက်အအုံများကို အဆင့်မြှင့် အကာအကွယ်ခိုလှုံရာများ ဆက်လက် တပ်ဆင်ပေးလျက်ရှိပါသည်" ဟု ယူကရိန်းတပ်မတော်က ဖြည့်စွက် ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်ကွပ်ကဲရေးရုံးက ဩဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် ရုရှားဘက်မှ ယူကရိန်းနယ်မြေအတွင်းသို့ Suicide ဒရုန်းနှင့် Decoy ဒရုန်း ၄၈ စီးအပါအဝင် Iskander-M ဒုံးကျည်များ ၄ စင်းဖြင့် ပစ်လွှတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ "လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၃၆ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်း ၁၂ စီးနှင့် ဒုံးကျည် ၃ စင်းမှာ နေရာ ၇ ခုကို ထိမှန်ခဲ့ကြောင်း" သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသော်လည်း နောက်ထပ် Iskander-M ဒုံးကျည် တစ်စင်း အကြောင်း ဖော်ပြထားခြင်းမရှိပေ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသတင်းနှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ကိုးကား- VN Express

ထရမ့်က ဝါရှင်တန်မှ အိမ်ခြေရာမဲ့များကို ဖယ်ရှားလိုသည်ဟု ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြို့တော်ကို ပိုမိုလုံခြုံစိတ်ချရပြီး သန့်ရှင်းစေမည်ဟု ကတိပြုလျက် ဝါရှင်တန်ဒီစီရှိ အိမ်ခြေရာမဲ့များအား ချက်ချင်းထွက်ခွာရန် တိုက်တွန်းလိုက်သည်။ ဖက်ဒရယ်အဆင့် ဝင်ရောက် စွက်ဖက်မှုများ မြင့်တက်လာချိန်တွင် ၎င်း၏ထုတ်ဖော်ပြောဆိုမှုများသည် မှုခင်းဆိုင်ရာ စိုးရိမ်မှုများနှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) က Truth Social တွင် ရေးသားခဲ့သော ပို့စ် တစ်ခုတွင် ထရမ့်က အမေရိကန်မြို့တော်၏ အခြေအနေကို ဆွေးနွေးရန် သတင်းစာရှင်းလင်းပွဲ တစ်ခုကျင်းပမည်ဟု ပြောကြားခဲ့သည်။ မှုခင်း များကို အရေးယူနှိမ်နင်းမှုများသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ် လာမည် ဟုလည်း သတိပေးခဲ့သည်။

"အိမ်ခြေရာမဲ့များ ချက်ချင်းထွက်သွားရမည်" ဟု ၎င်းက ရေးသားခဲ့ပြီး အစိုးရအနေဖြင့် နေအိမ်များ ပံ့ပိုးပေးသော်လည်း မြို့တော်မှ အလှမ်း ဝေးကွာသောနေရာများတွင် ဖြစ်မည်ဟု ဖြည့်စွက်ခဲ့သည်။ ထိုပို့စ်နှင့် အတူ ကားလမ်းဘေးတွင် စခန်းချနေထိုင်နေပုံများနှင့် လမ်းပေါ်တွင် အိပ်စက်နေသော လူများ၏ ဓာတ်ပုံများကိုပါ တွဲဖက်တင်ခဲ့သည်။

ဝါရှင်တန်ဒီစီတွင် အဆိုပါကိစ္စရပ်သည် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်သည်။ Metropolitan Washington Council of Governments ၏ အဆိုအရ အမေရိကန်မြို့တော်တွင် အိမ်ခြေရာမဲ့ ၅,၁၃၈ ဦး နေထိုင်လျက် ရှိသည်။ ၂၀၁၀ ခုနှစ်များတစ်လျှောက်တွင် မြို့တော်တွင် အိမ်ခြေရာမဲ့ ၆,၀၀၀ ကျော်ရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်က ထရမ့်သည် မြို့တော်၏မှုခင်းအခြေအနေကို ဝေဖန်ကာ မှုခင်းနှုန်းသည် လုံးဝထိန်းချုပ်မရဖြစ်နေကြောင်း ပြောကြား ခဲ့သည်။ ၎င်းက ဒေသခံလူငယ်များနှင့် ဂိုဏ်းသားများသည် အပြစ်ဒဏ်မှ ကင်းလွတ်နေပြီး ပြည်သူများကို တိုက်ခိုက်နေသည်ဟု စွပ်စွဲပြီး အခြေ အနေများမတိုးတက်ပါက မြို့တော်အား ဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိစေရန်စဉ်းစားမည်ဟု သတိပေးခဲ့သည်။ ပြစ်မှုကျူးလွန်သူများကို ထောင်ချအရေးယူမည်ဖြစ်ပြီး လူဝင်မှုပြဿနာ ကိုင်တွယ်သကဲ့သို့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ကိုင်တွယ်ကာ မြို့တော်ကို သန့်ရှင်းစေမည်ဟု ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်က မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ဖက်ဒရယ်အရာရှိ အရေအတွက် တိုးမြှင့်ရန် အမိန့်ပေးခဲ့ပြီး အစိုးရဝန်ထမ်းတစ်ဦးအား တိုက်ခိုက်မှုကို ဒေသခံရဲတပ်ဖွဲ့၏ ကျရှုံးမှု သက်သေအဖြစ် ညွှန်ပြခဲ့သည်။ သောကြာနေ့ (ဩဂုတ် ၈) တွင် လျှို့ဝှက်ဝန်ဆောင်မှုဌာန (Secret Service) ၊ FBI နှင့် US Marshals အပါအဝင် ဖက်ဒရယ်အေဂျင်စီများမှ အရာရှိ ၁၂၀ ကျော်အား တာဝန်ခွဲဝေပေးအပ်ခဲ့သည်။ Reuters ၏ သတင်းအရ ရာနှင့် ချီသော National Guard တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် အစီအစဉ် ရှိကြောင်း ဖော်ပြခဲ့သည်။

ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser ကမူ မြို့တော်တွင် မှုခင်းများ မြင့်တက်နေခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ "ကျွန်မတို့ဟာ ဒီမြို့မှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကြမ်းဖက်မှုမှုခင်းတွေကို လျှော့ချပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံးလျှော့ချနိုင်ခဲ့သည်" ဟု တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) က MSNBC သို့ သူမက ပြောကြားခဲ့သည်။ 

ထိုင်ဝမ်က အမေရိကန်ထံမှ HIMARS ၂၈ စုံ ဝယ်ယူရန် စီစဉ်

ထိုင်ဝမ်သည် အမေရိကန်ပြည်ထောင်စုမှ High Mobility Artillery Rocket Systems (HIMARS) ဒုံးကျည် ၂၈ စုံကို ဝယ်ယူရန် စီစဉ် နေကြောင်း တိုင်ပေတိုင်းမ်စ်က သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြား ထားပါသည်။ 

တိုင်ပေသည် ယခင်က ဝါရှင်တန်ထံမှ HIMARS ၂၉ စုံ ၀ယ်ယူခဲ့ရာ ယခုစီစဉ်ထားမှုအရ ဝယ်ယူပြီးစီးပါက ထိုင်ဝမ်တွင် HIMARS ပေါင်း ၅၇ စုံရှိမည်ဟု သတင်းစာက ဖော်ပြထားပါသည်။

 ထို့အပြင် ကျွန်း၏အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စုထံမှ National Advanced Surface-to-Air Missile Systems (NASAMS) ကို ထပ်မံဝယ်ယူရန် ချိန်ဆနေကြောင်း စစ်ဘက် သတင်းရင်းမြစ်များက သတင်းစာကို ပြောကြားခဲ့ပါသည်။ အစောပိုင်း တွင် ထိုင်ဝမ်နှင့် အမေရိကန်တို့သည် NASAMS စနစ်သုံးမျိုးအတွက် စာချုပ် ချုပ်ဆိုခဲ့ပါသည်။ 

ချန်ကေရှိတ် (၁၈၈၇-၁၉၇၅) ဦးဆောင်သော ကူမင်တန်တပ်များ၏ အကြွင်းအကျန်များသည် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ပေကျင်းသည် ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံ အများစုကလည်း ပေကျင်းသတ်မှတ်ထားမှုကို လက်ခံထားကြပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd- Taipei

အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Gaza မှ Al Jazeera သတင်းထောက်များသေဆုံး

အစ္စရေး လေတပ်၏ ဂါဇာရှိ သတင်းထောက်များရှိနေသည့် စခန်းကို ဗုံးကြဲတိုက်ခိုက်မှုတွင် Al Jazeera သတင်းဌာနမှ သတင်းထောက် အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဒေသတွင်း လူသားချင်းစာနာမှု အကျပ်အတည်းဆိုင်ရာ သတင်းများဖြင့် ကျော်ကြား ခဲ့သော အမည်ကျော် သတင်းထောက် Anas al-Sharif လည်း ပါဝင် ခဲ့သည်။ 

တနင်္ဂနွေ (ဩဂုတ် ၁၀) ညနေက အစ္စရေးကာကွယ်ရေးတပ်များ (IDF) မှ ဂါဇာရှိ အလ်ရှီဖာဆေးရုံး၏ အဓိကဝင်ပေါက်အပြင်ဘက်ရှိ စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကာတာအခြေစိုက် Al Jazeera သတင်း ဌာနမှ ချက်ချင်းပင် ၎င်းတို့၏ သတင်းထောက် ၄ ဦး (al-Sharif, Mohammed Qreiqeh, Ibrahim Zaher နှင့် Mohammed Noufal) သေဆုံးကြောင်း အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရုပ်သံရိုက်ကူးရေး သမား Moamen Aliwa အပါအဝင် အခြား ၂ ဦးပါ ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၇ ဦးအထိ ရှိလာသည်။

al-Sharif ၏ X တွင် နောက်ဆုံးတင်ခဲ့သော ပို့စ်သည် အစ္စရေး၏ ဂါဇာ မြို့ကို ဗုံးကြဲနေသည့် ဗီဒီယိုဖြစ်ပြီး၊ ၎င်းသေဆုံးခါနီးအချိန်တွင် တင်ခဲ့ ခြင်းဖြစ်သည်။ ယင်းပို့စ်တွင် အစ္စရေး စစ်လေယာဉ်များ၏ မရပ်မနား ဗုံးကြဲတိုက်ခိုက်မှု အခြေအနေများကို ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က al-Sharif ကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် သတင်းထောက်အဖြစ် အယောင်ဆောင်နေသည့် ဟားမက်၏ အကြမ်းဖက် ခေါင်းဆောင် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ Al Jazeera က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏သတင်းထောက်များကို ရည်ရွယ်သည့် အာဃာတဖြစ်စေရေး လှုံ့ဆော်မှု၏ အစိတ်အပိုင်းဟု ရှုမြင်ကြောင်း ဖော်ပြခဲ့သည်။

သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ) က အစ္စရေးဘက်မှ al-Sharif သည် ဟားမက်အဖွဲ့ဝင်ဖြစ်ကြောင်း သက်သေပြရန် အထောက် အထား လုံးဝမရှိဟု ပြောကြားခဲ့သည်။ "ဤသည်မှာ အစ္စရေး၏ ဆယ်စုနှစ် များစွာကတည်းက သတင်းထောက်များကို သတ်ဖြတ်နေသည့် အလေ့အထ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်" ဟု CPJ ၏ CEO ဖြစ်သူ Jodie Ginsberg က ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်သည့် အစ္စရေး-ဟားမက် စစ်ပွဲ အတွင်း သတင်းထောက်အနည်းဆုံး ၂၃၇ ဦး သေဆုံးခဲ့ပြီး Al Jazeera သတင်းဌာနတစ်ခုတည်းမှပင် ဝန်ထမ်း ၁၀ ဦး ဆုံးရှုံးခဲ့ရသည်။

ရုရှားနိုင်ငံက Oreshnik ဒုံးကျည်အပြင် အခြားအဆင့်မြင့် စစ်လက်နက်များကို ပိုင်ဆိုင်ထားသည်ဟုဆို

ရုရှားနိုင်ငံသည် Oreshnik ဒုံးကျည်ကို သာမက အခြားအဆင့်မြင့်စစ်လက်နက် ပစ္စည်းများကိုလည်း  ပိုင်ဆိုင်ထားကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယက်ကော့က ဩဂုတ်လ ၁၀ ရက်တွင်ပြောသည်။

“ကျွန်တော်တို့မှာ Oreshnik ဒုံးကျည် ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် တခြား အဆင့်မြင့်လက်နက်တွေကိုလည်း ပိုင်ဆိုင် ထားပြီးဖြစ်ပါတယ်။ နာမည်တွေကိုတော့ ထုတ်မပြောတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အကြောင်းမဲ့သက်သက် အချိန်ဖြုန်းနေခဲ့တာမျိုးမရှိပါဘူး” ဟု ဆာဂျီယက်ကော့က  Rossiya 1    သတင်းဌာနသို့ပြောထားခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံနှင့်ချုပ်ဆိုထား သည့် New START သဘောတူစာချုပ်၏ သက်တမ်းကုန်ဆုံးသွားခြင်းကြောင့် နျူ ကလီးယား လက်နက်ထိန်းချုပ်မှုဆိုသည်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ဆာဂျီယက်ကော့က ပြောထားသည်ဟုသိရသည်။

MWD

ယူကရိန်းကို ထောက်ခံသူများက တပ်ဖွဲ့ဝင်များကို စေလွှတ်မည် မဟုတ်ကြောင်း Sunday Times ဖော်ပြ

ယူကရိန်း၏ ဥရောပထောက်ခံသူများပါဝင်သည့် "Coalition of the Willing" အဖွဲ့ဝင်များသည် ယခင်က ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ရန်အဆိုပြုခဲ့သော်လည်း ယခုအခါ ထိုအစီစဉ်ကို ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း The Sunday Times သတင်းစာက အမည်မဖော် လိုသော သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

မတ်လက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက လန်ဒန်သည် အခြား နိုင်ငံများနှင့်အတူ "ခြေလျင်တပ်ဖွဲ့များနှင့် လေယာဉ်များကို စေလွှတ်ရန် အဆင်သင့်ဖြစ်ကြောင်း" ကြေညာခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း အလားတူ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ သို့သော် ယူကရိန်းနှင့် ရုရှားတို့ စစ်ပြေငြိမ်းရန် သဘော တူပါက အဆိုပါတပ်ဖွဲ့များကို "ငြိမ်းချမ်းရေးထိန်းသိမ်းရေး" အဖွဲ့အဖြစ် သာ အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ဂျာမနီ၊ ပိုလန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့က အဆိုပါအစီအစဉ်တွင် တပ်ဖွဲ့များပါဝင်ရန် မလိုလားကြောင်း ငြင်းဆိုခဲ့ကြသည်။ ရုရှားဘက်မှလည်း မည်သည့်အကြောင်းပြချက်ဖြင့် မဆို နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းတွင် တပ်စွဲထားရန် အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

The Sunday Times ၏ စနေနေ့ (ဩဂုတ် ၉)ထုတ် သတင်းစာ ဆောင်းပါး တစ်ပုဒ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လာမည့်တွေ့ဆုံမှုတွင် ယူကရိန်းစစ်ပွဲ ရပ်စဲရန် သဘော တူပါက ယူကရိန်းဘက်က "နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ" ကို လိုအပ်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ဗြိတိန် သတင်းစာ က ၎င်းအစီအစဉ်မှာ မဖြစ်နိုင်ဟု ဖော်ပြခဲ့ပြီး ဗြိတိန် ကာကွယ်ရေး အရာရှိ တစ်ဦး၏ "မည်သူမျှ မိမိတို့၏စစ်သည်များကို ယူကရိန်းတွင် အသက် စွန့်ရန် မစေလွှတ်လိုကြ" ဟူသော ထုတ်ဖော်ပြောဆိုချက်ကိုလည်း ကိုးကား ဖော်ပြခဲ့သည်။

မေလက Financial Times သတင်းစာကလည်း အမေရိကန်က ပံ့ပိုးမှု မပေးတော့သည့်အတွက် ယခုအခါ အဆိုပါ ပူးပေါင်းအဖွဲ့၏ ယူကရိန်းတွင်တပ်စွဲမှုအစီအစဉ်မှာ ပြီးဆုံးသွားပြီဟု ဖော်ပြခဲ့သည်။ The Times သတင်းစာကလည်း ဥရောပစစ်တပ်များ လူအင်အားချို့တဲ့နေမှုကြောင့် ယင်းအစီအစဉ်မှာ လက်တွေ့မကျဟု ဖော်ပြခဲ့ဖူးသည်။

လွန်ခဲ့သည့်လက ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် စစ်ပွဲများ ဖန်တီးရန်နှင့် ရန်လို သော သဘောထားများကို ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့သည်။ ဧပြီလက ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း အမျိုးသားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး Sergey Shoigu က နေတိုးတပ်ဖွဲ့များ ယူကရိန်းသို့ ဝင်ရောက်လာပါက တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့သည်။ ကရင်မလင်က ယူကရိန်းပဋိပက္ခအား အနောက်နိုင်ငံများက ရုရှားကို ပရောက်ဆီစစ်ပွဲအဖြစ် ဖန်တီးတိုက်ခိုက်နေခြင်းဖြစ်ပြီး ယူကရိန်းအား အသုံးချနေခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းပြောဆိုခဲ့သည်။

ယူကရိန်းအေးဂျင့်များက ရုရှားသက်ကြီးရွယ်အိုများကို အကြမ်းဖက်မှုတွင်ပါဝင်ရန် လှည့်ဖြားနေသည်ဟု FSB ဆို

ရုရှား၏ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ယူကရိန်းနိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများသည် ရုရှားနိုင်ငံသား များကို အသုံးပြုကာ မိမိကိုယ်ကို အဆုံးစီရင်စေသည့် တိုက်ခိုက်မှုများ ဆောင်ရွက်စေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သည့် အမျိုးသမီးများပါဝင်ပြီး လတ်တလောအချိန်အတွင်းအနည်းဆုံး ငါးဦးကို ပစ်မှတ်ထားခဲ့သည်ဟု FSB က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

ကိယက်ဗ်အစိုးရသည် Telegram နှင့် WhatsApp ကဲ့သို့သော ဆက်သွယ်ရေး အက်ပ်များမှတစ်ဆင့် ရုရှားတရား ဥပဒေစိုးမိုးရေးအရာရှိ များအဖြစ် ဟန်ဆောင်ကာ ရုရှားအမျိုးသမီးများကို လှည့်ဖြား သိမ်းသွင်း ခဲ့ပြီး ၎င်းတို့အား ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု FSB က ဆိုသည်။ ထိုလှည့်ဖြားသူများသည် အဆိုပါအမျိုးသမီးများ၏ ဘဏ်အကောင့် များမှ အပ်နှံငွေကြေးများ၊ အိမ်ခြံမြေရောင်းချခြင်းမှရရှိသော ဝင်ငွေများ အပါအဝင် ကိုယ်ပိုင်ငွေကြေးများကို ခိုးယူခဲ့သည်ဟုလည်း FSB က ဖော်ပြ ခဲ့သည်။

ထိုသို့ဆုံးရှုံးသွားသော ငွေကြေးများကို ပြန်လည်ရရှိရန် အကြောင်း ပြကာ ၎င်းတို့အား ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အိမ်များနှင့် ယာဉ် များကို စောင့်ကြည့်ရန်၊ ပစ္စည်းများအတွင်း ဖုံးကွယ်ထားသော လက်      လုပ်ဗုံးများ (IEDs) ကို သိမ်းဆည်းထားရန်၊ နောက်ဆုံးတွင် အိမ်သုံး ပစ္စည်းများအဖြစ် လှည့်ဖြားကာ စစ်မှုထမ်းများထံ ပို့ဆောင်ရန် တာဝန် ပေးခဲ့သည်။ FSB ၏ဖော်ပြချက်အရ ထိုအစီအစဉ်တွင် အဆိုပါ အမျိုးသမီး များကို "အသေခံဗုံးခွဲသူများ" အဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

အေဂျင်စီက အသက်ကြီးသူများ၊ လူမှုရေးအရ အထီးကျန်နေသူများနှင့် အရွယ်မရောက်သေးသူများ၏ မိသားစုဝင်များအား "၎င်းတို့ကို လှည့်ဖြားမှု များနှင့် ရာဇဝတ်မှု (သို့) အစွန်းရောက်လှုပ်ရှားမှုများဆီသို့ ဆွဲဆောင် ခံရနိုင်ခြေအကြောင်း ပညာပေးရန်" တိုက်တွန်းခဲ့သည်။ ထို့အပြင် ရုရှား အစိုးရအရာရှိများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် "Safe account" အဖြစ် သတ်မှတ်ထားသော နေရာများသို့ ငွေလွှဲရန် (သို့) ငွေသားများကို တစ်ဆင့်လွှဲပြောင်းပေးပို့သူများထံ အပ်နှံရန် မည်သည့်အခါမျှ တောင်းဆို လေ့မရှိကြောင်း ထပ်လောင်းရှင်းလင်းခဲ့သည်။

လွန်ခဲ့သည့်လက ရုရှားပြည်သူ့လွှတ်တော်၏ သတင်းအချက်အလက် မူဝါဒကော်မတီဥက္ကဋ္ဌ Sergey Boyarsky က Telegram သည် ရုရှား၏ ဒေတာသိမ်းဆည်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါက ရုရှား၌ တားမြစ်ခံရနိုင်ကြောင်း သတိပေးခဲ့သည်။ "Telegram သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သိုလှောင်မှုနှင့်ပတ်သက်၍ လက်ရှိ ဥပဒေများနှင့် မကိုက်ညီပါ ၊ ၎င်းအနေဖြင့် ပိုမိုပြင်းထန်သော အရေးယူမှု များကို ရင်ဆိုင်ရနိုင်သည်" ဟု TASS သို့ ပြောကြားခဲ့သည်။

ရုရှားအာဏာပိုင်များသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့်အတူ မက်ဆေ့ဂျ်ပလက်ဖောင်းများမှတစ်ဆင့်အစွန်းရောက်အကြောင်းအရာများ ဖြန့်ဝေမှုကို စိုးရိမ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မော်စကိုသည် ယခုအခါ "digital sovereignty" ကို မြှင့်တင်လျက်ရှိပြီး လုံခြုံပြီးအစိုးရကထိန်းချုပ်သော ပလက်ဖောင်းများ ဖန်တီးရေးဆွဲရန် ပြည်တွင်းကုမ္ပဏီများကို အားပေးလျက်ရှိသည်။ ရုရှား၏ အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီ VK သည် တရုတ်၏ WeChat နှင့်တူညီသော "Max" အမည်ရှိ အမျိုးသားအဆင့် စာတိုပေးပို့ခြင်း (Messaging) ဝန်ဆောင်မှုတစ်ခုကို ဖန်တီးရေးဆွဲလျက်ရှိသည်။