ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံ

News Image

  • ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံ

ဒီဇင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Aleksandr Fomin သည် မလေးရှား တပ်မတော်စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Arman Rumaizi bin Haji Ahmad နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အပြန်အလှန် ဆက်ဆံရေးတွင် အလားအလာရှိသော နယ်ပယ်များကို ဖော်ထုတ်ခဲ့ပြီး ၎င်းတို့၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဌာနများအကြားတွေ့ဆုံဆွေးနွေးမှုကို အားကောင်းလာစေရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အမျိုးအစားများနှင့် နယ်ပယ်အားလုံးတွင် အပြန်အလှန် အကျိုးရှိသောဆက်ဆံရေးများ တည်ဆောက်ရန် အပြန်အလှန်ဆန္ဒကို အလေးပေးပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကား - ရုရှားကာကွယ်ရေးဝန်ကြီးဌာန