အစ္စရေးစစ်တပ်သည် အရပ်သားများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော New York Times က မကြာသေးမီက ထုတ်ပြန်ခဲ့ ပါသည်။ သို့သော် ၎င်းသတင်းဖော်ပြချက်တွင် သေဆုံးသူ ပါလက်စတိုင်းများကို စာရင်းဇယားနှင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ သေဆုံးသည့်အကြောင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အဓိကကျသော စာရင်းများကို ချန်လှပ်ထားသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် NYT၏ သတင်းတစ်ခု၌ မထင်မရှား အကြမ်းဖက်ဟားမတ်စ်အဖွဲ့ ၏ပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အရပ်သား ၂၀ ဦးသေဆုံးခဲ့သည်ဟု ယင်းသတင်းစာက ဗုံးသီးအခွံတစ်ခုပုံဖြင့် သတင်းတင်ပြခဲ့ပါသည်။ ၎င်းသတင်းဆောင်းပါး၏ အဆုံး၌ “ယခင်က အစ္စရေးစစ်တပ်တွင်သုံးသည့် လုပ်ထုံးလုပ်နည်းများ ယခုတော့ မရှိတော့ပါ” ဟု ရေးသားခဲ့ ပါသည်။
၂၀၂၄ ဧပြီလအစောပိုင်းတွင် +972 မဂ္ဂဇင်းက အစ္စရေး စစ်တပ်တွင်းရှိ သတင်းရင်းမြစ်များကို ကိုးကားပြီး အစ္စရေးစစ်တပ်သည် အရပ်သားအစုလိုက် သတ်ဖြတ်မှု နှင့်ပတ်သက်၍ ရေးသားတင်ပြထားမှုများရှိခဲ့သည်။ +972 ၏ ဆောင်းပါးတွင် ဟားမတ်စ် တပ်ရင်းမှူး ဝီဆမ် ဖာဟတ်ကို သတ်ဖြတ်ခဲ့သော အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုသည် အရပ်သား ၁၀၀ ကို သတ်ဖြတ်ရန် ခွင့်ပြုထားသကဲ့သို့ဖြစ်နေကြောင်း ဖော်ပြထားပါသည်။ ဟားမတ်စ် ဗဟိုဂါဇာတပ်မဟာမှူး အေမန်နိုဖယ်ကို သတ်ဖြတ်ရန်အတွက် ကြိုးစားရာတွင် အရပ်သား ၃၀၀ ခန့်သေဆုံးခဲ့ရသည် ဟုလည်း ဆိုပါသည်။ ၎င်းဖြစ်ရပ် သည် လွန်စွာအရုပ်ဆိုး အကျည်းတန်ပြီး အဆိုပါ ဖော်ပြမှုကို အစ္စရေးစစ်တပ်က ငြင်းဆိုထားပါသည်။
အစ္စရေးစစ်တပ်သည် ဟားမတ် အကြီးတန်း အရာရှိများ ကို လုပ်ကြံရန်ကြိုးစားသည့် အခါတိုင်း အရပ်သား သေဆုံးမှုများ ရာနှင့်ချီကာဖြစ်နေပြီး အဆိုပါဖြစ်စဉ် များနှင့်ပတ်သက်၍ ကုလသမဂ္ဂအနေဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းနှင့် +972 ၏ သတင်း တင်ပြမှုများသည် ၂၀၂၃ ခုနှစ်မှ ဖြစ်စဉ်များကို ၂၀၂၄ ခုနှစ်တွင်မှ ရေးသားတင်ပြခဲ့ကြောင်း NYT က ဖော်ပြ ခဲ့ပါသည်။ ၎င်းဖြစ်စဉ်များသည် ဂါဇာတွင်သာ ဖြစ်ပွား ခဲ့ခြင်းမဟုတ်ဘဲ လစ်ဘနွန်တွင်လည်း အစ္စရေးစစ်တပ် က ပြုလုပ်ခဲ့သည်ဟုလည်း ဆိုပါသည်။ ဟစ်ဇ်ဘိုလာ အတွင်းရေးမှူးချုပ် ဆေးရက်ဟတ်ဆန်နက်ရှလား ကို လုပ်ကြံမှု၌လည်း ဘေရွတ်တောင်ပိုင်းရှိ အရပ်သား အဆောက်အအုံများစွာကို အစ္စရေးကလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၃၀၀ ခန့်ရှိခဲ့မည်ဟု သတင်းဌာနကဆိုပါသည်။
အကြမ်းဖက်အဖွဲ့များက အရပ်သားများကို လူသားဒိုင်းအဖြစ်အသုံးပြုနေခြင်းများရှိသည့်အတွက် ယခုကဲ့သို့ အရပ်သားသေဆုံးမှုများ ရှိနေခြင်းမှန်သော်လည်း အစုလိုက်အပြုံလိုက်သေစေတတ်မှုကို ရှောင်ကြဉ်နိုင်ရန် အစ္စရေးစစ်တပ်အနေဖြင့် ဆောင်ရွက်သင့်သည်ဟုလည်း သတင်းဆောင်းပါးတွင် ဖော်ပြထားပါသည်။
ကိုးကား-Myanmar National Post

အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အပိုထောက်ပံ့မှုအဖြစ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၃၀ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတဘိုင်ဒင်အစိုးရသည် ရာထူးမှ မထွက်ခွာမီ ယူကရိန်းနိုင်ငံသို့ ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုပေးအပ်မည့်အပိုထောက်ပံ့မှုတွင် လေကြောင်းကာကွယ်ရေး၊ အမြောက်စနစ်နှင့် အခြားအရေးကြီးလက်နက်စနစ်များ ပါဝင်မည် ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက် တစ်စောင်တွင်ပြောသည်။

အမေရိကန်အစိုးရသည် လွန်ခဲ့သည့် သုံးနှစ်နီးပါး ကာလအတွင်း ယူကရိန်းနိုင်ငံသို့ လုံခြုံရေး အကူအညီအဖြစ် စုစုပေါင်း ဒေါ်လာ ၁၇၅ ဘီလီယံပေးအပ်မည်ဟု ကတိပြုထားသော်လည်း မကြာမီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်လက်ထက်တွင် အဆိုပါအကူအညီများအား အမေရိကန်က ဆက်လက်ပေးအပ်မည်ဟုတ်၊ မဟုတ်ကို အတိအကျ မသိရသေးပေ။
ထို့ကြောင့် ဂျိုးဘိုင်ဒင်သည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း မပြုမီ ယူကရိန်းနိုင်ငံသို့ အကူအညီများ တိုးမြှင့်ပေးအပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရုတ် လေယာဉ် ၂၃ စင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်သင်္ဘော ၆ စီးသည် ဒီဇင်ဘာ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန် ၀၆၀၀ နာရီခန့်တွင် ချဉ်းကပ်လာသည်ကို တွေ့မြင်ရကြောင်း ထိုင်ဝမ် စစ်တပ်က ပြောကြားလိုက်ပါသည်။

လေယာဉ် ၁၆ စင်းမှာ ပျမ်းမျှမျဉ်းကိုဖြတ်၍ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုံ (Air Defense Identification Zone/ ADIZ) ၏ မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့ဘက်ကို ဝင်ရောက် ခဲ့ကြောင်း၊ ထိုင်ဝမ်စစ်တပ်အနေဖြင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ X page သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား - TASS

အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များကို ကမ္ဘာအနှံ့ရှိဒေသများတွင် ဖြန့်ကြက်နေခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းအား စွန့်လွှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၉ ရက်တွင်ပြောသည်။

အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှု ဆိုင်းငံ့ထားခြင်းသည် လက်တွေ့တွင် အကျိုးရှိမည့် အလားအလာမရှိသောကြောင့် ရုရှားနိုင်ငံအနေဖြင့် ထိုသို့ဆိုင်းငံ့ထားခြင်းကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ရုရှားနှင့် တရုတ်တို့၏ သတိပေးချက်ကို မောက်မာစွာ လျစ်လျူရှု၍ နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များကို ဒေသအများအပြား၌ ဖြန့်ကြက်ရန် လုပ်ဆောင်နေကြောင်း လက်ရော့က ဆက်ပြောသည်။
ရုရှားနှင့် အမေရိကန်တို့ကြား ဆက်ဆံရေးသည် စစ်အေးကာလပြီးဆုံးပြီး နောက်ပိုင်းချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် အချိန်မရွေး အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း နှစ်နိုင်ငံစလုံးက ဝန်ခံပြောကြားထားသည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် လက်ရှိတွင် နှစ်နိုင်ငံကြားချမှတ်ထားသည့် လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်သစ်မှ နုတ်ထွက်ရန် အမေရိကန်အစိုးရနှင့် ဆွေးနွေးထားခြင်းမရှိသေးကြောင်းသိရသည်။
အမေရိကန်နှင့်ရုရှားတို့ကြား နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များဖြန့်ကြက်မှု ထိန်းချုပ်ရေးဘောတူညီချက်ကို ယခင်ဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဘာချော့နှင့် အမေရိကန်သမ္မတ ရော်နယ်ရေဂင်တို့က ၁၉၈၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သို့သော် ရုရှားနိုင်ငံသည် သဘောတူညီချက်ပါ ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး အဆိုပါသဘောတူညီချက်မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့ဖူးကြောင်း သိရသည်။

ဝါရှင်တန်နှင့် လန်ဒန်တို့က ဆီးရီးယားရှိ ရုရှားစစ် အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် အိုင်အက်စ်တိုက်ခိုက်ရေးသမားများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ရုရှားနိုင်ငံခြားရေး ထောက်လှမ်း ရေးဌာန (SVR) က သတိပေးခဲ့သည်။
ဆီးရီးယားသမ္မတ Bashar Assad အစိုးရ ပြုတ်ကျ သွားပြီးနောက်ပိုင်းတွင် ဝါရှင်တန်နှင့် လန်ဒန်တို့သည် ဒေသတွင်း၌ ရေရှည်လွှမ်းမိုးမှုရရှိရန် အရှေ့အလယ်ပိုင်း တွင် မငြိမ်မသက်မှုကို ဖော်ဆောင်ရန် ရည်မှန်းချက် ထားရှိကြောင်း အေဂျင်စီက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆီးရီးယား၏ မြေထဲပင်လယ်ကမ်းရိုးတန်းတွင် ရုရှား၏ စစ်ရေးတည်ရှိမှုသည် ၎င်းတို့၏အစီအစဉ်များကို အဟန့် အတားဖြစ်စေခြင်းကြောင့် ရုရှားစစ်အခြေစိုက်စခန်း များကို တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-RT

နိုင်ငံ၏ တာဝေးပစ် စစ်ဆင်ရေးစွမ်းရည်များ တိုးတက် စေရန် ဒီဇိုင်းထုတ်ထားသော ကုန်းရေနှစ်သွယ်သုံး ချေမှုန်းရေး သင်္ဘောသစ်တစ်စင်းကို တရုတ်နိုင်ငံ၌ ရေချခဲ့သည်။
ဒီဇင်ဘာ ၂၇ ရက်နေ့က ရှန်ဟိုင်းတွင်ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် အဆိုပါသင်္ဘော Sichuan ကို ရေချခဲ့ခြင်း ဖြစ်ပါသည်။

၎င်းသင်္ဘောသည် ဝန်အပြည့် တန်ချိန် ၄၀,၀၀၀ ကျော် တင်ဆောင်ရွှေ့ပြောင်းနိုင်ပြီး ရဟတ်ယာဉ်များနှင့်ကုန်းရေနှစ်သွယ်သုံး ပစ္စည်းကိရိယာများကို သယ်ဆောင် နိုင်သည်ဟု တရုတ်စစ်တပ်က ပြောကြားခဲ့ပါသည်။ ၎င်းသင်္ဘောကို ဝေးလံခေါင်ဖျားသည့် ကျွန်းစုများကို ခုခံကာကွယ်ရန်နှင့် ကမ်းတက်စစ်ဆင်ရေးများတွင် အသုံးပြုမည်ဖြစ်ကြောင်းသိရှိရသည်။
သင်္ဘော Sichuan တွင် တိုက်လေယာဉ်များကို လေထဲသို့ ပစ်လွှတ်တင်ပေးသည့် လျှပ်စစ်သံလိုက် အားသုံး ကိရိယာပါရှိပြီး၊ Fixed-Wing လေယာဉ် အမျိုးအစားကိုလည်း သယ်ဆောင်နိုင်ပါသည်။
တရုတ်နိုင်ငံက ၎င်း၏ရေတပ်စွမ်းရည်ကို အရှိန်အဟုန် ဖြင့် တည်ဆောက်နေပြီး တရုတ်ရေတပ်၏ ယခင်က နောက်ဆုံး ရေချခဲ့သည့် သင်္ဘောသစ်မှာ ကုန်းရေ နှစ်သွယ်သုံး ချေမှုန်းရေးသင်္ဘော Hainan ဖြစ်ပြီး လွန်ခဲ့သော ၃ နှစ်က ဖြစ်ပါသည်။
ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ဖိအားပေးမှုကို အရှိန်မြှင့်လာနေသည်ဟု လေ့လာသူများက ဆိုပါသည်။တောင်တရုတ်ပင်လယ်၌ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပြင်းထန်နေသည့်အချိန်တွင် ဖိလစ်ပိုင် နိုင်ငံအားချုပ်ကိုင်ရန် တရုတ်နိုင်ငံက ကြံရွယ်နေပုံ ရကြောင်းလည်း ၎င်းတို့က ထပ်လောင်း ပြောကြား ထားသည်။
ကိုးကား-NHK World

ဂျာမနီ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရုရှား၏ အသံထက်မြန်သော Oreshnik ဒုံးကျည် များအား ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိဟု ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ Bild က ဖော်ပြသည်။

နျူကလီးယား ဒုံးကျည်များ အပါအဝင် ထိပ်ဖူး အမျိုးအစား အများအပြားကို သယ်ဆောင်နိုင်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးပျံကို နိုဝင်ဘာ ၂၁ ရက်က စတင်အသုံးပြုခဲ့ပြီး Dnepr မြို့ရှိ Yuzhmash စစ်ဘက် ဆိုင်ရာစက်မှုဇုန်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Oreshnik သည် အသံ၏ အမြန်နှုန်း ဆယ်ဆ ဖြင့်သွားလာနေပြီး လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားခြင်း မပြုနိုင်ကြောင်း ပြောကြားထားသည်။

ရုရှားနိုင်ငံတွင် လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြစ်ဒဏ်သည်ပိုမိုတင်းကျပ်ခဲ့ပြီး ထိုကဲ့သို့သော လုပ်ရပ် အတွက် အနိမ့်ဆုံး ထောင်ဒဏ် ၁၅ နှစ်မှ ၂၀ နှစ် အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ထိုဥပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်ကလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများကိုတရားဝင် ဥပဒေဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား ပါသည်။
ယခင်က လက်နက်ကိုင်ပုန်ကန်မှုများအတွက် စည်းရုံးရန် (သို့မဟုတ်) တက်ကြွစွာပါဝင်ရန် လုပ်ဆောင်မှုအတွက် အနိမ့်ဆုံးပြစ်ဒဏ်ကို ထောင်ဒဏ် ၁၂ နှစ်မှ ၂၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ယခုအခါတွင် အဆိုပါ ဥပဒေအရထောင်ဒဏ် ၁၅ နှစ်မှ ၂၀နှစ်အထိကျခံရမည်ဖြစ်ပြီး၊ ပုန်ကန်မှုသည် လူတစ်ဦး သေဆုံးခြင်း (သို့မဟုတ်) အခြားသောဆိုးဝါးသော အကျိုးဆက်များဖြစ်ပေါ်စေခဲ့လျှင်၊ ပြစ်ဒဏ်မှာ ထောင်ဒဏ်၁၅ နှစ်မှ ၂၀ နှစ်အထိကျခံရမည်ဖြစ်သည့်အပြင် ဒဏ်ငွေ ရူဘယ် ၅၀၀,၀၀၀ မှ ၁ သန်းအထိ ပေးဆောင် ရမည် ဖြစ်ပြီး (သို့မဟုတ်) ထောင်ဒဏ် တစ်သက်တစ်ကျွန်း အထိကျခံရမည်ဖြစ်ပါသည်။
အဆိုပါ ဥပဒေအရ လက်နက်ကိုင်ပုန်ကန်မှုတွင်ပါဝင် သူတစ်ဦးသည် အစိုးရအာဏာပိုင်များကို မိမိဆန္ဒ အလျောက် အဆိုပါ လုပ်ရပ်ကို ချက်ချင်းအသိပေးခြင်း (သို့မဟုတ်) အခြားနည်းဖြင့် "ရုရှားပြည်ထောင်စု၏ အကျိုးစီးပွားကိုထပ်မံထိခိုက်စေခြင်းမှ ကာကွယ်ရန်" ပါဝင်ကူညီခဲ့လျှင် ရာဇဝတ်မှုဆိုင်ရာပြစ်မှုမှ လွတ်မြောက် နိုင်မည်ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ကို တားမြစ်ခြင်း
အဆိုပါဥပဒေသည် အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပုန်ကန်မှု ပြစ်ဒဏ်ချမှတ်ခံရသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်ဆိုင်သည့် အခြားစည်းမျဉ်း များစွာကိုလည်း တင်းကြပ်ထားပါသည်။
ထို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အကြမ်းဖက်လှုပ်ရှားမှုများတွင် ကူညီပေးခြင်း၊ အဆိုပါရည်ရွယ်ချက်များအတွက် လေ့ကျင့်သင်ကြားခြင်း သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းကို စည်းရုံးခြင်းနှင့် ၎င်းတွင်ပါဝင်ခြင်း အတွက် ပြစ်ဒဏ်ကျခံရသူများသည် လွတ်ငြိမ်းချမ်းသာ ခွင့်အတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းသိရှိရပါသည်။ လက်နက်ကိုင်ပုန်ကန်မှု သို့မဟုတ် နိုင်ငံတကာ အကြမ်းဖက်မှုလုပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ် ခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။
နိုင်ငံခြားသားများအတွက် ပြစ်ဒဏ်သတ်မှတ်ခြင်း
ထို့ပြင် ရုရှားပြည်ထောင်စု၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွင် အပိုဒ်ခွဲသစ်တစ်ခုထည့်သွင်းထားပါသည်။ ရုရှားနိုင်ငံ၏လုံခြုံရေးကိုရည်ရွယ်ချက်ရှိရှိ ဆန့်ကျင် သည့်လှုပ်ရှားမှုများတွင် ရန်သူအားငွေကြေး ထောက်ပံ့ ပေးခြင်း၊ အကြံပေးခြင်း သို့မဟုတ် အခြားအကူအညီ များပေးနေသော နိုင်ငံခြားသားများ (သို့မဟုတ်) နိုင်ငံသားမဲ့များကို ပြစ်ဒဏ်ချမှတ်နိုင်သည်။ ဤဥပဒေ အရ အဆိုပါ နိုင်ငံခြားသားများသည် ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိကျခံရမည်ဖြစ်ပြီးဒဏ်ငွေ ရူဘယ် ၅၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါသည်။
ရန်သူဘက်သို့ပြောင်းသွားခြင်း
နိုင်ငံတော်သစ္စာဖောက်မှုနှင့် ပတ်သက်သောအပိုဒ်ခွဲကို လည်းပြင်ဆင်ထားကြောင်း သိရှိရပါသည်။ သစ္စာဖောက်မှုဆိုသည်မှာ ရုရှားပြည်ထောင်စုကို ဆန့်ကျင်သော နိုင်ငံများ (သို့မဟုတ်) နိုင်ငံတကာအဖွဲ့အစည်းများ၏ တပ်ဖွဲ့များ၏ အစိတ်အပိုင်းအဖြစ် လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း ဖြစ်ပါသည်။ ရန်ဘက်ဘက်သို့ပြောင်းသွားခြင်း ဆိုသည် မှာ ရုရှားပြည်ထောင်စု၏ လုံခြုံရေးကို တမင်တကာ ဆန့်ကျင်သောအာဏာပိုင်များ၊ အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းများ၊ ရန်သူ့အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်မှုများ ပါဝင်ပါသည်။ ထိုကဲ့သို့သောပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံ ရနိုင်ပါသည်။

အီတလီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် မီလန်မြို့ရှိ လေဆိပ်နှစ်ခုတို့၏ website တို့အပါအဝင် ဌာနဆိုင်ရာ website (၁၀) ခုတို့ကို ဟက်ကာများက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ကို ခေတ္တဖယ်ရှားခဲ့ ထားကြောင်း အီတလီနိုင်ငံဆိုက်ဘာ လုံခြုံရေး အေဂျင်စီ က ပြောကြားလိုက်ပါသည်။

Distributed Denial of Service (DDoS) အမည်ရှိ ထိုဟက်ကာတိုက်ခိုက်မှုမှာ နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ရုရှားလိုလားသည့် ဟက်ကာအဖွဲ့နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း အီတလီဆိုက်ဘာလုံခြုံရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခိုင်အမာ ပြောကြား လိုက်ပါသည်။
ကိုးကား - CNA

ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာ၏ ဆောင်းပါးတစ်ခုတွင် ၃ နှစ် နီးပါး စစ်တိုက်နေရသည့် ယူကရိန်းစစ်တပ်များသည် စစ်ပန်းနေကြောင်း ဖော်ပြ ထားပြီး စစ်သည်များသည် ရုရှားနှင့်ပဋိပက္ခအဆုံး သတ်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို အလိုရှိနေသည်ဟု အမေရိကန်စစ်ဌာချုပ်မှ စစ်သတင်းများ၏ အချက်အလက် များကို ကိုးကားပြီး ရေးသားဖော်ပြထားပါသည်။

ရုရှားမှတိုက်ခိုက်သိမ်းပိုက်ထားသော ဆုံးရှုံးခဲ့ရသည့် နယ်မြေအားလုံးကို ပြန်လည်ရရှိသည်အထိ တိုက်ပွဲ ဝင်ရန် အဆင်သင့်ရှိကြောင်း ယခင်က ပြောကြားခဲ့ သော်လည်း ယူကရိန်းတပ်များသည် အဆိုပါ ရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်မည်ကို မယုံကြည်တော့ကြောင်း ဆောင်းပါးတွင် ဖော်ပြထား ပါသည်။
ဒီနက်ထရိုပီထရိုဗက်စ်ဒေသတွင် တပ်စွဲထားသော ယူကရိန်းတပ်မဟာ ၃၃ မှ လက်ထောက်တပ်ရင်းမှူး ကီရေးက ၎င်း၏ရဲဘော်များအတွက် စိတ်မကောင်းကြောင်း ဝန်ခံခဲ့ပြီး အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖီလစ်က တပ်ဖွဲ့ဝင်များအနေဖြင့် များစွာပင်ပန်းနေပြီး တိုက်ပွဲ များကို ရပ်စေလိုကြောင်း အခိုင်အမာ ပြောကြား ခဲ့ပါသည်။
တပ်ဖွဲ့ဝင်အင်အား လျော့နည်းလာခြင်းက ယူကရိန်း တပ်ဖွဲ့ဝင်များကြားတွင် ဆိုးရွားသော စိတ်ဓာတ်ကို ဖြစ်ပေါ်စေသည်ဟုလည်း သိရှိရပါသည်။