ထိုင်ဝမ် အနီးတဝိုက် တရုတ်စစ်ရေးလှုပ်ရှားမှု စတင်

News Image

  • ထိုင်ဝမ် အနီးတဝိုက်  တရုတ်စစ်ရေးလှုပ်ရှားမှု စတင်

ထိုင်ဝမ်ရေလက်ကြားနှင့် ပစိဖိတ်အနောက်ဘက်ရေပြင်တွင် တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့် သင်္ဘောများအုပ်စုလိုက်ရွေ့လျားနေကြောင်း၊  ဘေဂျင်း၏ စစ်ရေးလှုပ်ရှားမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း၊  ကမ်းရိုးတန်း စောင့် သင်္ဘောများနှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ရေယာဉ်များပါ ဝင်ရောက်နေကြောင်း၊ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း သတိကြီးစွာစောင့်ကြည့်နေပြီး တန်ပြန်စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် စတင်နေပြီဖြစ်ကြောင်း  ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

ထိုင်ဝမ်သမ္မတ၏  ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြီးဆုံးသွားသည့် ဟာဝိုင်အီနှင့်အမေရိကန်နိုင်ငံပိုင်ဂူအမ်တို့ကို  တရားမဝင်သွားရောက်ခဲ့မှုအပေါ် ဘေဂျင်းက အမျက်ဒေါသထွက်ပြီးနောက် ယခုစစ်ရေးလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ 

တစ်ဖက်သတ်ရန်စမှုများသည် အင်ဒို-ပစိဖိတ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း၊ အငြင်းပွားမှုဇုန်မှ ကျူးကျော်ဝင်ရောက်လာမှုအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီး အမျိုးသားလုံခြုံရေးအတွက် အာမခံကြောင်းဝန်ကြီးဌာန၏လူမှုမီဒီယာပလက်ဖောင်း X တွင် ရေးသားဖော်ပြထားသည်။

ကိုးကား - CNN