ရုရှား အရပ်ဘက်အခြေခံအဆောက်အအုံအပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် ယူကရိန်းမှ ငြိမ်းချမ်းရေးကို အမှန်တကယ်မလိုလားကြောင်း သက်သေဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာမှ ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီး စွမ်းအင်အခြေခံ အဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများကို ရက်ပေါင်း(၃၀)ကြာ ရပ်တန့်ရန် ကတိပြုခဲ့ကြသော်လည်း ယူကရိန်းသည် ရုရှားစွမ်းအင်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေလျှင် အလားတူတိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရမှ သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ကိုးကား-npnewsmm

ရီယာ့ဒ်မြို့၌ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ရုရှားတို့သည် ပင်လယ်နက်အတွင်း သင်္ဘောသွားလာမှုလုံခြုံစေရေးကိုအာမခံရန်နှင့် အင်အားသုံးစွဲမှုကို ဖယ်ရှားရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ဗလာဒီမာ ပူတင်တို့အကြား သမ္မတ အဆင့် ဆွေးနွေးမှုများနှင့်အညီ အမေရိကန်ပြည်ထောင်စုသည် မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နည်းပညာအဆင့် ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲများအပြီးတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ပင်လယ်နက်အတွင်း သင်္ဘောများဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး သေချာစေရန်၊ အင်အားသုံးမှုကို ဖယ်ရှားရန်နှင့် စီးပွားဖြစ် သင်္ဘောများကို စစ်ရေးအရ ရည်ရွယ်ချက်များအတွက် အသုံးပြုမှုကို တားဆီးရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်သည် ကမ္ဘာ့စျေးကွက်အတွင်း စိုက်ပျိုးရေးနှင့် မြေသြဇာထုတ်ကုန်များ တင်ပို့မှုအတွက် ရုရှား၏ အသုံးပြုခွင့်ကို ပြန်လည်ရရှိစေရန် ကူညီပေးမည့်အပြင် ပင်လယ်ရေကြောင်းဆိုင်ရာ အာမခံ အဖိုးအခများကို လျှော့ချပေးခြင်း၊ ထိုလုပ်ငန်းဆောင်တာများအတွက် ဆိပ်ကမ်းများနှင့် ငွေပေးချေရေးစနစ်များသို့ ဝင်ရောက်အသုံးပြုနိုင်မှုကို မြှင့်တင်ပေးရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတ ဗလာဒီမာပူတင်တို့၏ ရုရှားနှင့် ယူကရိန်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်မှုများကို တားမြစ်သည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နည်းလမ်းများ ရေးဆွဲမည်ဟု သဘောတူညီခဲ့ကြသည်။
အမေရိကန်နှင့် ရုရှားတို့သည် စွမ်းအင်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် တတိယနိုင်ငံများ၏ အကူအညီပေးမှုများကို ကြိုဆိုပါသည်။
အမေရိကန်နှင့် ရုရှားတို့သည် တည်တံ့ခိုင်မြဲပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဆက်လက်ရယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် နှစ်ဖက်စလုံးမှ အသက်ဆုံးရှုံးမှုများ ရပ်တန့်ရမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ အရေးတကြီးလိုအပ်ချက်ကို ထပ်လောင်းအလေးထား ပြောကြားခဲ့ပြီး၊ ရီယာ့ဒ်တွင် ပြုလုပ်ခဲ့သော သဘောတူညီချက်များနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန် နှစ်ဖက်စလုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် အဆိုပါအရေးပါသော ဆွေးနွေးပွဲများကို ဆော်ဒီအာရေဗျနိုင်ငံ၌ ထပ်မံကျင်းပပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် မင်းသား မိုဟာမက် ဘင်ဆာလမ်န်၏ ခေါင်းဆောင်မှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသည်။
ကိုးကား - The White House

ထိုင်း-မြန်မာနယ်စပ်က နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ဂိတ်အမှတ် (၄၈) ကို ထိုင်းနိုင်ငံဘက်က တရားဝင်ပိတ်လိုက်ကြောင်း သိရပါသည်။ နယ်စပ် မြစ်ဖြစ်သည့် သောင်ရင်းမြစ်ကူးဂိတ် (၅၉) ဂိတ် ရှိသည့်အနက်က မဲဆောက်ခရိုင်၊ မဲကုရပ်ကွက်မှာရှိသည့် ဂိတ်အမှတ် (၄၈) ကို ထိုင်း အာဏာပိုင်တွေက ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါဂိတ်များကနေ ကူးသန်းရောင်းဝယ်မှုပြုလုပ်နေသူများက ပြောပါသည်။
ထိုင်းနိုင်ငံ၊ တာခ်ခရိုင်မြို့တော်ဝန်နှင့် နယ်စပ်ဒေသလုံခြုံရေးအဖွဲ့များက အဆိုပါဂိတ်ကိုပိတ်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့ကြောင်း သိရပါသည်။

အခြားသော တတိယနိုင်ငံများက ကုန်သွယ်မှုပြုသည့် ကုန်စည်၊ မော်တော်ကားကူးဂိတ်များကိုလည်း ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့် လူပုဂ္ဂိုလ်၊ မော်တော်ယာဉ်၊ ကုန်ပစ္စည်းမဆို ကူးသန်းခွင့် ပေးတော့မည်မဟုတ်ကြောင်း အာဏာပိုင်များက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာထားကြောင်း ထိုင်းဘက်က သတင်းများတွင် ဖော်ပြ ထားပါသည်။
ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့က ထိုင်းနိုင်ငံ၊ နခွမ်စဝမ်မြို့နယ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ တိုင်း (၆) အဖွဲ့သည် မြန်မာဘက်က ပြန်လာသည့် ထိုင်းကုန်တင်ယာဉ်တစ်စီးကို မသင်္ကာရာကနေ တားဆီးရှာဖွေခဲ့ချိန်မှာ ကွန်တိန်နာယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား (၁၈) သန်း၊ ICE (၂၅၀) ဂရမ်၊ ကက်သမင်း (၃၀၀) ဂရမ် ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ရာကနေ ယခုလိုနယ်စပ်ဂိတ်ပိတ်သိမ်းသည့်အထိ ဖြစ်လာခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားပါသည်။
နခွမ်စဝမ်မြို့နယ်မှာဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သယ်ဆောင်လာသော သောက်သုံးရေသန့်တင်ကားသည် မြန်မာဘက်ခြမ်းက ကရင် လက်နက်ကိုင်နယ်မြေကအပြန် မူးယစ်ဆေးဝါးများ တင်ဆောင်လာပြီး ပိတ်သိမ်းလိုက်သည့် ဂိတ်ကနေ ဖြတ်သန်းလာကြောင်း ထိုင်းသတင်းများတွင် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
ကိုးကား- ထိုင်းဒေသတွင်းမီဒီယာများ
Photo: Tripadvisor

တရုတ်နှင့် ထိုင်းတို့သည် တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် ပူးတွဲ ရေတပ်လေ့ကျင့်မှုကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက်(တနင်္လာနေ့)တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း တရုတ်စစ်တပ် ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ တရုတ်-ထိုင်း Blue Strike-2025 ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ် ကျန်ကျင်းအနီးတွင် မတ်လနှောင်းပိုင်းမှ ဧပြီလအစောပိုင်း အထိ ကျင်းပမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဌာနက မတ်လ ၂၄ ရက် (တနင်္လာနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရေး နည်းဗျူဟာ၊ ပူးတွဲရေကြောင်း တိုက်ခိုက်မှုနှင့် ရေငုပ်သင်္ဘော ဆန့်ကျင်ရေး ပူးတွဲလေ့ကျင့်မှုများကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နှစ်နိုင်ငံရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ခြောက်ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရေတပ်နှစ်ရပ်ကြား လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ပူးတွဲရေကြောင်းစစ်ဆင်ရေးအတွက် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သောအဓိပ္ပာယ်ရှိကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
ကိုးကား-Myanmar National Post

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး က တပ်မတော်အတွင်း လူငယ်များ ပိုမိုပါဝင်လာစေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အချို့တပ်ဖွဲ့များတွင် လူအင်အား အရေးပေါ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။

မတ် ၂၄ (တနင်္လာနေ့)တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဇီလန်စကီးက အသက် ၁၈ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များကိုဦးတည်သော စစ်သားစုဆောင်းရေး အစီအစဉ်သစ်ကို အတည်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။ အသက် ၂၄ နှစ်အထက် အမျိုးသားများအတွက် မဖြစ်မနေစစ်မှုထမ်းဆောင်ရန် ဥပဒေရှိသော်လည်း အစိုးရအနေဖြင့် လူငယ်များကိုယ်တိုင်ထမ်းဆောင်လိုမှုဖြင့် ပါဝင်လာစေရန် ဆွဲဆောင်မှုများ ပြုလုပ်နေသည်။
“မနေ့က ရှေ့တန်းကို သွားရောက်ခဲ့ပြီး အချို့တပ်ဖွဲ့များက အထူး လိုအပ်ချက်ရှိနေကာ မိမိတို့အနေဖြင့် အပြုသဘောဆောင်သော တုံ့ပြန်မှုပြုမည်ဖြစ်ကာ လူငယ်ကျွမ်းကျင်သူများ ပိုမိုပါဝင်သည့်တပ်ဖွဲ့များ ပိုမို ရှိလာမည်” ဟု ဇီလန်စကီးက ပြောကြားခဲ့သည်။ “အဆိုပါအစီအစဉ်ကို အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များတွင်လည်း ကျင့်သုံးမည်ဖြစ်ပြီး ထိရောက်သော ကာကွယ်ရေးအင်အားစုအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အခွင့်အလမ်းများ ပေးအပ်ရမည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလတွင် စတင်ခဲ့သော စုဆောင်းရေးအစီအစဉ်အရ စစ်မှုထမ်းသက် တစ်နှစ်ပြည့်ပါက လူငယ်များအား hryvnia ၁ သန်း (အမေရိကန် ဒေါ်လာ ၂၄,၀၀၀)၊ အခမဲ့သွားဘက်ဆိုင်ရာကုသမှုနှင့် စာချုပ်ကာလပြီးဆုံးပါက ယူကရိန်းမှ ထွက်ခွာခွင့်စသည့် အခွင့်အရေးများပေးမည်ဖြစ်သည်။ အဆိုပါခံစားခွင့်များကို သာမန်စစ်မှုထမ်းဆောင်ရန် အသက် အရွယ်ရောက်သူများအတွက် မရရှိနိုင်ပေ။
အဆိုပါကြေညာချက်သည် ယူကရိန်းနိုင်ငံ၏ စစ်ရေးအခြေအနေတွင် အရေးပါသော အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိသည်။ စစ်ရေးကျွမ်းကျင်သူများက ထိုအစီအစဉ်သည် ယူကရိန်း၏ ကာကွယ်ရေးအင်အားကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဒုတိယကမ္ဘာစစ်တွင် ဂျာမနီရှုံးနိမ့်ပြီးနောက် လက်တင်အမေရိကရှိ အာဂျင်တီးနားနိုင်ငံသို့ ထွက်ပြေးကာခိုလှုံခဲ့ကြသော နာဇီများနှင့် သက်ဆိုင်သည့် အစိုးရမှတ်တမ်းများကို လျှို့ဝှက်အဆင့်မှ ဖြေလျှော့ပေးရန် အာဂျင်တီးနားအစိုးရက စီစဉ်နေသည်။

သမ္မတ Javier Milei ၏ ရုံးအဖွဲ့အကြီးအကဲ Guillermo Francos က DNews ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ထုတ်ဖော်မည့်အစီအစဉ်ကို မတ်လ ၂၄ ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့သည်။ လွန်ခဲ့သောလက အမေရိကန်အထက်လွှတ်တော်အမတ် Steve Daines နှင့် သမ္မတ တွေ့ဆုံပြီးနောက် အဆိုပါဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း၊ Daines က မှတ်တမ်းများကို အများပြည်သူသိရှိစေရန် အထူးတိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
Francos က သမ္မတသည် အာဂျင်တီးနားတွင် နာဇီများအား ကာကွယ်ပေးခဲ့မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ဖုံးကွယ်ထားရန် အကြောင်းမရှိဟုယုံကြည်ကြောင်း၊ ထုတ်ဖော်ရန် စီစဉ်ထားသောမှတ်တမ်းအများစုကို ကာကွယ်ရေးဝန်ကြီးဌာနတွင် သိမ်းဆည်းထားကြောင်း ပြောကြားခဲ့ပြီး မှတ်တမ်းအချို့တွင် ဆွစ်ဇာလန်ဘဏ်များ၏ ၀န်ဆောင်မှုများနှင့်သက်ဆိုင်သော ငွေကြေးဆိုင်ရာ အချက်အလက်များ ပါဝင်သည်ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ခန့်မှန်းချက်များအရ ဝင်ရိုးတန်းနိုင်ငံများပြိုလဲချိန်တွင် စစ်ရာဇဝတ်မှု ကျူးလွန်သူ ၁၀,၀၀၀ ခန့်သည် 'ratlines' ဟုခေါ်သော လျှို့ဝှက်ထွက်ပြေးရေးလမ်းကြောင်းများကို အသုံးပြု၍ ဥရောပမှ အခြားဒေသများသို့ ထွက်ပြေးခဲ့ကြသည်။ ၎င်းတို့အနက်တစ်ဝက်ခန့်သည် ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုမှုများကိုငြင်းဆန်လေ့ရှိသော အာဂျင်တီးနား နိုင်ငံကို ခိုလှုံရာနေရာအဖြစ် ရွေးချယ်ခဲ့ကြသည်ဟု ယုံကြည်ရသည်။
အာဂျင်တီးနားအစိုးရ၏ အဆိုပါဆုံးဖြတ်ချက်သည် သမိုင်းဆိုင်ရာ တရားမျှတမှုအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး နာဇီ ယုံကြည်ချက်ရှိသူများ၏ စစ်ပြီးကာလထွက်ပြေးမှုနှင့် ပတ်သက်သည့် အမှောင်ခရီးစဉ်များကို ရှင်းလင်းစွာသိရှိစေရန် ရည်ရွယ်ပါသည်။ ယင်းမှတ်တမ်းများကို လေ့လာခြင်းအားဖြင့် နိုင်ငံတကာ၌ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။
အာဂျင်တီးနားသည် ယခင်က နာဇီများကို ခိုလှုံခွင့်ပေးခဲ့သည့် သမိုင်းကြောင်းရှိသော်လည်း နောက်ပိုင်း၌ မှားယွင်းသည့် အဆိုပါလုပ်ရပ်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရန် ကြိုးစားလာခဲ့ပါသည်။ အဆိုပါ မှတ်တမ်းများ ထုတ်ဖော်ခြင်းသည် ကမ္ဘာ့သမိုင်း၏ အမှောင်ဆုံးအခန်းများကို နားလည်ရန်နှင့် တရားမျှတမှုရှိစေရန် အားထုတ်မှုတစ်ခုလည်း ဖြစ်ပါသည်။

အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း အတွင်းသိများ၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းစာက မတ်လ ၂၃ ရက်တွင် ဖော်ပြသည်။
ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံတွင် ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် အတွက် ထရမ့်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် တိုးတက်မှု အချို့ကို ရရှိထားပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ကြား သဘောတူညီခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းတို့ကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
သို့သော် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းတွင် အပြည့်အဝ အပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီချက်ကို မကြာမီ ချမှတ်နိုင်မည်ဖြစ်ကြောင်း ထရမ့်က မတ်လ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားသည်။
အမေရိကန်စေ့စပ် ဆွေးနွေးသူများသည် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ချမှတ်နိုင်ရေးအတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့် မတ်လ ၂၄ ရက်တွင် သီးခြားတွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/

အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ Tesla ကုမ္ပဏီပိုင် အဆောက်အအုံများစွာအပေါ် အဓိကပစ်မှတ်ထား လုပ်ဆောင်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျဉ်းထောင်သို့ ပို့ဆောင်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ရန် မျှော်လင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း သိရသည်။
မကြာသေးမီက နိုင်ငံအတွင်းရှိ Tesla ကုမ္ပဏီပိုင်ကား အရောင်းပြခန်း၊ အားသွင်းရုံများအား မီးလောင်ဗုံးများကို အသုံးပြု၍ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် အာဏာပိုင်အဖွဲ့သည် Tesla ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအပေါ် တိုက်ခိုက်ခဲ့သူ ၃ ဦးအနက် ၂ ဦးအား အော်ရီဂွန်ပြည်နယ် ဆာလင်မြို့၊ ကော်လိုရာဒိုပြည်နယ် လက်ဗ်လန်းမြို့နှင့် ကျန်တစ်ဦးကို တောင်ကာရိုလိုင်းနားပြည်နယ် ချားလက်စတန် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား အမေရိကန်ရှေ့နေချုပ် ပမ်းဘွန်ဒီက မီးရှို့ဖျက်ဆီးမှုနှင့် ပြည်တွင်းအကြမ်းဖက်မှု တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးခံရသူများအနက် တစ်ဦးမှာဖမ်းဆီးခံရချိန်တွင် AR- 15 အမျိုးအစား ရိုင်ဖယ်တစ်လက်ကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း သိရသည်။
ထို့အတူ ဖမ်းဆီးခံရသူ အခြားတစ်ဦးသည် Tesla ကုမ္ပဏီပိုင် အားသွင်းရုံများ အနီးတွင် သမ္မတထရမ့်အား ဆန့်ကျင်သည့်စာသားများကို ရေးသားခဲ့သည့်အပြင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကိုလည်း အဓိကပစ်မှတ်ထား၍ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သောကြောင့် ထိုသို့သော လုပ်ဆောင်ချက်မျိုးသည် သည်းခံနိုင်ဖွယ် မရှိကြောင်း ရှေ့နေချုပ်ပမ်းဘွန်ဒီက ဆက်လက် ပြောကြားသည်။
ထို့ကြောင့် ဤသို့သော အကြမ်းဖက်မှုမျိုးကို ကျူးလွန်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ အကျဉ်းထောင်တွင် ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်ရန် မျှော်လင့်ထားသည်ဟု ထရမ့်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် “ဝိုင်းကောင်းတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပါးရိုးကျေးရွာအုပ်စု၊ လေးအိမ်ကျေးရွာမှာရှိပါတယ်၊ ဒါကပြည်သူလူထုရဲ့ လူမှုဘဝတွေကို ထိခိုက်ပါတယ်” ဟုရေးသားကာ ကြက်တိုက်လောင်းကစား ပြုလုပ်နေသောပုံများဖြင့် U Kyaw Soe Oo Telegram Channel တွင် ဖော်ပြပါရှိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ စပါးရိုးကျေးရွာအုပ်စုအတွင်း၌ လေးအိမ်တန်းကျေးရွာအမည်သာရှိပြီး လေးအိမ်ကျေးရွာအမည်ဖြင့် ကျေးရွာမရှိကြောင်း၊ လေးအိမ်တန်းကျေးရွာရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းနှင့် ရေချိုငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ကြပြီး အဆိုပါမြို့နယ်ရှိ ငှက်ပျောချောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှလည်း မိမိအပိုင်နယ်မြေအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်မှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ကာ လောင်းကစားသတင်းများရရှိပါက အချိန်နှင့် တစ်ပြေးညီ ဖမ်းဆီးအရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ပြည်သူ့စစ်မှုထမ်းခြင်းနှင့်အကျုံးဝင်သည့် ကျေးရွာနေအမျိုးသားများအား ဖေဖော်ဝါရီ ၂၀ ရက်တွင် မဲနှိုက်ရွေးချယ်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ပေးရန် လိုက်လံနှိုးဆော်ရာမှ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများကြောင့် ရပ်ရွာအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အခြားဒေသမှ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အသုံးပြုကာ U Kyaw Soe Oo Telegram Channel သို့ မဟုတ်မမှန်ရေးသားပေးပို့ရာမှ Social Media တွင် သတင်းမှားများ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း တိကျ ခိုင်လုံသော အချက်အလက်များဖြင့် တိုင်တန်းတင်ပြလာပါက အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဖော်ထုတ်၍ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် Social Media များတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်မှာ သတင်းမှားသာဖြစ်ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၄ လမ်း နှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်း မောင်းနှင်ပြီး ရဲဝင်းထက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် နှစ်စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း။

ဆက်လက်၍ ည ၁၁ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟ နှင့် အောင်ဖြိုးကို တို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ် ၁၅ ရက် နံနက် ၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ နှစ်ဦး သိုဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း။
စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူ အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။