ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ် ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် အမေရိကန် မျှော်လင့်လျက်ရှိဟုဆို
အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက်ခန့်တွင် အပြီးသတ်ချမှတ်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း အတွင်းသိများ၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းစာက မတ်လ ၂၃ ရက်တွင် ဖော်ပြသည်။
ဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံတွင် ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် အတွက် ထရမ့်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် တိုးတက်မှု အချို့ကို ရရှိထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ကြား သဘောတူညီခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းတို့ကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
သို့သော် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းတွင် အပြည့်အဝ အပစ်အခတ် ရပ်စဲနိုင်ရေး သဘောတူညီချက်ကို မကြာမီ ချမှတ်နိုင်မည်ဖြစ်ကြောင်း ထရမ့်က မတ်လ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားသည်။
အမေရိကန်စေ့စပ် ဆွေးနွေးသူများသည် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ချမှတ်နိုင်ရေးအတွက် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့များနှင့် မတ်လ ၂၄ ရက်တွင် သီးခြားတွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/