သတင်းများ

အမေရိကန်နှင့် ဆက်ဆံရေး မရေရာမှုများကြား ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ဥရောပသမဂ္ဂ ထုတ်ပြန်ကြေညာ

အနာဂတ်တွင် နေတိုးအဖွဲ့အား အမေရိကန်၏ ပံ့ပိုးမှုနှင့်ပတ်သက်၍ မရေမရာရှိနေချိန်တွင် ဥရောပကော်မရှင်က စစ်ရေးအရ အသင့်ရှိမှုကို တိုးမြှင့်ကာ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်မဟုတ်သော မဟာမိတ်များအပေါ် မှီခိုမှု လျှော့ချရန် ရည်ရွယ်လျက် အီးယူ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ကျယ်ပြန့်သော စီမံချက်တစ်ရပ်ကို မတ် ၁၉ ရက်က ကြေညာခဲ့သည်။

“ကျွန်မတို့ အမှီပြုနေသည့် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ပါဘူး။ ဥရောပဟာ အရှိန်မြှင့်ပြင်ဆင်သွားဖို့ အသင့်ရှိနေပါပြီ။ ကျွန်မတို့အနေဖြင့် ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ကာကွယ်ရေးစွမ်းရည်ကို အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့် ချဉ်းကပ်မှုပုံစံကို ကျင့်သုံးရမှာပါ” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းစီမံချက်၏ အဓိကအကျဆုံး အစိတ်အပိုင်းမှာ White Paper for European Defence – Readiness 2030 ဟူသော ဥရောပကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းနှင့် ကာကွယ်ရေးစွမ်းရည်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ဘဏ္ဍာရေးအရ ထောက်ကူပေးမည့် ကာကွယ်ရေး အစီအမံတို့ပင်ဖြစ်သည်။

ယင်းတို့သည် ReArm Europe Plan/Readiness 2030 ကာကွယ်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဥရောပကော်မရှင်က ဆိုသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများက ဖော်ထုတ်တွေ့ရှိရသည့် အလွန်အရေးပါသော ကာကွယ်ရေးဆိုင်ရာ ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရေး၊ စုပေါင်းဝယ်ယူဖြည့်တင်းမှု မြှင့်တင်ရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဥရောပ၏ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍ ခိုင်မာအားကောင်းရေး စသော အဓိကဦးစားပေးကိစ္စရပ်များကို အဆိုပါ စက္ကူဖြူစာတမ်း၌ ဖော်ပြ ထားသည်။
ထို့ပြင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ တိုးမြှင့်ရန်၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းထိရောက်စွာ ချိန်ညှိခြင်းဖြင့် ဥရောပသမဂ္ဂတစ်ခွင်၌ စစ်လက်နက် ပစ္စည်းဈေးကွက် ချဲ့ထွင်ရန် လိုအပ်သည်ဟုလည်း ထိုစက္ကူဖြူစာတမ်း၌ အလေးအနက် ဖော်ပြထားသည်။

လက်ရှိတွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံများက အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းစနစ်များကို အသုံးပြုလျက်ရှိသဖြင့် အပြန်အလှန် ချိတ်ဆက်နိုင်စွမ်းနှင့် ထိရောက်မှုတို့တွင် အကန့်အသတ်ဖြစ်ပေါ်လျက်ရှိသည်။

အနာဂတ်စီမံချက်သစ်ကို အီးယူအစိုးရခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခြင်းဖြစ်ရာ ဥရောပကာကွယ်ရေးကိစ္စရပ်က ထိပ်သီးအစည်းအဝေး၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်ရှိနေပါသည်။

ကိုးကား-ဆင်ဟွာ

ရုရှားက ဥရောပကို တိုက်ခိုက်ရန် အစီအစဉ် မရှိသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ထရမ့် အထူးကိုယ်စားလှယ်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff က ရုရှားသည် ဥရောပတစ်လွှားကို စစ်ဆင်နွှဲလာနိုင်သည့် အစီအစဉ် ရှိကြောင်း ပြောဆိုနေမှုသည် လုံးဝ မဖြစ်နိုင်သည့် ရာခိုင်နှုန်းသည်   ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း အမေရိကန်သတင်းထောက် Tucker Carison ၏ မေးမြန်းချက်ကို ပြတ်ပြတ်သားသား ဖြေကြားသွားပါသည်။

“ထိုသို့ပြောနေကြခြင်းကို မိမိအနေဖြင့် လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားလိုပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးမှာတုန်းက မရှိခဲ့သည့် နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့)ကို မိမိတို့ ခိုင်ခိုင်မာမာ ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း” အထူးကိုယ်စားလှယ်က ဖြေကြားသွားပါသည်။ 

ကိုးကား- TASS  

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အဓိကအချက်မှာ ခရိုင်းမီးယား၊ Denetsk၊ Lugansk၊ Zaporozhye၊ Kherson ဒေသတို့၏ အခြေအနေများကြောင့် ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားလိုက်ပါသည်။

ထိုဒေသများမှာ ရုရှားဘာသာစကားသုံးစွဲသူများဖြစ်ကြောင်း၊ ရုရှား အုပ်ချုပ်ရေးအောက်တွင်နေချင်ကြောင်း ပြသသည့် ဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအချက်က အဓိက ပြဿနာဖြစ်ပါကြောင်း၊ ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုင်နက်လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်လားဆိုသည်မှာ မဖြေရှင်းရသေးပါကြောင်း၊ သို့ရာတွင်လည်း ထိုဒေသများကို ရုရှားက ထိန်းချုပ်ထားကြပြီးလည်းဖြစ်ပါကြောင်း၊ ကမ္ဘာကြီးက ထိုဒေသတွေကို ရုရှားပိုင် ဒေသဟု တရားဝင် အသိအမှတ်ပြုမည်လားဆိုသည်မှာ အဓိက မေးခွန်း ဖြစ်ပါကြောင်း ပြောကြားထားပါသည်။

လက်ရှိတွင် Denetsk ၊ Lugansk၊ Zaporozhye၊ Kherson ဒေသများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ ၂၇ အထိ ကျင်းပသောဆန္ဒခံယူပွဲ များအပြီးတွင် ရုရှား၏ အစိတ်အပိုင်းများအဖြစ် ထည့်သွင်းခဲ့ပါသည်။ ထို့ပြင် ခရိုင်းမီးယားနှင့် Sevastopol ကိုလည်း ၂၀၁၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်သော ဆန္ဒခံယူပွဲများအပြီး ရုရှားအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါသည်။

ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ယူကရိန်းသမ္မတဇီလန်စကီးက ထိုဒေသများကို ရုရှားပိုင်ဒေသများအဖြစ် အသိအမှတ် မပြုနိုင်သည့်အတွက် ပြဿနာဆက်လက်ရှိနေခြင်းဖြစ်ကြောင်း Witkoff က ထောက်ပြထားပါသည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှုး ဆာဂေးရှိုးဂူသည် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် ဗူလင်နှင့် တွေ့ဆုံ

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် မော်စကိုတွင် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါ ဗူလင်နှင့် တွေ့ဆုံခဲ့ပါသည်။

ဆွေးနွေးပွဲများသည် ဆားဘီးယားနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်နေသော လက်ရှိအခြေအနေကို အထူးဂရုပြု၍ လုံခြုံရေးနယ်ပယ်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။

ဆာဂေးရှိုးဂှု နှင့် ဗူလင်တို့၏ ယခင်တွေ့ဆုံမှုသည် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး၊ ထိုစဉ်က ၎င်းတို့သည် “နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဆားဘီးယားနိုင်ငံရှိ လက်ရှိအခြေအနေ” တို့ကို ဆွေးနွေးခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားဘက်မှ အစိုးရသည် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် “ဆားဘီးယား၏ ညီအစ်ကို ပြည်သူများ” အား ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိကြောင်းကိုလည်း ပြန်လည်အတည်ပြုခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆားဘီးယားနိုင်ငံ၊ နိုဗီဆတ် ရထားဘူတာ၌ အဆောက်အဦတစ်ခု ပြိုကျပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး၌ ပေါ်ပေါက်ခဲ့ပြီး ထိုအချိန်မှစ၍ ဆက်လက်ဖြစ်ပွားနေပါသည်။ ဆန္ဒပြသူများသည် ထိုအဖြစ်ဆိုးအတွက် အာဏာပိုင်များကို တာဝန်ခံစေလိုနေကြသည်။ ထိုဆန္ဒပြမှုများ၏ နောက်ခံ အခြေအနေတွင် ဆားဘီးယားသမ္မတ အလက်ဇန်ဒါ ဗူချစ်ခ်က ယူကရိန်း ၏ မိုင်ဒန်နှင့်ဆင်တူသော အရောင်ပြောင်းတော်လှန်ရေးသည် ဆားဘီးယား တွင် ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

ယူကရိန်း တပ်မတော်သည် ရုရှားနိုင်ငံ၊ ဘဲလ်ဂိုရိုဒ်မြို့၏ စစ်မျက်နှာတွင် ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံး

ယူကရိန်း တပ်မတော်သည် ဘဲလ်ဂိုရိုဒ် စစ်မျက်နှာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“ဘဲလ်ဂိုရိုဒ်မြို့ စစ်မျက်နှာတွင်၊ ရုရှားမြောက်ပိုင်းတပ်မ၏တပ်ဖွဲ့များသည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့နှင့် နယ်မြေကာကွယ်ရေး တပ်ဖွဲ့တို့ကို ဆူမီဒေသ၏ ဂရူနိုဗ်ကာ၊ လော့နီယာ၊ ဆက်ဒ်ကီနှင့် တူရီယာ ကျေးရွာများတွင် ထိခိုက်ဆုံးရှုံးစေခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၉၅ ဦး၊ တင့်ကား တစ်စီး၊ သံချပ်ကာကား နှစ်စီး၊ ကား ၁၄ စီး၊ နှင့် လက်နက်ကြီး ခြောက်လက်အထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူကရိန်း တပ်မတော်သည် ရုရှား အရှေ့ဘက် တပ်မ၏ တာဝန်ယူမှု နယ်မြေအတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၁၆၅ ဦးအထိ ဆုံးရှုံးခဲ့ရပါသည်။ “ရုရှား အရှေ့ ဘက်တပ်မ၏ တပ်ဖွဲ့များသည် ရန်သူ၏ ကာကွယ်ရေးနယ်မြေအတွင်းသို့ ဆက်လက်တိုးဝင်နိုင်ခဲ့ပါသည်။ ၎င်းတို့ သည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့၊ လေကြောင်းတပ်ဖွဲ့နှင့် ရိန်ဂျာ တပ်ဖွဲ့တို့ကို ဒိုနက်စ်က် ပြည်သူ့သမ္မတနိုင်ငံ၏ အိုထရာ့ဒ်နိုယေ၊ ဖီဒိုရိုဗ်ကာနှင့် ဗီဆီလိုယေ ကျေးရွာများတွင် အနိုင်ယူခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၁၆၅ ဦး၊ တင့်ကား တစ်စီး၊ ကား ခြောက်စီး နှင့် လယ်ကွင်းကျည်ကြီးသိုလှောင်ရုံ သုံးခုအထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အစ္စရေးလေဆိပ်နှင့် အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း ယီမင်ဟူသီ လက်နက်ကိုင်များ ကြေညာ

ကူဝိတ်စီးတီး၊ မတ် ၂၀ ရက် 

ယီမင်ဟူသီလက်နက်ကိုင်များက မတ် ၂၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပင်လယ်နီ တောင်ပိုင်း ရေပြင်ရှိ အမေရိကန်ရေတပ် “USS Harry S. Truman” လေယာဉ်တင် သင်္ဘောနှင့် ၎င်း၏ ရေယာဉ်စုကို တိုက်ခိုက်ခဲ့ကြောင်း ဆန်နားသတင်းအရ သိရသည်။

ဟူသီလက်နက်ကိုင်များက မတ် ၂၀ ရက်တွင် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်ကို “ပါလက်စတိုင်း ၂” အမျိုးအစား ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ ထို့အပြင် ဟူသီလက်နက်ကိုင်များက အမေရိကန်ရေတပ် “USS Harry S. Truman” လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏ ရေယာဉ်စုကိုလည်း တိုက်ခိုက်ခဲ့သေးကြောင်း ယီမင်ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသော Al-Masirah ရုပ်သံလိုင်းက အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။

အထက်ဖော်ပြပါ တန်ပြန်တိုက်ခိုက်မှုများသည် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ လတ်တလော ဗုံးကြဲတိုက်ခိုက်မှုနှင့် အမေရိကန်စစ်တပ်၏ ယီမင်နိုင်ငံ ဆန်နားပြည်နယ် နေရာအများအပြားအပေါ် တိုက်ခိုက်မှုများကို တုံ့ပြန်ရန်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။

အစ္စရေးအလယ်ပိုင်း နေရာအများအပြား၌ မတ် ၂၀ ရက် နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်အသံများ မြည်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ယီမင်ဘက်က ပစ်လွှတ်ခဲ့သော ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုခဲ့သည်။ ထို့အပြင် လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရသူ မရှိသေးကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာန၏ သတင်းအရ သိရသည်။

အမေရိကန်စစ်တပ်ဘက်ကမူ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

ယီမင်နိုင်ငံ၌ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်

ဆာနာ   မတ် ၂၀

ယီမင်နိုင်ငံမြို့တော်ဆာနာ၌ မတ် ၁၉ ရက်တွင် အမေရကိန်တပ်မတော်က လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးကြောင်း ဟူသီအဖွဲ့၏ ရုပ်မြင်သံကြားဌာန အယ်လ်မာဆီယာက ပြောကြားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်ဆာနာ ဂီယတ်ဒေသရှိ အဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒေသခံများ ဒဏ်ရာရခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်မှုအတွင်း ကလေးများနှင့် အမျိုးသမီးအပါအဝင် ၅၃ ဦး သေဆုံးခဲ့သည်။ ယခုတိုက်ခိုက်မှုအတွင်း ဟူသီထိန်းချုပ်ဒေသများဖြစ်သည့် ဆဒါ၊ အယ်ဗေဒါ၊ ဟိုဒီလက်နှင့် အယ်လ်ဂျပ်ဒေသများလည်း တိုက်ခိုက်ခံခဲ့ရသည်။ ဟူသီအဖွဲ့ကလည်း အမေရကိန်စစ်သင်္ဘော ဟယ်ရီ ထရူးမင်းကို မတ် ၁၉ ရက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။

မိမိတို့သည် အစ္စရေးနင့်ပတ်သက်သည့် သင်္ဘောများကို တိုက်ခိုက်နေကြောင်းနှင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများဝင်ရောက်ခွင့်ပေးရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟူသီအဖွဲ့က ပြောကြားသည်။

အမေရိကန်တပ်မတော်က မိမိတို့သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးလမ်းကို ကာကွယ်ရန်အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

အမေရိကန်နိုင်ငံ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုး သေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုးသေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူ တစ်ဦးအား  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည်  မက္ကလင်းမြို့ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် မတ်လ ၁၉ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွင်း သေနတ်သမားသည် ၎င်း၏ဦးခေါင်းကိုသာမက ဒေသတွင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းအားလာရောက် ဖျောင်းဖျပြောဆိုခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပါ သေနတ်ဖြင့်ချိန်ခဲ့ကြောင်း အရင်းအမြစ်များက ပြောသည်။

ယင်းနောက် အာဏာပိုင်အဖွဲ့က အဆိုပါသေနတ်သမား အမျိုးသားအား နာရီပေါင်းများစွာကြာ ဖျောင်းဖျပြီးနောက် ၎င်းအမျိုးသားအား မတ်လ ၁၉ ရက်မွန်းလွဲပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖဲဖက်ကောင်တီ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ရဲတပ်ဖွဲ့သည် ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို စစ်ဆေးနေဆဲဖြစ်ပြီး   သေနတ်သမား အမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

Source: https://myawady.net.mm/

စစ်ပွဲနှစ်နှစ်ကြာပြီးနောက် ဆူဒန်တပ်မတော်က သမ္မတအိမ်တော်ကို ပြန်လည်သိမ်းပိုက်

ဆူဒန်တပ်မတော်ခေါင်းဆောင်များက ခါတုမ်းမြို့ရှိ သမ္မတအိမ်တော်ကို ပြိုင်ဘက်တပ်ဖွဲ့ Rapid Support Forces (RSF) ထံမှ ပြန်လည်သိမ်းပိုက်လိုက်ကြောင်း ပြောကြားခဲ့သည်။

RSF ဟု လူသိများသောတပ်ဖွဲ့များက မြို့တော်ကိုသိမ်းပိုက်ထားခဲ့ပြီးနောက် ပြန်လည်ထိန်းချုပ်ရန် ဆူဒန်တပ်မတော်က စိတ်အားထက်သန်နေသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ Nabil Abdallah က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ခါတုမ်းမြို့အလယ်ပိုင်းရှိ သမ္မတအိမ်တော်နှင့် ဝန်ကြီးဌာန အဆောက်အအုံများကို ထိန်းချုပ်လိုက်ကြောင်းနှင့် အောင်ပွဲအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခါတုမ်းသည် လွန်ခဲ့သောနှစ်နှစ်နီးပါးက နိုင်ငံ၏ပြင်းထန်သော ပြည်တွင်းစစ် စတင်ခဲ့သည့်နေရာဖြစ်ပြီး အကြီးမားဆုံးတိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့်နေရာလည်း ဖြစ်သည်။

စစ်ပွဲစတင်ကတည်းက RSF သည် မြို့တော်၏ အဓိကအပိုင်း အများအပြားနှင့် ဆူဒန်၏ အနောက်ပိုင်းကို ထိန်းချုပ်ထားခဲ့သည်။

ခါတုမ်းကို ပြန်လည်သိမ်းပိုက်ခြင်းသည် ဆူဒန်လက်နက်ကိုင် တပ်ဖွဲ့များ အတွက် ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ပြီး ပဋိပက္ခတွင် အရေးပါသော အချိန်ကာလတစ်ခုဖြစ်သည်။ မကြာသေးမီသီတင်းပတ်များအတွင်းဆူဒန်တပ်မတော်သည် ဆူဒန်အလယ်ပိုင်းဒေသများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။

RSF ကွပ်ကဲရေးမှူး Mohamed Hamdan Dagalo က သမ္မတ အိမ်တော်နှင့် ၎င်းတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်ရှိ အနီးအနားဒေသများကို ကာကွယ်မည်ဖြစ်ကြောင်းနှင့် မြောက်ပိုင်းမြို့ အချို့ကို ထပ်မံ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း မြို့တော်ကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

ကုလသမဂ္ဂက စစ်ပွဲသည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး RSF နှင့် တပ်မတော် နှစ်ဖွဲ့စလုံးကို လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂