အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သိမ်းပိုက်ရန် ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပြီး ဒုတိယသမ္မတ၏ ဇနီး Usha Vance အပါအဝင် အမေရိကန်အရာရှိများ၏ Greenland သို့ လည်ပတ်မည့်အစီအစဉ်သည် လွန်စွာရန်လိုသောအပြုအမူဖြစ်ပြီး ဆက်ဆံရေးကိုဆိုးရွားစေမည်ဖြစ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က ပြောဆိုခဲ့သည်။

အမေရိကန် ဒုသမ္မတ JD Vance ၏ ဇနီး Usha Vance သည် ယခု သီတင်းပတ်အတွင်း ဂရင်းလန်းကျွန်းသို့သွားရောက်ပြီး ကျွန်း၏ အမျိုးသား ခွေးလှည်းပြိုင်ပွဲကို ကြည့်ရှုကာ “ဂရင်းလန်း ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုအစီအစဉ်တွင် ပါဝင်ဆင်နွှဲမည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz သည်လည်း မကြာမီတွင် ထိုနယ်မြေသို့သွားရောက်လည်ပတ်မည်ဟု ခရီးစဉ်နှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က တနင်္ဂနွေနေ့ (မတ် ၂၃) က ဂရင်းလန်းသတင်းစာ Sermitsiaq နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်ကို “လွန်စွာရန်လိုသော အပြု အမူ” ဟု ပြောဆိုခဲ့ပြီး Waltz ၏ခရီးစဉ်ကိုလည်း ကန့်ကွက်ခဲ့သည်။
ဂရင်းလန်းကိုသိမ်းပိုက်ရန် ထရမ့်၏အကြံအစည်သည် နည်းပညာမြင့် လုပ်ငန်းများအတွက် အရေးပါသော အဖိုးတန်ရှားပါး သတ္တုအရင်းအမြစ် များကြွယ်ဝသည့် ထိုနယ်မြေကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိ စေခဲ့ပြီး အမေရိကန်၊ ရုရှားနှင့် တရုတ်တို့က အာတိတ်ဒေသတွင် ဩဇာ လွှမ်းမိုးရန် ပြိုင်ဆိုင်နေသည့်အတွက် ကျွန်း၏အနာဂတ် လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းများထွက်ပေါ်စေခဲ့သည်။ ထရမ့်သည် ဒိန်းမတ်နှင့် ဂရင်းလန်းတို့က ၎င်း၏အကြံအစည်ကို ခိုင်မာစွာပယ်ချခဲ့သော်လည်း အမေရိကန်က ကျွန်းကို အင်အားသုံး သို့မဟုတ် စီးပွားရေး ဖိအားပေး ခြင်းဖြင့် သိမ်းပိုက်ရန်စိတ်ဝင်စားကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည်။
ဒိန်းမတ်မှ ဂရင်းလန်း၏လွတ်လပ်ရေးအတွက် တွန်းအားပေးခဲ့သူ Egede က ဂရင်းလန်းပြည်သူများ၏ သံတမန်ရေးရာလုပ်ဆောင်မှုသည် "ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ ဂရင်းလန်းကို ပိုင်ဆိုင် ထိန်းချုပ်ရန် ရည်မှန်းချက်ကို တွန်းလှန်နိုင်သည်" ဟု ပြောကြားခဲ့သည်။
Egede ဦးဆောင်သော လက်ဝဲပါတီ IAInuit Ataqatigiit သည် ယခုလ အစောပိုင်းက ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဂရင်းလန်း၏ အနာဂတ် ဦးဆောင်သူ ဖြစ်လာနိုင်သူ Jens-Frederik Nielsen ကလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ လာရောက်လည်ပတ်မှုသည် “လေးစားမှု ကင်းမဲ့ခြင်း” ကို ပြသရာရောက်သည်ဟု ဆိုသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တောင်ခမ်းမှဆုတ်ခွာနေရသော TNLA များသည် ဗမာ PDF များကို နောင်ချိုမြို့နယ်သို့ ပို့ကာ ခံစစ်ဆင်ရန်ပြင်ဆင်နေကြောင်းဖြစ်စဉ်နှင့် ပတ်သက်၍သိရှိသူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံသတင်းရင်းမြစ် တစ်ဦးက NP News သို့ပြောသည်။

ဗမာ PDF များနှင့် ဓနု PDF များသည် TNLA နှင့်ပူးပေါင်းကာ တောင်ခမ်းကို တိုက်ခိုက်ရာတွင် ထိုးစစ်လှိုင်းများကို အသုံးပြုခဲ့ရာ TNLA တို့က နောက်တွင်ကွပ်ကဲပြီး PDF များကိုရှေ့တွင်ထားသောကြောင့် PDF ဘက်တွင် သေဆုံးသူများပြားခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့သည်။ လက်ရှိတွင် တပ်မတော်က တောင်ခမ်းကိုအပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းသည် နောင်ချိုမြို့ကို စိုးမိုးနိုင်ရန်အတွက် ဦးတည်ကာ ဆက်လက်၍ထိုးစစ်ဆင်နေရာ တပ်မတော်ကို ခံစစ်ဆင်ရန်အတွက် ဗမာ PDF များကို အသုံးချလာခြင်းဖြစ်ပြီး မြေပြင်အနေအထားနှင့်စိတ်ဓာတ်ပိုင်းအရ တပ်မတော်ကသာလွန်နေရာ TNLA ပူးပေါင်းအဖွဲ့ဘက်တွင် သေဆုံးသူများနေကြောင်း သိရသည်။
“နောင်ချိုမှာ တတ်ညီလက်ညီထိုးနေတယ်၊ တစ်ဖက်က ထိုးတဲ့အဖွဲ့ကလည်း (၁၀) ကုန်း ရတယ်၊ (၆) လောင်းနှင့် (၄) လက် ရသည်၊တပ်မ ၁၁ အဖွဲ့နှင့် မနေ့ကတွေ့တယ်။ (၉) ကုန်း ရတယ်၊ တပ်မ ၁၁ အဖွဲ့က တစ်ရက်တည်း (၅)ကုန်းသိမ်းလိုက်တယ်” ဟု ယခုကာလ တပ်မတော်၏ ထိုးစစ်အခြေအနေနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါ အခြေအနေတွင် TNLA တို့က ၎င်းတို့နှင့်ပူးပေါင်းနေသော PDF များကို ခံစစ်အတွက်အားဖြည့်မှုကို အတင်းအကြပ် လုပ်ဆောင်နေကြောင်း လည်း သိရသည်။ “PDF နှင့် TNLA တို့က သိပ်ပြီးအဆင်မပြေသည့် အနေအထားတွေက ကြားတော့ကြားတယ်ပေါ့နော်၊ အခုလည်း PDF တွေကို ကွက်ခိုင်-သိန္နီ-လားရှိုးလမ်းကနေ ကားဖြင့်ဆင်းသွားတာကို တွေ့တယ်လို့တော့ သိရတယ်ပေါ့နော်၊ နောင်ချိုဘက်ကို ရှေ့တန်း ဝင်ခိုင်းချင်သည့် သဘောပေါ့၊ ခေါ်သွားသည့်အချိန်မှာလည်း ထိုးကြိတ်ထားသည့် ပုံစံလေးတွေ တွေ့ရတယ်။ လက်ရှိမှာလည်း TNLA က နောင်ချိုဘက်မှာ အထိအခိုက်များတော့ တောင်ခမ်းမှာလည်း အကျအဆုံးများနေသည့် အချိန်မှာ PDF တွေကို ထုတ်ပြီးသုံးလာတာတွေ့ရတယ်” ’ဟု အထက်ပါ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
တောင်ခမ်းစစ်မြေပြင်မှ အခြေအနေများနှင့်ပတ်သက်၍ TNLA ကို ထောက်ခံသူ Mai A Naing အမည်ရှိ လူမှုကွန်ရက်အကောင့်က ပို့စ်တစ်ခု တင်ထားခဲ့ရာ ယင်းစာ အတွင်းတပ်မတော်၏ နိုင်လိုစိတ်မြင့်မားလာခြင်းကို တစ်ဖက်လှည့်ဖြင့် ဝန်ခံထားသည့်အပြင် တောင်ခမ်းကို လာရောက် တိုက်ခိုက်သော TNLA အတွင်း စစ်ပြေးများလာသည်ဟုလည်း ထည့်သွင်းရေးသားထားသည်ကို တွေ့မြင်ရသည်။ “တပ်မတော်၏ လုပ်ဆောင်ချက်များကို ဒီကောင်တွေ တော်တော်ထိတ်လန့် သွားပုံရသည်’ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ကိုးကား-NP News

အမေရိကန်က ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ရေပြင်တွင် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို ဖြန့်ကြက်ချထားခြင်းအပါအဝင် အမေရိကန်စစ်အင်အား တိုးချဲ့မည့်အစီအစဉ်များကိုအမေရိကန် သမ္မတဒေါ်နယ်ထရမ့်အစိုးရက ပြန်လည်သုံးသပ်လျက် ရှိကြောင်း သိရပါသည်။
လွန်ခဲ့သော သီတင်းပတ်များအတွင်း အမေရိကန်တပ်ဖွဲ့များသည် ယီမင် အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏ အခြေခံအဆောက်အဦများကို ပစ်မှတ်ထားသည့် တိကျသောလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြောင်းလည်း သိရပါသည်။

ထို့အပြင် နေ့စဉ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် နောက်ထပ်တပ်ဖွဲ့ဝင်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြန့်ကြက်ချထားရန် အစီအစဉ်များကို အပြီးသတ်လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
အဆိုပါအစီအစဉ်များ၏ အဓိကရည်ရွယ်ချက်သည် ဟူသီ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးစွမ်းရည်များကို ကျဆင်းစေပြီး ပင်လယ်နီ အတွင်း သွားလာ နေသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းကို ဟန့်တားရန်ဖြစ်သည်ဟုလည်း သိရပါသည်။ ထို့အပြင် ကုန်တင်သင်္ဘောများကိုဟူသီလက်နက်ကိုင်အဖွဲ့၏တိုက်ခိုက်မှုများ ရပ်တန့်သွားသည့်အချိန်အထိ ယင်းစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ရန် တာဝန်ရှိသူများက မျှော်လင့်ထားသည်ဟုလည်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် လုံလောက်သည့် ဆေးကုသခွင့်မရသောကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ အပြစ်ကျတရားခံ အေးလွင်သည် ယခင်ကတည်းက အရက်အားစွဲမြဲစွာ သောက်သုံးခဲ့သူတစ်ဦးဖြစ်ပြီး ရဲစခန်းအချုပ်၌ ရှိနေစဉ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ချောင်းဆိုးသွေးအန်ခြင်းရောဂါ ဖြစ်ပွားလျက်ရှိရာ ယင်းမာပင်မြို့တွင် လုံခြုံရေးအခြေအနေအရ ပြည်သူ့ဆေးရုံဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ယင်းမာပင်မြို့ရှိ တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ဆက်သွယ်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ဧပြီလမှစ၍ ရောဂါပိုမိုဆိုးဝါးလာသဖြင့် ရဲစခန်းအချုပ်၌ သီးသန့်ထားရှိကာ ၂၄ နာရီပြည့် အောက်ဆီဂျင်ပေးထားခဲ့ရကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ မိသားစုမှ လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးဝါးများ ပို့ပေးခဲ့သော်လည်း ထပ်မံလိုအပ်သည့်အတွက် ယင်းမာပင်မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ဆေးဝါးကုသလျက်ရှိသည့် ၁၀ လအတွင်း စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား အကြိမ်ကြိမ်ထောက်ပံ့ပေးခဲ့ကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ဇနီးဖြစ်သူမှ ဆေးဝါးများလာရောက်ပို့ဆောင်စဉ် တစ်နေ့လျှင် ၃ ကြိမ် တွေ့ဆုံခွင့်ပေးကာ ဝေယျာဝစ္စများ ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏မိသားစုနှင့်အတူ အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အပြစ်ကျတရားခံ အေးလွင်သည် ရောဂါဝေဒနာမှာ ဆိုးဝါးလာသဖြင့် တပ်မတော်ဆေးကုသရေးအဖွဲ့မှ ဆေးဝါးကုသပေးခဲ့သော်လည်း ညနေ ၆ နာရီ ၅ မိနစ်တွင် အဆုတ်သွေးအန်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်။
အပြစ်ကျတရားခံ အေးလွင် နာမကျန်းနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လူသားချင်းစာနာထောက်ထားသောအားဖြင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်၍ လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက်တွင် တရုတ်နိုင်ငံသား ၅၀ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၀၀ ဦးနှင့် ကင်ညာနိုင်ငံသား ၂၂ ဦးတို့အား ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်တာဝန်ရှိသူများသည် မတ် ၂၂ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမည့် ပြည်ပနိုင်ငံသားများအား ကောင်းမွန်စွာထိန်းသိမ်းထားရှိမှုနှင့် ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၇၂ ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူနေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာရင်းဇယားအချက်အလက်များ မှန်ကန်ပြည့်စုံစေရေး၊ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် အမြန်ဆုံး စနစ်တကျပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ်၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈,၀၄၂ ဦးအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅,၁၄၇ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၈၉၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၈,၀၄၂ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ အာဖရိက၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်းနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ပလောက်တိုက်နယ်ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာနေ ဒေါ်စန်းရီ(၅၆)နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအရှေ့တောင်ဘက်ရှိ တောအတွင်းသို့ သွားရောက်စဉ် ကျေးရွာအထွက်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် မွန်းလွဲ ၁၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာအနီး ထုံခါ-သဲဖြူ-မောတောင်ကားလမ်းမိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ တံတားအမှတ်(၁/၄) ချောင်းနှစ်ပေါက်တံတားအား အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အဆိုပါနေရာရှိ အလျား ၂၄၀ ပေ၊ အကျယ် ၂၈ ပေ၊ သံကူကွန်ကရစ်အမျိုးအစားတံတားတွင် တံတား၏ ၃ ခန်းမြောက် ဝဲ/ယာလက်ရန်းနှင့် ကြမ်းခင်းများပြိုကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးညွန့်လှ(၆၀)နှစ်သည် ၎င်း၏နေအိမ်ရှေ့၌ လမ်းလျှောက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟု ပြောဆိုစွပ်စွဲ၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့် သေချာကြောင်း အမေရိကန်အထူးသံတမန် စတိဝှစ်ကော့က ပြောကြားလိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများသို့ ကျူးကျော်တိုက်ခိုက်မည် ဟူသော ပြောဆိုချက်များသည် ရယ်ဖွယ်ကောင်းပြီး ယုတ္တိမရှိသော ပြောဆိုမှုများသာဖြစ်ကြောင်း ဝှစ်ကော့က အမေရိကန်သတင်းထောက်တစ်ဦးဖြစ်သူ တပ်ကာ ကာလ်ဆန်နှင့် မတ်လ ၂၁ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား သိမ်းပိုက်လိုခြင်း မရှိကြောင်း၊ အကြောင်းမှာ ယူကရိန်းအား သိမ်းပိုက်ခြင်းသည် အစ္စရေးက ဂါဇာကမ်းမြောင် ဒေသအား သိမ်းပိုက်ခြင်းကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့သော် ယူကရိန်းပဋိပက္ခဖြစ်ပွားစဉ် အတွင်း နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတချို့က ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား မကြာမီနှစ်များအတွင်း တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု ပြောဆိုလျက်ရှိကြောင်း၊ ၎င်းနိုင်ငံများ၏ ပြောဆိုချက်များသည် ယုတ္တိမရှိသည့်ပြောဆိုမှုများသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဝှစ်ကော့က ဆက်လက်ပြောကြားထားသည်။
ထို့အတူ ယူကရိန်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မကြာမီချမှတ်နိုင်မည်ဖြစ်ပြီး ထိုသို့ သဘောတူညီချက်ချမှတ်ပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန်အစိုးရက ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယခုပြုလုပ်သည့် ဝှစ်ကော့၏ တွေ့ဆုံမေးမြန်းခန်းသည် ၎င်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယခုလအစောပိုင်းက တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တွင် ပါဝင်ခဲ့သည့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းများကို လုံခြုံရေး စောင့်ရှောက်ခွင့်ပေးမည့်အစီအစဥ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

အမေရိကန်ဒုတိယသမ္မတဟောင်း ကင်မ်လာဟဲရစ်l ကလင်တန် အပြင် သမ္မတဟောင်း ဂျိုးဘိုင်ဒင် မိသားစုဝင်များကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အစီစဥ်ကို ပြန်ရုတ်သိမ်းသွားမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းအန်တိုနီ ဘလီကန်၊ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဂျိတ်ဆူလီဗန်l အမေရိကန်ဒုတိယရှေ့နေချုပ်ဟောင်း လီဆာ အပါဝင် ဂျိုးဘိုင်ဒင် လက်ထက်အမေရိကန် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူ အများစု ကို လုံခြုံရေးစောင့်ရှောက်ခွင့် ပယ်ဖျက်ရန် အမိန့်ထုတ်ပြန်ခဲ့ ပါသည်။ အမေရိကန် သတင်းဌာနများက ထရမ့်၏လုပ်ရပ်သည် ၄င်း၏ နိုင်ငံရေး ပြိုင်ဘက်ဟောင်းများကို တိုက်ခိုက်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောပါသည်။
ထရမ့်သည် လွန်ခဲ့သောလကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။ ထရမ့်က အမေရိကန်လုံခြုံရေးအေဂျင်စီ အကြီးအကဲများကို ယခင်အစိုးရလက်ထက်တွင် ပါဝင်ခဲ့သူများကို လုံခြုံရေးစောင့်ရှောက်ခွင့် ပြန်ရုတ်သိမ်းမည့် အစီစဥ်အတွက် လိုအပ်သည်များ လုပ်ဆောင်ရန် ညွန်ကြားထားသည်။ အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရမ့် တာဝန်ယူပြီးနောက် ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်ထားသော စည်းကမ်းအမိန့်များကို ပယ်ဖျက်ခဲ့ပြီး အမိန့်အသစ် အများအပြား ထုတ်ပြန်ခဲ့သည်။