ယူကရိန်းမှ ငြိမ်းချမ်းရေးကို အမှန်တကယ်မလိုလားကြောင်း ရုရှား အစိုးရပြော
ရုရှား အရပ်ဘက်အခြေခံအဆောက်အအုံအပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် ယူကရိန်းမှ ငြိမ်းချမ်းရေးကို အမှန်တကယ်မလိုလားကြောင်း သက်သေဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာမှ ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီး စွမ်းအင်အခြေခံ အဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုများကို ရက်ပေါင်း(၃၀)ကြာ ရပ်တန့်ရန် ကတိပြုခဲ့ကြသော်လည်း ယူကရိန်းသည် ရုရှားစွမ်းအင်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေလျှင် အလားတူတိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရမှ သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ကိုးကား-npnewsmm
MM-News-Category