Trump နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခုရရှိနိုင်ရေး ကြိုးပမ်းနေသည့် ဆောင်ရွက်မှုများသည် Kyiv ထက် Moscow အတွက် ပိုမို အကျိုးကျေးဇူးရှိစေနိုင်သည်ဟု ဥရောပနိုင်ငံများက လက်ခံယုံကြည်လျက် ရှိကြကာ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် ၎င်းတို့၏ ကိုယ်ပိုင် စစ်အင်အားကို ခိုင်မာစွာတည်ဆောက်နိုင်ရေး အာရုံစိုက်လာကြသည်။

ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် လိုအပ်နေမှုကို အမြန်ဆုံးဖြည့်တင်းနိုင်ရေးအတွက် ပြောင်းလဲမှုများကို အလျင်အမြန် ဆောင်ရွက်လာခဲ့သည်။ Bundeswehr ဟုလူသိများသော ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နှစ်ပေါင်းများစွာ အသုံးစရိတ် လျှော့ချခဲ့မှုများအတွက် စစ်ရေးစွမ်းရည်အားနည်းမှု၏ သားကောင်ဖြစ်ခဲ့ရသည်။ သို့သော် ယခုအခါ ထိုအခြေအနေသည် ပြောင်းလဲတော့မည်ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် Friedrich Merz က ဂျာမနီသည် စစ်အေးတိုက်ပွဲအပြီး နောက်ပိုင်း ၎င်း၏စစ်တပ်ကို ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချိန်ကောင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ဂျာမနီသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြွေးမြီကန့်သတ်ချက်ကို အဓိကပြုပြင်ပြောင်းလဲမှုတစ်ခုအဖြစ် ပြဋ္ဌာန်းခဲ့ပြီး ယူရို ဘီလီယံ ချီသော ရန်ပုံငွေများကို ဖြေလျှော့ပေးခဲ့သည်။ ဂျာမနီသည် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၃.၅% ကို သုံးစွဲပါက ၁၀ နှစ်ကာလအတွင်း ယူရို ၆၀၀ ဘီလီယံ (ဒေါ်လာ ၆၅၂ ဘီလီယံ) အထိ ရှိနိုင်သည်ဟု CNN က ဖော်ပြခဲ့သည်။
NATO မဟာမိတ် ၅ နိုင်ငံက ဂျာမနီအလယ်ပိုင်းရှိ ဖော်ပြမထားသော နေရာတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ လေ့ကျင့်မှုသည် မဟာမိတ်အဖွဲ့၏ အခြားအဖွဲ့ဝင်တစ်ဦးအား “ပြည်ပ ရန်သူ” တစ်ဦး၏ တိုက်ခိုက်မှုကို တုန့်ပြန်သော လေ့ကျင့်ရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်” ဟု CNN ကဆိုသည်။
စစ်ရေးလေ့ကျင့်မှု အစီအစဉ်အပြီး Hammerstein က CNN ကို “ဂျာမနီ သည် ဥရောပ၏ ဦးဆောင်နိုင်ငံတစ်ခုဖြစ်ပြီး မဟာမိတ်နိုင်ငံများအတွက် အပြည့်အဝရပ်တည်ပေးသွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
သက်တမ်းကုန်ဆုံးတော့မည့် ဝန်ကြီးချုပ် Olaf Scholz က နိုင်ငံအတွက်ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒအသစ် လိုအပ်ကြောင်း Bundeswehr အတွက် အထူးဂရုစိုက်မှု လိုအပ်ကြောင်း ပြောကြားခဲ့ကာ Bundeswehr ၏ အသုံးစရိတ်ကို ယူရို ၁၀၀ ဘီလီယံသုံးစွဲရန် သတ်မှတ်ခဲ့ပြီး ထိုသို့ ပြုလုပ်ရန် Scholz က နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ညွှန်ပြခဲ့သည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အစ္စရေး-ဟားမက် စစ်ပွဲစတင်ချိန်မှစ၍ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၅၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။ ဤသည်မှာ အစ္စရေးက တိုက်ခိုက်မှုများ ပြန်လည်စတင်ပြီး ရှေ့ဆက်ရမည့်နေ့ရက်များတွင် ပိုမိုခက်ခဲလာမည့် စစ်ပွဲ၏အကျိုးရလဒ်များအပေါ် ဆက်လက် ကြုံတွေ့ ရဦးမည့် ဝမ်းနည်းဖွယ်ရာ အခြေအနေတစ်ခုပင်ဖြစ်သည်။
ဝန်ကြီးဌာနက လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၄၁ ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၅၀,၀၂၁ ဦး အထိ ရှိလာခဲ့သည်။

ဂါဇာရှိအာဏာပိုင်များသည် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အရပ်သားများနှင့် ဟားမက် အဖွဲ့ဝင်များကို ခွဲခြားဖော်ပြခြင်း မရှိသော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂက သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ဆိုသည်။ ထို့အပြင်လူထောင်ပေါင်းများစွာသည် အပျက်အစီးများအောက်တွင် ရှိနေသေးသည် ဟု ခန့်မှန်းရသောကြောင့် အမှန်တကယ်သေဆုံးမှုအရေအတွက်သည် ထိုထက်ပို၍များပြားနိုင်ကြောင်း သတင်းများကဆိုသည်။

ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့သည် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကိုစောင့်ကြည့်ရန် အထူးကိုယ်စားလှယ်များ ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့သည် (ရုရှား- ဘယ်လာရုစ် ပြည်ထောင်စု နိုင်ငံ) ၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များဆိုင်ရာ စာချုပ်အား အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် အထူးကိုယ်စားလှယ်များ အဖွဲ့အစည်းကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ဘယ်လာရုစ် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး အလက်ဇန်းဒါး ဗိုလ်ဖိုဗစ်က နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်ကိုလည်း အသုံးပြုသွားမည်ဟု ဖော်ပြခဲ့ပါသည်။
ဘယ်လာရုစ် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဗိုလ်ဖိုဗစ်က ဘယ်လာရုစ်-၁ ရုပ်သံလိုင်းတွင် ထုတ်လွှင့်ခဲ့သည့် ၎င်း၏ ပြောကြားချက်တွင် “အဆိုပါစာချုပ်ကို စောင့်ကြည့်ရေးရှုထောင့်မှ ရုရှားဖက်ဒရေးရှင်း နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏စွမ်းဆောင်ရည်များဖြင့် အထူးကိုယ်စားလှယ်များ အဖွဲ့အစည်းကိုအနာဂတ်တွင် စတင်ရန် စီစဉ်ထားပြီး၊ ၎င်းတို့သည် ထိုစာချုပ်၏ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်မှုကို ခြေရာခံသွားမည် ဖြစ်သည်” ဟု ရှင်းလင်းခဲ့သည်။
အဆိုပါအစီအစဉ်သည် ပြည်ထောင်စုနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး၊ နှစ်နိုင်ငံ၏အကျိုးစီးပွားကို သဟဇာတဖြစ်စေမည့် ယန္တရားတစ်ရပ်အဖြစ် ရပ်တည်မည်ဖြစ်ပါသည်။
ကိုးကား - Tass
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မိုးညှင်းမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မတ် ၁၉ ရက် နံနက် ၁၀ နာရီခွဲ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ အုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် ဖြိုးငြိမ်းဦး မောင်းနှင်ပြီး သန်းထိုက်ဦး လိုက်ပါလာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို (တန်ဖိုးငွေကျပ်သိန်း ၁၁၀၀) ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ကော်ထူ (ခ) နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၇ ကီလို (တန်ဖိုးငွေကျပ်သိန်း ၁၈၇၀) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ လင်းထွဋ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈၀၀၀ (တန်ဖိုးငွေကျပ် ၄၃၂ သိန်း) သိမ်းဆည်းရမိခဲ့ပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၀ (တန်ဖိုးငွေကျပ် ၁၃၆ သိန်း) ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ကွင်းဆက်တရားခံ စိုင်းအွန် (ခ) စိုင်းခမ်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် မြို့ရှောင်လမ်းအနီးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ (တန်ဖိုးငွေကျပ်သိန်း ၉၆၀ ) ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Source: www.moi.gov.mm

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟနှင့် အောင်ဖြိုးကိုတို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆားဘီးယား အာဏာပိုင်များသည် ဘဲလ်ဂရိတ်မြို့တွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများ၏ နောက်ကွယ်တွင်ရှိနေသည့် အနောက်တိုင်းထောက်လှမ်းရေး ဝန်ဆောင်မှုများကို အရောင်ပြောင်းတော်လှန်ရေး ဆင်နွှဲခွင့် မပြုနိုင်ကြောင်းပြောကြားခဲ့ပါသည်။

“ဘဲလ်ဂရိတ်မြို့တွင် အရောင်ပြောင်းတော်လှန်ရေးဖြစ်ပွားနေပြီး၊ ၎င်းသည် ရုရှားနှင့် ပတ်သက်သည့် မိမိတို့၏ ရပ်တည်ချက်နှင့် ခွဲ၍မရပါ။ အနောက်တိုင်း ထောက်လှမ်းရေးဝန်ဆောင်မှုများသည် ဆားဘီးယား တွင် အဆိုပါအရှုပ်တော်ပုံကို စီစဉ်ရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင်ရှိနေပြီး၊ မတူညီသော အစိုးရတစ်ရပ်ကို အာဏာရလာစေရန် ရည်ရွယ်နေပါသည်။ မိမိတို့သည် ထိုသို့ ဖြစ်ပွားခွင့် မပြုပါ" ဟု ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါ ဗူလင်က ပြောကြားခဲ့ပါသည်။
ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါ ဗူလင်က ရုရှားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ရှိုးဂူနှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့အား လက်ရှိဖြစ်ပျက်နေသောအခြေအနေများအတွင်း ၎င်းတို့၏ “သဘောထား နှင့် ရပ်တည်ချက်” အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ “ဆားဘီးယား၏ တရားဝင် အာဏာပိုင်များအတွက် သင့်တော်သော ထောက်ခံမှုသည် မိမိတို့အတွက် အလွန် အရေးပါပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - Tass
Photo: AP News

ရုရှားနိုင်ငံ၊ မော်စကို ဒေသ၊ Crocus City Hall ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ကွယ်တွင် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်ခု၏ လုံခြုံရေးဝန်ဆောင်မှုများ ပါဝင်ပတ်သက်နေကြောင်း တရား စီရင်ရေး ကော်မတီ၏ ကိုယ်စားလှယ် ကပြောကြား ခဲ့ပါသည်။

မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေး ဝန်ဆောင်မှုများသည် လွန်ခဲ့သော တစ်နှစ်က Crocus City Hall ဂီတပွဲခန်းမတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ခြင်းနှင့် အကောင်အထည် ဖော်ခဲ့ခြင်းတို့အတွက် တာဝန်ရှိကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆွီတ်လာနာ ပက်ထရန်ကိုက ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏အခြေအနေကို မတည်ငြိမ်အောင် ဖန်တီးရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
“စုဆောင်းရရှိခဲ့သော သက်သေအထောက်အထားများအပေါ် အခြေခံ၍၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ အကြမ်းဖက်မှုကို ရုရှားနိုင်ငံ၏ အခြေ အနေကို မတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် မိတ်ဖက်မဟုတ်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှုများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အကောင်အထည်ဖော်ရန် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းဝင်များကို စုဆောင်းခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးကော်မတီ၏ ကိုယ်စားလှယ်က မည်သည့်နိုင်ငံဖြစ်ကြောင်းကို တိတိကျကျ ဖော်ပြခြင်း မရှိပါ။ ယခင်က ရုရှားဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့၏ ဒါရိုက်တာ အလက်ဇန်းဒါ ဘော့နစ်ကော့ဗ်က Crocus ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ယူကရိန်း စစ်ဘက် ထောက်လှမ်းရေးအဖွဲ့တို့ တိုက်ရိုက်ဆက်သွယ်မှုရှိကြောင်း ပြောကြားခဲ့ သည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် မော်စကိုဒေသ ခရက်နို ဂေါ့စခ်မြို့ရှိ Crocus City Hall ဂီတပွဲကြည့်စင်၌ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄၅ ဦး သေဆုံးခဲ့ကာ သေဆုံးသူများတွင် ကလေး ၆ ဦးပါဝင်ပြီး လူပေါင်း ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ယခုအကြမ်းဖက်တိုက်ခိုက်မှုတွင် တရားခံ ၁၉ ဦးကို စွဲချက်တင်ထားပြီး ၎င်းတို့သည် လက်ရှိတွင် တရားစွဲဆိုထားသော အကြောင်းအရာများကို ပြန်လည်သုံးသပ်နေကြကာ သုံးသပ်ပြီးပါက တရားရုံးသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
ကိုးကား - Tass
Photo: www.aa.com.tr

မြန်မာနိုင်ငံရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းနေရာမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၃၆) နှစ် အရွယ် ဂျပန် နိုင်ငံသားတစ်ဦးအား ဧပြီလအစောပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းသည် Hokkaido ခရိုင်၊ Sapporo မြို့ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှ ငွေကြေးများ ခိုးယူမှုဖြင့် သံသယရှိသူ တစ်ဦးဖြစ်ကြောင်း ထောက်လှမ်းရေးအရင်းအမြစ်များက NHK သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

၎င်းအား ငွေကြေးခိုးယူမှုဖြင့် ဖမ်းဆီးရန် ဝရမ်းရရှိထားပြီး ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခဲ့မှုနှင့်ပတ်သက်သည့် အခြေအနေများကိုလည်း မေးမြန်းရန် စီစဉ်ထားရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြား ခဲ့သည်။
အဆိုပါဂျပန်နိုင်ငံသားသည် မြန်မာနိုင်ငံ၌အခြေပြုသည် တရုတ်နိုင်ငံ၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အာဏာပိုင်များက ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်အများအပြားက ဆိုကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

အမေရိကန်လေတပ်က F-47 ဟုအမည်ပေးထားသည် ဆဋ္ဌမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်အား ဘိုးရင်း ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုကာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။

“ကမ္ဘာ့ပထမဆုံးသော ဆဋ္ဌမမြောက်မျိုးဆက်တိုက်လေယာဉ်ဖြင့် အမေရိကန်လေတပ်အား အဆင့်မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတိုက်လေယာဉ်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမျှ လိုက်၍မမှီနိုင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါတိုက်လေယာဉ်ကို F-47 ဟု အမည်ပေးသွားမည်ဖြစ်ကြောင်း” သမ္မတထရမ့်က ကာကွယ်ရေးဝန်ကြီးနှင့်အတူ Oval Office ၌ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
အမေရိကန်အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာပိုင်းတွင် တရုတ်ထက် နှာတစ်ဖျားသာရေးအတွက် လေကြောင်းစိုးမိုးမှုမျိုးဆက်သစ်တိုက်လေယာဉ် တည်ဆောက်ခြင်းကဏ္ဍတွင် ဘိုးရင်းနှင့် လော့ခ်ဟိမာတင် ကုမ္ပဏီ တို့သည် ယှဉ်ပြိုင်လျက်ရှိကြသည်။
အဆိုပါ F-47 မျိုးဆက်သစ်တိုက်လေယာဉ်သည် ခေတ်အမီဆုံး၊ စွမ်းဆောင်ရည်အကောင်းဆုံးနှင့် ထုတ်လုပ်ခဲ့သမျှ တိုက်လေယာဉ်များထဲတွင် ဖျက်စွမ်းအား အကြီးဆုံးဖြစ်ပြီး မကြုံစဖူး ထူးကဲသည့် စွမ်းဆောင်ရည်နှင့် လှုပ်ရှား စစ်ကစားနိုင်စွမ်းအား မြင့်မားသည့် “ကိုယ်ပျောက်တိုက်လေယာဉ်” ဖြစ်ကြောင်း၊ စမ်းသပ်ထုတ်လုပ်မှုအဆင့်ဖြင့် (၅)နှစ်နီးပါး လျှို့ဝှက်စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွင် အခြားသောနိုင်ငံများထက် များစွာထူးကဲသာလွန်မှုရှိကြောင်း၊ ရန်သူနိုင်ငံများအနေဖြင့် F-47 ဝင်ရောက်လာမှုကို မြင်တွေ့နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား မည်သည့်အရာက လာရောက်ထိမှန်သည်ကို သိရှိနိုင်မည်မဟုတ်ကြောင်း၊ မိမိတို့သည် F-47 အား အဆိုပါရည်ရွယ်ချက်သက်သက်ဖြင့် အသုံးပြုမည်မဟုတ်ကြောင်း၊ သို့သော် ထိုစွမ်းဆောင်ရည်မျိုး ရှိရမည် ဖြစ်ကြောင်း၊ ဖြစ်လာခဲ့သည့်အချိန်မျိုးတွင် ၎င်း၏ သမ္မတသက်တမ်းအတွင်း F-47 လေတပ်အုပ် အဖွဲ့သစ်ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ F-47 ထုတ်လုပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာစွန့်စားမှု အချို့ပါဝင်သည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြောင်းစသည်ဖြင့် ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့မှုကို CBS သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- CBS News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ ပေးပို့ခဲ့သည့် စာတစ်စောင်၌ နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား နှစ်လ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းစာတွင် ပါဝင်သော အကြောင်းအရာများကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မတ် ၁၉ ရက်၌ ဖော်ပြခဲ့သည်။

နျူကလီးယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသည့် စာတစ်စောင်ကို အီရန် ခေါင်းဆောင်ပိုင်းထံ ပေးပို့ထားသည်ဟု မတ်လအစောပိုင်းတွင် ထရမ့်က Fox Business Network သတင်းဌာနကို ပြောကြား ခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော်၌ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အီရန်နှင့် မကြာခင်မှာ ဖြစ်လာနိုင်သည့် အခြေအနေတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “တခြားတစ်ခုခုထက် ငြိမ်းချမ်းရေးသဘောတူညီမှုရသည်ကိုသာ မြင်ချင်ကြောင်း ဆိုလိုခြင်းဖြစ်သော်လည်း တခြားတစ်ခုခုနှင့်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဟု ထရမ့်က ဆိုသည်။
ယင်းစာအား ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ်က လွန်ခဲ့သောသီတင်းပတ်အတွင်း အဘူဒါဘီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် ယူအေအီးက ယင်းစာကို အီရန်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ