နိုင်ငံတကာပညာရေးဈေးကွက်တန်ဖိုးကို ၂၀၃၄ ခုနှစ်တွင် နှစ်ဆမြှင့်တင်ရန် နယူးဇီလန်စီစဉ်
ဝယ်လင်တန် ဇူလိုင် ၁၄
နယူးဇီလန်နိုင်ငံသည် ၎င်း၏ နိုင်ငံတကာပညာရေးဈေးကွက်ကို ၂၀၃၄ ခုနှစ်အရောက်တွင် နှစ်ဆ မြှင့်တင်ရန် စီစဉ်ထားကြောင်း ယနေ့သတင်းများတွင် ရေးသား ဖော်ပြထားသည်။
နယူးဇီလန်နိုင်ငံ အနေဖြင့် အချိန်ပိုင်း အလုပ်လုပ်၍ ပညာ သင်ကြားနေကြသော ပြည်ပ ကျောင်းသားများအတွက် စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးခြင်း အပါအဝင် လုပ်ငန်း အစီအမံများ ချမှတ်၍ နိုင်ငံတကာပညာရေး ဈေးကွက်ကို ချဲ့ထွင်ရန်စီစဉ်ထား ကြောင်း နယူးဇီလန်ပညာရေး ဝန်ကြီး အာရီကာစတန်းဖို့ဒ်က ယနေ့တွင် ထုတ်ဖော်ပြောကြား ထားသည်။
ယင်းအပြင် နယူးဇီလန် နိုင်ငံတကာပညာရေးဈေးကွက်၏ တန်ဖိုးကို ၂၀၃၄ ခုနှစ်တွင် နယူးဇီလန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂ဘီလီယံ)ထိ နှစ်ဆမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အာရီကာစတန်းဖို့ဒ်က ပြောကြား ထားသည်။
နယူးဇီလန်နိုင်ငံ၌ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူများ လာရောက်ပညာသင်ကြားမှုနှုန်းသည် ၂၀၂၃ ခုနှစ်မှစ၍ ဖြည်းဖြည်းမှန်မှန် မြင့်တက်လာခဲ့သည်။
နယူးဇီလန်နိုင်ငံ၏ လက်ရှိနိုင်ငံတကာ ပညာရေးဈေးကွက် တန်ဖိုးမှာ နယူးဇီလန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံထိရှိသည်။
၂၀၂၄ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၌လာရောက်ပညာသင်ကြားသူ နိုင်ငံတကာ ကျောင်းသား အရေအတွက်မှာ ၈၃၇၀၀ထိရှိခဲ့ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
YDNB Newspaper