သတင်းများ

နေ့စဉ်ဘဝစိန်ခေါ်မှုများကြောင့် ပိုမိုဆိုးဝါးမှုနဲ့ ရင်ဆိုင်ရတဲ့ နာတာရှည်ကိုဗစ်ရောဂါ

ကိုဗစ်-၁၉ ဆိုတဲ့ရောဂါကြီးက လူသားတွေရဲ့ ဘဝပေါင်းများစွာကို ခြေမွှဖျက်ဆီးနေတာ ကြာပါပြီ။ ဒါပေမဲ့ အဲဒီအခြေအနေကြီးက ပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ ကိုဗစ်-၁၉ ရောဂါဖြစ်သူတချို့မှာ နာတာရှည်ကိုဗစ်ရောဂါဆိုတဲ့အမွေဆိုးကို ဆက်ခံထားရပါသေးတယ်။ သာမန်အားဖြင့် ဆိုးဝါးလှပါတယ်ဆိုတဲ့ နာတာရှည်ကိုဗစ်ရောဂါဟာ လူသားတို့ရဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရ တဲ့စိန်ခေါ်မှုများကြောင့် ပုံမှန်ထက်ကို ပိုမိုဆိုးဝါးလာ တာတွေ့ရတယ်လို့ သုတေသနပညာရှင်များက ပြောပါတယ်။

ယနေ့ခေတ်မှာ နေထိုင်နေကြသူများဟာ နေ့စဉ်ဘဝမှာ ဖိအားအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရပါတယ်။ ချမ်းသာသူလည်း ချမ်းသာသည့်အလျောက်၊ ဆင်းရဲသူလည်း ဆင်းရဲသည့်အလျောက် ဖိအားကိုယ်စီရှိ ကြပါတယ်။ လူမှုရေးပြဿနာတွေကိုလည်း ရင်ဆိုင်ကြရပါတယ်။ ဒီလိုအခြေအနေက နာတာရှည်ကိုဗစ် ရောဂါဖြစ်ပွားမှု လက္ခဏာတွေကို နှစ်ဆကနေသုံးဆ အထိပိုးဆိုးစေတာတွေ့ရတယ်လို့ Mass General Brigham မှသုတေသနပညာရှင်များက လူပေါင်း ၃၇၀၀ ကိုလေ့လာပြီးနောက် အခုတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နာတာရှည်ကိုဗစ်ရောဂါဆိုတာ SARS-CoV-2 ဗိုင်းရပ်ကူးစက်ခံရပြီးနောက်   ခံစားရတဲ့ရောဂါ လက္ခဏာတွေက သုံးလနဲ့အထက်ဆက်ရှိနေတာမျိုးကို ခေါ်တာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့  စိန်ခေါ်မှုတွေထဲမှာ ငွေရေးကြေးရေးခက်ခဲမှုတွေ၊ စားရေရိက္ခာဖူလုံမှုမရှိတာတွေ၊ ဆေးဘက်ဆိုင်ရာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ကုန်ကျစရိတ်ကြောင့် ဆေးခန်းမပြလိုက်နိုင်တာတွေ အစရှိသည်ဖြင့် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုတေသနပညာရှင်များဟာ အခြေခံ ကျတဲ့ လူမှုရေးအခြေအနေလေးရပ်ကို ဖော်ထုတ်ထားပါသေးတယ်။ အဲဒီအခြေအနေတွေကတော့ စီးပွားရေးတည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနဲ့ဘာသာ စကားအခက်အခဲရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရည်အသွေးပိုင်းမှာ စိန်ခေါ်မှုရှိခြင်း၊ လူမှုဆက် ဆံရေးမှာ ခွဲခြားခံရခြင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကြီးဟာ ကျွန်တော်တို့ ကိုဆိုးဝါးတဲ့အမွေကြီးပေးခဲ့တာဖြစ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။                        

Ref: SD

ကိုထက်

MWD

တစ်ရက် ၁၀ မိနစ်လမ်းလျှောက်ပါ... အိပ်ပျော် စားဝင် လန်းဆန်းမှာ...

လူတိုင်းဟာ နေ့စဉ်ဘဝမှာရှင်သန်အောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးစားနေ ထိုင်ကြရပါတယ်။ တချို့က ရုံးထိုင်ပြီး အလုပ်လုပ်တယ်။ တချို့က အလုပ်ကြမ်းကိုလုပ်ရတယ်။ တချို့က နားနားနေနေနဲ့ အနားယူရင်း စိတ်အေးလက်အေးနေကြတယ်။ ဒါပေမဲ့ တူညီတဲ့တစ်ခုတည်းသောအချက်က သူတို့အားလုံးဟာ ရှင်သန်ဖို့ အတွက်ရုန်းကန်နေကြရတယ်ဆိုတာပါပဲ။ ဒီလိုမျိုး အခြေအနေမှာ မနက်ဖြန်အတွက်အားဖြစ်စေဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီလိုအားဖြစ်စေဖို့ဆိုရာမှာလည်း ညဘက်မှာကောင်းကောင်းအိပ်ရဖို့က လိုအပ် ပြန်ပါတယ်။

ရုန်းကန်နေရသူအားလုံးကတော့ သာမန်အားဖြင့် ညဘက်မှာကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်ရင် နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်းမဖြစ်နိုင် ပါဘူး။ ဒါဆိုရင် ညဘက်ကောင်းကောင်းအိပ်ပျော် ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ဘယ်လိုဆေးတွေ မှီဝဲရမလဲ အစရှိတဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို သိရှိဖို့လိုအပ်လာပါပြီ။ ဒီအတွက်ကြောင့် တက္ကဆက်တက္ကသိုလ်မှ သုတေသနပညာရှင်များက  ညဘက်မှာ   နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာကို သုတေသနပြု လေ့လာထားတာရှိပါတယ်။   အဲဒီသုတေသနကို ဒီနေရာမှာ ဖော်ပြသွားပါမယ်။

သုတေသီများက မကြာခဏဆိုသလို လေ့ကျင့် ခန်းလုပ်ပေးခြင်း၊ အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ  လူတစ်ယောက်ကိုကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒီလိုကောင်းမွန်စွာ အိပ်စက်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမှာလည်းတိုး တက်မှုရှိစေပြီး လန်းဆန်းတက်ကြွတဲ့ခံစားချက်ကို ပါရရှိစေနိုင်မယ်လို့ Physical Activity & Health ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

သုတေသနပညာရှင်များက လူတစ်ယောက်ဟာ လေ့ကျင့်ခန်းဘယ်လောက်အထိလုပ်တယ်ဆိုတဲ့ ယခင်သုတေသနထက် အခုသုတေသနမှာတော့ လူတစ်ဦးချင်းစီက ဘယ်လောက်အထိတက်ကြွမှု ရှိလဲဆိုတာကို အဓိကထားလေ့လာခဲ့ကြတာဖြစ်ပါ တယ်။ ဒီလိုလေ့လာဖို့အတွက် တက္ကသိုလ်ကျောင်း သားတွေကို လက်ပတ်နာရီတွေပတ်စေပြီး လပေါင်း များစွာကြာ လေ့လာခဲ့တာဖြစ်ပါတယ်။

အဲဒီလိုမျိုးလေ့လာလိုက်တဲ့အခါ တစ်ရက်ကို ၁၀ မိနစ်လောက်သာ လမ်းလျှောက်တာလိုမျိုး သင့်တင့်ရုံလောက်လှုပ်ရှားမှုလုပ်ပေးတယ်ဆိုရင်ကိုပဲ တော်တော်လေးကိုသတိထားမိလောက်တဲ့ အကျိုးကျေးဇူးတွေ  ရရှိစေတာတွေ့ရတယ်လို့ဆိုပါတယ်။    ဒီလိုမျိုးသာလှုပ်ရှားပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး အသက်ရှူလည်းဝစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းအားဖြင့် စွမ်းအင်တွေ ပိုမိုတိုးတက်လာပြီး စိတ်ဖိစီးမှုတွေလည်းကျဆင်းသွားတာတွေ့ရ တယ်လို့ သုတေသနမှာပါဝင်သူ တက္ကသိုလ်ကျောင်း သားများကပြောပါတယ်။ သိပ္ပံနည်းကျသုတေသနပြုမှု၊ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုကနေ တွေ့ကြုံရမှုတို့မှ

ရရှိတဲ့အချက်အလက်တွေအရ  ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ ကောင်းစွာအိပ် စက်ခြင်းကိုဖြစ်ပေါ်စေပြီး ကောင်းစွာအိပ်စက်ခြင်း ကလည်း ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကိုတိုးတက် စေတယ်ဆိုတဲ့အယူအဆက အရင်ကတည်းကရှိပြီးသားပါ။ ဒါပေမဲ့ အခုသုတေသနကတော့ လက်တွေ့ တွေ့ရှိချက်ကိုသာ အဓိကဦးစားပေးထားတာဖြစ်တဲ့အတွက် တကယ်ကိုအကျိုးရှိစေပါတယ်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၃

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေးအဆင့်မြှင့်ကျောင်းများအဖြစ် သတ်မှတ်နိုင်ရေးကို ဒေသအလိုက်၊ ကျောင်းအလိုက် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မိဘ/ ဆရာများနှင့်ပူးပေါင်းပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်းများအဖြစ် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ကျောင်းများမဖွင့်မီ ခြင်ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ (၆) ပတ်တစ်ကြိမ် ပိုးလောက်လမ်းသေဆေး (အဘိတ်)ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးပြောကြားခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများနှင့် ကျောင်းမုန့်ဈေးတန်းများ ကျန်းမာရေးနှင့်ညီညွတ်စေရေးလုပ်ငန်းများကို ပညာရေးနှင့် ကျန်းမာရေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။

ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ဆိုသည့်အတိုင်း နိုင်ငံ၏အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်မည့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအပါအဝင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှု ဗီဒီယိုကိုပြသပြီး တက်ရောက်လာ ကြသူများနှင့်အတူ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း(ဇမ္ဗူသီရိမြို့နယ်)သို့ သွားရောက်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဖြစ်သည့် ပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များကိုအသုံးပြုပြီး အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးကုသမှုပေးခြင်း၊ အလယ်တန်းကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ အခြေခံပညာကျောင်းသား ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ပိုးလောက်လမ်းကင်းစင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများက အာဟာရပြည့်ဝမျှတသည့်အစားအစာများ ပြင်ဆင်ချက်ပြုတ်ပြသခြင်း၊ ကျောင်းသား ကျောင်းသူ ကလေးများက အစာအုပ်စုသုံးအုပ်စုနှင့်ပတ်သက်၍ အာဟာရပညာပေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးမှုဆောင်ရွက်ခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

MOI

နပိုလီယံရဲ့ စစ်သည်သိန်းပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ထူးဆန်းသောရောဂါဆိုတာ

နပိုလီယံဆိုတာ တစ်ခေတ်တစ်ခါက သိပ်ကို အင်အားကြီးမားလွန်းတဲ့ စစ်ဘုရင်ကြီးပေါ့။ သူ့ရဲ့တပ်တော်ကြီးက  ဥရောပဒေသတစ်လွှားကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အတက်ရှိရင် အဆင်းရှိရစမြဲဆိုတဲ့စကားအတိုင်း နပိုလီယံရဲ့ ကျဆုံးချိန်ကလည်း ဆိုက်ရောက်လို့လာပါတယ်။ အကြောင်းရင်းကတော့ ရုရှားနိုင်ငံကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် လုပ်ဆောင် လိုက်ခြင်းကြောင့်ပါပဲ။ နပိုလီယံနဲ့ သူ့စစ်သည်တွေဟာ ပြင်းထန်လှတဲ့ မော်စကိုဆောင်းရာသီရဲ့ ရိုက်ခတ်မှုအောက်မှာ အလူးအလဲခံစားရကာ အစာရေစာငတ်ပြတ်ပြီး သေဆုံးသွားခဲ့ရတယ်လို့ သမိုင်းမှာ ဖော်ပြထားပါတယ်။ နပိုလီယံရဲ့စစ်သည်တွေ သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ ရောဂါရဲ့နှိပ်စက်မှုဒဏ်တွေလည်း ပါပါတယ်။ အဲဒီရောဂါက ဘယ်လိုရောဂါလဲ ဆိုတာကိုတော့ သုတေသနပညာရှင်များက ဖော်ထုတ်လိုက်နိုင်ပြီလို့ ဆိုပါတယ်။

၁၈၁၂ ခုနှစ် ဇွန်လမှာ နပိုလီယံ ၁ က စစ်သည်အင်အား ငါးသိန်းမှခြောက်သိန်းကြားနဲ့အတူ မော်စကိုမြို့ကို ကျူးကျော်မှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့လည်း သူတို့ဟာ မြို့ပျက်ကြီးထဲမှာသာ ယောင်ချာ ချာနဲ့ကျန်ရစ်ခဲ့ရတဲ့အတွက် ဆောင်းတွင်း ရောက်တဲ့ အချိန်မှာ အဲဒီကနေဆုတ်ခွာဖို့ စတင်လုပ်ဆောင်ကြပါတယ်။ သို့သော်လည်း ရန်သူရဲ့တိုက်ခိုက်မှုထက် ပိုပြီးပြင်းထန်လှတဲ့ ရုရှားဆောင်းရာသီရဲ့ ရိုက်ခတ်မှုဒဏ်ကို နပိုလီယံနဲ့ သူ့တပ်ဖွဲ့တွေ ကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ နပိုလီယံရဲ့ ဆုံးရှုံးမှုက စစ်သည်အင်အားသုံးသိန်းနီးပါးဖြစ်ပါ တယ်။ အစာရေစာငတ်ပြတ်မှုနဲ့အတူ ရောဂါပိုးကူးစက်မှုကြောင့်သာ စစ်သည်အင်အား အခုလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် စစ်သည်တွေကို ဘယ်လိုမျိုးရောဂါပိုးက သေဆုံးစေခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသန ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။

နပိုလီယံခေတ်ကဆရာဝန်ဖြစ်တဲ့ ဂျေအာအယ်ကာ့ဟော့က စစ်သည်တွေကို ကူးစက်ခဲ့တဲ့ရောဂါဟာ မွှားမှကူးစက်တဲ့ငန်းဖျားရောဂါဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါကိုပဲ ယနေ့ခေတ် ပညာရှင်များက သိပ်လက်မခံလိုတဲ့အတွက် နောက်ဆုံးပေါ် ဒီအန်အေနည်းပညာတွေအသုံးပြုပြီး သုတေသနပြုလေ့လာမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။  အထူးသဖြင့် ပြင်သစ်နိုင်ငံမှ သုတေသနပညာရှင်များက ဦးဆောင်ခဲ့ကြတာပါ။ သူတို့က နပိုလီယံခေတ်စစ်သည်များရဲ့  သွား ၁၃ ချောင်းမှ ဒီအန်အေကိုထုတ်ယူပြီး   စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုစစ်ဆေးလိုက်တဲ့အခါ အဓိကအားဖြင့် ဗက်တီးရီးယားနှစ်မျိုးကို တွေ့လိုက်ရပါတယ်။

ဆာမိုနဲလားအန်တာရီကာနဲ့  ဘော်ရယ်လီယာရီကာရန်တစ်ဆိုတဲ့ ဗက်တီးရီးယားနှစ်မျိုးပါ။ ပထမဗက်တီးရီးယားက အူရောင်ငန်းဖျားလိုမျိုးရောဂါကို ဖြစ်စေပြီး   အစားအစာနဲ့  ရေမသန့်ရှင်းမှု ကနေ ကူးစက်နိုင်ပါတယ်။ ဒုတိယဗက်တီးရီးယားကတော့ သန်းများကြောင့်ဖြစ်တဲ့ အကြိမ်ကြိမ် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ သူက ခဏခဏအဖျားတက်မယ်။ ကြွက်သားတွေနာကျင်မယ်။ အလွန်အမင်းအားအင်ချည့်နဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။

အဲဒီအချိန်တုန်းက အစာရေစာအလွန်ငတ်ပြတ်နေတဲ့ စစ်သည်များက လစ်သူရေးနီးယားရှိ စွန့်ပစ်နေအိမ်များရဲ့ စည်ပိုင်းထဲမှာသိုလှောင်ထားတဲ့ မုန်လာ ဥနီဆားရည်စိမ်တွေကို စားခဲ့ကြပါတယ်။ စစ်သည်တွေက မုန်လာဥနီဆားရည်စိမ်ကို စားရုံသာမကစည်ထဲမှာဖြစ်ပေါ်နေတဲ့ အရည်တွေကိုပါ သောက် ခဲ့ကြရပါတယ်။ အဲဒီလိုမျိုးစားသောက်ခဲ့ရမှုတွေကြောင့် စစ်သည်များဟာ ဝမ်းလျှောရောဂါကို ခံစားရပြီး အူလမ်းကြောင်းထဲမှာလည်း မအီမသာဖြစ်ကာ  နောက်ဆုံးမှာ လမ်းပင်မလျှောက်နိုင်တော့ဘဲ လဲကျ သေဆုံးသွားရတာဖြစ်တယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ယူနီဖောင်းတွေ မှာတွယ်ငြိနေတဲ့သန်းများကလည်း အားနည်းနေတဲ့ စစ်သည်များကို အလဲထိုး အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ နပိုလီယံရဲ့စစ်သည်တွေ ဘာကြောင့်  အတုံးအရုံးသေဆုံးရလဲ  ဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကြောင်းဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုကြီးကို ဖြေရှင်းလိုက်နိုင်ပါပြီ။ စစ်သည်တွေသေဆုံးရတာနဲ့ ပတ်သက်လို့ အထင်ရှားဆုံးသော သက်သေက ပြင်းထန်အူရောင်ငန်းဖျားရောဂါကြောင့်ဖြစ်ပြီး အဲဒီအချိန်တုန်းက ဆရာဝန်မှတ်ချက်ပြုပြောခဲ့သလိုမျိုး မွှားမှကူးစက်တဲ့ ငန်းဖျားရောဂါ မဟုတ်ဘူးလို့ဆိုကာ  သုတေသနပညာရှင်များက  သူတို့ရဲ့သုတေသနကို အဆုံးသတ် လိုက်ပါတယ်။

Ref: IE

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်၊ ဩဂုတ်-၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုအေးနှင့် ဆရာ/ဆရာမများ၊ အလှူရှင်များပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၈၃) ဦးအား အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်း၊ ကြာဇံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်းများ ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စုစုအေး(ကျောက်ဆည်)

တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ ဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည် ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေရေး လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးဆောင်ရွက်

နေပြည်တော် ဩဂုတ် ၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရသူ Mr. Yusumasa Kimura အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNICEF အဖွဲ့တို့အကြား တိုးချဲ့ကာကွယ်ဆေးထိုးရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံ ဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှုမရှိစေဘဲ ကုသမှုခံယူနိုင်မည်ဖြစ်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေရေး ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ကုသရေးလုပ်ငန်းများ တိုးတက်စေရေး အမှာစကားများ ပြောကြားကြပြီး တက်ရောက်လာသည့် ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကျောက်ဆည်၊ ဩဂုတ်-၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရ ဖွံ့ဖြိုးရေး အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို အခြေခံပညာကျောင်းများ၌ ကျောက်ဆည်ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မအခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈)၊ အမှတ်(၉)၊ အမှတ်(၁၀) အခြေခံပညာမူလတန်း ကျောင်းများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး(၁)ဒေါ်ကြည်ကြည်ဆွေနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပြီး၊ သွားခံတွင်းသန့်ရှင်းရေးများစစ်ဆေးခြင်း၊ သံချဆေးနှင့်သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ ကျောင်းမုန့် ဈေးဆိုင်များအား စစ်ဆေးခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် ရပ်ကွက်/ ကျေးရွာ၌ မိခင်နို့ စနစ်တကျတိုက်ကျွေးရေး၊ ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

နောင်ချိုမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ စုစုပေါင်း ၁၀၁ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နောင်ချိုမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၃)၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းရှေ့ လမ်းဘေး ဝဲ/ယာရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆုတ်ကိုသာမက ဦးနှောက်ကိုပါထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု

ညစ်ညမ်းနေတဲ့လေထုက မိမိတို့ ရဲ့အဆုတ်ကိုထိခိုက်စေနိုင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ၊ ဒါပေမဲ့ အဲဒီလိုမျိုးမသန့်ရှင်းတဲ့ လေထုက မိမိတို့ရဲ့ဦးနှောက်ကိုထိခိုက် စေနိုင်တယ်ဆိုတာကိုတော့   သိရှိသူနည်းပါးလှပါတယ်။ တကယ်တော့ လေထု ညစ်ညမ်းမှုက ဦးနှောက်ကိုမသိလိုက် မသိဘာသာထိခိုက်စေတယ်ဆိုတဲ့အချက် ကို သုတေသနပညာရှင်များက တွေ့ရှိ လိုက်ပါပြီ။

ကိန်းဘရစ်တက္ကသိုလ်ရဲ့  ဆေးဝါးသုတေသနကောင်စီမှ သုတေသနပညာရှင်များက အခုလေ့လာမှုကို လုပ်ဆောင်ခဲ့တာပါ။ သူတို့ရဲ့လေ့လာမှုက  လေထုညစ်ညမ်းမှုနဲ့ ဦးနှောက်ထိခိုက်မှုတို့ကြား ဆက်စပ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ အကြီးစားသုတေသနတစ်ခု ဖြစ်လာပါတယ်။ သူတို့က လူပေါင်းသန်း ၃၀ နီးပါးကို လေ့လာမှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေဟာ ကားကနေထွက်တဲ့မီးခိုးတွေ၊  စက်ရုံတွေက‌နေထွက်တဲ့မီးခိုးတွေ၊ အမှိုက်မီးရှို့ရာမှ ထွက်တဲ့မီးခိုးတွေ အစရှိသည်ဖြင့်အမျိုးမျိုးသောမီးခိုးတွေကို နေ့စဉ်နဲ့အမျှဆိုသလို ရှူရှိုက်မိနေကြတာပါ။ ဒီလိုရှူရှိုက်မိလိုက်တဲ့လေထဲမှာ   ညစ်ညမ်းမှုဖြစ်နေတဲ့အမှုန်ငယ်များစွာ  ပါဝင်ပါတယ်။

အဲဒီအမှုန်ငယ်လေးတွေက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း  နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး နောက်ဆုံးမှာ လူတော်တော်များများက မှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ အသိဉာဏ်ကျဆင်းမှု ဖြစ်လာတာကို တွေ့ရတယ်လို့ သုတေသီများက ဆိုပါတယ်။

လက်ရှိကမ္ဘာတစ်ဝန်းမှာ အယ်ဇိုင်းမား ရောဂါအပါအဝင် စိတ်ဖောက်ပြန်မှုရောဂါ ဖြစ်ပွားသူ အရေအတွက်က ၅၈ သန်းခန့် ရှိပါတယ်။ ဒီပမာဏက သိသိသာသာ မြင့်တက်လာနေတာဖြစ်ပြီး ၂၀၅၀ ပြည့် နှစ်အရောက်မှာ ၁၅၃ သန်းနီးပါးအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ အခုလို မျိုးအခြေအနေ ဖြစ်ပေါ်လာတာဟာ လူတစ်ဦးချင်းစီအတွက် သာမက မိသားစုဝင်များ အပါအဝင် လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုးလိုဖြစ်လာစေတယ်လို့ ဆိုရမှာပါ။

ဒီနေရာမှာ လေထုညစ်ညမ်းမှုပမာဏ ဘယ်လောက်က ဦးနှောက်ကိုထိခိုက်စေလဲဆိုတော့  လေထုတစ်ကုဗ မီတာထဲမှာ  ညစ်ညမ်းမှုဖြစ်နေတဲ့အမှုန် ၁၀ မိုက်ခရိုဂရမ်က ဦးနှောက် ဖောက်ပြန်မှု ဖြစ်ပွားနိုင်ခြေကို ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာစေတာ တွေ့ရတယ်လို့ သုတေသီများက ဆိုပါတယ်။ ဘာကြောင့်အခုလိုမျိုး ဆက်စပ်သွားရတာလဲဆိုရင် ဦးနှောက် အတွင်းရောင်ရမ်းမှုနဲ့ ကလာပ်စည်းလေးတွေကို ပျက်စီးစေတဲ့ ဓာတ်တိုးဖိအားတို့ဖြစ်ပေါ်ရခြင်းက လေထုထဲက ညစ်ညမ်း အမှုန်များဟာ ဦးနှောက်ထဲကို တိုက်ရိုက်  သို့မဟုတ် သွယ်ဝိုက်သော အားဖြင့် ဝင်ရောက်သွားလို့ ဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။

Ref: SD

ကိုထက်

MWD Web Portal

အထီးကျန်ခြင်းနဲ့အကြားအာရုံချို့ယွင်းခြင်းတို့က မှတ်ဉာဏ်ပျက်စီးမှုကိုအားပေးနေ

မှတ်ဉာဏ်ဆိုတာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးတဲ့အရာပါ။ အထူးသဖြင့် သက်ကြီး ရွယ်အိုပိုင်းတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုက ကိုယ်ဖြတ်သန်းခဲ့ရတဲ့တစ် ဘဝစာလုံးရဲ့ မှတ်သား သိရှိမှုတွေကို ပျောက်ဆုံးသွားစေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပျောက်ဆုံးသွား မှုတွေက သိပ်ကိုဝမ်းနည်းဖို့ ကောင်းလှပါတယ်။

ဒါကြောင့် ဘယ်လိုအခြေအနေတွေက မှတ်ဉာဏ်ကို ပျက်စီးစေလဲဆိုတာ သိဖို့လိုလာပါပြီ။ ဒီအချိန်မှာ သုတေသနပညာရှင်များက မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးစေတဲ့အခြေအနေနဲ့ပတ်သက်လို့ လေ့လာမှုတစ်ခုကို ထုတ်ပြန်လိုက်ပါပြီ။

ဂျီနီဗာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဥရောပဒေသမှာရှိတဲ့ သက်ကြီးရွယ်အိုအယောက် ၃၃၀၀၀ စီမှရရှိလာသောအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အခုလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်အရဆိုရင် အသက်ကြီးလာတာနဲ့အမျှရင်ဆိုင်ရတဲ့ အထီးကျန်မှုက မှတ်ဉာဏ်ကို ပျက်စီးနိုင်စေတယ် ဆိုပေမယ့် အကြားအာရုံချို့ယွင်းမှုကိုပါ ခံစားနေရတယ် ဆိုရင်တော့  အဲဒီလူရဲ့မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးသွားစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရဆိုရင် လက်ရှိအခြေအနေအတိုင်းဆက်သွားပါက ၂၀၅၀ ပြည့်နှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံ ခွဲလောက်က အကြားအာရုံချို့ယွင်းမှုကိုခံစားရလိမ့်မယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၆၀ နဲ့အထက်ရှိသူ  လေးပုံတစ်ပုံက အကြားအာရုံချို့ယွင်းနေပါပြီ။

အကြားအာရုံချို့ယွင်းမှုက လူ့အသိုင်းအဝိုင်းကြား နေ့စဉ်ပြောဆိုဆက်ဆံရာမှာ အဟန့်အတားအနှောင့် အယှက်တစ်ခုဖြစ်ပါတယ်။ နားကြားကိရိယာတွေ ဘယ်လိုပင်ပေါ်လာစေဦးတော့ နားမကြားတဲ့ သူတစ်ယောက်မှာ စိတ်ဖိအားတစ်ခုရှိတာတော့ အမှန်ပါပဲ။ ဒီအချိန်မှာ အထီးကျန်ခြင်းကိုပါ ပေါင်းစပ်လိုက်ရင်မှတ်ဉာဏ်တွေကလည်း ပျောက်ဆုံးသွားရတော့တာ ဖြစ်ပါတယ်။                    