သတင်းများ

အက်စပရင်ဆေးကို နေ့စဉ်သောက်သုံးပါက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်

လန်ဒန် ဇွန် ၂၆

အက်စပရင်ဆေးကို နေ့စဉ် သောက်သုံးပေးပါက အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ် နိုင်ကြောင်း ဇွန် ၂၅ ရက် သတင်းများအရ သိရသည်။

အထူးသဖြင့် အက်စပရင်ဆေး နေ့စဉ်သောက်သုံးမှုသည် Lynch Syndrome ခေါ် မျိုးဗီဇဖောက်ပြန်မှုပြဿနာတစ်ရပ် ရှိနေသူများအတွက် အရေးကြီးကြောင်း ဗြိတိန် သုတေသန ပညာရှင်များ က ပြောကြားသည်။

Lynch Syndrome မျိုးဗီဇဖောက်ပြန်မှုပြဿနာသည် အူမကြီးကင်ဆာနှင့် အခြားကင်ဆာ ရောဂါမျိုးအစားများ ဖြစ်နိုင်ခြေ မြင့်တက်နိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာဖြစ်ကြောင်း သိရသည်။

သို့ရာတွင် Lynch Syndrome ပြဿနာရှိသူများအနေဖြင့် အက်စပရင်ကို ၇၅ မီလီဂရမ်မှ ၁ဝဝ မီလီဂရမ်ကြား နေ့စဉ်သောက်သုံးပေးပါက အူမကြီးကင်ဆာဖြစ်ပွားမှုကိုကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ဗြိတိန် သုတေသနပညာရှင်များ၏ အဆိုအရ Lynch Syndrome ပြဿနာရှိနေသူများသည် အသက် ၅ဝ မပြည့်မီ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ မျိုးဗီဇဖောက်ပြန်မှု ပြဿနာရှိနေသူများသည် အူမကြီးကင်ဆာရောဂါအပြင် သားအိမ် ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေများနှင့် ဆက်စပ်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

အစာအိမ်ကင်ဆာကို အစောဆုံးအဆင့်မှာပင် ဖော်ထုတ်ပေးမည့် ကမ္ဘာ့ပထမဆုံး AI ပုံစံကို Alibaba ကုမ္ပဏီ ထုတ်ဖော်ပြသ

Alibaba Group Holding ကုမ္ပဏီက အစာအိမ်ကင်ဆာကို အစောဆုံးအဆင့် မှာပင် ဖော်ထုတ်ပေးနိုင်စေမည့်   AI ပုံစံကို  ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ အစာအိမ်ကင်ဆာ ရှာဖွေရေးလုပ်ငန်းစဉ်မှ ဆင်းသက်လာသော အမည်ဖြစ်သည့် Grape ဟုအမည်ပေးထားသော အဆိုပါ စနစ်သည် နက်ရှိုင်းစွာလေ့လာသင်ယူမှု စနစ်တစ်ခုဖြစ်ပြီး သုံးဖက်မြင် CT Scanဓာတ်ပုံများကို လေ့လာဆန်းစစ်ခြင်းဖြင့် အစာအိမ်ကင်ဆာကို ရှာဖွေဖော်ထုတ်နိုင် ခြင်းဖြစ်သည်။

လက်ရှိအသုံးပြုနေသော အစာအိမ် ကင်ဆာရှာဖွေစစ်ဆေးမှု လုပ်ငန်းစဉ်တွင် အစာအိမ်မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ပါဝင်သည်။ တရုတ်နိုင်ငံ၌ အစာအိမ် မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုသူမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိ ကြောင်း ကျဲကျန်းကင်ဆာဆေးရုံမှ  အစာ အိမ်ခွဲစိတ်ဆရာဝန်တစ်ဦးကပြောသည်။

ယခု Alibaba ကုမ္ပဏီကထုတ်ဖော်ပြ သလိုက်သော Grape ပုံစံက ဓာတ်ရောင်ခြည်  ကျွမ်းကျင်ပညာရှင်များထက် သာလွန်ကာ တုံ့ပြန်နိုင်မှုအပိုင်းတွင် ၈၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် တိကျမှုအပိုင်းတွင် ၉၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။

တုံ့ပြန်နိုင်စွမ်းဆိုသည်မှာ ရောဂါရှာဖွေ တွေ့ရှိနိုင်စွမ်းကို လည်းကောင်း၊ တိကျမှု ဆိုသည်မှာ ကျန်းမာသောလူနာများတွင် မှားယွင်းသော ဖော်ထုတ်ချက်ကို ရှောင် ရှားနိုင်စွမ်းကို လည်းကောင်း ဆိုလိုခြင်း ဖြစ်သည်။ ဓာတ်ရောင်ခြည်ကျွမ်းကျင် ပညာရှင်များ၏တုံ့ပြန်နိုင်မှုနှင့် တိကျမှု တို့မှာ ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့်    ၁၄ ရာခိုင်နှုန်းစီ အသီးသီးရှိသည်။

ယင်းစနစ်ကို Alibaba ကုမ္ပဏီ၏ ဒါမို အကယ်ဒမီနှင့် ကျဲကျန်းကင်ဆာဆေးရုံ တို့ကပူးပေါင်း တီထွင်လိုက်ခြင်းဖြစ်သည်။

ထိုစနစ်သည် ကမ္ဘာတစ်ဝန်း၌ အစာအိမ် ကင်ဆာရှာဖွေမှုကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal

နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်နိုင်ဖွယ်ရှိ

ပေကျင်း ဇွန် ၂၄

နားဖာချေးအတွင်းပါဝင်သည့် ဓာတုပစ္စည်းများကို စစ်ဆေးတိုင်းတာခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း ဇွန် ၂၃ ရက် သတင်းများအရ သိရသည်။

တရုတ် သုတေသနပညာရှင်များ၏ အဆိုအရ ပါကင်ဆန်ရောဂါလူနာများ၏ နားဖာချေးနှင့် ၎င်း ရောဂါမရှိသူများ၏ နားဖာချေးများမှာ ဓာတုဖွဲ့စည်းပုံအရ ကွဲပြားခြားနားကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျိကျန်း တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ပါကင်ဆန်လူနာ ၁ဝဝ နှင့် ၎င်းရောဂါမရှိသူ ၇၉ ဦးတို့ထံမှ နားဖာချေးနမူနာများကို လေ့လာခဲ့ကြသည်။

လေ့လာမှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ ပါကင်ဆန်လူနာများ၏ နားဖာချေးများထဲတွင် VOC ခေါ် ဓာတုပစ္စည်းအမျိုး လေးမျိုးထိရှိနေသည်ကို တွေ့ရကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါ ရှိ၊ မရှိကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း တရုတ်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

ဦးနှောက် အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် ပါကင်ဆန် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်း အတာအရ လူပေါင်း ၁ဝ သန်းထိ ခံစားနေကြရပြီး နှစ်စဉ်ရောဂါဖြစ်စဉ်သစ်ပေါင်း ၉ဝဝဝဝ ခန့်ထပ်တိုးနေကြောင်း တရုတ်သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: The Independent

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါက ညအိပ်မပျော်မှု ပြဿနာကို တားဆီးနိုင်

နယူးယောက် ဇွန် ၂၄

နေ့စဉ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကို ငါးပွဲထိ စားသုံးပါက အိပ်မပျော်မှုပြဿနာ (Isom-nia) နှင့် ရင်ဆိုင်ရနိုင်ခြေကိုလျှော့ချပေးနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၂၃ ရက် သတင်းများအရ သိရသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကို နေ့စဉ် ငါးပွဲစားသုံးခြင်းဖြင့် ကျန်းမာရေးအရအကျိုးရှိပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို တားဆီးပေးနိုင်သည်ဟု အမေရိကန် ဆေးပညာရှင်များက လက်ခံထားကြပြီး ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကို နေ့စဉ် ငါးပွဲထိစားသုံးမှုသည် ညအိပ်မရနိုင်မှုပြဿနာပေါ်လာနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ နေ့စဉ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကို ငါးပွဲထိစားသူများသည် တစ်ပွဲတလေမျှသာ စားသူများနှင့် နှိုင်းယှဉ်ပါက အိပ်စက်နိုင်မှု စွမ်းရည်ကို ၂၀ ရာခိုင်နှုန်းခန့် အထိ တိုးလာသည်ကိုတွေ့ရပြီး အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးကို ၂၄ နာရီ အတွင်းမှာ ပင် ရရှိခံစားနိုင်သည်ဟု အမေရိကန် သုတေသနပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် အရွယ်ရောက်သူ ၃၄ ဦးတို့၏ ဓာတ်စာစားသုံးမှုပုံစံများကို စောင့်ကြည့်လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦးတွေ့ရှိ

(၂၃-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၁၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၂)ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လ နှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

Liraglutide ဆီးချိုရောဂါဆေးတစ်မျိုးက ခေါင်းကိုက်ရောဂါကုသရာတွင် အထောက်အကူ ပေးနိုင်

ရောမ ဇွန် ၂၃

Liraglutide အမည်ရှိ ဆီးချိုရောဂါဆေးဝါး တစ်မျိုးသည် ခေါင်းကိုက်ရောဂါကို ကုသရာတွင်လည်း အထောက်အကူပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား ၍ ဇွန် ၂၂ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။

Liraglutide ဆေးသည် ဦးနှောက်အတွင်းရှိ အရည်ထု ဖိအားကို လျှော့ချပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားရမှုကြိမ်ရေကို လျှော့ချပေးနိုင်ကြောင်း အီတလီနိုင်ငံ နေယမ်တက္ကသိုလ် မှ သုတေသနပညာရှင်များက ပြောကြားသည်။

အီတလီ သုတေသနပညာရှင်များသည် အဝလွန်မှုပြဿနာနှင့် နာတာရှည် ခေါင်းကိုက်ရောဂါ နှစ်မျိုးလုံးရှိနေသော လူနာ ၂၈ ဦး တို့ကို Liraglutide ဖြင့် သီတင်း ၁၂ ပတ်ကြာ စမ်းသပ်ကုသခဲ့ကြောင်း သိရသည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Liraglutide ဆေးသည် လူနာများတစ်လတာကာလ ခေါင်းကိုက်ဝေဒနာခံစားရသည့် နေ့ရက်ကို ရက်ပေါင်း ၂၀ မှ ကိုးရက်သို့ လျှော့ချပေးနိုင်ခဲ့ ကြောင်း သိရသည်။

ဦးနှောက်အတွင်း Spinal Fluid ခေါ် အရည်ထု၏ ဖိအားမြင့်တက်လာမှုသည် ခေါင်းကိုက်ရောဂါ၏ နောက်ခံအကြောင်းတရားတစ်ရပ် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်  ဇွန် ၂၁

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးကိုအသုံးပြု၍ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၂၀ ရက်တွင် ပြောကြားသည်။

နေ့စဉ်သတ်မှတ်ချိန် ရှစ်နာရီအတောအတွင်း၌သာ အစာစားခြင်းနှင့် တရားထိုင်ခြင်းတို့သည် အူမကြီးကင်ဆာရောဂါနှင့် ဆက်စပ်နေသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ပြီး အစာခြေလမ်းကြောင်းစနစ် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် အထက်ပါနည်းလမ်းနှစ်မျိုးကို အသက် ၁၈ နှစ်နှင့် ၄၀ ကြားရှိသူများဖြင့် သီတင်းရှစ်ပတ်ကြာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့သည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ စမ်းသပ်မှုတွင် ပါဝင်သူများ၌ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာမှုကြောင့် ရောင်ရမ်းမှုပြဿနာကျဆင်းသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ထို့ပြင် နေ့စဉ် သတ်မှတ်ချိန် ရှစ်နာရီအတွင်း အစာစားသုံးခြင်း၊ တရားထိုင်ခြင်းတို့သည် Visceral Fat ခေါ် အူမကြီးကင်ဆာနှင့် ဆက်စပ်နေသော အဆီဓာတ်များ စုစည်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။

ရောင်ရမ်းမှုပြဿနာနှင့် Visceral Fat အဆီဓာတ်များသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်လာနိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာနှစ်ရပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ဘားအံမြို့နေ အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မေ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်ဖဝါး ပြတ်တောက်သွားရာ ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု(Replantation Surgery)ကို ည ၁၀ နာရီခွဲမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက် နံနက် ၅ နာရီခွဲတွင် အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့သည်။

အဆိုပါလူနာသည် ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန် ၁၁ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန် ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာ၌လည်း လက်အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့ (ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ပါရဂူဘွဲ့(တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက် ဆရာဝန်(အရိုး) ဒေါက်တာရာဇာအောင်စောဝင်း၊ ဆေးပညာမဟာ သိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန်သင်တန်းသား ဒေါက်တာ စိုင်းသီဟတို့ပါဝင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက် ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွား သောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်ကို ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့်ဆေးပြီး အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည် ထည့်ထားသော သန့်ရှင်းသည့် ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ကြောင်း သိရသည်။

MOI

နမ်မီးဘီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား

နမ်မီးဘီးယားနိုင်ငံအနောက်မြောက် ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပြီဖြစ်ကြောင်း အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အိုပူဝိုခရိုင်၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ရှစ်ဦးကိုတွေ့ရှိကြောင်း၊ သေဆုံးသူ တစ်ဦးအပါအဝင် ခြောက်ဦးသည် မိသားစုတစ်စုတည်းမှဖြစ်ကြောင်း ကျန်းမာရေး နှင့်လူမှုရေးဝန်ကြီးကသတင်းစာရှင်းလင်း ပွဲ၌ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဒေသတွင်း၌ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုတစ်ခုတွေ့လျှင်ပင် ကူးစက်ရောဂါပျံ့နှံ့နေပြီဟုကြေညာနိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ် စီမံခန့်ခွဲမှုစနစ်ကိုအသက်သွင်းကာ ကဏ္ဍ ပေါင်းစုံမှတာဝန်ရှိသူများနှင့်ပူးပေါင်းမှု များလုပ်ဆောင်နေကြောင်းနှင့် အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့များကိုလည်း ရောဂါဖြစ်ပွားသည့်နေရာများသို့ စေလွှတ်ထား ကြောင်းသိရသည်။

Ref: Xinhua

Photo- Namibia Daily News

MWD web portal

အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ သောက်သုံးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေမြင့်လာနိုင်

နယူးယောက် ဇွန် ၁၉

အယ်လ်ကိုဟောပါဝင်ခြင်းမရှိသည့် ဘီယာများသောက်သုံးမှုကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။

အမေရိကန်နှင့် ဂျာမနီသိပ္ပံပညာရှင်များ၏ အဆိုအရ အယ်လ်ကိုဟော ပါဝင်ခြင်းမရှိသည့် ဘီယာကို တစ်ရက်လျှင် နှစ်ဘူးထိ သောက်သုံးပါက သွေးတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်လာတတ်ပြီး ပုံစံ-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် အယ်လ်ကိုဟောပါဝင်ခြင်းမရှိသော ဘီယာများကြောင့် နှလုံးရောဂါနှင့် ဆက်စပ်နေသော ကိုယ်တွင်း အဆီဓာတ်များဖြစ်ကြသည့် ကိုလက်စထရောနှင့် ထရိုင်ဂလီဆားရိုက်တို့ သွေးအတွင်း ပါဝင်မှုအဆင့် မြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။

ထိုနည်းတူ အယ်လ်ကိုဟော ပါဝင်မှုမရှိသည့် ဘီယာများမှာ ကယ်လိုရီပါဝင်မှုအဆင့် မြင့်မားနေသည်ဖြစ်ရာ ၎င်းဘီယာအမျိုးအစားများကြောင့် အဝလွန်နိုင်ခြေ မြင့်တက်လာနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ဂျာမနီနှင့် အမေရိကန်သုတေသနပညာရှင်များသည် အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ ပုံမှန်သောက်သုံးသည့် လူငယ်အမျိုးသား ၄၄ ဦးတို့ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: SportsChosun