သတင်းများ

ထိုင်းနိုင်ငံ၏ ‘Gold card’ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကင်ဆာ ဝေဒနာရှင်များ၏ ခရီးစရိတ်ကိုပါ ထည့်သွင်းစီစဉ်ပေးထား

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လ

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လိုအပ်သော လူနာများ၏ ခရီးစရိတ်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

"ယခင်က လူနာများစွာသည် ခရိုင်နယ်နိမိတ်ဖြတ်ကျော် သွားလာရခြင်း ၏ စရိတ်စကကြောင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်" ဟု အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Sasikarn Wattanachan က ကြာသပတေးနေ့ (ဇူလိုင် ၁၆) တွင် ပြောကြားခဲ့သည်။ "အဆိုပါ အသစ် ဖြည့်စွက်ထားသော အကျိုးခံစားခွင့်သည် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံသာမက လူနာများနှင့် မိသားစုများအတွက် အသက်ကယ် ကုသမှုများကို ပိုမိုလွယ်ကူစွာ ရရှိစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်"ဟု ဆိုသည်။

အဆိုပါစီမံကိန်းအရ အမျိုးသားကျန်းမာရေးလုံခြုံမှုရုံး (NHSO) သည် လူနာပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ကုသမှုခံယူမည့်ဆေးရုံများကို ချိတ်ဆက်ပေးသည့် ညှိနှိုင်းဆောင်ရွက်ရေးစနစ်တစ်ခုကို ထူထောင် ထားသည်။ ၎င်းတွင် ကင်ဆာလူနာများနှင့် မိသားစုဝင်များအား ၎င်းတို့ ၏နေအိမ်မှ အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်းလည်း ပါဝင်သည်။ ခရီးဆုံး ရောက်ရှိ ပါက ကုသမှုခံယူမည့်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုသည် ကုသမှုတစ်လျှောက် သွားလာရန် လိုအပ်သော ခရီးစရိတ်အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုအခါတွင် စတင်လည်ပတ် နေပြီဖြစ်ကြောင်း Sasikarn Wattanachan က ပြောကြားခဲ့သည်။

"အစိုးရအနေဖြင့် နိုင်ငံသားအားလုံး တန်းတူညီမျှစွာ အသုံးပြုနိုင်ရန်အမျိုးသားကျန်းမာရေးလုံခြုံမှုစနစ်ကို မြှင့်တင်ရန် ဆုံးဖြတ်ထားပါသည်" ဟု သူမ က ဆိုသည်။ "အဆိုပါအစီအမံသည် ကင်ဆာလူနာများ၏ ဝန်ထုပ် ဝန်ပိုးများကို လျှော့ချပေးပြီး ယုံကြည်မှုတည်ဆောက်ကာ ၎င်းတို့၏ ဘဝ အရည်အသွေးကို အမှန်တကယ် မြှင့်တင်ပေးလိမ့်မည်ဟု မိမိတို့ ယုံကြည်ပါသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ် ဩစတြေးလျသုတေသနပညာရှင်များ ဖန်တီး

ကင်ဘာရာ ဇူလိုင် ၁၅

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ်တစ်မျိုးကို ဩစတြေးလျနိုင်ငံ တောင်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်းဇူလိုင် ၁၄ရက်သတင်းများအရ သိရသည်။

ဩစတြေးလျသုတေသနပညာရှင်များသည် ပါကင်ဆန်ရောဂါ လူနာများအနေဖြင့် နေ့စဉ် သောက်ဆေးအမျိုးမျိုး သောက်သုံးနေရသည့်ဒုက္ခကိုလျှော့ချနိုင် ရေးအတွက် ၎င်းထိုးဆေးသစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျသုတေသနပညာ ရှင်များသည် ပါကင်ဆန်ရောဂါကို ထိန်းချုပ်ကုသရာတွင် လက်ရှိအသုံးပြုနေသော Levodopa နှင့် Carbidopa အမည်ရှိ ဆေးနှစ်မျိုး ကိုပေါင်းစပ်၍ တစ်ခုတည်းသောထိုးဆေးဖြစ်ကြောင်း သိရသည်။ ဩစတြေးလျသုတေသနပညာရှင်များ၏အဆိုအရ အထက်ပါ ထိုးဆေးကိုပါကင်ဆန်လူနာများအနေဖြင့် သီတင်းတစ်ပတ်လျှင် တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များ အရ ၎င်းထိုးဆေးသည် ပါကင်ဆန်ရောဂါကို ကုသရာတွင် ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း သုတသနပညာရှင်များက ပြောကြားသည်။

လက်ရှိတွင် ၎င်းထိုးဆေးကို ပါကင်ဆန်လူနာနှင့် လက်တွေ့စမ်းသပ်နိုင်ရေးအတွက် ဩစတြေးလျသုတေပညာရှင်များက ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper
 
အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးကို အစ္စရေးဖန်တီးနိုင်ခဲ့

ဂျေရုဆလင်    ဇူလိုင် ၁၅

ကြောက်မက်ဖွယ်ကောင်းသော ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယား ရောဂါတစ်မျိုးဖြစ်သည့် အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး MANA ကာကွယ်ဆေးကို အစ္စရေးသုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

တိရစ္ဆာန်များဖြင့်ပြုလုပ်ခဲ့သော လက်တွေ့စမ်းသပ်မှုရလဒ်များအရ ၎င်းကာကွယ်ဆေးသည် အဆုတ်ပလိပ်ရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါ MANA ကာကွယ်ဆေးသည် ကမ္ဘာပြည်သူထောင်ပေါင်းများစွာတို့ နှစ်စဉ်ရင်ဆိုင်နေရသည့် အဆုတ်ပလိပ်ကူးစက်ရောဂါကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီးရောဂါကြောင့် သေဆုံးမှုနှုန်းကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အစ္စရေးသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတတ်သည့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုများမှာ ကမ္ဘာတစ်ဝန်း မြင့်တက်လာကြောင်း၊ အထူးသဖြင့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုနှုန်းမှာ အာဖရိက၊ တောင်အမေရိကနှင့် အာရှိတို့၌ မြင့်တက်လာကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အဆုတ်ပလိပ်ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြဿနာအဖြစ် အမေရိကန်အစိုးရ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (စီဒီစီ) က သတ်မှတ်ထားကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: Tel Aviv University

PMS လက္ခဏာပြင်းထန်သူ အမျိုးသမီးများ၌ လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေမြင့်မားနိုင်

စတော့ဟုမ်း ဇူလိုင် ၁၄

အမျိုးသမီးများ ရာသီသွေး မပေါ်မီခံစားရသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများ (PMS) မှာ ပြင်းထန်ခဲ့ပါက လေဖြတ်နိုင်ခြေနှင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေတို့ မြင့်မားလာနိုင်ကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။

အမျိုးသမီးအများစုအနေဖြင့် PMS ပြဿနာကို ခံစားကြရသော်လည်း အမျိုးသမီး သုံးပုံတစ်ပုံခန့် ၌ ပေါ်ထွက်လာသော PMS လက္ခဏာများမှာ ဆေးဝါးကုသမှု ခံယူရန် လိုအပ်လောက်အောင် ပြင်းထန်ကြောင်း သိရသည်။ 

ဆွီဒင် သုတေသနပညာရှင် များ၏အဆိုအရ PMS လက္ခဏာ များပြင်းထန်သည့် အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေ ပုံမှန် ထက်၂၇ ရာခိုင်နှုန်း မြင့်တက်လာ နိုင်ပြီး နှလုံးခုန်နှုန်း မူမမှန်မှု ပြဿနာ ပေါ်လာနိုင်ခြေလည်း ပုံမှန်ထက် မြင့်တက်လာနိုင် ကြောင်း၊ နှလုံးခုန်နှုန်း မူမမှန်မှု ပြဿနာကြောင့် နှလုံးရုတ်တရက် ဖောက်နိုင်ခြေလည်း မြင့်တက်လာနိုင်ကြောင်း ဆွီဒင်သုတေသန ပညာရှင်များက ပြောကြားသည်။

သို့ရာတွင် PMS လက္ခဏာများ ပြင်းထန်မှုနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများပေါ်လာနိုင်ခြေ မြင့်မားမှုတို့ကြား မည်သို့ဆက်စပ်နေသည်ကို မသိရသေးကြောင်း ဆွီဒင် သုတေသနပညာရှင်များက ဝန်ခံထားသည်။

Ref: Sputnik News

အထီးကျန်မှုပြဿနာ ခံစားနေရသူများ၌ စိတ်ကျဝေဒနာဝင်ရောက်နိုင်ခြေ မြင့်တက်လာနိုင်

နယူးယောက် ဇူလိုင် ၁၄ 

အထီးကျန်မှု ပြဿနာခံစား နေရသူများ၌ စိတ်ကျဝေဒနာဝင် ရောက်နိုင်ခြေ သိသိသာသာမြင့် တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏အဆိုကို ကိုးကား ၍ ဇူလိုင် ၁၃ ရက် သတင်းများ အရ သိရသည်။

သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အထီး ကျန်မှုခံစားနေရသူ သက်ကြီးပိုင်းများအနက် ၅၀ ရာခိုင်နှုန်းမှာ စိတ်ကျဝေဒနာနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

နှိုင်းယှဉ်ကြည့်ပါက အထီး ကျန်မှုပြဿနာမရှိသူ သက်ကြီးပိုင်းများကြား၌ ၁၀ ရာခိုင်နှုန်း သည်သာ စိတ်ကျဝေဒနာခံစားရတတ်ကြောင်း သုတေသနပညာ ရှင်များက ပြောကြားသည်။

အမေရိကန်နိုင်ငံ ဟိုးတပ် တက္ကသိုလ် ဆေးကောလိပ်မှ သုတေသန ပညာရှင်များသည် သက်ကြီးပိုင်း ၄၇၀၀၀ ကျော်တို့၏ ကျန်းမာရေးနှင့် လူမှုရေးအချက် အလက်များကို လေ့လာစိစစ်ခဲ့ကြကြောင်း သိရသည်။

လေ့လာချက်မှပေါ်ထွက်လာ သည့်ရလဒ်များအရ အထီးကျန်မှု ပြဿနာခံစားရမှုအဆင့် မြင့်မားသူများ၌ စိတ်ကျန်းမာရေးနှင့်ရုပ် ကျန်းမာရေးပြဿနာများဝင်လာ နိုင်ခြေ သိသိသာသာ မြင့်မားနေ တတ်သည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

အထီးကျန်မှု ပြဿနာရှိသူများအနေဖြင့် ၎င်းပြဿနာမရှိသူများနှင့်နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ခြေ ပုံမှန် ထက်ငါးဆမြင့်တက်လာတတ်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေလည်း ယိုယွင်းလာတတ်သည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။ 

Ref: Russia Today

Trs: KKO

YDNB Newspaper

Photo - Amaha

တောင်အာဖရိကနိုင်ငံက အမေရိကန်၏ ငွေကြေးထောက်ပံ့မှု လျှော့ချမှု များရှိသော်လည်း HIV တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက် အားဖြည့်သွားမည်ဟု ပြောကြား

တောင်အာဖရိကကျန်းမာရေးဝန်ကြီး အာရုန်မိုဆွာလီဒီက အမေရိကန် သမ္မတ၏ HIV/AIDS ရန်ပုံငွေအရေးပေါ်အစီအစဉ် (Pepfar) မှ ငွေကြေး ထောက်ပံ့မှုရုပ်သိမ်းခဲ့သော်လည်း နိုင်ငံ၏ ကမ္ဘာ့အထိပ်တန်း HIV/AIDS ကုသရေးအစီအစဉ် ပြိုလဲသွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဤသည်မှာ အမျိုးသားဘဏ္ဍာရေးဌာနမှ အဆိုပါအစီအစဉ်အတွက် ရန်ဒ် ၇၅၃ သန်း ထည့်ဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပူးပေါင်း လက်တွဲဖော်များကလည်း ကုသမှုနှင့်သုတေသနလုပ်ငန်းများအတွက် ရန်ဒ် ၆၀၀ သန်း အပိုထည့်ဝင်ရန် ကတိပြုခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် Pepfar ရန်ပုံငွေအားလုံးကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ USAID ၏ ထောက်ပံ့မှုရုပ်သိမ်းခြင်းဆိုင်ရာဆုံးဖြတ်ချက်သည် အထူးသဖြင့် တောင် အာဖရိကကဲ့သို့သော နိုင်ငံများအတွက် ကြီးမားသော ငွေကြေး လိုအပ်ချက် ကို ဖြစ်ပေါ်စေခဲ့သည်။ တောင်အာဖရိကတွင် HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်း၏ ၁၇% ခန့်ကို Pepfar မှ ထောက်ပံ့ခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က ပါလီမန်တွင် ၂၀၂၅-၂၀၂၆ ကျန်းမာရေးဌာန၏ ဘဏ္ဍာရေးအစီအစဉ်ကို တင်ပြရာတွင် မိုဆွာလီဒီက အမျိုးသား ကျန်းမာရေး ဌာန၏ အဓိကဦးစားပေးလုပ်ငန်း သုံးရပ်ကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းတို့မှာ အမျိုးသားကျန်းမာရေးအာမခံ (NHI) အတွက် အများပြည်သူ ကျန်းမာရေးစနစ်ကို အားဖြည့်ခြင်း၊ HIV/AIDS နှင့် တီဘီကဲ့သို့သော အဓိကရောဂါများကို အမြစ်ဖြတ်တိုက်ဖျက်ခြင်းနှင့် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍတွင် ကြာမြင့်စွာဆိုင်းငံ့ထားရသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းတို့ ဖြစ်သည်။

"ကမ္ဘာ့အကြီးဆုံး HIV/AIDS ကုသရေးအစီအစဉ်ကို ပြိုလဲသွားစေရန် မိမိတို့အနေဖြင့် မည်သည့်အခါမျှ ခွင့်မပြုနိုင်ပါ" ဟု ၎င်းက ပြောကြား ခဲ့သည်။

ပြိုလဲမှုဆိုင်ရာ အဆိုပြုချက်များသည် အချိန်မတန်သေးသလို မမှန်ကန်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပြီး ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကောင်းမွန်သောအစီအစဉ်များ ရှိကြောင်း ပြောကြားခဲ့သည်။

ထောက်ပံ့ငွေများ ဖြတ်တောက်ခံရသော်လည်း အစိုးရနှင့် မိတ်ဖက် များက ဝင်ရောက်ဖြည့်ဆည်းပေးနေကြောင်း မိုဆွာလီဒီက ပါလီမန်တွင် အတည်ပြုပြောကြားခဲ့သည်။

"မိမိတို့၏အစီအစဉ်များကို အမျိုးသားဘဏ္ဍာရေးဌာနသို့ တင်ပြပြီးအကူအညီတောင်းခံခဲ့သည်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းနှင့် နိုင်ငံတကာ ရှိ အခြားရန်ပုံငွေထောက်ပံ့သူများထံလည်း ချဉ်းကပ်ခဲ့သည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

မွေးကင်းစကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါဆေးကို အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံက အတည်ပြု

ဘန်း    ဇူလိုင် ၁၀

မွေးကင်းစကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါဆေးကို အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံက အတည်ပြုချက်ပေးခဲ့ကြောင်း ဇူလိုင် ၉ ရက် သတင်းများအရ သိရသည်။

Coartem Baby အမည်ရှိ အဆိုပါဆေးသစ်သည် မွေးကင်းစများနှင့် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံးငှက်ဖျားဆေးဖြစ်သည်။

Coartem Baby ကလေးငှက်ဖျားဆေးကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နိုဗာတစ်ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Coartem Baby ငှက်ဖျားဆေးမတိုင်မီက ကိုယ်အလေးချိန် ၉ ဒသမ ၉ပေါင်အောက်ကလေးများအတွက် သုံးစွဲခွင့်အတည်ပြုချက်ရရှိထားသော ငှက်ဖျားကုထုံးမျိုးမရှိခဲ့ပေ။

Coartem Baby ငှက်ဖျားဆေးကို စမ်းသပ်ရာတွင် ပါဝင်ခဲ့သည့် အာဖရိကနိုင်ငံ ရှစ်နိုင်ငံတို့သည်လည်း ၎င်းငှက်ဖျားဆေးကို မကြာမီကာလအတွင်း သုံးစွဲခွင့်အတည်ပြုချက်များ ထုတ်ပြန်လာဖွယ်ရှိကြောင်း သိရသည်။

အာဖရိကတိုက်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့်နိုင်ငံများ၌ နှစ်စဉ်ကလေး သန်း၃၀ ခန့် မွေးဖွားလျက်ရှိကြောင်း သိရသည်။

အစာအိမ်ကင်ဆာဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာ အသက်ဆုံးပါးနိုင်

နယူးယောက်   ဇူလိုင် ၁၀

အစာအိမ်ကင်ဆာရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာတို့ အသက်ဆုံးပါးနိုင်ကြောင်း ဇူလိုင် ၉ ရက် သတင်းများအရ သိရသည်။

နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လက်ရှိ ကမ္ဘာတစ်ဝန်း အစာအိမ်ကင်ဆာရောဂါဖြစ်ပွားမှု၇၆ ရာခိုင်နှုန်းမှာ Helicobactor Pylori (H.Pylori) ခေါ် အထက်ပါ ဗက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်တစ်ရှူးများပျက်စီး၍ အစာအိမ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကြား မွေးဖွားသည့် ကမ္ဘာ့ပြည်သူ ၁၂ သန်းတို့မှာ H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားလိမ့်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက သတိပေးထားကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: www.fredhutch.org

တောင်ကိုရီးယား၌ ပြင်းထန်သော အပူလှိုင်းကြောင့် နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံ၌ ပြင်းထန်သော အပူလှိုင်းဖြစ်ပေါ်မှုကြောင့် ယင်းနှင့်ဆက်စပ်၍   နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်တွင် ပြောသည်။ ထို့ပြင် အပူချိန်နှင့်ပတ်သက်၍ ထိခိုက်မခံသူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပိုမိုလုပ်ဆောင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

တာဝန်ရှိသူများက အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်၍ဖြစ်ပေါ်လာသည့် နေထိုင်မကောင်းသူများကို စောင့်ကြည့်ရေးစနစ် စတင်လုပ်ဆောင်သော မေလလယ်မှစ၍ ဇူလိုင်လ ၉ ရက်အထိ အရေးပေါ်ဌာနများ သို့ရောက်ရှိလာသူ ၁၂၂၈ ဦးအထိရှိသည်ကို တွေ့ရကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ နေထိုင်မကောင်းသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆခွဲခန့်မြင့်တက်လာကြောင်း၊ သေဆုံးသူဦးရေမှာလည်း   သုံးဆအထိ မြင့်တက်လာကြောင်း  ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

နိုင်ငံအတွင်းပျမ်းမျှအပူချိန်သည် ဇွန်လနှောင်းပိုင်းမှစ၍ ယခုအချိန်အထိ ၃၁ ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိနေသောကြောင့် တောင်သူလယ်သမားများ၊ တံငါ သည်များနှင့် အမိုးအကာပြင်ပတွင် အလုပ်လုပ်ကိုင်ရသူများ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်း မပြုရန်နှင့် ရေဓာတ်ပြည့်ဝစွာ စားသောက်ပြီး မကြာ ခဏအနားယူရန်      ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

MWD Web Portal

ကင်ဆာတိုက်ဖျက်ရေးသမားဖြစ်တဲ့ အမေ့လျော့ခံ ကလာပ်စည်းများ

ခန္ဓာကိုယ်ရဲ့ ပကတိကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းဟာ တော်တော်လေးကို အဆင့်မြင့်မားလာပါပြီ။ ဒီကုထုံးကိုတော့ ကိုယ်ခံအား ကုထုံးလို့ခေါ်ပါတယ်။

မကြာသေးမီကပေါ်ထွက်လာတဲ့ အဲဒီကုထုံးက CD8 T ဆိုတဲ့ ကင်ဆာချေမှုန်းရေးကလာပ်စည်းများကို အဓိကပစ်မှတ်ထားတာပါ။ ဒါပေမဲ့ သုတေသနပညာရှင်များက ကိုယ်ခံအား ကုထုံးအတွက် တခြားကလာပ်စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒါကတော့ CD4 T ကလာပ်စည်းပါ။ အရင်တုန်းက သူ့ကိုတခြားကလာပ်စည်းတွေကိုသာ အထောက်အပံ့ပေးတဲ့ ကလာပ်စည်းအဖြစ်သာသိရှိပြီး ကင်ဆာတိုက်ဖျက်ရေးမှာ အမေ့လျော့ခံဖြစ်ပါတယ်။ အခုတော့ ဒီကလာပ်စည်းတွေက ကင်ဆာကိုကောင်းစွာ တိုက်ထုတ်နိုင်စွမ်းရှိတာကို  တွေ့လိုက်ရပါတယ်။