သတင်းများ

Mini Pill ပဋိသန္ဓေတားဆေးသုံးစွဲသူများ၌ ဦးနှောက်အကျိတ်ပေါ်ထွက်နိုင်ခြေ ရှိလာနိုင်

ပဲရစ်   ဇွန် ၁၅

ပဋိသန္ဓေတားဆေး တစ်မျိုးသုံးစွဲနေကြသည့် အမျိုးသမီးများ၌ ဦးနှောက်အတွင်း အကျိတ်ပေါ်ထွက်နိုင်ခြေ ရှိလာနိုင်ဖွယ်ရှိကြောင်း ပြင်သစ်သုတေသနပညာရှင်များက ဇွန် ၁၄ ရက်တွင် ပြောကြားသည်။

ပရိုဂတ်စတာရုန်း (Progesterone) ထည့်သွင်းထားသည့် Mini Pill ခေါ် နေ့စဉ်သောက်ပဋိသန္ဓေတားဆေးများသည် အမျိုးသမီးသန်းပေါင်းများစွာတို့ သုံးစွဲနေကြရသည့် ဆေးများဖြစ်ကြကြောင်း သိရသည်။

သို့ရာတွင် Mini Pill ပဋိပသန္ဓေတားဆေးများကို ငါးနှစ်ကျော်ကြာထိ သုံးစွဲခဲ့သူ အမျိုးသမီးများတွင် Meningioma ခေါ် ဦးနှောက်အကျိတ်ပြဿနာပေါ်ထွက်နိုင်ခြေ မြင့်မားနေတတ်ကြောင်း ပြင်သစ်သုတေသနပညာရှင်များက ပြောကြားသည်။

Meningioma အကျိတ်များကြောင့် ကင်ဆာရောဂါမဖြစ်ပွားနိုင်သော်လည်း အကျိတ်အရွယ်အစားကြီးလာပါက ဦးနှောက်အပေါ် ဖိအားသက်ရောက်လာတတ်ပြီး ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အမြင်အာရုံနှင့် မှတ်ဉာဏ်ပြဿနာများ ပေါ်လာတတ်ကြောင်း သိရသည်။

သို့ရာတွင် Mini Pill များကြောင့် Meninigioma ပြဿနာပေါ်နိုင်ခြေမှာ ရာနှုန်းအားဖြင့် အလွန်နည်းပါးနေဆဲဖြစ်ရာ အမျိုးသမီးများအနေဖြင့် Mini Pill များနှင့်ပတ်သက်၍ စိုးရိမ်ရန်မရှိကြောင်း ပြင်သစ် သုတေသနပညာရှင်များက ပြောကြားသည်။

ပြင်သစ် သုတေသနပညာရှင်များသည် Mini Pill ဆေးသုံးစွဲသူအမျိုးသမီး ၈၀၀၀ ကျော်ကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: The Independent

တံတားဦးမြို့နယ်တွင် Pfizer COVID-19 JN 1 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

တံတားဦး ၊ ဇွန် - ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၉) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက အသက် (၁၈) နှစ် ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခဲ့ခြင်းမရှိသူများ၊ အကြိမ်ရေ မပြည့်သေးသူများနှင့် ထပ်ဆောင်း ထိုးနှံသူများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး Pfizer COVID-19 JN – 1(Grey Cap) ကာကွယ်ဆေးထိုးပေးလျက်ရှိကြသည်။ 

တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။       

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

ထောပတ်ငါးဂရမ် နေ့စဉ်စားသုံးခြင်းဖြင့် ပုံစံ-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်   ဇွန် ၁၂

ထောပတ်ကို နေ့စဉ်အနည်းဆုံး ငါးဂရမ်စားသုံးခြင်းဖြင့် ပုံစံ-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၁ ရက်တွင် ပြောကြားသည်။

အမေရိကန်နိုင်ငံ ဘော်စတွန်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အနည်းဆုံး ထောပတ် ငါးဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ) ကို နေ့စဉ်စားပါက ပုံစံ-၂ ဆီးချိုရောဂါကို ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် ထောပတ် ငါးဂရမ် နေ့စဉ်စားသုံးခြင်းဖြင့် နှလုံးပြဿနာများပေါ်လာနိုင်ခြေကိုလည်း လျှော့ချနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

ထောပတ်သည် သွေးအတွင်း ဆိုးကျိုးပြု ကိုလက်စထရောပါဝင်မှုအဆင့်ကို လျှော့ချပေးနိုင်ပြီး သွေးကြောများကို ပိတ်ဆို့တတ်သော အဆီဓာတ်များကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။

သို့ရာတွင် ထောပတ်အစားအသုံးပြုသည့် မာဂျရင်းကို နေ့စဉ်စားသုံးပါက ပုံစံ-၂ ဆီးချိုနှင့် နှလုံးရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက သတိပေးထားသည်။

အမေရိကန်သုတေသနပညာရှင်များသည် အသက် ၃၀ အထက်အမျိုးသား၊ အမျိုးသမီးဦးရေ ၂၅၀၀ ခန့်ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ဖုန်း သို့မဟုတ် တက်ဘဘက်ကို နေ့စဉ် နှစ်နာရီကျော်ကြာသုံးသည့် ဆယ်ကျော်သက်များ၌ စိုးရိမ်သောကနှင့် စိတ်ကျဝေဒနာဝင်နိုင်

အော့တဝါ  ဇွန် ၁၁

ဖုန်း သို့မဟုတ် တက်ဘလက်ကို နေ့စဉ် နှစ်နာရီကျော်ကြာအသုံးပြုသည့် ဆယ်ကျော်သက်များ၌ စိုးရိမ်သောကနှင့် စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက်မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။

ကနေဒါ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ တစ်ရက်လျှင် ဖုန်းသုံစွဲချိန် နှစ်နာရီကျော်ရှိသော ဆယ်ကျော်သက်များ၌ စိုးရိမ်သောကဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက် နှစ်ဆ၊ စိတ်ကျဝေဒနာဝင်နိုင်ခြေ ပုံမှန်ထက် လေးဆမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ဆယ်ကျော်သက်များ ဖုန်းကြည့်ချိန်ကြာမြင့်မှုကြောင့် စိတ်ကျန်းမာရေးပြဿနာများပေါ်လာနိုင်ခြေ မြင့်မားလာမှုပြဿနာမှာ မျှော်လင့်ထားသည်ထက် ပိုဆိုးနေကြောင်း ကနေဒါ သုတေသနပညာရှင်များက သတိပေးထားသည်။

သို့ဖြစ်ရာ မိဘအုပ်ထိန်းသူများအနေဖြင့် ဆယ်ကျော်သက်များ ဖုန်းကြည့်ချိန်ကို တစ်ရက်နှစ်နာရီထက်မပိုစေရန် ကန့်သတ်သင့်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်ကို မြှင့်တင်ပေးသင့်ကြောင်း၊ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား ဆယ်ကျော်သက်လူငယ်ဦးရေ ၅၈၀ တို့ကို ကိုးလကြာအချိန်ယူလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကနေဒါ သုတေသနပညာရှင်များက ပြောကြားသည်။

ရင်သွေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အမှတ်မမှားစေချင်ပါ

ဝဿန်ကာလ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရင်သွေးငယ်များအတွက် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်တာမို့ အလွန်ဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဟာ နှာခေါင်းသွေးလျှံတာ၊ ဝမ်းမဲမဲသွားတာ၊ သွေးအန်တာ၊ တကိုယ်လုံးအေးစက်ပြီး သွေးပေါင်ချိန် အလွန်အမင်းကျဆင်းတာမျိုးများဖြစ်တတ်လို့ ပြည်သူ့ကျန်းမာရေးဌာန အသိပေးချက်တွေက ဆိုထားပါတယ်။

မိဘများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာနဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားတာမတူညီဘူးဆိုတာကို ဒီစာစုကနေအမှတ်မမှားအောင် အသိပေးချင်တာဖြစ်ပါတယ်။

အချို့သော မိဘများဟာကျန်းမာရေးအသိ အားနည်းချက်တွေကြောင့် သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါဖြ စ်ပွားမှုအပေါ် မခွဲခြားတတ်ဘဲ အချိန်လင့်မှ ဆေးရုံဆေးခန်းရောက်လာလို့ ရင်သွေးငယ်အချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေကလည်း ဒုနဲ့ဒေးပါ။

ရာသီတုပ်ကွေးကာကွယ်ဆေး (Flu vaccine) ထိုးထားရင် သွေးလွန်တုပ်ကွေး(DHF)ကိုပါ ကာကွယ်ပြီးသားလို့ ထင်မှတ်နေကြတာမျိုးတွေကြောင့် တကယ်တော့ ဒီအချက်လေးက မှားယွင်းနေတဲ့ နားလည်မှုလေးပါပဲ။

အခုဆေးရုံဆေးခန်းတွေမှာထိုးနေကြတဲ့ တုပ်ကွေးကာကွယ်ဆေး(Flu vaccine)ဆိုတာချစ်ရတဲ့ ရင်သွေးလေးတွေကို ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုးရဲ့အန္တရာယ်ကနေ ကာကွယ်ပေးဖို့ရည်ရွယ်ထုတ်လုပ်ထားတာပါ။

လေထဲက နေကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ တုပ်ကွေးရောဂါအတွက်သာဖြစ်ပြီး သွေးလွန်တုပ်ကွေးဆိုတာကတော့ ခြင်တွေကနေ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။

သူတို့ နှစ်ခုဟာ ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားချင်း မတူညီပါဘူး။ ဥပမာအနေနဲ့နဲ့ ပြောရရင် ကားမောင်းတဲ့လိုင်စင်က ကားမောင်းဖို့အတွက်ပဲ အသုံးပြုနိုင်သလိုလေယာဉ် မောင်းဖို့အတွက် အသုံးမပြုနိုင်ပါဘူး။

အဲဒီလိုပဲ(Flu vaccine)ကလည်း တုပ်ကွေးအတွက်ပဲ အထူး ထုတ်ထားတဲ့ခုခံ အားဒိုင်းကာလေးပါ။ သွေးလွန်တုပ်ကွေးပိုးကိုတော့ သူကကာကွယ်မပေးနိုင်ပါဘူး။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးရယ်လို့ မြန်မာနိုင်ငံမှာ မကြားမိသေးဘူး။

ဒီတော့ မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေ ဖျားနာလာပြီဆိုတာနဲ့ (Flu vaccine)ထိုးထားပေမယ့်လည်း သွေးလွန် တုပ်ကွေးဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအမြဲသတိရပြီး အသက်ရူလမ်းကြောင်းဆိုင်ရာ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး မတူဘူးဆိုတာကို ခွဲခြား၍ သိနားလည်နိုင်စေဖို့ အသိပေးတင်ပြလိုက်ရပါတယ် …. ။

Source: Popular Myanmar

ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်- ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ၁-၆-၂ဝ၂၅ ရက် ည ၈ နာရီမှ ၈-၆-၂ဝ၂၅ ရက် ည ၈ နာရီ အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၅၄ ခု အား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလ အတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာ နှင့် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးလူနာမရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေ အနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်

နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်

  • အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊
  • ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူများ၊
  • ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့် အထက်)

ကို ဦးစားပေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်လိုအပ်ပါသည်။

ကိုဗစ် ၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန

(Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

အမေရိကန်တွင် အစာအဆိပ်သင့်စေနိုင်သည့် ပိုးပါဝင်မှုကြောင့် ကြက်ဥကတ်ရေ ၁ ဒသမ ၇ သန်းကို  ပြန်လည်သိမ်းယူ

အမေရိကန်ပြည်ထောင်စုတွင်  အစာအဆိပ်သင့်စေနိုင်သည့် ပိုးပါဝင်မှုကြောင့် ကြက်ဥကတ်ရေ    ၁ ဒသမ ၇ သန်းကို  ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီကြီးတစ်ခုက   ပြန်လည်သိမ်းယူခဲ့ရကြောင်း သိရသည်။

ပြန်လည်သိမ်းယူမည့်   ကြက်ဥများသည် အညိုရောင်ရှိ အော်ဂန်းနစ်ကြက်ဥ အမျိုးအစားဖြစ်ပြီး ၎င်းတို့တွင် အစာအဆိပ်သင့်စေနိုင်သည့်   ပိုးပါဝင်နိုင်မှုကြောင့် ပြန်လည်သိမ်းယူရခြင်းဖြစ်ကြောင်း August Egg ကုမ္ပဏီက ယခုရက်သတ္တပတ် အကုန်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါကြက်ဥများကို ကုမ္ပဏီက ကယ်လီဖိုးနီးယား၊ ဝါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊  ဝေအိုမင်၊  နယူးမက္ကဆီကို၊ နီဘရက်စကာ၊ အင်ဒီယာနာ၊ အီလီနွိုက် စသည့် ပြည်နယ်များရှိ အွန်လိုင်းစတိုးများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကြက်ဥများတွင် အစာအဆိပ်သင့်စေနိုင်သည့် ရောဂါပိုးများ ပါဝင်နိုင်မှုကြောင့် ကြက်ဥများကို ပြန်လည်သိမ်းယူရန် အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံရေးအဖွဲ့က ယခုနှစ် မေလ ၂၀ ရက်ကတည်းက ထုတ်ပြန်ထားကြောင်း သိရသည်။

MWD Web Portal

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ပုံမှန်စားခြင်းဖြင့် နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ကို တားဆီးနိုင်

နယူးယောက်  ဇွန် ၈

သစ်သီးဝလံ၊  ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါနှင့် ပုံစံ-၂ ဆီးချိုရောဂါများကို တားဆီးနိုင်ဖွယ်ရှိကြောင်း ဇွန် ၇ ရက် သတင်းများအရ သိရသည်။

အထက်ပါ အစားအစာများထဲတွင်ပါဝင်သည့် Phytosterols ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် ဆဲလ်များ၏ ဇီဝဓာတုပြောင်းလဲမှုဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အထက်ပါ ဂုဏ်သတ္တိများအရ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်များကို ပေါင်းစပ်စားသုံးခြင်းဖြင့် နှလုံးရောဂါနှင့် ပုံစံ-၂ ဆီးချိုရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

ထို့ပြင် Phytosterol ဓာတုဒြပ်ပေါင်းသည် လူ့ကိုယ်ခန္ဓာ၏ အင်ဆူလင် တုံ့ပြန်အားကိုလည်း ထိန်းညှိပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။

Phytosterols ဓာတုဒြပ်ပေါင်းသည် အပင်ထွက်အစားအစာတိုင်းတွင် ပါဝင်တတ်သော်လည်း ပြန်လည်ချက်လုပ်မှုမရှိသေးသည့် အပင်ထွက် အဆီဓာတ်များတွင် ပါဝင်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ စားသောက်မှုပုံစံများကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည့် နာမည်ကြီးဆေးဝါးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်

ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသည့် နာမည်ကြီးဆေးဝါးသည် သုံးစွဲသူများတွင် ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်တက်စေနိုင်ကြောင်း သုတေသနအသစ် တစ်ခုတွင် ဖော်ပြထားသည်။

ကိုယ်အလေးချိန်လျော့ကျစေသည့် နာမည်ကြီးဆေးဝါး တစ်မျိုးဖြစ်သော Ozempic နှင့် အလားတူဆေးဝါးများသည် သုံးစွဲသူများတွင် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ၃၃ ရာခိုင်နှုန်းမြင့်တက်စေနိုင်ကြောင်း အမေရိကန်ကုခန်းဆိုင်ရာ ဆေးဝါးအဖွဲ့အစည်းက ကျင်းပသည့်ကွန်ဖရင့်၌ တင်သွင်းသည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် အမေရိကန်ပြည်ထောင်စု ဖလော်ရစ်ဒါပြည်နယ်ရှိ ရောဂါဝေဒနာရှင်ပေါင်း ၈၆၀၀၀ ကျော်ကို ၁၀ နှစ်ကာလအတွင်းလေ့လာခဲ့ရာ ၎င်းတို့အနက်မှ ၈၃ ဦးသည် ကိုယ်အလေးချိန် လျော့ကျစေသည့် ဆေးဝါးများကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ကင်ဆာရောဂါသည် အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာပြသမှုမရှိဘဲ ရောဂါလက္ခဏာ ပြသချိန်များတွင် ရောဂါမှာပျံ့နှံ့သွားနိုင်သောကြောင့် ယင်းအခြေအနေမျိုးတွင် ရောဂါအား ကုသရန် ခက်ခဲစေတတ်ကြောင်း အင်ဒီယာနာ တက္ကသိုလ်မှ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာဟောင်တိုင်ကပြောသည်။ ထို့ကြောင့် ယခုတွေ့ရှိမှုသည် စိုးရိမ်ဖွယ်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

စိမ်းလန်းစိုပြည်မှုရှိသည့် ပတ်ဝန်းကျင်က လူသားများ၏ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှုတို့ကို ဖြေဖျောက်ရာတွင် အထောက်အကူပြုဟုဆို

ဇီဝမျိုးကွဲများ ပေါကြွယ်ဝပြီး စိမ်းလန်းစိုပြည်မှုရှိသည့်    ပတ်ဝန်းကျင်တို့သည် စိတ်ကျန်းမာရေးကို ပိုမိုတိုးတက် ကောင်းမွန်စေနိုင်ပြီး  လူသားများတွင် ဖြစ်ပွားတတ်သည့် စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှုကဲ့သို့သော အခြေအနေများကို     ဖြေဖျောက်ရာတွင် အထောက်အကူပြုကြောင်း လေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်။

ဇီဝမျိုးစုံမျိုးကွဲသည့်ဒေသများ သို့မဟုတ် စိမ်းလန်းစိုပြည်သည့် သစ်တောများနှင့် ပန်းခြံများကဲ့သို့သော နေရာများသည် စိတ်ကြောင့်ဖြစ်ပေါ်သည့်  အပြုသဘောမဆောင်‌သော အခြေအနေများကို  ဟန့်တားပေးနိုင်ပြီး သဘာဝတရားကြီးသည်   လူသားများ၏ စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိသည်ဟု Nature Cities တွင်ဖော်ပြထားသည်။

ကျွမ်းကျင်သူများသည် ဇီဝမျိုးကွဲစုံလင်သည့် နေရာဒေသများကို အမျိုးအစား သုံးမျိုးခွဲခြား၍ ဖော်ပြထားသည်။ ၎င်းတို့မှာ အပန်းဖြေနိုင်သည့် နေရာများ၊ အဓိကကျသည့် ဇီဝမျိုးစုံလင်သော နေရာဒေသများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိသေးသည့် သစ်တောဧရိယာများ ပါဝင်သည်။

စိတ်ကျန်းမာရေးသည် ယခုအခါ ကမ္ဘာတစ်ဝန်းရှိ လူသားများအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်လာပြီး စိတ်ကျန်းမာရေး ချို့တဲ့မှုကြောင့် ၂၀၁၀ ပြည့်နှစ်အတွင်းမှာပင် ကမ္ဘာ့စီးပွားရေးအား ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ဆုံးရှုံးနစ်နာစေခဲ့ကြောင်း၊ လူသားများတွင် အဖြစ်အများဆုံး စိတ်ကျန်းမာရေး ချို့တဲ့မှုမှာ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှုတို့ဖြစ်ကြောင်း လေ့လာမှုတွင် ဆက်လက် ဖော်ပြထားသည်။