သတင်းများ

အာဆီယံဖလား တတိယအကျော့ပွဲစဉ် မြန်မာအသင်း (၃)ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့်

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး(၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၇ ) ဝင်းနိုင်ထွန်းက(၂)ဂိုး အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

ပွဲစဉ်အတွင်း ယခင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိသည့် မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံတိုက်စစ်မှူး ဝင်းနိုင်ထွန်း ပြန်လည်ပါဝင်ကစားခဲ့သည်ကိုတွေ့ရသည်။

ယနေ့ ပွဲထွက်လူစာရင်းတွင် ဟိန်းဖြိုးဝေ၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင် တို့ ပါဝင်လာသည်။

မြန်မာ-လာအိုပွဲစဉ် အနိုင်ရလဒ်အတွက် ကွင်းအတွင်း လာရောက်အားပေးရကြိုးနပ်သည်ဟု မြန်မာအသင်းပရိတ်သတ်တစ်ဦးက ပြောသည်။

“အားပေးကျိုးနပ်တယ်ဗျာ။ မအားတဲ့ကြားကနေ လာအားပေးတာ”ဟု ပရိတ်သတ်တစ်ဦးက ဆိုသည်။

အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ မြန်မာရမှတ် (၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁)မှတ်ဖြင့် ပဉ္စမ နေရာတွင် အသီးသီးရပ်တည်နေကြသည်။

မြန်မာလက်ရွေးစင်အသင်းနေဖြင့် အုပ်စုတွင်း သုံးပွဲကစားထားသည့်အနက် အင်ဒိုအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းမား သရေကစားနိုင်ခဲ့သဖြင့် တစ်ပွဲရှုံး၊ တစ်ပွဲသရေနှင့် တစ်ပွဲအနိုင် ရလဒ်ထွက်ပေါ်ခဲ့သည်။

Source- Popular Journal

ကိုယ်ခံအားက ဦးနှောက်ကင်ဆာကိုသာ တိုက်ခိုက်စေမယ့် နည်းလမ်း

UCSF မှ သုတေသနပညာရှင်များက ကိုယ်ခံအား ကလာပ်စည်းတွေအနေနဲ့ တခြားသောကိုယ်တွင်း တစ်သျှူးတွေကို မထိခိုက်စေဘဲ ဦးနှောက်ကင်ဆာတစ်ခု တည်းကိုသာ တိုက်ခိုက်နိုင်စေမယ့်နည်း လမ်းတစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။

အဲဒီနည်းလမ်းကို "Molecular GPS" လို့ အမည်ပေးထားပါတယ်။ ဒီနည်းလမ်း က ကိုယ်ခံအား ကလာပ်စည်းတွေကို ဦးနှောက်ဆီသို့သာ သွားစေရန် လမ်းညွှန်ပြီး ကျန်းမာနေတဲ့ တခြားတစ်သျှူးတွေကို မထိခိုက်စေဘဲ ကင်ဆာအကျိတ်များကို သာပစ်မှတ်ထား တိုက်ခိုက်စေမှာဖြစ်ပါတယ်။

ဒီနည်းလမ်းကို ကြွက်တွေနဲ့စမ်းသပ်ရာ အောင်မြင်မှုရရှိထားပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ လူသားတွေနဲ့ လက်တွေ့ စမ်းသပ်တော့မယ်လို့ သုတေသနပညာရှင် များက ပြောထားပါတယ်။      

Source: Myawady Webportal

ကုမရတဲ့ သွေးကင်ဆာဖြစ်ပေါ်မှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခု အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးမှု

 MSK ကင်ဆာဌာနမှ သုတေသနပညာရှင်များက လူ့ခန္ဓာကိုယ်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိကို ထိခိုက်စေနိုင်ပြီး လက်ရှိမှာကိုပဲ ကုသနိုင်ခြင်းမရှိသေးတဲ့     သွေးကင်ဆာရောဂါဖြစ်ပွားမှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခုကို တွေ့ရှိလိုက်ပါတယ်။

အဲဒီနည်းလမ်းကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အပင်အခြေခံအစားအသောက်တွေကို များများစားသုံးပေးခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးပေးရမှာပါ။

အပင်အခြေခံအမျှင်ဓာတ်ပါ အစားအစာတွေကို သီတင်းပတ် ၁၂ ပတ်စားသုံးပြီး ပညာရှင်တွေထံမှ နည်းနာတွေခံယူကာ သီတင်းပတ် ၂၄ ပတ်ကြာသည်အထိ စားသောက်မှုပုံစံ ပြောင်းလဲခဲ့တဲ့ ကင်ဆာရှေ့ပြေးလက္ခဏာတွေ ခံစားနေရပြီး စမ်းသပ်မှုမှာ ပါဝင်သူအယောက် ၂၀ စလုံးက ကင်ဆာရောဂါ ဆက်ဖြစ်မလာတော့တာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူ လေးဦးတွေ့ရှိ

ဘာလင်  ဒီဇင်ဘာ ၁၇

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူလေးဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ ၎င်းတို့အနက်မှ ကူးစက်ခံရသူနှစ်ဦးမှာ ကျောင်းနေအရွယ်ကလေးများဖြစ်သည်။

ပထမဆုံးရောဂါကူးစက်ခံရသူသည် အာဖရိကဒေသသို့ မိသားစုလိုက်ခရီးထွက်ရာမှ အပြန်တွင် ကူးစက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မိသားစုဝင်သုံးဦးကို ထပ်မံကူးစက်ခဲ့ရာမှ လက်ရှိအချိန်တွင် ၎င်းမိသားစုအား သီးခြားခွဲ၍ စောင့်ကြည့်မှုဆောင်ရွက်နေရသည်။ မျောက်ကျောက်ရောဂါကူးစက်ခံရသည့် ကလေးများတက်ရောက်သင်ကြားနေသည့် ကျောင်းအား လက်ရှိအချိန်တွင် ပိတ်ထားပြီး အွန်လိုင်းမှသင်ကြားရန် ဆောင်ရွက်နေသည်။ ဂျာမနီနိုင်ငံတွင် မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်မှုကို အောက်တိုဘာလအတွင်းက တွေ့ရှိခဲ့‌သော်လည်း လက်ရှိအချိန်အထိ ‌‌မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။ ရောဂါလက္ခဏာများအဖြစ် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ပြွန်ရေကျိတ်များ ရောင်ရမ်းခြင်း၊ ကိုယ်ခန္ဓာတွင် အဖုအကြိတ်များထွက်ခြင်းတို့ ခံစားရသည်။ 

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ

Source- ကြေးမုံသတင်းစာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ

ချုံချင့်  ဒီဇင်ဘာ ၁၇

မြန်မာကောင်စစ်ဝန်ချုပ် ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချံချင့်မြူနီစီပယ်မြို့ ယွီကျုံးခရိုင်အစိုးရတို့ ပူးပေါင်း၍ “အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်-မြန်မာပြည်မှ ချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ် (ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ ယွီကျုံးနိုင်ငံခြားရေးဌာန၊ ချုံချင့်ယွီကျုံး ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကော်မတီနှင့် အခြားအစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် မြန်မာ့သဘင်ပညာရှင် ၂၁ ဦးက မြန်မာ့ရိုးရာရုပ်သေးအက၊ နှစ်ပါးသွားအက၊ မြန်မာ့ကျောက်ဆည်ဆင်အက၊ ကျေးလက်အက၊ ဖျာပုံ နန်းတွင်းရာမယနဇာတ်နှင့် မြန်မာ့ရိုးရာအတာသင်္ကြန်အကတို့ကို မြန်မာ့တူရိယာဆိုင်းဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တရုတ်ယဉ်ကျေးမှုအဖွဲ့ကလည်း ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံဥ၌ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း ပိုလီယိုရောဂါကင်းစင်ရန်အတွက် ပိုလီယိုရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ နိုင်ငံအတွင်းရှိ ကလေးငယ်များကို ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း ပိုလီယို ရောဂါ ဖြစ်ပွားသူ ၆၃ ဦး အထိ ရှိခဲ့သည်။ ၎င်းအစီအစဉ်အရ ကျန်းမာရေးဝန်ထမ်း ၄၀၀,၀၀၀ ကျော်သည် ခရိုင် ၁၄၃ ခုရှိ ကလေး ၄၄ သန်းကျော်အား ပိုလီယို ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်သည်။

ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်မှုသည် ကလေးများအားရောဂါမှ ကာကွယ်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ပိုလီယိုရောဂါပပျောက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ရှာဘတ် ရှာရိဒ်က ပြောကြားသည်။ ကလေးတိုင်း ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုခံယူရန်အတွက် မိဘများတွင် တာဝန်ရှိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။ ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကလေးများ၏ အနာဂတ် ဘဝသာယာမည်ဖြစ်ပြီး နိုင်ငံကို အလုပ်အကျွေးပြုနိုင်သည့် ပညာတတ်များ အများအပြား ပေါ်ထွက်လာမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ

ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးစေနိုင်သော အစားအစာသုံးမျိုး သိပ္ပံပညာရှင်များ တွေ့ရှိ

ငါး၊ သံလွင်ဆီနှင့် သစ်ကြားသီးတို့ကို များများစားပေးပြီး အာလူးကြော်၊ ဘီစကွတ်နှင့် မယိုးနိစ်တို့ကို ချင့်ချင့်ချိန်ချိန် စားသုံးခြင်းသည် အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

လက်ရှိ ဆီးကျိတ်ကင်ဆာဝေဒနာရှင်တို့ကို အဆက်မပြတ် စောင့်ကြည့်ခဲ့သော လေ့လာမှုအသစ်တစ်ခုက သာမန်အစားအသောက် ပြောင်းလဲလိုက်ရုံဖြင့် ဆီးကျိတ်ကင်ဆာကြီးထွားနှုန်းကို ရပ်တန့်နိုင်လောက်သည်အထိ အကျိုးဖြစ်စေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုကုသနည်းမှာ ကင်ဆာအကျိတ်ကို ချက်ချင်းခွဲထုတ်ခြင်းမျိုးမလုပ်ဘဲ ပုံမှန်စောင့်ကြည့်ကုသသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကယ်လီဖိုးနီးယားတက္ကသိုလ် လော့စ်အိန်ဂျလိစ်မှ ဆီးလမ်းကြောင်းဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဝီလျံအရွန်ဆင်က “ဒါက ဆီးကျိတ်ကင်ဆာအပေါ် အစားအသောက်က ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို နားလည်နိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။ ကင်ဆာဖြစ်တဲ့ လူတော်တော်များများက သူတို့ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းပြီး သူတို့ရောဂါတိုးမလာအောင် လုပ်ချင်ကြပါတယ်” ဟု ဆိုသည်။

အန္တရာယ်နည်းသည့် ဆီးကျိတ်ကင်ဆာဖြစ်သူ တော်တော်များများသည် ခွဲစိတ်ကုသရန်၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတို့ထက် စောင့်ကြည့်လေ့လာကုသမှုတို့ကို ပိုမိုလိုလားကြသည်။ သို့သော် ပြီးခဲ့သည့်ငါးနှစ်အတွင်း ထိုကဲ့သို့ ဝေဒနာရှင်တစ်ဝက်ကျော်မှာ ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုထုံးတို့ ခံယူခဲ့ကြရသည်။

“ ကျွန်တော်တို့ရဲ့ တွေ့ရှိမှုက အစားအသောက်ကို ရိုးရိုးရှင်းရှင်း ထိန်းညှိလိုက်တာဟာ ကင်ဆာကြီးထွားမှုကိုနှေးသွားစေပြီးကြီးကြီးမားမားလုပ်စရာမလိုခင် အချိန်ကို ဆွဲဆန့်နိုင်စေပါတယ်” ဟု ‌ဒေါက်တာ အရွန်ဆင်က ထပ်လောင်းပြောကြားသည်။

Ref: DailyMial

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်အတည်ပြု

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏  အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က  ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင်  တရားဝင်ထုတ်ပြန်လိုက်ပါသည်။ 

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက်အိမ်ရှင်ရွေးချယ်ပွဲကို  ဖီဖာအဖွဲ့ဝင် ၂၀၀ ကျော်က အွန်လိုင်းမှတစ်ဆင့်ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံသည် တစ်နိုင်ငံတည်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပြိုင်ဘက်မရှိ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်ပါသည်။ ရွေးချယ်ပွဲတွင် ရှင်းလင်းပြတ်သားသည့် လက်ခုပ်သံများ၊ ကျယ်လောင်သည့် ထောက်ခံသံများနှင့်အတူ ချီးကျူးဂုဏ်ပြုသံများဖြင့်  ဖုံးလွှမ်းသွားကြောင်း ဖီဖာဘောလုံးအဖွဲ့ဥက္ကဋ္ဌ Gianni Infantino က ဂုဏ်ပြု ပြောကြားလိုက်ပါသည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က  မိမိတို့နိုင်ငံကို ရွေးချယ်လိုက်မှုအပေါ် အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊  ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲကို မိမိတို့အနေဖြင့် ငွေကြေးအမြောက်အမြားသုံးစွဲကာ တစ်ကမ္ဘာလုံးပရိသတ်များ အံ့ဩရှုမောဖွယ်ရာ ဖြစ်စေမည့် ခေတ်မီဆန်းပြားသည့် ဘောလုံးကွင်းများ၊ အားကစားကွင်းများ၊ အခြေခံအဆောက်အအုံများဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းအနားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပနိုင်ရေး စီစဉ်သွားမည်ဟု ကတိပြု ပြောကြားလိုက်ပါသည်။ 

ကိုးကား - CNA

ဩစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များထည့်ထားသည့် ဓာတ်ခွဲခန်းသုံးပြွန်များ ပျောက်ဆုံးနေ

ထိုင်းနိုင်ငံရှိ အထင်ကရ ဦးနှောက်နှင့် အာရုံကြောပါရဂူ ဒေါက်တာ သီရာဗတ်ဟီမာချတ်ဟာက ဩစတြေးလျ ဓာတ်ခွဲခန်းတစ်ခုမှ လူများကိုသေစေနိုင်သော ဗိုင်းရပ်စ်များ ပါဝင်သည့် ဓာတ်ခွဲခန်းသုံးပြွန်အခု ၃၀၀ ကျော် ပျောက်ဆုံးနေမှုအပေါ် စိုးရိမ်ကြောင်း သတိပေးပြောကြား ခဲ့သည်။

Hendra ဗိုင်းရပ်စ်၊ Lyssa ဗိုင်းရပ်စ်နှင့် Hanta ဗိုင်းရပ်စ်တို့အပါအဝင် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များသည် ဇီဝလုံခြုံမှုကန့်သတ်ချက် အမြင့်ဆုံးအဆင့် ချမှတ်ရန် လိုအပ်သော ဗိုင်းရပ်စ်များဖြစ်သည်။

သီရာဗတ်၏လူမှုမီဒီယာကွန်ယက်တွင် ယင်းကူးစက်မြန် ဗိုင်းရပ်စ်များ ပျောက်ဆုံးမှုနှင့်ဆက်နွှယ်သည့်အန္တရာယ်ကို ဖော်ပြထားသည်။

သီရာဗတ်က ယင်းဗိုင်းရပ်စ်များ မသမာသူများ၏လက်ဝယ်သို့ရောက်ရှိသွားနိုင်ခြင်းသို့မဟုတ်မကောင်းသောရည်ရွယ်ချက်များဖြင့်အသုံးပြုနိုင်ခြင်း စသည့်အခြေအနေများအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများက ယင်းကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားကြကာ ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးနိုင်ပါရန် အာဏာပိုင်များကို တိုက်တွန်းထားကြောင်း သိရှိရသည်။

ကိုးကား -  The Nation

Photo- The Australian 

မော်ရိုကိုနိုင်ငံသည် စပိန်၊ ပေါ်တူဂီတို့နှင့်အတူ ၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ဆယ်စုနှစ်များစွာ ကမ်းလှမ်းလာခဲ့သော မော်ရိုကိုနိုင်ငံသည် ယခုအခါ စပိန်၊ ပေါ်တူဂီတို့နှင့်အတူ ၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဖီဖာအဖွဲ့က ရွေးချယ် သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။ 

၁၉၉၄ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေး ၁၉၈၇ ခုနှစ်ကတည်းကပင် ကမ်းလှမ်းခဲ့သည့် မော်ရိုကိုနိုင်ငံသည် ယခု နှစ်ပေါင်း ၄၀ အကြာ တွင် အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပါသည်။ 

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးရန် မဟာအခွင့်အရေးဖြစ်ကြောင်း မော်ရိုကိုနိုင်ငံ၏ ၂၀၃၀ ကမ္ဘာဖလားဘောလုံး ပြိုင်ပွဲကော်မတီ အကြီးအကဲ Fouzi Lekjaa  က ပြောကြားလိုက်သည်။ 

မော်ရိုကိုဘုရင် Mohammed VI Lekjaa ဦးစီးပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင်  ဘုရင်ကြီးက ကမ္ဘာ့အကြီးဆုံးအားကစားပွဲကို လက်ခံကျင်းပခြင်းဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ အလားအလာကို အလေးထား ပြောကြားသွားသည်။ 

ကိုးကား - Modern Ghana