မော်ရိုကိုနိုင်ငံသည် စပိန်၊ ပေါ်တူဂီတို့နှင့်အတူ ၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ဆယ်စုနှစ်များစွာ ကမ်းလှမ်းလာခဲ့သော မော်ရိုကိုနိုင်ငံသည် ယခုအခါ စပိန်၊ ပေါ်တူဂီတို့နှင့်အတူ ၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဖီဖာအဖွဲ့က ရွေးချယ် သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။
၁၉၉၄ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေး ၁၉၈၇ ခုနှစ်ကတည်းကပင် ကမ်းလှမ်းခဲ့သည့် မော်ရိုကိုနိုင်ငံသည် ယခု နှစ်ပေါင်း ၄၀ အကြာ တွင် အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပါသည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးရန် မဟာအခွင့်အရေးဖြစ်ကြောင်း မော်ရိုကိုနိုင်ငံ၏ ၂၀၃၀ ကမ္ဘာဖလားဘောလုံး ပြိုင်ပွဲကော်မတီ အကြီးအကဲ Fouzi Lekjaa က ပြောကြားလိုက်သည်။
မော်ရိုကိုဘုရင် Mohammed VI Lekjaa ဦးစီးပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ဘုရင်ကြီးက ကမ္ဘာ့အကြီးဆုံးအားကစားပွဲကို လက်ခံကျင်းပခြင်းဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ အလားအလာကို အလေးထား ပြောကြားသွားသည်။
ကိုးကား - Modern Ghana