ကိုဗစ်-၁၉ ဆိုတဲ့ရောဂါကြီးက လူသားတွေရဲ့ ဘဝပေါင်းများစွာကို ခြေမွှဖျက်ဆီးနေတာ ကြာပါပြီ။ ဒါပေမဲ့ အဲဒီအခြေအနေကြီးက ပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ ကိုဗစ်-၁၉ ရောဂါဖြစ်သူတချို့မှာ နာတာရှည်ကိုဗစ်ရောဂါဆိုတဲ့အမွေဆိုးကို ဆက်ခံထားရပါသေးတယ်။ သာမန်အားဖြင့် ဆိုးဝါးလှပါတယ်ဆိုတဲ့ နာတာရှည်ကိုဗစ်ရောဂါဟာ လူသားတို့ရဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရ တဲ့စိန်ခေါ်မှုများကြောင့် ပုံမှန်ထက်ကို ပိုမိုဆိုးဝါးလာ တာတွေ့ရတယ်လို့ သုတေသနပညာရှင်များက ပြောပါတယ်။

ယနေ့ခေတ်မှာ နေထိုင်နေကြသူများဟာ နေ့စဉ်ဘဝမှာ ဖိအားအမျိုးမျိုးနဲ့ရင်ဆိုင်နေကြရပါတယ်။ ချမ်းသာသူလည်း ချမ်းသာသည့်အလျောက်၊ ဆင်းရဲသူလည်း ဆင်းရဲသည့်အလျောက် ဖိအားကိုယ်စီရှိ ကြပါတယ်။ လူမှုရေးပြဿနာတွေကိုလည်း ရင်ဆိုင်ကြရပါတယ်။ ဒီလိုအခြေအနေက နာတာရှည်ကိုဗစ် ရောဂါဖြစ်ပွားမှု လက္ခဏာတွေကို နှစ်ဆကနေသုံးဆ အထိပိုးဆိုးစေတာတွေ့ရတယ်လို့ Mass General Brigham မှသုတေသနပညာရှင်များက လူပေါင်း ၃၇၀၀ ကိုလေ့လာပြီးနောက် အခုတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နာတာရှည်ကိုဗစ်ရောဂါဆိုတာ SARS-CoV-2 ဗိုင်းရပ်ကူးစက်ခံရပြီးနောက် ခံစားရတဲ့ရောဂါ လက္ခဏာတွေက သုံးလနဲ့အထက်ဆက်ရှိနေတာမျိုးကို ခေါ်တာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ ငွေရေးကြေးရေးခက်ခဲမှုတွေ၊ စားရေရိက္ခာဖူလုံမှုမရှိတာတွေ၊ ဆေးဘက်ဆိုင်ရာ ခွဲခြားဆက်ဆံခံရမှုတွေ၊ ကုန်ကျစရိတ်ကြောင့် ဆေးခန်းမပြလိုက်နိုင်တာတွေ အစရှိသည်ဖြင့် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သုတေသနပညာရှင်များဟာ အခြေခံ ကျတဲ့ လူမှုရေးအခြေအနေလေးရပ်ကို ဖော်ထုတ်ထားပါသေးတယ်။ အဲဒီအခြေအနေတွေကတော့ စီးပွားရေးတည်ငြိမ်မှုမရှိခြင်း၊ ပညာရေးနဲ့ဘာသာ စကားအခက်အခဲရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရည်အသွေးပိုင်းမှာ စိန်ခေါ်မှုရှိခြင်း၊ လူမှုဆက် ဆံရေးမှာ ခွဲခြားခံရခြင်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကြီးဟာ ကျွန်တော်တို့ ကိုဆိုးဝါးတဲ့အမွေကြီးပေးခဲ့တာဖြစ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။
Ref: SD
ကိုထက်
MWD

လူတိုင်းဟာ နေ့စဉ်ဘဝမှာရှင်သန်အောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးစားနေ ထိုင်ကြရပါတယ်။ တချို့က ရုံးထိုင်ပြီး အလုပ်လုပ်တယ်။ တချို့က အလုပ်ကြမ်းကိုလုပ်ရတယ်။ တချို့က နားနားနေနေနဲ့ အနားယူရင်း စိတ်အေးလက်အေးနေကြတယ်။ ဒါပေမဲ့ တူညီတဲ့တစ်ခုတည်းသောအချက်က သူတို့အားလုံးဟာ ရှင်သန်ဖို့ အတွက်ရုန်းကန်နေကြရတယ်ဆိုတာပါပဲ။ ဒီလိုမျိုး အခြေအနေမှာ မနက်ဖြန်အတွက်အားဖြစ်စေဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီလိုအားဖြစ်စေဖို့ဆိုရာမှာလည်း ညဘက်မှာကောင်းကောင်းအိပ်ရဖို့က လိုအပ် ပြန်ပါတယ်။

ရုန်းကန်နေရသူအားလုံးကတော့ သာမန်အားဖြင့် ညဘက်မှာကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်ရင် နောက်နေ့မနက်မှာ လန်းလန်းဆန်းဆန်းမဖြစ်နိုင် ပါဘူး။ ဒါဆိုရင် ညဘက်ကောင်းကောင်းအိပ်ပျော် ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ဘယ်လိုဆေးတွေ မှီဝဲရမလဲ အစရှိတဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို သိရှိဖို့လိုအပ်လာပါပြီ။ ဒီအတွက်ကြောင့် တက္ကဆက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာကို သုတေသနပြု လေ့လာထားတာရှိပါတယ်။ အဲဒီသုတေသနကို ဒီနေရာမှာ ဖော်ပြသွားပါမယ်။
သုတေသီများက မကြာခဏဆိုသလို လေ့ကျင့် ခန်းလုပ်ပေးခြင်း၊ အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ လူတစ်ယောက်ကိုကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒီလိုကောင်းမွန်စွာ အိပ်စက်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမှာလည်းတိုး တက်မှုရှိစေပြီး လန်းဆန်းတက်ကြွတဲ့ခံစားချက်ကို ပါရရှိစေနိုင်မယ်လို့ Physical Activity & Health ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။
သုတေသနပညာရှင်များက လူတစ်ယောက်ဟာ လေ့ကျင့်ခန်းဘယ်လောက်အထိလုပ်တယ်ဆိုတဲ့ ယခင်သုတေသနထက် အခုသုတေသနမှာတော့ လူတစ်ဦးချင်းစီက ဘယ်လောက်အထိတက်ကြွမှု ရှိလဲဆိုတာကို အဓိကထားလေ့လာခဲ့ကြတာဖြစ်ပါ တယ်။ ဒီလိုလေ့လာဖို့အတွက် တက္ကသိုလ်ကျောင်း သားတွေကို လက်ပတ်နာရီတွေပတ်စေပြီး လပေါင်း များစွာကြာ လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီလိုမျိုးလေ့လာလိုက်တဲ့အခါ တစ်ရက်ကို ၁၀ မိနစ်လောက်သာ လမ်းလျှောက်တာလိုမျိုး သင့်တင့်ရုံလောက်လှုပ်ရှားမှုလုပ်ပေးတယ်ဆိုရင်ကိုပဲ တော်တော်လေးကိုသတိထားမိလောက်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေတာတွေ့ရတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးသာလှုပ်ရှားပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး အသက်ရှူလည်းဝစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကြာခဏဆိုသလို လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းအားဖြင့် စွမ်းအင်တွေ ပိုမိုတိုးတက်လာပြီး စိတ်ဖိစီးမှုတွေလည်းကျဆင်းသွားတာတွေ့ရ တယ်လို့ သုတေသနမှာပါဝင်သူ တက္ကသိုလ်ကျောင်း သားများကပြောပါတယ်။ သိပ္ပံနည်းကျသုတေသနပြုမှု၊ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုကနေ တွေ့ကြုံရမှုတို့မှ
ရရှိတဲ့အချက်အလက်တွေအရ ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ ကောင်းစွာအိပ် စက်ခြင်းကိုဖြစ်ပေါ်စေပြီး ကောင်းစွာအိပ်စက်ခြင်း ကလည်း ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကိုတိုးတက် စေတယ်ဆိုတဲ့အယူအဆက အရင်ကတည်းကရှိပြီးသားပါ။ ဒါပေမဲ့ အခုသုတေသနကတော့ လက်တွေ့ တွေ့ရှိချက်ကိုသာ အဓိကဦးစားပေးထားတာဖြစ်တဲ့အတွက် တကယ်ကိုအကျိုးရှိစေပါတယ်။

နေပြည်တော် ဩဂုတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်း ၆၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ ၆၁ ဦး ထပ်မံ၍ကျောင်းအပ်နှံသဖြင့် စုစုပေါင်းကျောင်းသား ကျောင်းသူ ၈၁၄၆ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့ သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၂၈ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသား ပြည်သူ ၂၉ ဦးအား သွေးအမျိုးအစား စစ်ဆေးပေးခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူ ၄၉ ဦးအား ဝက်သက်ရောဂါ၊ တုပ်ကွေးရောဂါတို့နှင့် ပတ်သက်၍ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၄၉ ဦး တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
MOI

နေပြည်တော် ဩဂုတ် ၁၃
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေးအဆင့်မြှင့်ကျောင်းများအဖြစ် သတ်မှတ်နိုင်ရေးကို ဒေသအလိုက်၊ ကျောင်းအလိုက် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မိဘ/ ဆရာများနှင့်ပူးပေါင်းပြီး အတတ်နိုင်ဆုံး ဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ငန်းများအဖြစ် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ကျောင်းများမဖွင့်မီ ခြင်ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ (၆) ပတ်တစ်ကြိမ် ပိုးလောက်လမ်းသေဆေး (အဘိတ်)ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးပြောကြားခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများနှင့် ကျောင်းမုန့်ဈေးတန်းများ ကျန်းမာရေးနှင့်ညီညွတ်စေရေးလုပ်ငန်းများကို ပညာရေးနှင့် ကျန်းမာရေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။
ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ဆိုသည့်အတိုင်း နိုင်ငံ၏အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်မည့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအပါအဝင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှု ဗီဒီယိုကိုပြသပြီး တက်ရောက်လာ ကြသူများနှင့်အတူ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း(ဇမ္ဗူသီရိမြို့နယ်)သို့ သွားရောက်၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဖြစ်သည့် ပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များကိုအသုံးပြုပြီး အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးကုသမှုပေးခြင်း၊ အလယ်တန်းကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ အခြေခံပညာကျောင်းသား ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ပိုးလောက်လမ်းကင်းစင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများက အာဟာရပြည့်ဝမျှတသည့်အစားအစာများ ပြင်ဆင်ချက်ပြုတ်ပြသခြင်း၊ ကျောင်းသား ကျောင်းသူ ကလေးများက အစာအုပ်စုသုံးအုပ်စုနှင့်ပတ်သက်၍ အာဟာရပညာပေးခြင်း၊ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးမှုဆောင်ရွက်ခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ ဩဂုတ်-၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာပေး ဟောပြောပွဲ များ၊လူငယ်စကားဝိုင်းများနှင့်ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား အထက်တန်းပြ ဆရာမ ဒေါ်ပုလဲဝါက အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 တန်း ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်ထူးပြည့်သန့်က “လူငယ်နှင့်ကျန်းမာရေး”၊ မရွှေပိုးအိက “လူငယ်နှင့်ပညာရေး”၊ Grade-10 တန်း ကျောင်းသူများဖြစ်သည့် မအိကြယ်စင်ဖြိုးက “လူငယ်နှင့်စာဖတ်ခြင်း”၊ မနှင်းပွင့်အေးက “စာပေကျေးဇူး” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး၊ မိုးခေါင်ရေရှားဘေးနှင့် ဆူနာမီအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါ ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

နပိုလီယံဆိုတာ တစ်ခေတ်တစ်ခါက သိပ်ကို အင်အားကြီးမားလွန်းတဲ့ စစ်ဘုရင်ကြီးပေါ့။ သူ့ရဲ့တပ်တော်ကြီးက ဥရောပဒေသတစ်လွှားကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အတက်ရှိရင် အဆင်းရှိရစမြဲဆိုတဲ့စကားအတိုင်း နပိုလီယံရဲ့ ကျဆုံးချိန်ကလည်း ဆိုက်ရောက်လို့လာပါတယ်။ အကြောင်းရင်းကတော့ ရုရှားနိုင်ငံကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် လုပ်ဆောင် လိုက်ခြင်းကြောင့်ပါပဲ။ နပိုလီယံနဲ့ သူ့စစ်သည်တွေဟာ ပြင်းထန်လှတဲ့ မော်စကိုဆောင်းရာသီရဲ့ ရိုက်ခတ်မှုအောက်မှာ အလူးအလဲခံစားရကာ အစာရေစာငတ်ပြတ်ပြီး သေဆုံးသွားခဲ့ရတယ်လို့ သမိုင်းမှာ ဖော်ပြထားပါတယ်။ နပိုလီယံရဲ့စစ်သည်တွေ သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ ရောဂါရဲ့နှိပ်စက်မှုဒဏ်တွေလည်း ပါပါတယ်။ အဲဒီရောဂါက ဘယ်လိုရောဂါလဲ ဆိုတာကိုတော့ သုတေသနပညာရှင်များက ဖော်ထုတ်လိုက်နိုင်ပြီလို့ ဆိုပါတယ်။
၁၈၁၂ ခုနှစ် ဇွန်လမှာ နပိုလီယံ ၁ က စစ်သည်အင်အား ငါးသိန်းမှခြောက်သိန်းကြားနဲ့အတူ မော်စကိုမြို့ကို ကျူးကျော်မှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမဲ့လည်း သူတို့ဟာ မြို့ပျက်ကြီးထဲမှာသာ ယောင်ချာ ချာနဲ့ကျန်ရစ်ခဲ့ရတဲ့အတွက် ဆောင်းတွင်း ရောက်တဲ့ အချိန်မှာ အဲဒီကနေဆုတ်ခွာဖို့ စတင်လုပ်ဆောင်ကြပါတယ်။ သို့သော်လည်း ရန်သူရဲ့တိုက်ခိုက်မှုထက် ပိုပြီးပြင်းထန်လှတဲ့ ရုရှားဆောင်းရာသီရဲ့ ရိုက်ခတ်မှုဒဏ်ကို နပိုလီယံနဲ့ သူ့တပ်ဖွဲ့တွေ ကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ နပိုလီယံရဲ့ ဆုံးရှုံးမှုက စစ်သည်အင်အားသုံးသိန်းနီးပါးဖြစ်ပါ တယ်။ အစာရေစာငတ်ပြတ်မှုနဲ့အတူ ရောဂါပိုးကူးစက်မှုကြောင့်သာ စစ်သည်အင်အား အခုလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် စစ်သည်တွေကို ဘယ်လိုမျိုးရောဂါပိုးက သေဆုံးစေခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသန ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။
နပိုလီယံခေတ်ကဆရာဝန်ဖြစ်တဲ့ ဂျေအာအယ်ကာ့ဟော့က စစ်သည်တွေကို ကူးစက်ခဲ့တဲ့ရောဂါဟာ မွှားမှကူးစက်တဲ့ငန်းဖျားရောဂါဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါကိုပဲ ယနေ့ခေတ် ပညာရှင်များက သိပ်လက်မခံလိုတဲ့အတွက် နောက်ဆုံးပေါ် ဒီအန်အေနည်းပညာတွေအသုံးပြုပြီး သုတေသနပြုလေ့လာမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြင်သစ်နိုင်ငံမှ သုတေသနပညာရှင်များက ဦးဆောင်ခဲ့ကြတာပါ။ သူတို့က နပိုလီယံခေတ်စစ်သည်များရဲ့ သွား ၁၃ ချောင်းမှ ဒီအန်အေကိုထုတ်ယူပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးလိုက်တဲ့အခါ အဓိကအားဖြင့် ဗက်တီးရီးယားနှစ်မျိုးကို တွေ့လိုက်ရပါတယ်။
ဆာမိုနဲလားအန်တာရီကာနဲ့ ဘော်ရယ်လီယာရီကာရန်တစ်ဆိုတဲ့ ဗက်တီးရီးယားနှစ်မျိုးပါ။ ပထမဗက်တီးရီးယားက အူရောင်ငန်းဖျားလိုမျိုးရောဂါကို ဖြစ်စေပြီး အစားအစာနဲ့ ရေမသန့်ရှင်းမှု ကနေ ကူးစက်နိုင်ပါတယ်။ ဒုတိယဗက်တီးရီးယားကတော့ သန်းများကြောင့်ဖြစ်တဲ့ အကြိမ်ကြိမ် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ သူက ခဏခဏအဖျားတက်မယ်။ ကြွက်သားတွေနာကျင်မယ်။ အလွန်အမင်းအားအင်ချည့်နဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။
အဲဒီအချိန်တုန်းက အစာရေစာအလွန်ငတ်ပြတ်နေတဲ့ စစ်သည်များက လစ်သူရေးနီးယားရှိ စွန့်ပစ်နေအိမ်များရဲ့ စည်ပိုင်းထဲမှာသိုလှောင်ထားတဲ့ မုန်လာ ဥနီဆားရည်စိမ်တွေကို စားခဲ့ကြပါတယ်။ စစ်သည်တွေက မုန်လာဥနီဆားရည်စိမ်ကို စားရုံသာမကစည်ထဲမှာဖြစ်ပေါ်နေတဲ့ အရည်တွေကိုပါ သောက် ခဲ့ကြရပါတယ်။ အဲဒီလိုမျိုးစားသောက်ခဲ့ရမှုတွေကြောင့် စစ်သည်များဟာ ဝမ်းလျှောရောဂါကို ခံစားရပြီး အူလမ်းကြောင်းထဲမှာလည်း မအီမသာဖြစ်ကာ နောက်ဆုံးမှာ လမ်းပင်မလျှောက်နိုင်တော့ဘဲ လဲကျ သေဆုံးသွားရတာဖြစ်တယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ယူနီဖောင်းတွေ မှာတွယ်ငြိနေတဲ့သန်းများကလည်း အားနည်းနေတဲ့ စစ်သည်များကို အလဲထိုး အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ နပိုလီယံရဲ့စစ်သည်တွေ ဘာကြောင့် အတုံးအရုံးသေဆုံးရလဲ ဆိုတာနဲ့ပတ်သက်ပြီး သမိုင်းကြောင်းဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုကြီးကို ဖြေရှင်းလိုက်နိုင်ပါပြီ။ စစ်သည်တွေသေဆုံးရတာနဲ့ ပတ်သက်လို့ အထင်ရှားဆုံးသော သက်သေက ပြင်းထန်အူရောင်ငန်းဖျားရောဂါကြောင့်ဖြစ်ပြီး အဲဒီအချိန်တုန်းက ဆရာဝန်မှတ်ချက်ပြုပြောခဲ့သလိုမျိုး မွှားမှကူးစက်တဲ့ ငန်းဖျားရောဂါ မဟုတ်ဘူးလို့ဆိုကာ သုတေသနပညာရှင်များက သူတို့ရဲ့သုတေသနကို အဆုံးသတ် လိုက်ပါတယ်။
Ref: IE

နေပြည်တော် ဩဂုတ် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
တက်ရောက်ပညာသင်ကြား

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ ၉၅၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်း သူ ၇၈၁၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ ကြီးကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၈၉ ဦးတို့အား ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူ ၄၈ ဦးအား သွေးအမျိုးအစား စစ်ဆေးပေး၍ အမျိုးသားလေးဦးအား ငှက်ဖျားပိုးစစ်ဆေးပေးခြင်းနှင့် အမျိုးသမီးတစ်ဦးအား သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။ ယင်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၃၂ ဦး တက်ရောက် ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ၁၁ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နောင်ချို မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၅၃ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ ၁၃၁၀ ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၈၆၁ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီး အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၇၉ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူ ၉၉ ဦးကို သွေးအမျိုးအစားစစ်ဆေးပေး၍ ငါးဦးကို ငှက်ဖျားပိုးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၂၈ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်၊ ဩဂုတ်-၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အာဟာရကျွေးမွေးခြင်းဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုအေးနှင့် ဆရာ/ဆရာမများ၊ အလှူရှင်များပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၈၃) ဦးအား အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်း၊ ကြာဇံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်းများ ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦးရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာ ဂုဏ်ထူးရှင် ၅၄၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၉၉၃ ဦးရှိခဲ့သည်။
အဆိုပါကျောင်းသားကျောင်းသူများအနက် ထူးချွန်အဆင့် ကျောင်းသူအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မသက်မှူးဝေဇင် (မြန်မာတစ်နိုင်ငံလုံးဝိပ္ပံတွဲ ပထမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၂၀ ရရှိခဲ့ပါတယ်။ အခုလိုဝိပ္ပံတွဲမှာ အမှတ်အများဆုံးနဲ့ အောင်မြင်မှုရရှိတဲ့အတွက် အလွန်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။ သမီးငယ်ငယ်ကတည်းက စာကိုတစိုက် မတ်မတ်ကြိုးစားခဲ့ပါတယ်။ သူငယ်တန်းကနေစပြီး ဆုတွေလည်း ရရှိခဲ့ပါတယ်။ မိဘတွေကလည်း ပံ့ပိုးပေးကြပါတယ်။ သမီးအနေနဲ့ စီးပွားရေးကိုဝါသနာပါတဲ့အတွက် ဝိပ္ပံတွဲကိုယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်လည်း စီးပွားရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးတက္ကသိုလ်တက်ရောက်မယ်လို့ စိတ်ကူးထားပါတယ်။
မရွှန်းသံသာအေး(မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒုတိယအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၄၆ မှတ်ရရှိခဲ့ပါတယ်။ စာကို တစ်နေ့စာတစ်နေ့ ကျက်မှတ်လေ့လာပြီး တစ်ပတ်စာတစ်ပတ် ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။ အိပ်ချိန်ကိုလည်း ပုံမှန်ထားပြီး ကြိုးစားလေ့လာခဲ့ပါတယ်။ အခုလို ရလဒ်ထွက်ပေါ်လာတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ မိဘတွေရော ဆရာ ဆရာမတွေကိုရော အားလုံးကိုကျေးဇူး အထူးတင်ရှိပါတယ်။ သမီးရဲ့ ရည်ရွယ်ချက်ကတော့ နှလုံးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။
မနှင်းသီရိဝေ (မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ သတ္တမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးရဲ့အမှတ်ကတော့ ၅၄၁ မှတ်ဖြစ်ပါတယ်။ စာကိုနှစ်စကတည်းက တစ်နေ့စာတစ်နေ့လုပ်ဖြစ်ပါတယ်။ ပြန်လည်လေ့ကျင့်ခန်းတွေကိုလည်း သေချာလေးလုပ်ဖြစ်ပါတယ်။ ဘာသာရပ်အလိုက်လည်း မျှမျှတတ လေ့လာဆည်းပူးဖြစ်ပါတယ်။ ကိုယ်အားမရတဲ့ ဘာသာရပ်တွေကိုလည်း အားစိုက်ကျက်မှတ်ခဲ့ပါတယ်။ ပုံမှန်စာကျက်ချိန်ထားပြီး အကျိုးရှိစွာ အာရုံစိုက်ကြိုးစားလေ့လာခဲ့ပါတယ်။ စာမေးပွဲနီးလာတာနဲ့ အမျှ ပိုပြီးအားစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်။
မခင်ငြိမ်းချမ်း (မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ အဋ္ဌမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးကတော့ အမှတ်ပေါင်း ၅၄၀ ရရှိခဲ့ပါတယ်။ စာကိုတစ်နေ့ စာတစ်နေ့အပြတ်လေ့လာပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုတွေကိုလည်း သေချာနားထောင်ဆည်းပူးခဲ့ပါတယ်။ အောင်စာရင်းထွက်မယ့် ညကလည်း အလွန်ကိုရင်ခုန်ခဲ့ပါတယ်။ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာမှာကို ကြောက်မိပါတယ်။ ဒါပေမဲ့ ကြိုးစားထားသလိုဖြစ်လာတဲ့အတွက် အလွန်ကိုဝမ်းသာပျော်ရွှင်မိပါတယ်။ သမီးက ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ အခုလိုအမှတ်တွေ အများကြီးရရှိအောင် သင်ကြားပို့ချပေးကြတဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
မလှမျိုးခင် (မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒသမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးရဲ့အမှတ်ပေါင်း ၅၃၈ မှတ် ရရှိခဲ့ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့စာတွေကို သေချာလေ့လာသင်ယူခဲ့ပါတယ်။ စာကိုလည်း တစ်ပတ်စာတစ်ပတ် ပုံမှန်လေ့လာကျက်မှတ်ခဲ့ပါတယ်။ ကိုယ်အားနည်းတဲ့ ဘာသာရပ်ကိုလည်း သေချာလေး အားစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ ဘာသာရပ်အလိုက် အချိန်ဇယားစွဲပြီး စနစ်တကျကျက်မှတ်ခဲ့ပါတယ်။ ဆေးတက္ကသိုလ်တက်ရောက်ပြီး ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာပါ။ သမီးကကလေးတွေကို ချစ်တတ်တဲ့အတွက် ကလေးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။ သမီးဒီလို အောင်မြင်မှုရရှိအောင် သင်ကြားပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေအားလုံးနဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
မအိနဒီကျော် (မြန်မာတစ်နိုင်ငံလုံး သိပ္ပံတွဲ ဒသမအဆင့် အမှတ်အများဆုံးရရှိသူ)
သမီးက အမှတ်ပေါင်း ၅၃၈ မှတ်ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ စာသင်နှစ်စကတည်းက စာကိုတစိုက်မတ်မတ်နဲ့ တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် လေ့လာဆည်းပူးခဲ့ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေကိုလည်း သေချာဂရုတစိုက် စိတ်ဝင်တစား နားထောင်သင်ယူခဲ့ပါတယ်။ မိဘတွေကလည်း ဘေးနားကနေ လိုအပ်တာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ သမီးအနေနဲ့ကတော့ နိုင်ငံအတွက်ရော မိဘကိုရော ကျေးဇူးဆပ်နိုင်မယ့် ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။
မောင်အေးချမ်း