သတင်းများ

ဆေးလိပ်ဖြတ်ဖို့ကိုကူညီပေးမယ့် စမတ်နာရီများ

ဘရစ္စတိုတက္ကသိုလ်မှ သုတေသနတစ်ခုမှာ  စမတ်နာရီတွေက ဆေးလိပ်စွဲနေသူတွေကို ဆေးလိပ်ဖြတ်နိုင်စေဖို့ကူညီပေးနိုင်မယ်လို့သုံးသပ်ထားပါတယ်။ အဓိကကတော့  စမတ်နာရီများအတွက် သီးသန့်ထုတ်ထားတဲ့  အပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့်ဖြစ်ပါတယ်။

အဲဒီအပလီကေးရှင်းက လက်ရဲ့လှုပ်ရှားမှုကို လိုက်ပါအာရုံခံနိုင်တဲ့အပြင် မီးခိုးငွေ့ထွက်ရှိမှုကိုလည်း အာရုံခံကာ နာရီပတ်ထားသူအတွက် ကျန်းမာရေးအရ  အကျိုးရှိစေမယ့်  သတင်းစကားကို ပေးပို့ပေးတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကလုပ်ဆောင်ချက်က ဆေးလိပ်သောက်သူကို ဒီနေ့ဆေးလိပ်ဘယ်လောက်သောက်ပြီးပြီဆိုတာသတိပေးခြင်းပါပဲ။    

Ref: IEK.H

Source: Myawady Web Portal

မျိုးရိုးဗီဇပြုပြင်ထားတဲ့ကပ်ပါးကောင်တစ်မျိုးက အယ်ဇိုင်းမားလိုရောဂါများကို ကုသမှုပေးနိုင်

ဂလက်စဂိုးနဲ့ တဲအဗစ်တက္ကသိုလ်တို့မှဦးစီးလုပ်ဆောင်တဲ့ သုတေသနတစ်ခု အရဆိုရင် Toxoplasma gondii အမည် ရှိ မျိုးရိုးဗီဇပြုပြင်ထားတဲ့ကပ်ပါးကောင် တစ်မျိုးက အယ်ဇိုင်းမားနဲ့ ပါကင်ဆန်တို့ လို အာရုံကြောချို့ယွင်းမှုရောဂါတွေကို ကုသပေးရာမှာ တစ်ခေတ်ဆန်းသစ်စေ နိုင်တယ်ဆိုတာ တွေ့ရှိထားပါတယ်။

အဲဒီကပ်ပါးကောင်မျိုးကို ကြောင်တွေ ရဲ့မစင်မှာ အများဆုံးတွေ့ရလေ့ရှိတယ် လို့  သုတေသီများက  ပြောပါတယ်။ဒီကပ်ပါးကောင်ရဲ့  ထူးခြားတဲ့စွမ်းရည်တစ်မျိုး က သွေးကြောနဲ့ဦးနှောက်ကြားခြားထားတဲ့အလွှာကို အောင်မြင်စွာကျော်လွှားဝင်ရောက်နိုင်ခြင်းပါပဲ။

ဒီလိုမျိုးစွမ်းဆောင်ရည်ကြောင့် ကုထုံး နဲ့သက်ဆိုင်တဲ့ ပရိုတင်းဓာတ်တွေကိုဦးနှောက်အတွင်းရှိ နျူရွန်တွေဆီရောက်ရှိ အောင် ပို့ဆောင်နိုင်စေတာဖြစ်ပါတယ်။ ဒါက ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ ကိုကုသမှုပေးရာမှာ အင်မတန်မှအရေး ကြီးတဲ့ကုသမှုတစ်ခုပါ။

လက်ရှိသုတေသနက စမ်းသပ်ဆဲမှာပဲရှိနေသေးပေမယ့် တကယ့်ကိုအာမခံချက်ပေးနိုင်တဲ့ အနေအထားရှိနေတာကိုလည်းတွေ့ရပါတယ်။ အခုသုတေသနမှာတော့ကြွက်တွေနဲ့စမ်းသပ်ထားတာဖြစ် သော်လည်း မကြာခင်မှာလူသားတွေနဲ့စမ်းသပ်နိုင်တော့မှာပါ။                        

Ref: IE

K.H

ဆေးနှစ်ကြိမ်ထိုးရုံနဲ့ HIV ပိုးကိုသတ်နိုင်မယ့် ကာကွယ်ဆေး

ကုရာနတ္ထိဆေးမရှိတဲ့ AIDS ရောဂါကို ဖြစ်စေသော HIV ရောဂါပိုးဟာ အခုတော့ သိပ္ပံပညာရှင်များရဲ့   ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့်  ချေမှုန်းခံရတော့မယ့်အခြေအနေဖြစ်လာပါပြီ။

MIT တက္ကသိုလ်မှသုတေသနပညာရှင်များက HIV ကာကွယ်ဆေးတစ်မျိုးကို ဖန်တီးလိုက်ပါတယ်။ အဲဒီကာကွယ်ဆေးကို    နှစ်ကြိမ်သာထိုးဖို့  လိုအပ်မှာပါ။ကာကွယ်ဆေးက နှစ်ကြိမ်တည်းထိုးရတယ်ဆိုပေမယ့် သမားရိုးကျကာကွယ်ဆေးလိုမျိုးပဲ  ခုနစ်ကြိမ်စာလောက်ကိုအာနိသင်ရှိတာပါ။

ပထမတစ်ကြိမ်က ကိုယ်ခံအားစနစ်ကိုအသင့်ပြင်ဆင်ပေးတာဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာတော့ ပဋိပစ္စည်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးတာပါ။ အခုစမ်းသပ်မှုကို ကြွက်တွေနဲ့လုပ်ဆောင်ထားတာဖြစ်ပြီး အောင်မြင်မှုရရှိထားပါတယ်။ ဆက်လက်ပြီး ပညာရှင်များက ဆေးတစ်ကြိမ်ထိုးရုံနဲ့အာနိသင်ရှိစေမယ့်နည်းကိုဖော်ဆောင်နေပါတယ်။        

စက်ရုပ်ဆရာဝန်များဖြင့် တစ်ရက်ကိုလူနာ ၃၀၀၀ ကုသပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံး AI ဆေးရုံ

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးသော AI ဆေးရုံစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဆေးရုံမှာကုသမှုပေးမယ့်ဆရာဝန်တွေကလည်း သာမန်လူသားဆရာဝန်တွေမဟုတ်ပါဘူး။ စက်ရုပ်ဆရာဝန်တွေပါ။ ဒီစိတ်ကူးကို ထုတ်ဖော်မိတ်ဆက်လိုက်သူများကတော့ ပေကျင်းမြို့ရှိ ဆင်းဟွာတက္ကသိုလ်မှ သုတေသနပညာရှင်များပါ။

သူတို့ရဲ့စိတ်ကူးပုံဖော်မှုအရဆိုရင်တကယ့်ဆရာဝန်အစစ်တွေ၊ ဆေးကျောင်းသားတွေအနေနဲ့ တကယ့်လူနာတွေကို အသုံးပြုစရာမလိုဘဲ ရောဂါရှာဖွေစမ်းသပ်လေ့ကျင့်မှုတွေလည်း  လုပ်နိုင်မယ်လို့ဆိုပါတယ်။

လက်ရှိ စက်ရုပ်ဆရာဝန်တွေရဲ့စွမ်းဆောင်ရည်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုသရေးတွေမှာ ၉၃ ဒသမ ၀၆ ရာခိုင်နှုန်းအထိ တိကျမှုရှိနေပြီလို့ဆို ပါတယ်။                     

Ref: IE K.H

မိုင် ၅၀၀၀ အကွာမှ ကမ္ဘာ့ပထမဆုံး အဝေးရောက်ခွဲစိတ်မှု

တရုတ်နိုင်ငံမှ   ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးက အဝေးရောက်ခွဲစိတ်မှုကြီးတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီခွဲစိတ်မှုကို မိုင် ၅၀၀၀ အဝေးကနေ လုပ်ဆောင်ခဲ့တာပါ။ လူနာက ပေကျင်း မှာရှိနေပြီး   ဆရာဝန်ကရောမမှာရှိနေခဲ့တာဖြစ်ပါတယ်။   ဒါက တကယ့်ကိုပဲ ကမ္ဘာ့ပထမဆုံးပါ။

တစ်ဖက်ကလူနာဆီမှာတော့ စက်ရုပ်နဲ့ပဲခွဲစိတ်မှုလုပ်တာဖြစ်ပေမယ့် အဲဒီစက်ရုပ်ကိုထိန်းချုပ်သူက ရောမမှာရှိနေတဲ့ ဆရာဝန်ပါ။ အခုလိုမျိုးလုပ်နိုင်ခြင်းက လည်း မြန်နှုန်းမြင့်မားလှတဲ့ 5G အင်တာနက်ကွန်ရက်စနစ်ကြောင့်ပါ။ ခွဲစိတ်မှုမှာတော့ ကင်ဆာလူနာဆီက ဆီးကျိတ်အနာကိုဖယ်ရှားနိုင်ခဲ့ပါတယ်။   

ရုရှားက လာမည့်နှစ်တွင် ကင်ဆာကာကွယ်ဆေး ထုတ်ရောင်းတော့မည်

ရုရှားသိပ္ပံပညာရှင်များသည် လာမည့်နှစ်တွင် ထွက်ရှိမည့် ကင်ဆာရောဂါကာကွယ်ဆေးအသစ်အတွက် အပြီးသတ်လုပ်ဆောင်နေကြောင်း ဂမီလီယာသုတေသနတက္ကသိုလ်၏ ကူးစက်ရောဂါနှင့် အဏုဇီဝဌာန အကြီးအကဲ အလက်ဇန်ဒါး ဂျင်ဘာဂ်က ပြောကြားလိုက်သည်။ ဂမီလီယာဌာနသည် ကိုဗစ်ကာကွယ်ဆေး Sputnik V ကို ၂၀၂၀ သြဂုတ်လက ဖန်တီးခဲ့ပြီး၊ ကမ္ဘာပေါ်တွင် ပထမဆုံး တီထွင်ခဲ့သော ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်သည်။

ဂျင်ဘာဂ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ကင်ဆာဆေးသွင်းခြင်း၏ အောင်မြင်မှုကို Covid ကာကွယ်ဆေးထိုးနည်းများအတိုင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ချိတ်ဆက်ပေးခဲ့ပြီး မူပိုင်ခွင့် ခုနစ်ခုကို ကုသပြီးကြောင်း ဆိုပါသည်။ 

ကာကွယ်ဆေးအသစ်ထုတ်လုပ်ခြင်းသည် အဆင့်ပေါင်းများစွာလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဂျင်ဘာဂ်၏ အဆိုအရ Covid ကာကွယ်ဆေးများစွာကို အခြေခံထားသော mRNA နည်းပညာသည် ကြီးမားသည့် ကတိတစ်ခုဖြစ်ကြောင်း၊ သုတေသီများက ၂၀၂၂ ခုနှစ် နှစ်လယ်ခန့်တွင် စတင်သိရှိလာသောအခါ၌ ကင်ဆာကာကွယ်ဆေးအတွက် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ဆေးဝါးအသစ်သည် ကင်ဆာရောဂါရှိပြီးသောသူများကို ကုသရန်ကာကွယ်ဆေးဖြစ်ကြောင်း၊ ၎င်းသည်လူနာ၏ ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို စတင်ဖျက်ဆီး စေမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးထားသူ၏ ကိုယ်ခန္ဓာတွင် ပေါ်လာသည့် Cytotoxic lymphocytes သို့မဟုတ် သွေးဖြူဥများကို အကျိတ်ဆဲလ်များ၏ မျက်နှာပြင်ပေါ်ရှိ Antigens များကို မှတ်မိစေနိုင်ကြောင်း၊ Cytotoxic lymphocytes များသည် Antigens များကို ရှာဖွေပြီး ခန္ဓာကိုယ်အနှံ့ ဖျက်ဆီးပေးမည် ဖြစ်ကြောင်း စသဖြင့် အကျယ်တဝင့် ရှင်းပြထားသည်။ 

“ဒီနည်းပညာက ကိုယ်ခံအားစနစ်ကို အသက်သွင်းရန်အတွက် လိုအပ်သည့် ပစ်မှတ်ပရိုတင်းဓာတ်ကို အလွန် မြင့်မားသည့် အာရုံစူးစိုက်မှုကို ထုတ်ပေးနိုင်ခြင်းကြောင့်ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးရန် လိုအပ်သလိုကိုယ်ခံအားစနစ်နှင့် Antigens များကို ခွဲခြားသိမြင် နိုင်စေရန် လေ့ကျင့်ပေးရန် လိုအပ်သည့် အဆင့်များကို ကျော်လွန်စေသည့်အတွက် သိသာထင်ရှားသည့် အားသာချက်တစ်ခုလည်း ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။ 

ကာကွယ်ဆေးအသစ်သည် အကျိတ်နှစ်ခုတူညီခြင်းမရှိနိုင်သောကြောင့် လူနာတစ်ဦးစီအတွက် ဆေးဝါးတစ်ခုစီ ဖန်တီးမည်ဖြစ်ကြောင်း ဂျင်ဘာဂ်ရဲ့ အဆိုအရ သိရသည်။ သုတေသီများသည် မီလန်နိုမာ တိရစ္ဆာန် ပုံစံကိုအသုံးပြု၍ ကြွက်များကိုကုသရာတွင် ၎င်း၏ ထိရောက်မှုကို သရုပ်ပြနိုင်ခဲ့သည်။

လက်ရှိတွင် ၎င်းတို့သည် ဆဲလ်ငယ်မဟုတ်သော အဆုတ်ကင်ဆာအပါအဝင် အခြားသောကင်ဆာရောဂါများကို ကုသရန်အတွက် ပုံစံများကို တီထွင် ထုတ်လုပ် လျက်ရှိပြီး ၎င်းရောဂါများသည် သေဆုံးမှုနှုန်း အမြင့်မားဆုံး ကင်ဆာဖြစ်ကြောင်း အစီရင်ခံတင်ပြ ထားသည်။ ဤအမျိုးအစားသည် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် ဓာတုကုထုံးများ ကဲ့သို့သော ကင်ဆာရောဂါဆိုင်ရာ ရှိရင်းစွဲကုသမှု နည်းလမ်းများကို ကောင်းစွာ တုံ့ပြန်ခြင်းမရှိကြောင်းနှင့်  ပန်ကရိယကင်ဆာနှင့် အချို့သောကျောက်ကပ်ကင်ဆာ အမျိုးအစားများ အပါအဝင် ကင်ဆာရောဂါများအတွက် အခြားသောပုံစံများကိုလည်း တီထွင်ထုတ်လုပ်သွားမည် ဟုလည်းဆိုပါသည်။ 

ကိုးကား-Myanmar National Post

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးစားသုံးခြင်းဖြင့် နှလုံး ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးမျှစားပေးခြင်းဖြင့် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း ဒီဇင်ဘာ ၂၄ ရက်သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယန်ကျိတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်းကိုလက်စထရောပါဝင်မှုနှုန်းမြင့်မားသော သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၂၁၈၄ ဦးတို့ကို အချိန်ယူစောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ လေ့လာမှုတွင် ပါဝင်သူများအနက် သီတင်းတစ်ပတ်လျှင် ပန်းသီးသုံးလုံးမှ လေးလုံးထိ စားသုံးသူများမှာ မစားသူများထက် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုနည်းပါးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပန်းသီကဲ့သို့ပင် ငှက်ပျောသီးပုံမှန်စားသူများတွင်လည်း နှလုံးပြဿနာကြောင့် အသက်ဆုံးပါးနိုင်ခြေ ပုံမှန်ထက်နည်းပါးလာတတ်ကြောင်း၊ ငှက်ပျောသီးကို နေ့စဉ်စားသုံးပါက နှလုံးပြဿနာများကြောင့် အသက်ဆုံးပါးနိုင်ခြေမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုကျဆင်းလာနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

စပါးအသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး လီဗာပူးအသင်း ဇယားထိပ်၌ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူ

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၃ မိနစ်နဲ့ ၈၅ မိနစ်မှာ လူးဝစ်ဒိုင်ယက်က နှစ်ဂိုး၊ ၃၆ မိနစ်မှာ အဲလစ်စတာက တစ်ဂိုး၊ ၄၅ မိနစ်မှာ ဇိုဘိုဇလိုင်းက တစ်ဂိုး၊ ၅၄ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ မိုဟာမက်ဆာလာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ၄၁ မိနစ်မှာ ကူလူဆက်ဗ်စကီးက တစ်ဂိုး၊ ၈၃ မိနစ်မှာ ဆိုလန်စကီးက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ၃၇၃ ပွဲမှာ သွင်းဂိုး ၂၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စပါးအသင်းကိုအနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးအသင်းထက် တစ်ပွဲလျော့ကစားထားချိန်မှာ ချယ်လ်ဆီးအသင်းကိုလေးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်း၊ ဖူလ်ဟမ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်ဆုံးရှုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ကြေးမုံသတင်းစာ

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာ တရားဝင်အသုံးပြုခွင့်ပြု

ဂျပန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် "ဂျပန်နိုင်ငံ၏ကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာကို တရားဝင်အသုံးပြုခွင့်ပြုသည့် မူကြမ်း အသစ်"ကို ၂၀-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ယာယီလမ်းညွှန်ချက်များအား ပြန်လည်ပြင်ဆင်ပြီး အဆိုပါမူကြမ်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကျောင်းသားများ၏ ဉာဏ်ရည်တုနည်းပညာ အသုံးချနိုင်သည့် စွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ 

မူကြမ်း မထုတ်ပြန်ရသေးချိန်အထိ ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းစေခြင်းနှင့်သတင်းမှားများပျံ့နှံ့မည် စိုးရိမ်သည့်အတွက် ကျောင်းများတွင် AI နည်းပညာအသုံးပြုမှုကို ပိတ်ပင်တားမြစ်ထားခဲ့ပါသည်။ 

အဆိုပါမူကြမ်းသည် ကျောင်းသားများ AI နည်းပညာအသုံးပြုရာတွင် နည်းပညာ၏ လုပ်ဆောင်မှုကန့်သတ်ချက်များကို  သိရှိစေရန်နှင့် အလယ်တန်းကျောင်းသားများ AI ကို သေချာစွာ အသုံးပြုရန် ဆရာများက ကြီးကြပ်ပေးရန်လိုအပ်ကြောင်းတို့ကိုလည်း ထည့်သွင်းရေးသားထားပါသည်။

ကိုးကား (NHK World)  

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရာပြည့်ခန်းမ ကမ္ပည်းမော်ကွန်းကျောက်စာနှင့် ရာပြည့်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရာပြည့်ဘက်စုံသုံးခန်းမအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပမည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားမောင်မယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကိုကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တက္ကသိုလ်နှစ် (၁၀၀) ပြည့် သမိုင်းမှတ်တမ်းရုပ်သံဖိုင်အား ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသားပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏နိုင်ငံရေး၊ လူမှုရေးကဏ္ဍများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ပြည်သူလူထု၏ လူမှုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် စားရေရိက္ခာဖူလုံရုံမက ပိုလျှံရေးအတွက် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတိုးတက်ဖွံ့ဖြိုးဖို့ မူဝါဒများချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒေသအလိုက် သီးနှံမျိုးစုံဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသည့်ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟစနစ်၊ စိုက်ပျိုးရေးအရင်းအမြစ်စသည့် စိုက်ပျိုးရေးကို အထောက်အကူပြုသည့်အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ဒေသအနှံ့တွင်ပျံ့နှံ့နေထိုင်နေကြခြင်းကြောင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် လူသားစွမ်းအင်အရင်းအမြစ်များ ခိုင်မာတောင့်တင်းနေပြီး စိုက်ပျိုးရေးအတွက် အားသာချက်ကို ဖြစ်စေကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏ သမိုင်းမှတ်တမ်းကိုလေ့လာကြည့်သည့်အခါ၌ ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချနိုင်ရန်အိန္ဒိယနိုင်ငံကို စိုက်ပျိုးရေးအတတ်ပညာသင်များ စေလွှတ်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ယင်းကာလတွင် ပညာသင်စေလွှတ်ခဲ့သူ (၄၀) ဦးအနက် (၁၉) ဦးသည် မိမိတို့နိုင်ငံ စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး (၂၁) ဦးမှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရပါကြောင်း။

မိမိတို့နိုင်ငံ၏သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိမိတို့၏ မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိလာခဲ့ကြကြောင်း၊ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များ ရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း။

ထို့ကြောင့် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း၊ ယင်းကာလကတည်းက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ရေခံမြေခံကောင်းကိုအသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ကြသည်ကို လေးစားဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရှင်ပေါင်းများစွာကို သင်ကြားမွေးထုတ်ဖြည့်ဆည်းပေးနေသောကြောင့် ဂုဏ်ယူဖွယ်တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်သည်လည်း နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးပညာသင်ကြားမှုအစပြုခဲ့သည်မှာ နှစ်(၁၀၀) ပြည့်မြောက်သည့်နှစ်ဖြစ်သဖြင့် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။

စိုက်ပျိုးရေးကောလိပ် စတင်ဖွင့်လှစ်ချိန်၌ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ် ချီးမြှင့်သည့်အဆင့်မှ ဥပစာတန်းအောင်မြင်သူများ (၂) နှစ် တက်ရောက်နိုင်သည့် သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri)၊ သိပ္ပံဘွဲ့ (ပိုးမွေးမြူရေး) B.Sc (Sericulture) တို့ကို ပေးအပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးကစပြီး စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agriculture)၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) တို့ကို အပ်နှင်းခဲ့ကြောင်း၊ လက်ရှိအချိန်၌မဟာဘွဲ့၊ ပါရဂူဘွဲ့များအပြင် တိုးတက်ပြောင်းလဲလာနေသည့် ခေတ်နှင့်အညီသင်ကြားပေးနိုင်ရေး သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ သုတေသနများကို နိုင်ငံတကာရှိတက္ကသိုလ်များ အဆင့်နှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေပြီး စိုက်ပျိုးရေးနှင့်နှီးနွှယ်သော ပညာရပ်ဆိုင်ရာဘွဲ့များ တိုးချဲ့သင်ကြားပေးနေသည့်အတွက် အလွန်အားရဖွယ်အနေအထား ဖြစ်ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။

နှစ် (၁၀၀) ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူပြီးချိန်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” နှင့် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြောင်း။

နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧကစုစုပေါင်း (၃၃) သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများကပညာရှင်များဖြင့် ချိတ်ဆက်လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း။

ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ်စတင်တည်ထောင်စဉ်ကာလတွင် “သင်ကြားရေးနှင့်သုတေသန”ဟူသည့် လုပ်ငန်းနယ်ပယ် (၂) ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး” ဟူသည့် လုပ်ငန်းစဉ်ကြီး (၃) ရပ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ထိုကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးပညာများကို ကျေးလက်နေစိုက်ပျိုးရေးပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းများအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း (၈၅) ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူများကိုလည်း သတ်မှတ်အရည်အချင်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး စိုက်ပျိုးရေးပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရေး တက္ကသိုလ်က အားထုတ်ဆောင်ရွက်နေကြသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရဖြစ်မိကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏အရေးပါမှုကို အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် အစိုးရအဆက်ဆက်သည် တက္ကသိုလ်၏အထင်ကရ အထိမ်းအမှတ်နှစ်များတွင် အထင်ကရအဆောက်အဦများဆောက်လုပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြကြောင်း၊ စိန်ရတုနှစ်ဖြစ်သည့် ၁၉၉၉ ခုနှစ်တွင် ဂုဏ်ကျက်သရေတင့်တယ်သည့် စိန်ရတုဓမ္မာရုံနှင့် သေသပ်လှပသည့် စိန်ရတုအစည်းအဝေးခန်းမ၊ တက္ကသိုလ်နှစ် (၉၀) ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ခမ်းနားထည်ဝါသည့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို တည်ဆောက်မှတ်တမ်းတင်ပေးခဲ့ကြောင်း၊ ယခုတက္ကသိုလ်နှစ် (၁၀၀) ပြည့် အခါသမယတွင် နိုင်ငံတကာအဆင့်မီ ရာပြည့်ခန်းမအဆောက်အဦကြီးကို အထင်ကရသမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည်မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ တည်ဆောက်ပေးခဲ့သည့် အဆောက်အဦများကို တန်ဖိုးရှိစွာအသုံး ပြုနေကြဆဲဖြစ်သကဲ့သို့ ယခုဖွင့်လှစ်သည့် ရာပြည့်ခန်းမအဆောက်အဦကိုလည်း ပညာရပ်ဆိုင်ရာအခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်စွမ်းပကားဖြင့် နိုင်ငံအကျိုးပြုစားရေရိက္ခာ ပြည့်စုံဖူလုံစေရေး ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးပညာရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည် ရာပြည့်သမိုင်းတွင် မှတ်တမ်းထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်လှပြီးအတ္တနှင့်ပရ အကျိုးနှစ်ဝကိုရစေသည့် စိုက်ပျိုးနည်းပညာရပ်များကို ပြန့်ပွားတိုးတက်စေရေး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး အနာဂတ်စိုက်ပျိုးရေးကဏ္ဍ အောင်မြင်တိုးတက်စေရန် စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအပြင် အခြားသောဌာနနှင့် နယ်ပယ်အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန်ထမ်းရွက်ခဲ့ကြသည့် ပညာရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တာဝန်ထမ်းဆောင်နေဆဲပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် စိုက်ပျိုးရေးအကျိုးကိုဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအကျိုးဆတက်ထမ်းပိုးလုပ်ဆောင်နိုင်ကြရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။

Source: www.moi.gov.mm